01/01/2021
#ကွန်ပြူတာနှင့်အမြဲအလုပ်လုပ်သူများအတွက်_မျက်လုံးဒဏ်_မဖြစ်ပေါ်စေရန်နည်းလမ်းများ
Computer နှင့်အမြဲထိတွေနေရသူတွေအတွက် မျက်လုံးဒဏ်မဖြစ်ပေါ်စေရန် အသုံးဝင်မယ့် နည်းလမ်းလေးတွေ ကို ရေးသားမျှဝေလိုက်ပါတယ်ခင်ဗျာ။
Digital Eye Strain လို့ခေါ်တဲ့ မျက်လုံးနာကျင်မှုဟာ ကွန်ပြူတာ Screen နဲ့ ဖုန်းမျက်နှာပြင်တွေကို ကြာကြာစိုက်ကြည့်အသုံးပြုသူတွေမှာ ဖြစ်လေ့ရှိပါတယ်။
အဓိကအချက်ကတော့ Screen က ထုတ်လွှင့်တဲ့ အလင်းရောင်မှာ ပါဝင်တဲ့ Blue Light ရဲ့ ဆိုးကျိုးကြောင့်ပဲ ဖြစ်ပါတယ်။ Blue Light ကြောင့် မျက်လုံးကျိန်းစပ်ခြင်း၊ ညအိပ်မရခြင်းများ ဖြစ်ပေါ်တက်ပါတယ်။
အောက်ကအချက်လေးတွေကို ဖတ်ရှုပြီး သင့်မျက်လုံးကို ကာကွယ်လိုက်ရအောင်။
၁။ သင့်မျက်လုံးသည် Computer Screen ၏ အပေါ်ဘက်အစွန်းနှင့် တစ်တန်းတည်းဖြစ်နေအောင် Adjustment လုပ်၍ ထိုင်ပြီး အလုပ်လုပ်ပါ။
၂။ အလင်းရောင်ကောင်းကောင်းရသောဘက်ကို ကျောပေးပြီး ကွန်ပြူတာသုံးပါ။ ညဘက်ကွန်ပြူတာသုံးလျှင် မီးဖွင့်၍ အသုံးပြုပါ။
၃။ Screen ၏ အလင်းကို မှိန်မထားပဲ အတန်အသင့်အလင်းအားကို သုံးပါ။ အလင်းမှိန်မှိန်သုံးခြင်းက သင့်မျက်လုံးကို ပိုမိုထိခိုက်စေပါသည်။
၄။ သင်သည် နောက်ဆုံးထွက် Windows 10 အသုံးပြုသူဆိုလျှင် Night Mode ဖွင့်၍ သုံးနိုင်ပါသည်။ ( အခြား OS Versionများအတွက် Third Party Software များလည်းရှိပါသည်။)
၅။ 20-20-20 Rule ကိုသုံးပါ။ ဆိုလိုတာက Screen ကိုကြည့်တာ ၂၀ မိနစ်ကြာချိန်တိုင်းမှာ ၂၀ ပေ အကွာအဝေးက အရာဝတ္ထုကို ၂၀ စက္ကန့် ကြာ မျက်လုံးအနားပေး ကြည့်ပေးသင့်ပါတယ်။ ( အမြဲ သတိတရလုပ်ပေးပါ။)
၆။ Blue Light Filtered Eye Glasses တွေ တပ်ပါ။ (ဈေးနှုန်းအသင့်အတင့်တော့ ကုန်ကျပါမယ်။)
၇။ Beta Carotene ပါတဲ့ မုန်လာဥနီ၊ သင်္ဘောသီး စတဲ့ အဝါရောင်အသီးတွေ၊ ဟင်းနုနယ် ကိုက်လံ ဆလပ်ရွက်လို အစိမ်းရင့်ရောင် အရွက်တွေ မကြာမကြာ စားသင့်ပါတယ်။
၈။ မျက်တောင်များများခတ်ပါ။ ( မမေ့နဲနော်။)
With Best Regards,
Ye Lin Aung (YCS)
https://www.yangoncomputer.com