MR ROBOT

MR ROBOT Transformation is a key

Why Attention Matters?ပြီးခဲ့တဲ့ တစ်ခေါက်က ကျွန်တော်တို့ Attention Mechanism အကြောင်းကို  မိတ်ဆက်အနေနဲ့ sharing လုပ်ပေးခ...
25/08/2026

Why Attention Matters?

ပြီးခဲ့တဲ့ တစ်ခေါက်က ကျွန်တော်တို့ Attention Mechanism အကြောင်းကို မိတ်ဆက်အနေနဲ့ sharing လုပ်ပေးခဲ့တယ်။ ဒီနေ့မှာတော့ Attention Machanism ကြောင့်ဘယ်လိုပြဿနာတွေကို ဖြေရှင်းနိုင်ခဲ့ကြတယ် ဆိုတာနဲ့ ဘယ်လိုနည်းပညာတွေကိုသုံးပြီး ဖြေရှင်းခဲ့ကြတယ်ဆိုတာ ကို အတူတူလေ့လာသွားကြမယ်။

📍Recurrent Neural Network (RNN) ဆိုတာ အစဉ်လိုက်ဖြစ်နေတဲ့ (Sequential) ဒေတာတွေကို နားလည်ပြီး သင်ယူနိုင်အောင် ဒီဇိုင်းရေးဆွဲထားတဲ့ AI နယ်ပယ်ရဲ့ အရေးပါတဲ့ Neural Network Architecture တစ်မျိုး ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ RNN ရဲ့ မှတ်သားနိုင်စွမ်းနဲ့ စွမ်းဆောင်ရည်ကို ပိုမိုကောင်းမွန်လာစေဖို့ Long Short-Term Memory (LSTM) နဲ့ Gated Recurrent Unit (GRU) တို့ကို ဆက်လက်တီထွင်ခဲ့ကြပါတယ်။ ဒီလိုမျိုး Architecture တွေကြောင့် Language Modeling နဲ့ Machine Translation လိုမျိုး Sequence Processing task တွေကို လုပ်ဆောင်ရာမှာ အကောင်းဆုံး နည်းပညာစံနှုန်းများအဖြစ် နှစ်ပေါင်းများစွာ သတ်မှတ်ခံခဲ့ရပါတယ်။

📍ဒီတီထွင်မှုတွေကို အခြေခံပြီး သုတေသီတွေက Recurrent Language Model တွေနဲ့ Encoder–Decoder Architecture တွေကို ဆက်လက်တိုးတက်လာအောင် တီထွင်ဖန်တီးခဲ့ကြပါတယ်။
Encoder–Decoder Architecture ဆိုတာ user က ထည့်ပေးလိုက်တဲ့ Input တစ်ခုကို သတ်မှတ်ထားတဲ့ format တစ်ခုအဖြစ်အရင်ဆုံးပြောင်းလည်းလိုက်ပြီး ရရှိလာတဲ့အချက်အလက်ကို အခြေခံကာ သင့်တော်တဲ့ Output အဖြစ်ပြောင်းလည်းပေးတဲ့ Model ဖွဲ့စည်းပုံတစ်ခု ဖြစ်တယ်။ သူ့ကို Machine Translation လို လုပ်ငန်းတွေမှာ အဓိက အသုံးပြုခဲ့ပါတယ်။

📍RNN model တွေရဲ့ အဓိကထူးခြားချက်ကတော့ Input (စကားစုတစ်စု) ထဲက စကားလုံးတွေကို တစ်ခုချင်းစီ အစဉ်လိုက် encoding လုပ်ဆောင်တာ ဖြစ်ပါတယ်။
စကားလုံးတစ်ခုကို တွက်ချက်တဲ့အခါမှာ အရင်က ရရှိထားတဲ့ အချက်အလက်(output)တွေကို Hidden State လို့ခေါ်တဲ့ ယာယီမှတ်ဉာဏ်ထဲမှာ သိမ်းဆည်းထားလေ့ရှိပြီး နောက်တစ်ခါတွက်ချက်ရာမှာ ပြန်လည်အသုံးပြုပါတယ်။ ဒါကြောင့် စာကြောင်းတစ်ကြောင်းရဲ့ အစပိုင်းမှာ ပါတဲ့ အချက်အလက်တွေကို နောက်ပိုင်းအထိ ထည့်သွင်းစဉ်းစားနိုင်ပေမယ့် encoding လုပ်ငန်းစဉ်တစ်ခုလုံးကတော့ အစဉ်လိုက် (Sequential) ပဲ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။

📍ဒီလိုမျိုး စကားလုံးတစ်လုံးချင်းစီကို အစဉ်လိုက် တွက်ချက်ရတဲ့ သဘောတရားကြောင့် RNN ဟာ စကားလုံးအားလုံးကို တစ်ပြိုင်နက်တည်း တွက်ချက်ရာမှာ အခက်အခဲ ရှိနေခဲ့ပါတယ်။။
Sequence ပိုရှည်လာလေလေ process လုပ်ချိန် ပိုကြာလာလေလေ ဖြစ်ပြီး GPU Memory ကန့်သတ်ချက်ကြောင့် Batch Size (တစ်ကြိမ်တွင် တွက်ချက်ပေးနိုင်တဲ့ ဒေတာပမာဏ) ကိုလည်း အကန့်အသတ်နဲ့သာ အသုံးပြုနိုင်ပါတယ်။ ဒီအချက်က Model တစ်ခုရဲ့ အမြန်နှုန်းနဲ့ စွမ်းဆောင်ရည်အပေါ် သိသိသာသာ သက်ရောက်မှုရှိလာခဲ့ပါတယ်။ ဒီအားနည်းချက်ကို လျှော့ချနိုင်ဖို့ သုတေသီတွေဟာ Factorization Techniques နဲ့ Conditional Computation လို နည်းလမ်းအသစ်တွေကို ဆက်လက်ဖော်ထုတ်လာခဲ့ကြပါတယ်။

📍ဒီနည်းလမ်းတွေက တွက်ချက်မှုစွမ်းဆောင်ရည်နဲ့ Model Accuracy ကို တိုးတက်စေခဲ့ပေမယ့် RNN ရဲ့ အဓိကအခြေခံဖြစ်တဲ့ Sequential Processing သဘောတရားကိုတော့ မပြောင်းလဲနိုင်ခဲ့ပါဘူး။ တစ်နည်းအားဖြင့် RNN (Recurrent Neural Network)ဟာ စကားလုံးတစ်ခုကို မပြီးမချင်း နောက်တစ်ခုကို မစတင်နိုင်တဲ့ ပြဿနာက ဆက်လက်တည်ရှိနေဆဲ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ Attention Mechanism ဆိုတဲ့ နည်းပညာက Sequence Processing နယ်ပယ်မှာ အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုအဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။
ရှေ့မှာ ဆွေနွေးခဲ့သလို Attention Mechanism ဆိုတာ ထည့်သွင်းလိုက်တဲ့အချက်အလက် (input data) တွေထဲက အဓိကမကျတဲ့ အပိုင်းတွေကို လျစ်လျူရှုပြီး၊ အရေးကြီးဆုံးအပိုင်းတွေကိုပဲ အခြေအနေအလိုက် ပြောင်းလဲအာရုံစိုက်နိုင်ဖို့ Model ကို train ပေးထားတာ ဖြစ်ပါတယ်။။ ဒါကြောင့် အချက်အလက်နှစ်ခု ဘယ်လောက်ပဲ ဝေးကွာနေပါစေ သူတို့ရဲ့ ဆက်စပ်မှုကို ထိရောက်စွာ ဖမ်းယူနိုင်ပြီး Sequence Modeling နဲ့ Machine Translation အပါအဝင် လုပ်ငန်းအမျိုးမျိုးမှာ Model တွေရဲ့ စွမ်းဆောင်ရည်ကို သိသိသာသာ မြှင့်တင်ပေးနိုင်ခဲ့ပါတယ်။ သို့သော် အဲဒီအချိန်က Model အများစုမှာတော့ Attention ကို RNN (Recurrent Neural Network)နဲ့ တွဲဖက်အသုံးပြုခဲ့ကြပြီး သူ့ကို အစားထိုးတဲ့ Architecture အဖြစ် မသုံးခဲ့ကြသေးပါဘူး။

ဒါကြောင့် Transformer လို့ခေါ်တဲ့ Neural Network Architecture အသစ်ကို မိတ်ဆက်လာခဲ့ပါတယ်။
ဒီအကြောင်းကိုတော့ ကျွန်တော်တို့ နောက်ထပ် post တစ်ခုအနေနဲ့ ဆက်လက် ဆွေနွေးသွားမှာဖြစ်တယ်။

ကျွန်တော်တို့ knowledge center မှာလည်း ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
https://optimustechnica.com/article/why-attention-matters

MR ROBOT (Myanmar Refining Operations & Building Optimus Technica)
-2017-attention-is-all-you-need-Paper

ကျွန်တော်တို့ MR ROBOT ကနေပြီးတော့ ဒီရက်ပိုင်းတွေထဲမှာ AI နဲ့ ပတ်သက်တဲ့ Research Paper တစ်ခုကို လေ့လာဖြစ်ခဲ့ပါတယ်။ Atten...
05/08/2026

ကျွန်တော်တို့ MR ROBOT ကနေပြီးတော့ ဒီရက်ပိုင်းတွေထဲမှာ AI နဲ့ ပတ်သက်တဲ့ Research Paper တစ်ခုကို လေ့လာဖြစ်ခဲ့ပါတယ်။ Attention Is All You Need သည် ယနေ့ခေတ် Large Language Models (LLMs) နှင့် Generative AI နည်းပညာများ၏ အခြေခံဗိသုကာ (foundation architecture) ကို ပြောင်းလဲပေးခဲ့သည့် အရေးပါဆုံး Research Paper များထဲမှ တစ်ခုဖြစ်သည်။ 2017 ခုနှစ် NIPS 31st Conference ပွဲတစ်ခုမှာ Google Research နဲ့ Google Brain က ပညာရှင်တွေက ဒီ Attention is all you need ဆိုတဲ့ research paper ကိုရှာဖွေတွေ့ရှိခဲ့ကြောင်း တင်ပြခဲ့ပါတယ်။ ဒီ Research paper မှာရေးသားထားတဲ့ Technical အကြောင်းအရာတွေကို ပိုမိုရှင်းလင်းစေရန် မြန်မာဘာသာပြန်ပြီး အပိုင်းဆက်များအဖြစ် လေ့လာသွားကြမှာဖြစ်တယ်။ ကျွန်တော်တို့ အဓိကရည်ရွယ်ချက်ကတော့ ယခုဖော်ပြပါအကြောင်းအရာတွေကို ပြန်လည်မျှဝေဖို့အတွက်ဖြစ်ပါတယ်။ ကျွန်တော်တို့ စပြီးတော့ ဘာသာမပြန်ခင် အရင်ဆုံးအနေနဲ့ မျှဝေပေးချင်တာကတော့

📍What is Attention?
အခြေခံအားဖြင့် Attention Mechanism ဆိုတာ AI Model တစ်ခုကို လူတွေရဲ့ အာရုံစိုက်မှုပုံစံအတိုင်း တုပလုပ်ဆောင်နိုင်အောင် ပြုလုပ်ပေးတဲ့ နည်းပညာတစ်ခု ဖြစ်ပါတယ်။ ဒီနည်းပညာက သူ့အထဲကို ထည့်သွင်းလိုက်တဲ့အချက်အလက် (input data) တွေထဲက အဓိကမကျတဲ့ အပိုင်းတွေကို လျစ်လျူရှုပြီး၊ အရေးကြီးဆုံးအပိုင်းတွေကိုပဲ အခြေအနေအလိုက် ပြောင်းလဲအာရုံစိုက်နိုင်ဖို့ Model ကို train ပေးထားတာ ဖြစ်ပါတယ်။
ဒီနေရာမှာ ဥပမာတစ်ခု ပြောပြရမယ်ဆိုရင် ကျွန်တော်တို့ လူ‌သားတွေအနေနဲ့ စာကြောင်းတစ်ကြောင်းကို ဖတ်တဲ့အခါ စကားလုံးတိုင်းကို အလေး‌ပေးမှု တူညီ‌‌လေ့ မရှိပါဘူး။ "The dog barked loudly because it was hungry" ဆိုတဲ့ စာကြောင်းကို ဖတ်ရင် ကျွန်တော်တို့ ဦးနှောက်က "it" ဆိုတဲ့ စကားလုံးဟာ "dog" (ခွေး) ကို ရည်ညွှန်းမှန်း အလိုအလျောက် သိနေပါတယ်။ ကျွန်တော်တို့ဟာ သက်ဆိုင်ရာ အကြောင်းအရာအပေါ် သဘာဝအတိုင်း အာရုံစိုက်မိနေတာဖြစ်ပါတယ်။ ဒါပေမယ့် Attention Mechanism က စကားလုံးတိုင်းကို တူညီတဲ့အလေးထားမှုနဲ့ မကြည့်ဘဲ၊ လက်ရှိစကားလုံးနဲ့ အဓိပ္ပာယ်အရ အရေးကြီးတဲ့ စကားလုံးတွေကို ပိုမိုအလေးထားပြီး တွက်ချက်ပေးတဲ့ နည်းလမ်းဖြစ်ပါတယ်။ဒါကြောင့် Attention mechanism မပေါ်ခင်က RNN နှင့် LSTM ကဲ့သို့သော Model များတွင် အချက်အလက်များကို အစဉ်လိုက် မှတ်သားထားရသောကြောင့် စာပိုဒ်ရှည်လာသည်နှင့်အမျှ အစပိုင်းအချက်အလက်များကို ထိရောက်စွာ မမှတ်မိနိုင်တော့သည့် Memory Bottleneck ပြဿနာ ဖြစ်ပေါ်လာခဲ့ပါတယ်။စာပိုဒ်အရှည်ကြီးတစ်ခုရဲ့ အဆုံးကို ရောက်တဲ့အခါ Model ဟာ အစပိုင်းက အကြောင်းအရာတွေကို မေ့သွားတတ်ကြပြီး Attention Mechanism ကို တွေ့ရှိခဲ့တဲ့အခါမှာတော့ AI Model တွေဟာစကားလုံးအားလုံးကို တစ်ပြိုင်နက်တည်း ဖတ်ရှုလာနိုင်ခဲ့ကြပြီး၊ စကားလုံးတွေ ဘယ်လောက်ပဲ ဝေးဝေ(များများ)၊ ၎င်းတို့ကြား relevance lines တွေကို ဆွဲပေးခြင်းဖြင့် ရလဒ်ကို ပိုမို သဘာဝကြစွာ output ထုပ်ပေးလာနိုင်ခဲ့ကြပါတယ်။

📍How it works
ဒီစနစ်က ဘယ်လိုတွက်ချက်လဲဆိုတာ နားလည်ဖို့ဆိုရင် Database Search ဒါမှမဟုတ် filing system တစ်ခုနဲ့ နှိုင်းယှဉ်ကြည့်ရင် ပိုလွယ်ကူပါလိမ့်မယ်။ သူ့ရဲ့ တည်ဆောက်ပုံကို အောက်ပါအတိုင်း သုံးပိုင်းခွဲခြားနိုင်ပါတယ် -
Query (Q): Model က လက်ရှိ Analyze လုပ်နေ‌သောအရာ (example - "it" ဆိုတဲ့ စကားလုံး)။
Key (K): စာကြောင်းထဲက စကားလုံးအားလုံးအတွက် labels or identifiers (example - "dog," "barked," "loudly")။
Value (V): ထိုစကားလုံးတွေရဲ့ actual meaning။
Model က Attention score ကို တွက်ချက်ရန်အတွက် Query ကို Keys အားလုံးနဲ့ နှိုင်းယှဉ်ပါတယ်။ သူ့ရဲ့ အလုပ်လုပ်ပုံက “ The dog barked loudly because it was hungry“ ဆိုတဲ့စာကြောင်းမှာဆိုရင် “it” = “dog” ဆိုတဲ့ စလုံးကို မတွေ့မခြင်း စာကြောင်းထဲမှာရှိတဲ့ စကားလုံးတိုင်းနဲ့ တိုက်စစ်မှာဖြစ်ပါတယ်။ ရမှတ်မြင့်တယ်ဆိုရင် အချက်အလက်နှစ်ခုက အလွန်နီးစပ်မှုရှိတယ်လို့ ဆိုလိုတာပါ။ ထို့နောက် Model က အဲဒီရမှတ်တွေကို အသုံးပြုပြီး Values တွေကို ချိန်ညှိကာ အကြောင်းအရာစုံလင်ပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ နောက်ဆုံးရလဒ် (final output) တစ်ခုအဖြစ် ပေါင်းစပ်ထုတ်လုပ်ပေးလိုက်ပါတယ်။

Attention ကို နားလည်ခြင်းက Transformer Architecture ကို နားလည်ဖို့ ပထမဆုံးခြေလှမ်း ဖြစ်ပါတယ်။ နောက်အပိုင်းမှာတော့ Self-Attention ဆိုတာ ဘာလဲ၊ Multi-Head Attention က ဘာကြောင့် အရေးကြီးလဲ၊ Transformer Architecture တစ်ခုလုံး ဘယ်လို အလုပ်လုပ်လဲဆိုတာကို ဆက်လက်လေ့လာသွားပါမယ်။

MR ROBOT

ကျွန်တော်တို့ website မှာလည်း တင်ထားတာဖြစ်တဲ့အတွက် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
https://optimustechnica.com/article/what-is-attention-

Our Premium Plan📍Premium plan package ဆိုတဲ့ အတိုင်း ဒီ service ကိုအသုံးပြုမယ့် ကျွန်တော်တို့ရဲ့ clients တိုင်းအတွက် pre...
04/08/2026

Our Premium Plan

📍Premium plan package ဆိုတဲ့ အတိုင်း ဒီ service ကိုအသုံးပြုမယ့် ကျွန်တော်တို့ရဲ့ clients တိုင်းအတွက် premium quality ရစေမယ့် All-in-one dedicated IT service package တစ်ခုဖြစ်တယ်။
Start-up companies တွေနဲ့ လက်ရှိမိမိတို့လုပ်ငန်းအတွင်းမှာ အသုံးပြုနေတဲ့ နည်းပညာတွေကို အဆင့်မြှင့်တင်ချင်တဲ့ clients တွေအတွက် ရွေးချယ်သင့်ဆုံးသော service plan package ဖြစ်ပြီး ဒီ plan မှာ ကျွန်တော်တို့ရဲ့ base plan နှစ်ခုဖြစ်တဲ့ Hobby plan နဲ့ Business plan မှာရနိုင်မယ့် service တွေအကုန်လုံး ပါဝင်သွားမယ့်အပြင်၊ ထပ်မံရရှိနိုင်မယ့် သီးသန့် service တွေကတော့
📍Staff Training: Company အတွင်းမှာရှိတဲ့ ဝန်ထမ်းတွေကို နည်းပညာနဲ့ ပတ်သက်ပြီး စနစ်တကျ သင်ကြားလေ့ကျင့်ပေးခြင်း။
📍Custom POS & Management Applications: မိမိတို့ စီးပွားရေးလုပ်ငန်း လိုအပ်ချက်နှင့်အညီ POS (Point Of Sale) software အပါအဝင် 📍Management software applications များကို Business Operation အလိုက် Design ချပေးခြင်းနှင့် Draft ရေးဆွဲပေးခြင်း။
(မှတ်ချက်။ ။ Design ချပေးခြင်း / Draft လုပ်ပေးခြင်းသာ ဖြစ်ပြီး ယခု plan တွင် Software အပြီးအစီး ရေးသားပေးမည် မဟုတ်ပါ။ Custom software တစ်ခုအား ရေးသားတည်ဆောက်ပေးရမည် ဆိုပါက software application အမျိုးအစားအပေါ် မူတည်၍ service fee ထပ်မံ ကျသင့်မှာ ဖြစ်တယ်။)
📍Framework Patching & Upgrading: Base plan packages များတွင် ပါဝင်သော Agentic Google Workspace Framework အား Patching & Upgrading service များ ပြုလုပ်ပေးခြင်း။
📍Dedicated IT Consulting: လုပ်ငန်း ရေရှည်တိုးတက်မှုအတွက် Dedicated IT Consulting service အား လစဉ် ပုံမှန် ပြုလုပ်ပဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

📍ယခု Premium Plan Package ကို မိမိတို့ လုပ်ငန်းများတွင် အသုံးပြုချင်သည့် လုပ်ငန်းရှင်များအတွက် ကျွန်တော်တို့ MR ROBOT (Myanmar Refining Operations & Building Optimus Technica) ရဲ့ Rules and Regulations နှင့်အညီ Contract terms များဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး၊ Contract ကာလအပေါ် မူတည်၍ လစဉ် ကျွန်တော်တို့ company ဘက်မှ Engineers များကိုယ်တိုင် Audit ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။
Contract duration ကို အနည်းဆုံး ၆ လ (သို့မဟုတ်) ၁ နှစ် သတ်မှတ် ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး၊ Payment type အတွက် Contract ကာလအပေါ် မူတည်၍ Installment (အရစ်ကျ) စနစ်ဖြင့် ပေးသွင်းနိုင်ပါတယ်။
Premium Plan Package ကို ရယူလိုပါက page Messenger (သို့မဟုတ်) Email မှတစ်ဆင့် -
- အမည်
- ဖုန်းနံပါတ်
လုပ်ငန်းတည်ရှိရာ မြို့နယ် တို့နှင့်တကွ အသေးစိတ် လာရောက် ဆက်သွယ် မေးမြန်းနိုင်ပါတယ်။
ယခု service သည် Yangon မြို့အတွင်းသာ ရရှိနိုင်ပြီး တခြားမြို့တွေကိုတော့ ယခုကာလမှာ ရရှိနိုင်မည်မဟုတ်ပါ။ ရရှိလာတဲ့ အခါ ကျွန်တော်တို့ page မှတဆင့် တရားဝင် ကြေငြာပေးသွားမှာ ဖြစ်ပါတယ်။

[English version]
📍Objective and Target Audience
True to its designation, the Premium Plan delivers an all-in-one, dedicated IT service architecture engineered to provide top-tier support. It is specifically formulated for emerging startups and established enterprises seeking to modernize, scale, and overhaul their internal technological ecosystems. This plan combines baseline support with strategic, high-level IT oversight to drive operational transformation.
📍Core Technical Services and Advanced Capabilities
The Premium Plan incorporates the complete operational scopes of both the Hobby Plan and the Business Plan as its baseline foundation. Beyond these core layers, the Premium Plan delivers the following high-value enterprise integrations:
📍Internal Staff Training: Technical literacy and skills development programs tailored for client personnel to minimize IT-related errors and improve system adoption.
📍Custom Software Application Drafting: The architectural design, workflows, and drafting of specialized Point of Sale (POS) and management software applications aligned with the client's operational model.
(Note: This service covers architectural drafting and system design only; complete full-stack software development is not covered under the base package fee and will incur additional development charges dependent on application complexity.)
📍Framework Patching & Upgrading: Continuous maintenance, security patching, and system upgrades for the integrated Agentic Google Workspace framework.
📍Dedicated IT Consulting: Scheduled monthly executive-level IT consulting sessions designed to align technical infrastructure with overarching business objectives and strategic growth.
Compliance, Auditing, and Financial Terms

📍All operations executed under the Premium Plan strictly adhere to the operational rules, regulations, and contractual frameworks set forth by MR ROBOT (Myanmar Refining Operations & Building Optimus Technica). To guarantee uninterrupted efficiency and system integrity, our engineering team executes mandatory monthly technical audits throughout the active contract lifecycle.
Service agreements are structured under formal contract duration of either six (6) months or one (1) fiscal year. Financial arrangements are structured via customized monthly installment payments governed by the specified contract terms.

📍On boarding Protocols
Enterprises seeking to integrate the Premium Plan into their operational framework may initiate formal inquiries and consultation requests via our official page Messenger or corporate email channels. The following preliminary data is required for on boarding:
- Full Name / Corporate Identity
- Operational Location (Township)

Please Note: At present, this service suite is strictly limited to operations within the geographical boundaries of Yangon. Infrastructure deployment in alternative jurisdictions is currently unavailable; any future expansion of our geographic service boundaries will be formally announced through our official communication channels.

🏛️Contact Information;
Phone: 09790525598, 09968580822
Email: [email protected]
Website: https://optimustechnica.com/

Our Business Plan📍Business Plan Package ဆိုတာ MSMEs(Micro Small and Medium Enterprise) လုပ်ငန်းရှင်တွေအတွက် အသင့်တော်ဆုံ...
02/08/2026

Our Business Plan

📍Business Plan Package ဆိုတာ MSMEs(Micro Small and Medium Enterprise) လုပ်ငန်းရှင်တွေအတွက် အသင့်တော်ဆုံး service package တစ်ခုဖြစ်ပါတယ်။ မိမိ တို့ရဲ့ company အတွင်း နေ့စဉ်လည်ပတ်နေတဲ့ computers တွေ,printersတွေနဲ့ အခြားသော IT Devices တွေကနေစပြီး system infrastructure တစ်ခုလုံးကို ပိုမို reliable ဖြစ်စေပြီး နေ့စဉ် ပြုလုပ်နေရတဲ့ အချိုု့သော repetitive tasks တွေကို လျှော့ချနိုင်စေဖို့အတွက် နည်းပညာစွမ်းအားကို အသုံးပြုပြီး automation စနစ်တွေ, tools တွေ အပြင် customized software, Agentic AI workflow တွေနဲ့ ဖြေရှင်းပေးသွားမှာဖြစ်တယ်။

📍Business Plan Package ကိုဝယ်ယူတာနဲ့ ရရှိလာမယ့် services တွေကတော့
i.Everything in Hobby plan package
ii. Automation Setup & Consultation(social media , internal and external business workflow to get scalable )
iii. Agentic Google workspace framework configuration
iv. Data Migration and Redentancy system စတဲ့အရာတွေကို မိမိတို့ရဲ့ Company Policy နဲ့ procedure တွေအတွင်း ကနေ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

📍ယခု Business Plan Package ကို မိမိတို့ လုပ်ငန်းများတွင် အသုံးပြုချင်သည့် လုပ်ငန်းရှင်တွေအတွက် ကျွန်တော်တို့ MR ROBOT (Myanmar Refining Operations & Building Optimus Technica) ရဲ့ Rules and Regulations နှင့်အညီ Contract terms များဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး၊ Contract ကာလအပေါ် မူတည်၍ လစဉ် ကျွန်တော်တို့ company ဘက်မှ Engineers များကိုယ်တိုင် Audit ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။
Contract duration ကို အနည်းဆုံး ၆ လ (သို့မဟုတ်) ၁ နှစ် သတ်မှတ် ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး၊ Payment type အတွက် Contract ကာလအပေါ် မူတည်၍ Installment (အရစ်ကျ) စနစ်ဖြင့် ပေးသွင်းနိုင်ပါတယ်။
📍Business Plan Package ကို ရယူလိုပါက page Messenger (သို့မဟုတ်) Email မှတစ်ဆင့် -
- အမည်
- ဖုန်းနံပါတ်
လုပ်ငန်းတည်ရှိရာ မြို့နယ် တို့နှင့်တကွ အသေးစိတ် လာရောက် ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

ယခု service သည် Yangon/ Mandalay မြို့များတွင်သာရရှိနိုင်ပြီး တခြားမြို့တွေကိုတော့ ယခုကာလမှာ ရရှိနိုင်မည်မဟုတ်ပါ။ ရရှိလာတဲ့ အခါ ကျွန်တော်တို့ page မှတဆင့် တရားဝင် ကြေငြာပေးသွားမှာ ဖြစ်ပါတယ်။

[English version]
📍Objective and Target Audience The Business Plan is engineered as the optimal service architecture for Micro Small and Medium Enterprises (MSMEs). Its primary objective is to enhance the reliability of enterprise system infrastructures including core workstation networks, printing matrices, and peripheral IT assets while systematically reducing operational bottlenecks caused by repetitive manual processes. By leveraging technical innovation, this plan deploys automation protocols, customized workflows, and Agentic AI frameworks to optimize corporate productivity.
📍Core Technical Services and Advanced Integrations The technical scope of the Business Plan introduces comprehensive enterprise solutions, building directly upon the foundational maintenance provided in the Hobby Plan. Clients on boarding this package receive full access to the following operational integrations:
i. Comprehensive Integration: Inclusion of all technical features, general error troubleshooting, and network configuration services established in the Hobby Plan.
ii . Automation Engineering & Consultations: The design and deployment of customized automation systems across social media platforms and internal/external business operations to facilitate structural scalability.
iii. Agentic Google Workspace Framework Configuration: The implementation of an advanced, autonomous Google Workspace ecosystem tailored to simplify communication, file sharing, and internal data structures.
iv. Data Migration & Redundancy Systems: Secure data migration protocols alongside redundant backup architectures to ensure data integrity, portability, and business continuity in strict compliance with the client’s internal corporate policies and operating procedures.
📍 Operational Compliance, Auditing, and Contractual Framework To maintain system efficiency, all services are governed by formal service level agreements aligned with the established rules and regulations of MR ROBOT. Technical engineers conduct mandatory, systematic system audits monthly throughout the lifecycle of the agreement.
📍Service agreements are formalized under structured contract durations of either six (6) months or one (1) year. To support business liquidity and financial planning, the payment structure is organized via structured monthly installments, with specific terms aligned to the selected contract duration.
Geographic Scope and Onboarding Protocols MSMEs seeking to integrate the Business Plan into their operations can initiate consultation and onboarding through our official page Messenger or our email. The following data are required for registration:
- Full Name
- Operational Location (Township)

Please Note: At present, this service suite is strictly limited to operations within Yangon & Mandalay. Infrastructure deployment in alternative jurisdictions is currently unavailable; any future expansion of our service will be formally announced through our official page.

🏛️Contact Information;
Phone: 09790525598, 09968580822
Email: [email protected]
Website: https://optimustechnica.com/

Our Hobby Plan ယခု Plan Package ကို Start-up  လုပ်ငန်းရှင်တွေ၊ ကိုယ့်အိမ်ထဲမှာပဲ Product တွေကိုထုတ်လုပ်ရောင်းချနေတဲ့ Bus...
24/05/2026

Our Hobby Plan

ယခု Plan Package ကို Start-up လုပ်ငန်းရှင်တွေ၊ ကိုယ့်အိမ်ထဲမှာပဲ Product တွေကိုထုတ်လုပ်ရောင်းချနေတဲ့ Business Owner တွေအတွက် မိမိတို့၏လုပ်ငန်းကို ပိုမိုကောင်းမွန်စေပြီး systematic ကျစွာ ခေတ်နှင့်အညီ လည်ပတ်နိုင်စေရန် ဖွဲ့စည်းထားပါတယ်။
📍Computer, Printer, CCTV စသည့် IT gadgets များ၏ General Error အမျိုးမျိုးကို
Troubleshoot ပြုလုပ်ပေးသည်မှစ၍ မိမိတို့ရဲ့ အိမ် /ဆိုင် အတွင်းမှာ internal / external network များ installation နှင့် ရှိပြီးသား network များအား Performance ပိုမိုကောင်းလာစေရန် configuration များပြုလုပ်ပေးသည်အထိပါဝင်ပါတယ်။
📍ထို့အပြင် ကျွန်တော်တို့ Mr Robot မှပြုလုပ်ပေးထားသော system များကို
Quality Test, System Health (၁ လ) သို့မဟုတ် (၃ လ) တစ်ကြိမ် မိမိတို့ contract ပြုလုပ်ထားသော duration ပေါ်မူတည်ပြီး ကျွန်တော်တို့ ဘက်က လာရောက် စစ်ဆေးမှုတွေကို ပြုလုပ်ပေးသွားမှာဖြစ်တဲ့အတွက် ကျွန်တော်တို့နှင့် clients တွေကြားမှာ Trust တစ်ခုကိုမွေးဖွားပေးနိုင်မယ့်အပြင် ကျွန်တော်တို့ client တွေရဲ့လုပ်ငန်းတွေကိုလည်း stable ဖြစ်ဖြစ် long term လည်ပတ်စေနိုင်မှာဖြစ်တယ်။
📍လာရောက်စစ်ဆေးပေးတဲ့ အခါမှာလည်း software level ကနေ hardware level ထိ စစ်ဆေးပေးမယ့်အပြင် ဘယ် Device တွေကို ပြင်သင့်တယ်၊ ဘယ်စနစ်တွေကိုတော့ upgrade လုပ်သင့်တယ်၊ အဲဒီလိုပြုလုပ်ခြင်းကြောင့် ဘယ်လိုအရာတွေမှာ ပိုကောင်းမွန်လာနိုင်ပြီး ဘယ်နေရာတွေမှာတော့ လိုအပ်ချက်တွေရှိနိုင်တယ်ဆိုတာကို ကျွန်တော်တို့ ဘက်ကနေ Report တင်ပြပေးမှာဖြစ်တဲ့အတွက် ဘယ်လောက်ထိ မိမိတို့ လုပ်ငန်းတွေမှာ အကျိုးကျေးဇူးရနိုင်မယ် ဆိုတာကို လူကြီးမင်းတို့ ကိုယ်တိုင် တွေ့ရှိလာမှာဖြစ်တယ်။
📍Contract duration ကိုလည်း အနည်းဆုံး ၆လ (သို့မဟုတ်) ၁ နှစ် ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး Payment type ကိုလည်း ကျွန်တော်တို့ဘက်ကနေ Hobby Plan ဆိုတာနှင့်အညီ client တိုင်းအတွက် အစဉ်အပြေဆုံး သတ်မှတ်ပေးသွားမှာဖြစ်တယ်။

ယခု Hobby Plan Package ကို မိမိတို့ လုပ်ငန်းများတွင် အသုံးပြုချင်သည့် လုပ်ငန်းရှင်တွေအတွက် ကျွန်တော်တို့ MR ROBOT (Myanmar Refining Operations & Building Optimus Technica) ရဲ့ Rules and Regulations နှင့်အညီ Contract terms များဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး၊ Contract ကာလအပေါ် မူတည်၍ လစဉ် ကျွန်တော်တို့ company ဘက်မှ Engineers များကိုယ်တိုင် Audit ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။

ကျွန်တော်တို့၏ Hobby Plan Package ကို အသုံးပြုချင်တယ်ဆိုရင် page messenger သို့မဟုတ် e-mail မှ တဆင့်လူကြီးမင်းတို့၏
အမည်
လုပ်ငန်းတည်ရှိရာမြို့နယ်နှင့်တကွ လာရောက် ဆက်သွယ်နိုင်ပါတယ်။
ယခု service သည် Yangon မြို့အတွင်းသာ ရရှိနိုင်ပြီး တခြားမြို့တွေကိုတော့ ယခုကာလမှာ ရရှိနိုင်မည်မဟုတ်ပါ။ ရရှိလာတဲ့ အခါ ကျွန်တော်တို့ page မှတဆင့် တရားဝင် ကြေငြာပေးသွားမှာ ဖြစ်ပါတယ်။

[English Version]
📍Hobby Plan is strategically designed for small-scale entrepreneurs and home-based business owners. Its primary objective is to enhance operational efficiency, modernizing organizational infrastructures to ensure businesses remain competitive and systematically optimized in a rapidly evolving technological landscape.
📍The scope of work within this package includes comprehensive technical support for critical IT assets, including computers, printers, closed-circuit television (CCTV) systems, and related peripheral gadgets. Services range from baseline troubleshooting of general operational errors to the end-to-end installation and maintenance of both internal and external network architectures. Furthermore, the plan includes detailed configuration protocols designed to optimize the performance, speed, and reliability of pre-existing network deployments.
📍Quality Assurance, Compliance, and Reporting to ensure prolonged system stability and mitigate operational downtime, we implement systematic Quality Testing and System Health Assessments. These evaluations are executed at scheduled intervals, either monthly or quarterly, contingent upon the mutually agreed contract duration. This structured oversight is designed to establish a foundation of professional trust and guarantee long-term operational stability for our clients.
📍During these scheduled interventions, our technical team conducts strong assessments spanning both software configurations and hardware integrity. Upon completion, a comprehensive analytical report is submitted to the client. This document clearly identifies devices requiring technical repair, highlights components recommended for systemic upgrades, and outlines clear operational advantages or potential vulnerabilities associated with these modifications, allowing business owners to tangibly measure the return on investment.
Contractual Framework and Financial Structure Service agreements are formalized under structured contract duration of either six (6) months or (1) year. Aligning with the foundational principles of the Hobby Plan, the financial models and payment structures are systematically customized to optimize affordability and financial convenience for every client.
📍Prospective clients interested in on boarding the Hobby Plan may initiate the process by contacting our representatives via our official page Messenger. The following preliminary information is required for registration:
📍Full Name
📍Operational Location (Township)

Please Note: At present, this service suite is strictly limited to operations within the geographical boundaries of Yangon. Infrastructure deployment in alternative jurisdictions is currently unavailable; any future expansion of our geographic service boundaries will be formally announced through our official communication channels.

🏛️Contact Information;
Phone: 09790525598, 09968580822
Email: [email protected]
Website: https://optimustechnica.com/

Official Announcement   ဒီနှစ်ပိုင်းတွေမှာ ကျွန်တော်တို့ တခြားအကြောင်းအရာတွေ၊ နည်းပညာအသစ်တွေ နဲ့ နယ်ပယ် အသစ်တွေမှာ လေ့လာ...
23/05/2026

Official Announcement

ဒီနှစ်ပိုင်းတွေမှာ ကျွန်တော်တို့ တခြားအကြောင်းအရာတွေ၊ နည်းပညာအသစ်တွေ နဲ့ နယ်ပယ် အသစ်တွေမှာ လေ့လာလုပ်ကိုင်နေခဲ့ပြီး ကျွန်တော်တို့ရဲ့ Mr. Robot မှာ အရင်လို နည်းပညာ ဆောင်းပါး ကောင်းတွေကိုဖန်းတီးဖို့ ခက်ခဲနေခဲ့တယ်။ ဒါပေမယ့် ယနေ့မှစပြီး ကျွန်တော်တို့ လေ့လာခဲ့တဲ့ အရာတွေ၊ ရရှိခဲ့တဲ့ experience တွေကို အသုံးချပြီး ပိုကောင်းတဲ့ Technical Content တွေဆက်လက်၀ေမျှ သွားမယ့်အပြင် ပြီးပြည့်စုံတဲ့ Service Plan အသစ်တွေနှင့်အတူ ကျွန်တော်တို့ Mr Robot ဟာ ပြန်လည်အသက်ဝင်လာခဲ့ပြီ ဖြစ်ပါတယ်။
အရင်လို Desktop Level Support အပြင် SMEs(Small Business to Enterprise) ထိပါ support ပေးနိုင်ရန်အတွက် Privacy ,Contract based, Professional (P*P) စနစ်ဖြင့် သေချာပြုလုပ်ထားတာ ဖြစ်တဲ့အပြင် လုပ်ငန်းရှင်တွေအနေနဲ့ Service Plan ရွေးချယ်ရာ၌ လူကြီးမင်းတို့၏ Business ပေါ်မူတည်ပြီး မှန်ကန်စွာ ရွေးချယ်နိုင်ရန် ကျွန်တော်တို့ MR ROBOT Team ရဲ့ Professional တွေကနေ Free Consultation လုပ်ပေးသွားမှာဖြစ်ပါတယ်။

Plan packages အနေနဲ့
📍Hobby Plan
Good pick for individual and small shops (7 days trial)
📍Business Plan
Better option for medium business and office (14 days trial)
📍Premium Plan
Best choice for enterprise and corporate business (30 days trial)
စသည်ဖြင့် ရွေးချယ်စရာ (၃) မျိုးရှိပြီး တစ်ခုချင်းစီ၏ အသေးစိတ်ကိုတော့ page မှာပဲ announce လုပ်ပေးသွားမှာဖြစ်တယ်။

In recent years, we have been studying and working in other areas and new technologies, making it very tough to create high-quality, in-depth technical content on Mr. Robot as we did before. However, today, by utilizing the knowledge we’ve studied and the experiences we’ve gained, we will continue sharing even better technical content. Along with new, comprehensive service plans, the Mr.Robot has officially come back to life.

Beyond our previous desktop-level support, we have systematically developed plan packages using the Privacy, Contract-based, Professional (P*P) system to support everything from SMEs (Small Business to Enterprise). Furthermore, to help business owners choose the right package based on their specific business needs, our MR.ROBOT Team professionals will be providing free consultations.

📍Hobby Plan
https://www.facebook.com/share/p/1HVVYpYrfC/?mibextid=wwXIfr

📍Business Plan
https://www.facebook.com/share/p/1DDB8qtuPQ/?mibextid=wwXIfr

📍Premium Plan
https://www.facebook.com/share/p/19ATbq86GQ/?mibextid=wwXIfr

🏛️ Contact Information;
Phone: 09790525598, 09968580822
Email: [email protected]
Website: https://optimustechnica.com

This is the day we release our service plan packages,This is the day we become your right choice!For more details may yo...
06/05/2026

This is the day we release our service plan packages,
This is the day we become your right choice!
For more details may you reach our hotline number below, and get free consultation for your subscription.

ကျွန်တာ်တို့ MR ROBOT( Myanmar Refining Operations & Building Optimus Technica)မှ release လုပ်လိုက်သော service package များဖြစ်ပါတယ် ။အသေးစိတ်ကို သိရှိလိုပါက
ဖုန်းနံပါတ် ၀၉၇၉၀၅၂၅၅၉၈ (သို့) ၀၉၉၆၈၅၈၀၈၂၂
ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။

🏷️Contact Us
📍09790525598 |09968580822
📍[email protected]
📍https://optimustechnica.com

MR ROBOT

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Alerts

Be the first to know and let us send you an email when MR ROBOT posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share