Lin Thit Mobile

Lin Thit Mobile Mobile Sale & Service, POS, ERP Software, Website Development

We can solve the difficulties of Mobile, Computer and Electronic Circuit, Software error, Hardware error, Networking, Satellite Technology, Ecommerce Website about their daily problem of IT Technologies and various hardware devices.

power supply အကြောင်း🔋🔋🔋🔋🔋🔋🔋🔋Power supply အကြောင်းမပြောခင် ဘာကြောင့်သုံးရတယ်ဆိုတော့Power နှိုးစမ်းကြည့်ဖို့ ဖုန်းကို PS ခ...
17/09/2019

power supply အကြောင်း

🔋🔋🔋🔋🔋🔋🔋🔋

Power supply အကြောင်းမပြောခင် ဘာကြောင့်သုံးရတယ်ဆိုတော့
Power နှိုးစမ်းကြည့်ဖို့ ဖုန်းကို PS ချိတ်လိုက်တာနဲ့
Amp တန်းတက်လာသလား နှိုးမှ တက်လာသလား
ဘယ်လောက်အထိ တက်လာပီး ဘယ်နေရာမှာ ရပ်သွားတာလဲ
တက်ပီး ပြန်ကျလာတာလား ရပ်နေတာလား
အဲသလို ကြည့်လိုက်တာနဲ့ ပြစ်ချက်ကို အကြမ်းဖျင်း မှန်းလို့ ရတတ်ပါတယ်

အဲဒါဆို Power နိုးခြင်းကို သိသလောက်လေး အကြမ်း ပြောကြည့်မယ်ဗျာ
ဖုန်းကို Battery တတ် (သို့) PS ချိတ်လိုက်တာနဲ့
ဖုန်းက ကောင်းနေမယ်ဆိုရင် Power Key မှာ ဗို့အားတခု စရောက်လာပါတယ်
Qualcomm ဖုန်းတွေမှာ 1.7V ခန့်နဲ့ MTK ဖုန်းတွေမှာ 3.7V ခန့်ပါ
အဲသလို ဗို့တခုခှုရှိနေတာကို high level (1) လို့ ပြောကြပါတယ်
Power Button ကို နှိပ်လိုက်ရင် Power Key ဟာ low level (0) ကို ဆင်းသွားချိန်မှာပဲ PMU နဲ့ ချိတ်ဆက်ထားတဲ့ Crystal က ထုတ်ပေးတဲ့ လှိုင်းကြောင့် PMU စတင်ပြီး အလုပ်လုပ်လာပါတယ်
PMU IC ကနေ CPU အတွက် ဗို့အားလမ်းနှစ်ကြောင်းထုတ်ပေးပါတယ်
အဲဒီအချိန်မှာ PS ရဲ့ Amp မီတာမှာ 0.07A ဝန်းကျင် စတက်လာပါတယ်
CPU မှ ဖုန်းအတွင်းမှာရှိတဲ့ လမ်းကြောင်းတွေကို စစ်ဆေးပြီး Error မရှိရင်
Power နှိုးခြင်းလုပ်ငန်းကို ခေတ္တရပ်ဆိုင်းလိုက်ပါတယ် (Reset)
အဲဒီအချိန်ဟာ 1Sec ကျော်လောက်ပဲ ကြာတတ်တာမို့ power button ကို ဆက်နှိပ်မထားရင် power ဆက်မနိုးတော့ပါဘူး
3Sec ကျော်အထိ ဆက်နှိပ်ထားမယ်ဆိုရင်တော့
Baseband Chip က PMU ဆီကို Power နှိုးကြောင်းအတည်ပြုပေးလိုက်တဲ့အတွက်
PMU မှ power နှိုးခြင်း လုပ်ငန်းစဉ် ပြန်လည် စတင်ပါတယ်
CPU အတွက် 1.1V 1.2A လမ်းကြောင်းနှစ်ကြောင်းနဲ့အတူ
eMMC အတွက် digital volt ဖြစ်တဲ့
1.8V ကို လဲ ဆက်လက် ထုတ်ပေးလိုက်ပါတယ်
CPU နဲ့ eMMC တို့ ချိတ်ဆက်ပြီးလို့
eMMC စတင် အလုပ်လုပ်ဖို့ အဆင်သင့်ဖြစ်ရင်
Analog volt 2.8V ကို ဆက်လက်ထုတ်ပေးပါတယ်
(တချို့ဖုန်းတွေမှာ RAU DC DC Conventer အသုံးပြုပီး 2.8V ထုတ်ပေးတတ်ပါတယ်)
eMMC ကို နှိုးနေတဲ့အချိန် PS မှာ 0.2A ဝန်းကျင်မှာ လှုပ်နေတတ်ပါတယ်
OS နိုးသွားလို့ ကျန်တဲ့ wirless , network စတဲ့ အပိုင်းတွေ ဆက်လက် ချိတ်ဆက်မိသွားရင်
0.45A ဝန်းကျင်မှာ လှုပ်နေတတ်ပါတယ် ခဏအကြာ 0.3A ဝန်းကျင်ကို ပြန်ကျသွားပီး
ဒီအတိုင်း ဘာမှမနှိပ်ပဲ ထားလိုက်ရင် Sleep mode ဝင်ပီး 0.1A - 0.2A ဝန်းကျင် ပြန်ကျသွားပါတယ်

အဲဒီ လုပ်ငန်းစဉ်ကို အကြမ်းဖျင်းလောက်သိထားရင်
PS က Amp ကို ကြည့်လိုက်တာနဲ့ Error ကို မှန်းလို့ ရတတ်ပါတယ်
Dead Short (standby short) နဲ့ Loading Short (running short) တို့ မဟုတ်ရင်တော့ 1A - 2A PS နဲ့ စမ်းလို့ အဆင်ပြေပါတယ်
Amp အသုံးများတဲ့ တချို့ဖုန်းတွေမှာဆိုရင်တော့
Amp နဲတဲ့ 1A - 2A နဲ့စမ်းရင် power ပြန်ပြုတ်ကျတတ်ပါတယ်
BSI ပါဖို့ လိုအပ်တဲ့ဖုန်းတွေမှာလဲ power ပြန်ပိတ်သွားတတ်ပါတယ်

1A - 2A PS တွေက ထုတ်ပေးထားတဲ့အထွက်လမ်းကြောင်းမှာ ရှော့ရှိနေရင်
အထွက်ဗို့ကို ချက်ခြင်းပိတ်ပစ်တဲ့ protector စနစ် ထည့်ထားပါတယ်
အဲဒါကြောင့် ရှော့ရှိနေတဲ့ ဖုန်းတွေကို စမ်းဖို့ အဆင်မပြေပါဘူး

5A နဲ့ အထက် PS တွေမှာတော့ အထွက်လမ်းကြောင်းရှော့ရှိနေရင် ပိတ်ပစ်တဲ့ protector စနစ် မပါတတ်ပါဘူး အဲသလို မပါတဲ့အတွက် ဖုန်းထဲမှာ ရှော့ရှိနေရင် ရှော့ကျတဲ့ ကွန်ပို့နင့် (component) လေးတွေက Amp ပုံမှန်ထက် ပိုစားတာကြောင့် ပူလာတတ်ပါတယ်
လက်နဲ့စမ်း ခဲငွေ့ရိုက်ရှာပီး ပူတဲ့ကွန်ပို့နင့်လေးတွေကို ရှာကြပါတယ်

သတိပြုရမှာက
1A - 2A PS က အမှားခံတတ်လို့ တော်ရုံနဲ့ မှားချိတ်လဲ အပျက်အစီး နည်းတတ်ပါတယ်
5A PS ကတော့ အမှားမခံတတ်လို့ အကိုင်အတွယ်မှားရင် ချက်ခြင်း လောင်ကျွမ်းတတ်ပါတယ်

5A ဝယ်မယ်ဆိုရင် 5A အပြည့်ထွက်မထွက် စစ်ဆေး ဝယ်ယူသင့်ပါတယ်
ဈေးကွက်ထဲမှာ နှစ်မျိုးတွေ့တတ်ပြီး တမျိုးက ထရန်စဖေါ်မာကွိုင် ( Transformer Coil ) ကို သုံးပါတယ်
သူ့ကို မ ကြည့်ရင် အလေးချိန်များပါတယ် အကြမ်းခံပြီး အပိုပစ္စည်း ဝယ်ဖို့လွယ်မယ်ထင်ပါတယ်
နောက်တမျိုးက ကွန်ဗါတာ ( Converter ) စနစ် သုံးထားတဲ့အတွက်
အလေးချိန် ပေါ့ပြီး PS ထုထည် ကျစ်လစ်ပေါ့ပါးပါတယ် ပုံစံသွက်ပါတယ်
5A ပြည့်မပြည့် စစ်ဖို့ဆိုရင် Amp control ကို အကုန်တင် Volt ကို 5V လောက်ထားပြီး Output Volt ကြိုးနှစ်စကို ပူးကြည့်ပါ
Amp မီတာမှာ ပေါ်လာတဲ့ Amp က PS ကထုတ်ပေးတဲ့ အမြင့်ဆုံး Amp ပါ
တချို့ PS တွေမှာ 15V လောက်ထားစမ်းရပါတယ်
ကျနော်တို့ မိုဘိုင်းဆားဗစ်သမားတွေက 4V ဝန်းကျင်ပဲ အများဆုံးသုံးတတ်တာမို့ 5V မှာ စမ်းပြီး ဝယ်သင့်ပါတယ်

5A Power Supply

ပါဝါမနိုးခြင်း(no power)ထဲမှ၊ရှောစ့်(shock)ဖြစ်သောဆားကစ်ဘုတ်ပြားအားစမ်းသပ်ရာတွင်အသုးံပြုသော 5 Ampere power supply အကြောင်းကိုပြောကြားပေးသွားမှာဖြစ်ပါတယ်။

5 Ampere Power Supply မှာဆိုရင်လည်း တံဆိပ်အမျိုးမျိုးဝင်ရောက်လျှက်ရှိကြပါတယ်ခင်ဗျာ။ဈေးနှုန်းများကတော့

၅သောင်းလောက်မှစတင်၍ ၆သောင်းခွဲ၊၇သောင်းလောက်ထိတော့ရှိပါတယ်လိုပြောကြားချင်ပါတယ်ခင်ဗျာ။

အခုကစတင်ပြီးတော့ 5ampere power supply နဲ့ပတ်သက်ပြီးတော့ပြောပြသွားမှာဖြစ်ပါတယ်။

၎င်းpower supply သည်၊နိုးပါဝါရှော့စ်ကျသောအခါ၍အသုးံပြုရမည်ဖြစ်ပါသည်။

(ရှောစ့်ထဲမှာမှ input shock ကိုစမ်းသပ်ရခြင်း)5Ampereတွင်ပါဝင်သောFunction အစိတ်အပိုင်းများမှာတော့

5A PS ၏ညာဘက်အောက်တွင်တွင်တည်ရှိသောနီ၊၀ါ၊နက်ပင်ပေါက်များသည်ဆားကစ်ဘုတ်ပြားတွင်

တည်ရှိသော Battery connector ငုတ်များအားချိတ်ပေးရမည် power supply ကြိုးပေါက်များဖြစ်ပါတယ်။

၎င်းpower supply ကြိုးပေါက်ချိတ်ဆက်ရာတွင်အနီကြိုးသည်အနီပေါက်သို့ထည့်ရမည်ဖြစ်ပြီး၊

အနက်ကြိုးသည်အနက်ပေါက်သို့ထည့်ရမည်ဖြစ်ပြီး၊အရောင်ပေါက်သည်ဆားကစ်ဘုတ်ပြားအား

Ground(GND)ချသောအပေါက်ဖြစ်ပါတယ်။Ground ဆိုသည်မှာအနုတ်ဓတ်ပိုမိအောင်ထည်သွင်းးထား

ခြင်းဖြစ်ပါ။ခြုံပြီးပြောရမယ်ဆိုရင်တော့cicuit boardအားပါဝါကြွေးသော၊ပင်ပေါက်များဖြစ်ပါတယ်။

နောက်functionတစ်ခုကတော့အနီ၊အ၀ါ၊အနက်ရောင်ပင်ပေါက်များရဲ့အပေါ်တွင်တည်ရှိသော

သင်္ကေများမှာတော့voltageလို့စာသားရေးသားပြီးအောက်တွင် adjust control နှစ်ခုပါဝင်ပါတယ်။

Voltage ဆိုသောစာသားသည်ဗို့အားကိုဖော်ညွှန်းထာခြင်းဖြစ်ပြီး adjust control နှစ်ခုသည်ဗို့အားကို

အတိုး၊အရှော့ပြုလုပ်ပေးသော control ဖြစ်ပါတယ်။ဗို့အားပေးရာတွင်မိုဘိုင်းလ်ဖုန်းပြုပြင်သောကြောင့်

D-C 4V to 5V ပေးသွင်းရမှာဖြစ်ပါတယ်။မှတ်ချက်။။5V ထက်ကျော်ပေးပါက circuit board ပေါ်တွင်တည်ရှိသော

I.C(integrated circuit) များနှင့်P.C.B(printed Circuit Board) ပတ်လမ်းများအားပျက်ခြင်း(သို့မဟုတ်)

ဆားကစ်ဘုတ်ပြားအားရှော့စ်ကျခြင်းတို့ဖြစ်တက်ပါတယ်။ဗို့ပေးရာတွင်အသုးံပြုရမည့် adjust control နှစ်ခုမှာ

ညာဘက်adjust control သည်ပေးချင်သောဗို့အားကိုလိုအပ်သလိုအမြန်တင်သုးံရသော control ဖြစ်ပါတယ်။

ဘယ်ဘက် adjust control သည်မိမိပေးချင်သောဗို့အားကိုပွိုင့်ဗို့ခြင်းတင်၍အသုးံပြုရခြင်းဖြစ်တယ်လို့

မှာကြားချင်ပါတယ်။

နောက်ထပ်functionအနေအထားကတော့Currentလို့ရေးသားဖော်ပြပေးထားခြင်းစာသားဖြစ်ပြီး၊

စာသား၏အောက်ဘက်တွင်တည်ရှိသော adjust Control နှစ်ခုသည် current လို့ခေါ်ဆိုသော ampere နှုန်းကို

adjust control ပြုလုပ်ပေးသော control ဖြစ်ပါတယ်။၎င်း adjust control သည်မိမိစမ်းသပ်လိုသော

ရှောစ့်ကျသောဆားကစ်ဘုတ်ပြားအား Battery connector ၏ပင်ငုတ်များအားပါဝါဗို့အား

4v to 5v ကြွေးပြီးပါက5APowerSupply တွင်ပါရှိသော L.C.D. digital ဂဏန်းများအား L.C.D

ဒိုင်ခွက်ပေါ်တွင်ampereနှုန်းကိုဖော်ပြပေးပါလိမ်မည်။ပြသနေသော ampere နှုန်းဖြင့်ရှောစ့်မပြသပါက

currentဆိုသာစောသားအောက်တွင်adjust controlနှစ်ခုကိုအသုးံပြုရမည်ဖြစ်ပါသည်။

ညာဘက် control ကတော့ ampere ကိုမိမိလိုအပ်သလောက်တင်ပြီး၊သုးံရမှာဖြစ်ပြီးဘယ်ဘက်က

controlကတော့ ampere နှုန်းကိုပွိုင့်လောက်တန်ဖိုးအတိုးအလျှော့လုပ်အသုးပြုရမှာဖြစ်ပါတယ်။

Current စာသားနှင့် Voltage ဆိုသောစာသားနှစ်ခုကြားတွင်တည်ရှိသောခလုတ်လေးသည် ampere

Low ampere နှင့် High ampere ကိုဖော်ပြပေးတာဖြစ်ပါတယ်။၎င်းခလုတ်သည်မိမိအသုးံပြုချင်သော

amprreအနည်း၊အများကိုရွေးချယ်ပေးရခြင်း ဖြစ်ပါတယ်။တစ်ချို့ရှော့စ်များသည် ampere အနည်းတွင်ထားစမ်း၍

မရနိုင်ပါသဖြင့်ampereအများခလုတ်တွင်ထားစအ်းမှသာလျှင့်ရပါသည်။

မှတ်ချက်။။ရှောစ့်ကျနေသာဆားကစ် ဘုတ်ပြားသည် 5A Power Supply ဖြင့်စမ်းသပ်ရာတွင်

ရှောစ့်ကျသောI.C ,Cap:,Res:Dio:,F.E.T (Q) များသည်တစ်ခြားအလုးံ (သို့မဟုတ်)ပစ္စည်းများ

ပူနေပါလိမ်မည်။၎င်းပူနေသာအလုးံအားရှောစ့်ကျ၍ ပျက်နေခြင်းဟုသိရပါလိမ်မည်။

ပူနေသောဖြုတ်ပေးမှသာလျှင်ပါဝါနှိုးပါလိမ်မည်။ နောက်ဆုးံကျန်ရှိနေသာ function အစိတ်အပိုင်း

ကတော့ Voltage အပေါ်တွင်တည်ရှိသောL.C.DDigitalဒိုင်ခွက်နှင့် Current စာသား၏အပေါ်ဘက်တွင်

တည်ရှိသော L.C.D Digital ဒိုင်ခွက်ကတော့ မိမိတိုအသုးပြုနေသောဗို့အားနှင့်အင်ပီယာအား

တို့ကိုဘယ်လောက်တန်ဖိုးရှိသလဲဆိုတာကိုဖော်ပြပေးသောဂဏန်းများဖြစ်ပါတယ်။R.F(radio frequency) နှုန်းကို

ဖော်ပြပေးထားခြင်းဖြစ်ပါတယ်။ဘယ်လိုအသုးံပြုကြလဲဆိုတော့မိုဘိုင်းလ် radiation frequency လှိုင်းနဲ့ချိတ်မိနိုင်၊

မမိနိုင်ကိုradio frequency လှိုင်းတန်ဖိုနဲ့ဖော်ပြပေးသွားမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ပါဝါဆက်ပလိုင်း

ချိတ်သောပင်ပေါက်အနီ၊အ၀ါ၊အနက်ရောင်ပေါက်ရဲ့ဘေးတွင်ရှိသောခလုတ်ကတော့ 5 ampere power

Supply ၏ power ခလုတ်အဖွင့်အပိတ်ဖြစ်ပါတယ်လို့ပြောကြားရင်းနဲ့ဘဲဒီမှာပဲနိဂုန်းချုပ်အပ်ပါတယ်ခင်ဗျာ။

မိုဘိုင်းလ်ဖုန်း Hardware နည်းပညာအားလေ့လာချင်သူများအတွက်ကြိုဆိုပါတယ်ခင်ဗျာ။

Hardware ပညာရပ်သည်ဝါသနာပါမှသာလျှင်တတ်မြောက်ကြမှာဖြစ်ပါတယ်။

အဲဒီတော့မိမိကိုမိမိဝါသနာပါမပါကိုအရင်စမ်းစစ်ပါ။ဝါသနာပါလို့ကတော့

အချိန်ကုန်လို့ကုန်မှန်းတောင်သိမှာမဟုတ်ပါဘူး။

ကိုယ်ပြင်တဲ့ဖုန်းပြန်ကောင်းသောအခါမှာစိတ်ထဲမှာအရမ်းကြည်းနူးဖို့ကောင်းပါတယ်။ကြိုးစားကြပါလို့ပြောချင်ပါတယ်ခင်ဗျာ။

Google Ads ဆိုတာ???Google Ads အကြောင်းမပြောခင် Digital Marketing ဆိုတာကို နည်းနည်းလောက်အစပျိုးချင်ပါတယ်ဗျ။ကိုယ်ရောင်းတဲ့...
14/09/2019

Google Ads ဆိုတာ???
Google Ads အကြောင်းမပြောခင် Digital Marketing ဆိုတာကို နည်းနည်းလောက်အစပျိုးချင်ပါတယ်ဗျ။
ကိုယ်ရောင်းတဲ့ပစ္စည်း၊ဝန်ဆောင်မှု တွေကို digital channel တွေသုံးပြီး marketing လုပ်တာကို digital marketingလို့ ခေါ်ပါတယ်။ အဲ့ဒီ digital channelတွေထဲမှာ အင်တာနက်ကလည်းတစ်ခု အပါအဝင်ဖြစ်ပါတယ်။ အများစုက အင်တာနက်ကိုသုံးပြီး marketing လုပ်တဲ့ internet marketing ကို digital marketing လို့ပဲ အမှတ်မှားနေကြတယ်ဗျ။ တကယ်က digital channel တွေထဲမှာ အင်တာနက် တင်မကဘဲနဲ့ display advertising လို့ခေါ်တဲ့ banner ad တွေ၊ social media marketing (ဥပမာ: Facebook marketing)၊ ရေဒီယို နဲ့ ရုပ်မြင်သံကြား အစရှိတာတွေပါဝင်ပါတယ်(digital channel တွေအကြာင်းအသေးစိတ်ကို နောက်မှပို့စ်တစ်ခုထပ်တင်ပေးပါမယ်)။
အဲ့ဒီအထဲမှာမှ social media marketingကတော့ ကျွန်တော်တို့ မြန်မာလူမျိုးအများစုနဲ့ သိပ်မစိမ်းလှပါဘူး။ဒီနေရာမှာ Facebook Marketing အကြောင်း sharing လုပ်နေတဲ့ သူတွေလည်း အများအပြားရှိနေတာကြောင့် ဒီနေ့မှာတော့ ကျွန်တော် Google Ads အကြောင်း ကို အနည်းငယ်လောက် မျှဝေပေးချင်ပါတယ်။
အရင်ကတော့ Google Adwordsလို့ခေါ်တဲ့ ယခုအခေါ် Google Ads က Facebook Ads နဲ့တော်တော်လေးကိုကွာပါတယ်။ဘာတွေကွာတာလည်းဆိုတော့ Google ကတော့ user တစ်ယောက်ချင်းစီက search box မှာ ရိုက်ပြီးရှာတဲ့ စကားလုံး၊အကြောင်းအရာတွေပေါ်မူတည်ပြီး သူ့ရဲ့ user တွေဟာ ဘယ်လိုလူမျိုးတွေဖြစ်ပါတယ်ဆိုပြီးခွဲခြားသတ်မှတ်ပါတယ်။ Facebook ကတော့ သူ့ရဲ့userတွေဟာ ဘယ်လို အကြောင်းအရာမျိုးကို engageဖြစ်တယ် (တနည်း like လုပ်တယ်၊comment ပေးတယ်၊shareတယ်ပေါ့ဗျာ) ဆိုတဲ့ userတွေရဲ့ စိတ်ဝင်စားမှု (Interest) ပေါ်မူတည်ပြီး userတွေကိုအမျိုးအစားခွဲပါတယ်။
Google Adsက ဘယ်လိုနေရာတွေမှာသုံးဖို့သင့်တော်လဲဆိုတော့ userတွေရှာနေတဲ့ပစ္စည်းကို သူ့ရှေ့မှောက်ရောက်အောင်ပြပေးနိုင်တဲ့အတွက် ရောင်းအားကိုမြှင့်တင်ချင်တဲ့နေရာတွေမှာသုံးဖို့သင့်တော်ပါတယ်။ Facebook Ads ကိုတော့ Brand Awarenessကိုတည်ဆောက်ချင်တဲ့နေရာတွေမှာသုံးဖို့ပိုသင့်တော်ပါတယ်။
ဒါပေမယ့် Facebook Adsကနေတဆင့် sale ကို drive လုပ်လို့ရတာပဲလို့ စောဒကတက်မယ်ဆို တက်လို့ရပါတယ်။ရောင်းအားတက်အောင် Facebook Marketingသင်တန်းတွေတောင် အပြိုင်အဆိုင်ဖွင့်နေကြတာ အားလုံးလည်းအသိပါ။ တကယ့် ecommerce အကြီးစားကြီးတွေကတော့ ရောင်းအားတက်ဖို့သုံးတဲ့နေရာမှာ Facebook Ads ထက် Google Ads ကို ပိုသုံးကြပါတယ်။
Google Ads ကိုသုံးမယ်ဆိုရင် ကိုယ့်ရဲ့ customerတွေက ကိုယ့်ရဲ့products နဲ့ servicesတွေကို ဘယ်ကနေ တဆင့်တွေ့ပြီး ကိုယ့်ဆီကိုရောက်လာသလဲ၊ကိုယ့်ရဲ့ ဘယ် ad campaign ကိုတွေ့ပြီး customer တွေက ကိုယ့်productsနဲ့ servicesကိုဝယ်ကြသလဲဆိုတာ သိနိုင်ပါတယ်။
ဥပမာဗျာ မိတ်ဆွေက google ads နဲ့ display campaign တစ်ခုကို run လိုက်တယ်ဆိုပါစို့။ ဒီကြားထဲမှာ မိတ်ဆွေရလာတဲ့ customersတွေကကိုယ် runနေတဲ့ ad ကိုမြင်ပြီး ကိုယ့်customer ဖြစ်လာတာလား? ဒါမှမဟုတ် တခြားသောနေရာ ကနေ သိလာတာလား? ဆိုတာ ခွဲခြားသိနိုင်တဲ့အတွက် မိတ်ဆွေက Google Ads မှာ ကြော်ငြာတစ်ခုထည့်ရင် အဲ့ဒီကြေငြာက ကိုယ့်အတွက်ရောင်းအားတကယ်တက်မတက် အလွယ်တကူသိနိုင်ပါတယ်။
Facebook Adsမှာကျတော့ Ad campaign တစ်ခု run လိုက်တယ်။ User တစ်ယောက်က News feed မှာ မိတ်ဆွေရဲ့ကြော်ငြာတက်လာလို့ ဝင်ဖတ်ကြည့်တယ်။ Page ထဲကိုဝင်ကြည့်တယ်။ ကြော်ငြာထားတဲ့ပစ္စည်းမဟုတ်ဘဲ တခြားတစ်ခုကိုတွေ့တော့ ကြိုက်လို့ screenshot ရိုက်တယ်။ shareသွားတယ်။ ဒါပေမယ့် လစာမထုတ်သေးတဲ့အတွက် ချက်ချင်းမဝယ်နိုင်သေးဘူး။ လကုန်မှဝယ်မယ်ဆိုပြီး တွေးထားတယ်။ မိတ်ဆွေက နောက်ထပ်ကြော်ငြာတွေထပ်တင်တယ်။ လကုန်တော့ အရင် userက မိတ်ဆွေဆီမှာ သူ shareထားတဲ့ပစ္စည်းကိုလာဝယ်တယ်။ ဒါပေမယ့် သူကဘယ်ကြော်ငြာကို မြင်ပြီးကိုယ့်customer ဖြစ်လာတာလဲ။ ကိုယ်ဘယ် ad campaign ကို runရင် ပိုထိရောက်သလဲ။ ဘယ် campaignကတော့ ပိုက်ဆံတွေအများကြီးသုံးပြီး ကိုယ့်လုပ်ငန်းကို လူပိုသိသလဲ။ ရေရှည်မှာ ကိုယ်ကြော်ငြာပေါ်သုံးရတဲ့ငွေနဲ့ ကိုယ်ပြန်ရတဲ့အမြတ်ငွေတွက်ခြေကိုက်ရဲ့လားဆိုတာ ဝေခွဲမရဖြစ်နေပါလိမ့်မယ်။ Facebook ads တွေက ကိုယ့်ပစ္စည်းကို လူသိအောင် လူမြင်များအောင်ပြတဲ့နေရာမှာပိုအသုံးဝင်ပါတယ်။
Customer buying behaviour မှာ ပထမအဆင့်ဖြစ်တဲ့ Need Recognition & Problem Awarenessဆိုတဲ့ ကိုယ်လိုအပ်တာကို သိလာတယ်၊ကိုယ့်မှာအဆင်မပြေဖြစ်နေတဲ့အချက်တွေကို သတိထားလာမိတာတွေက ပထမဆုံးအဆင့်ပါ။ Facebook ကြော်ငြာတွေ က News Feed မှာ လာလာပေါ်တဲ့အခါ ကိုယ်ကဒီပစ္စည်းကိုအမှန်တကယ်လိုအပ်တယ် မလိုအပ်ဘူးဆိုတာ ကို user တွေ က စပြီးသတိထားမိကြတယ်။ လိုအပ်နေတဲ့သူတွေက ဒီပစ္စည်းနဲ့ပတ်သက်ပြီး ဆက်စပ်အကြောင်းအရာတွေကို ရှာဖွေကြတယ်။တခြားရွေးချယ်စရာတွေကိုဆက်ရှာတယ်။ယှဉ်ကြည့်တယ်။အားလုံးပြီးမှ ဝယ်တဲ့အဆင့်ကိုရောက်လာကြပါတယ်။
Google ပေါ်ရောက်လာတဲ့usersအများစုက ပထမအဆင့်ကိုဖြတ်ကျော်လာပြီးတဲ့သူတွေပါ။ သူတို့အတွက်က ကိုယ်ဝယ်မယ့်ပစ္စည်းအကြောင်း ပိုပြည့်ပြည့်စုံစုံသိချင်တယ်။ သူရဲ့ ပုံစံတူ ယှဉ်ရွေးရမယ့် ပစ္စည်းတွေကို ရှာကြည့်ပြီး ဝယ်တော့မယ်လို့ ဆုံးဖြတ်ထားတဲ့သူတွေပါ။
အဲ့ဒီတော့ Google Ads က သူရဲ့user တွေကို သူတို့ရဲ့ intent (စိတ်အားထက်သန်မှုတွေ,သူတို့ရဲ့ရည်ရွယ်ချက်)တွေပေါ်မူတည်ပြီးခွဲတော့ သူရဲ့ userတွေက အမှန်တကယ်လိုအပ်နေပြီလား လိုချင်နေပြီလားဆိုတာ သိနေတဲ့အတွက် ဝယ်ယူဖို့ဆုံးဖြတ်ချက်ချတဲ့နေရာမှာ တွန်းအားတွေအများကြီးပေးနေတဲ့ ad platform တစ်ခုပါ။ Facebook ကတော့ userတွေရဲ့ စိတ်ဝင်စားမှု (interest)ပေါ်မူတည်ပြီး ကြော်ငြာတွေကိုပြပေးတာဆိုတော့ users တွေ ဒီပစ္စည်းကို စိတ်ဝင်စားရုံပဲလား၊အမှန်တကယ်လိုအပ်နေ လိုချင်နေပြီလားဆိုတာကျွန်တော်တို့မသိနိုင်ပါဘူး။ကျွန်တော်တို့ Infinive က Facebook Marketingတင်မကပါဘဲ Google Ads မှာပါ ကျွမ်းကျင်ပြီး အတွေ့အကြုံများတဲ့ Digital Marketerတွေနဲ့ဖွဲ့စည်းထားတဲ့ Digital Marketing Agencyတစ်ခုပါ။ Facebook Ads ၊Google Ads တို့နဲ့ပတ်သက်တဲ့ ပြဿနာတွေကို chat box ကနေလာရောက်တိုင်ပင်ဆွေးနွေးလိုရပါတယ်။ Digital Marketing ပိုင်းနဲ့ ပတိသကိတဲ့အကူအညီလိုနေတဲ့ Company တွေကိုလည်း ပြည့်စုံလုံလောက်တဲ့ ဝန်ဆောင်မှုတွေပေးနေပါတယ်။
Google Ads နဲ့ပတ်သက်တဲ့ အကြောင်းတွေ ထပ်တင်ဦးမှာမို့လို့ Page ကို Follow ထားပေးပါဦးခင်ဗျ။

CCTV Service

ဖုန်းအမျိုးမျိုးတွင် ယူနိကုဒ်ပြောင်းသုံးနည်းများပေါင်းချုပ်(andriod/iOS)___t____h____u____r____a___Mi phone,sonny1 setti...
07/09/2019

ဖုန်းအမျိုးမျိုးတွင် ယူနိကုဒ်
ပြောင်းသုံးနည်းများပေါင်းချုပ်
(andriod/iOS)
___t____h____u____r____a___

Mi phone,sonny
1 setting
2 display
3 system font
4 mi latting/defeault(sonny)
5 apply
6 reboot.
Huwei,oppo,vivo(2016/17 product)
1 setting
2 language&input
3language
4ဗမာ(unicode)
မြန်မာစာစနစ်ဖြင့်ယူနိကုဒ်သုံးနိုင်။
၂၀၁၈/၁၉ထုတ်ဖုန်း
OS versionအမြင့်များတွင်
1 language&input
2 language
3 english(united state)
4 region(Myanmar)
Phoneစနစ်ကို Englishနဲ့သုံးနိုင်သည်။
၂၀၁၈ထုတ်ဖုန်းအချို့ကို os version
မြှင့်ပေးရပါမည်။

Samsaung
1 language&input
2 language
3 add language
4 english(us)
5 set as defeault.

Hisense
setting==>language&input==>langauge==>English(XA)

True phone unicodeပြောင်းနည်း
Setting
Language&input
Language
English(UK)

Phone/iPad(iOS)
1 setting
2 general
3 profile
4 zawgyiဖျက်ပါ။ယူနိကုဒ်ပြန်ဖြစ်မည်။

ယခုထွက်ရှိလာသောမည်သည့်ဖုန်းတွင်မဆိုမည်သည့်fontမှထည့်စရာမလိုပဲ
ချက်ချင်းလက်ငင်းမြန်မာစာသုံးနိုင်သည်။
စက်ရုံများမှထည့်ပေးလိုက်သည့်
မြန်မာစာကိုသုံးပါက google map,
Google setting,web browserများတွင်
မြန်မာစာအမှားအယွင်းမရှိအသုံးပြုနိုင်ပြီးမြန်မာစကားသံဖြင့် AIစနစ်ကို
အသံပေးစေခိုင်းနိုင်သည်။လက်ညောင်းခံရေးစရာမလိုပဲအသံဖြင့်မြန်မာစီခြင်းဖြင့်ခနတာအတွင်းစာပိုဒ်ပေါင်းများစွာစွာကိုရေးစီနိုင်ခြင်းနှင့်မြန်မာစကားသံဖြင့် internetရှာဖွေခြင်းများလုပ်ဆောင်နိုင်သည်။
ရေးရဖတ်စနစ်တစ်ခုတည်းမဟုက်တော့ဘဲ အခြားသောလုပ်ဆောင်ချက်များစွာကိုတိုးတက်သုံးစွဲနိုင်သည်။

" သတိပြုရန်. "
**t****h****u****r****a****

ယူနိကုဒ်စနစ်သို့ပြန်ပြောင်းခြင်း
ပေးသည့်ဖောင့်များကိုအသုံးပြုခြင်းများတွင်

ဇော်ဂျီဖြင့်ရေးတင်သည့်ဇော်ဂျီစာများ
မှန်မည်မဟုက်ပါ။fbတွင်ဇော်ဂျီစာများဖတ်မရလျှင် fbကို Latest versionတင်
Settingကနေ clear dataလုပ်အကောင့်ပြန်ဝင်ပြီးဖြေရှင်းနိုင်သည်။

Unicodeစနစ်တွင် အသင့်လျော်ဆုံးကီးဘုက်မှာGboardခေါ် Google keyboadဖြစ်သည်။၎င်းကီးဘုက်နှင့်Mannic keyboardတို့တွဲဖက်အသုံးပြုခြင်းကပို၍အဆင်ပြေသည်။
ကီးဘုက်တစ်ခုကနေတစ်ခုပြောင်းသုံးဖို့
အလွန်လွယ်ကူစေသည်။
++++t+++++h+++++u+++++r+++++a++++

#အောက်ကlinkတွေကတော့ဆက်လက်လေ့လာကြရန်ပြန်လည်စုစည်းပေးတာပါ
Thura Htayaung
via: တောင်ပြာတန်း
credit - original

👇👇
Huawei, honor EMUI versionအနိမ့်မှာ
ယူနိကုဒ်ပြောင်းနည်း
https://m.facebook.com/groups/909220155755158?view=permalink&id=2861927793817708

Iphoneအတွက်ဆက်လက်လေ့လာရန်

https://m.facebook.com/story.php?story_fbid=1315455165279595&id=100004453721441

Contactစာသားများ၊noteများပြောင်းရန် video file

https://www.facebook.com/groups/mmUnicode/permalink/2853838087960012/

ပါဠိစာရေးနည်းဆက်လက်လေ့လာရန်

Video link
https://www.facebook.com/647884682342976/posts/706569906474453/

Messageဖတ်ရန် conect sms

https://my.pcloud.com/publink/show?code=XZ9Nyo7ZeSPgsgSA5F5Gt56LlPiXrHFf3Mpy

မြန်မာစကားပြောဖြင့် စာရိုက်ရအောင်
ပြင်ရမည့်အချက်များ

၁။ googleကို updateမြှင့်ပါ
၂။ Gboard softwareထည့်ပါ
၃။ googleကိုဖွင့်ပြီး settingကို နှိပ်ပါ။
၎။ Search Languageကို နှိပ်ပြီး Burmeseကို ရှာနှိပ်ပြီး back key တစ်ချက်နှိပ်ထွက်ပါ။
၅။ Voiceကို နှိပ်ပြီး အောက်ဆုံးမှာ မြန်မာ ဘာသာကို နှိပ်ပါ။ saveနှိပ်ထွက်ပါ။

၆ Languages and inputeထဲဝင်ပြီး default keyboardကို နှိပ်ကာ Gboardကို နှိပ်ပါ။
၇။ အောက်နားက Gboardကို နှိ ပ်ပြီး Languageကို နှိပ်ပါ။
ပြီးရင် Add Keyboardကိုနှိပ် Burmeseကို နှိပ်ပြီး Doneနှိပ်ပါ။
စာစတင်ရိုက်ဖို့ keyboardပေါ်တဲ့အချိန် မြန်မာ keyဘက်ကို ကမ္ဘာလုံးနှိပ်ကာ ပြောင်းပြီး voice သင်္ကေတကို နှိပ်ကာ မြန်မာလို စကား စပြောပြီး စမ်းနိုင်ပါပြီ။
(မှတ်ချက်-ယူနီကုတ်ဖောင့်ဖြင့်သာ ပေါ်ပေးပါသည်။ စက်ရုပ်ဖြစ်၍ programသွင်းတုန်းက အသံအတိုင်း အသံမှီမှ အမှန် စာများထွက်ပေးပါသည်။
လိုအပ်ချက်များ ရှိနေသေးသည်ဟု ထင်ပါသည်😊😁)

Gboard app Link

https://play.google.com/store/apps/details?id=com.google.android.inputmethod.latin

Google app link

https://play.google.com/store/apps/details?id=com.google.android.googlequicksearchboxက

Andriod userများအတွက်
Zawgyi unicodeအလွယ်ပြောင်းပေးနိုင်သည့် mannic keyboard.

https://my.pcloud.com/publink/show?code=XZsVJG7ZKQ12BJaGe7VXTIL3qcUwWpsFF4zX

Unicodeပြောင်းသုံးပြီးပါက
Utubeမှာ videoများမြန်မာစာတမ်းထိုးကြည့်နည်း

https://www.facebook.com/groups/mmUnicode/permalink/2854091227934698/

Unicodeသုံးပြီးပါက
Google searchမှာမြန်မာစာရလဒ်များ

https://www.facebook.com/groups/mmUnicode/permalink/2853951314615356/

Unicodeပြောင်းပြီး
Googlenကနေတဆင့်
စာအုပ်ထဲကစာသားများကို
Digidalစာသားအဖြစ်ဖုန်းထဲပြောင်း
ယူခြင်း

https://www.facebook.com/groups/mmUnicode/permalink/2854142951262859/

Zawgyiဖြင့်ရေးမှတ်ခဲ့သည့်
contactအများကြီးကို unicodeပြောင်းသည့်app

https://www.facebook.com/533823236667226/posts/2344961665553365/

Unicodeပြောင်းပြီးသူများအနေဖြင့်
ဖုန်းနဲ့သတင်းကြောခိုင်းမယ်(video)

https://www.facebook.com/groups/mmUnicode/permalink/2853689011308253/

Ko kaung Myat ကလည်း
ဖုန်းအားလုံuးniသုံးဖို့အပြည့်အစုံရှင်းပြထားပါတယ်
https://www.facebook.com/groups/mmUnicode/permalink/2855709161106238/

ဒိlinkမှာလည်းဝင်လေ့လာပါ။
ဖုန်းမျိုးစုံပြောင်းနည်းအစုံပါတယ်။

https://m.facebook.com/story.php?story_fbid=2154515638181504&id=100008692663824

++++t+++++h+++++u+++++r+++++a++++

Unicodeဆိုတာဘာလဲ
ရှင်းပြချက်များ

https://www.facebook.com/495645290928489/posts/554570351702649/

Unicodeသုံးပြီးနောက်
Google translateသုံးနည်း
https://m.facebook.com/story.php?story_fbid=697839270680850&id=647884682342976

Meizu unicodeပြောင်းနည်းကိုဒီမှာလေ့လာပါ

https://m.facebook.com/groups/909220155755158?view=permalink&id=2824115400932281

Unicodeသုံးပြီးနောက်မဖြစ်မနေလုပ်ဆောင်ရမည့်အချက်တွေကို ဒီပိုစ့်က videoကြည့်ပါ

https://www.facebook.com/groups/mmUnicode/permalink/2857430297600791/

Unicodeပြောင်းပြီးနောက်
Viberမြန်မာစာဖတ်နည်း

https://www.facebook.com/groups/mmUnicode/permalink/2857912484219239/

Zfontဖြင့် fontအလှများသွင်းနည်း

https://www.facebook.com/groups/mmUnicode/permalink/2859297140747440/

Unicodeသုံးပြီးနောက် yuotubeက
ဇော်ဂျီနဲ့ရေးတင်ထားတဲ့စာမမှန်တော့ရင်
ဒီနည်းနဲ့ဖြေရှင်းပါ။

https://www.facebook.com/groups/mmUnicode/permalink/2857368114273676/

++++t+++++h+++++u+++++r+++++a++++

Unicodeသုံးရခြင်း၏ အကျိုးအမြတ်ရလဒ်များကို ဒီမှာဖတ်ပါ

https://m.facebook.com/story.php?story_fbid=499667707539329&id=100024883114027

Unicodeသုံးပြီးရင်
AIမြန်မာစာဒီနည်းနဲ့ runလိုက်ပါ

https://www.facebook.com/groups/394218307858097/permalink/413595595920368/

Zawgyiနဲ့ရေးထားခဲ့တဲ့စာတွေ
နည်းပညာ blogတွေမှာ ဇော်ဂျီစာတွေကို
ဒီနည်းနဲ့ပြန်သွားဖတ်လို့ရပါတယ်။
နိုင်ငံခြားမှာ unicodeသုံးနေသူတွေလည်း ဒီနည်းနဲ့ ပြောင်းဖတ်နိုင်ပါတယ်
https://www.facebook.com/groups/394218307858097/permalink/403546560258605/

Gboardသုံးနည်းလမ်းညွှန်

https://www.facebook.com/groups/394218307858097/permalink/395576731055588/

True phone unicodeပြောင်းနည်း

https://www.facebook.com/groups/470685203281145/permalink/947290485620612/

windowတွင်ဇော်ဂျီဖောင့်နဲ့ကီးဘုတ်
ဖြုတ်နည်းmmuni.org

https://m.facebook.com/story.php?story_fbid=1016545718737246&id=100011454819822

))))
++++t+++++h+++++u+++++r+++++a++++
Thura Htayaung
via : တောင်ပြာတန်း
https://m.facebook.com/story.php?story_fbid=2381315952130778&id=100007571890625
credit - original
4 - 9 - 2019
photo - credit

31/08/2019
ဖုန်းကနေ တိုက်ရိုက် print out ချင်သူများအတွက်ကွန်ပျူတာနဲ့ချိတ်ထားတဲ့ ပရင်တာကို Android ဖုန်း သို့မဟုတ် Android Tablet ပေ...
31/08/2019

ဖုန်းကနေ တိုက်ရိုက် print out ချင်သူများအတွက်
ကွန်ပျူတာနဲ့ချိတ်ထားတဲ့ ပရင်တာကို Android ဖုန်း
သို့မဟုတ် Android Tablet ပေါ်ကနေ Print ချင်တယ်...
တကယ်တော့နည်းလမ်းတွေက အများကြီးရှိတယ်
အဲ့ထဲကအလွယ်ဆုံးနည်းကတော့။

PrinterShare® for Windows ကိုဒေါင်းပီး ကွန်ပျူတာမှာသွင်းပါ။
ပီးရင် ပရင်တာကို ကွန်ပျူတာမှာပြထားတဲ့အတိုင်းရှယ်ပါ။
http://download.printershare.com/files/PrinterShare2308.exe

ပြီးရင် Android ဖုန်းထဲမှာ အောက်ပါ APK ကို Install
လုပ်ထားပြီး ပုံမှာပြထားတဲ့အတိုင်း ကွန်ပျူတာက
ပရင်တာနဲ့ချိတ်ဆက်ပါ။ ပရင့်လုပ်နိုင်ပါပြီ။
https://play.google.com/store/apps/details?id=com.dynamixsoftware.printershare

MYANMAR ICT TRAINING

(Zawgyi Version)Arduino Uno ဆိုသည် မှာ microcontroller board တခု ဖြစ်ပြီး၊ ATmega328 ဆိုတဲ့ microcontroller chip    ပေါ် ...
31/08/2019

(Zawgyi Version)
Arduino Uno ဆိုသည် မှာ microcontroller board တခု ဖြစ်ပြီး၊ ATmega328 ဆိုတဲ့ microcontroller chip ပေါ် အခြေခံထားပါတယ်၊ တကယ်တော့ microcontroller ဆိုတာ control အတွက် ရည်ရွယ် ထုတ်လုပ်ထားတဲ့ ကွန်ပြူတာ အသေးစားလေး တခုသာ ဖြစ်ပါတယ်၊ သူ့အတွက် input တွေသည် temperature sensor, a motion sensor, a distance sensor, a switch အစရှိသည် တို့ ဖြစ်နိုင်ပါတယ်၊ သူ့ရဲ့ output တွေသည် a light, a screen, a motor အစရှိသည် တို့ ဖြစ်နိုင်ပါတယ်၊ အဲဒီ လို control လုပ်ဖို့ကို programming လည်း လိုပါတယ်။

Arduino Uno microcontroller board မှာ digital input/output pins ၁၄ ခု ရှိပါတယ်၊ သူတို့ အထဲ က ၆ ခု သည် PWM outputs တွေ ဖြစ်ကြတယ်၊ analog inputs ၆ခု ရှိပါတယ်၊ 16 MHz ကို အသုံးပြုတယ်၊ USB connection တခု၊ power jack တခု၊ ICSP header တခု နဲ့ reset button တခု ပါဝင် ပါတယ်၊ သူ့မှာ microcontroller board တခု အတွက် ရှိသင့် ရှိထိုက် တာ အားလုံးပါဝင် ပါတယ်၊ သူ့ကို ပါဝါပေးရန် USB က နေတဆင့် ကွန်ပြူတာ နဲ့ ချိတ်ဆက် အသုံးပြုမလား၊ AC-to-DC adapter ကို အသုံးပြုမလား၊ ဘက်ထရီ ကို အသုံးပြုမလား၊ ကြိုက်နှစ်သက်ရာ ကို ရွှေးချယ်နိုင်ပါတယ်။

ပါဝါ

Arduino Uno ကို USB နဲ့ ဖြစ်ဖြစ်၊ external power supply နဲ့ ဖြစ်ဖြစ် ပါဝါ ပေးနိုင်ပြီး တော့၊ သူ့မှာ ဘယ်က နေ ပါဝါပေး တယ် ဆို တာ ကို အလိုအလျှောက် ရွှေးချယ် နိုင်စွမ်း ရှိပါတယ်။

External (non-USB) ပါဝါ ကိုတော့ AC-to-DC adapter (wall-wart) (သို့) ဘက်ထရီ ကနေ ပေးနိုင်ပါတယ်၊ AC-to-DC adapter ကိုတော့ 2.1 mm ရှိတဲ့ board ရဲ့ power jack ထဲ သို့ ထိုးသွင်း အသုံးပြုနိုင်ပါတယ်၊ ဘက်ထရီ ဆိုရင် တော့ သူ့ ရဲ့ + နဲ့ - ကို power connector ရဲ့ Vin နဲ့ Gnd သို့ ချိတ်ဆက် ရပါမယ်။

Board တွင် အသုံးပြု နိုင်သော external supply ၏ voltage သည် 6 volts မှ 20 volts အထိဖြစ်ပါတယ်၊ အကယ်၍များ board ကို ပေးတဲ့ supply သည် 7V ထက် နည်းပါက၊ 5V pin သည် 5V ထက် နည်း ကာ ရရှိ ၍ board တွင် မတည်ငြိမ် မှု များ ဖြစ်ပေါ် နိုင်ပါတယ်၊ အကယ်၍ များ 12V ထက် ပိုသုံးပါက လည်း၊ board ကို ပျက်စီးစေပါတယ်၊ ဒါကြောင့် 7V နဲ့ 12V အကြား မှာ သာ ဖြစ်သင့်ပါတယ်။

သူ့ရဲ့ power pins များ ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

Vin သည် external power source ကို အသုံးပြုသော အခါ Arduino board ရဲ့ input voltage ဖြစ်ပါတယ်၊ အဲဒီ Vin ဆိုတဲ့ pin ကနေ voltage ပေးနိုင်သလို၊ တကယ်လို့ power jack ကနေ voltage ပေးပြီဆိုရင်တော့၊ ပါဝါ ကို အဲဒီ pin ကနေ ရရှိနိုင်ပါတယ်။

5V - ဒီ pin ကတော့ board ရဲ့ တည်ငြိမ်တဲ့ ပါဝါ 5V ကို ထုတ်ပေးပါတယ်၊ board ကို တော့ DC power jack (7 - 12V), USB connector (5V) နဲ့ VIN pin of the board (7-12V) တို့မှ ပါဝါပေးနိုင်ပါတယ်၊ တကယ်လို့ သာ အဲဒီ pin တွေကို (5V or 3.3V) ပါဝါသွား ပေးရင်၊ board ပျက်သွား နိုင်ပါတယ်။

3V - ဒီ pin က တော့ 3.3 V ပါဝါ ကို ထုတ်ပေးပြီး၊ အများဆုံးပေး နိုင်တဲ့ current က 50 mA ဖြစ်ပါတယ်။

GND - Ground အတွက် ဖြစ်ပါတယ်။

IOREF - Input output voltage reference အတွက်ပဲ ဖြစ်ပါတယ်။

Memory

ATmega328 သည် 32 KB memory ရှိပြီး၊ ၎င်း တို့ အနက် 0.5 KB သည် bootloader အဖြစ် အသုံးပြုပါတယ်၊ သူ့မှာ SRAM 2 KB ရှိပြီး၊ EEPROM 1 KB ရှိပါတယ်။

Input and Output

Uno board မှာ ပါရှိတဲ့ 14 digital pin များကို input (သို့) output (သို့) pinMode() (သို့) digitalWrite() (သို့) digitalRead() function များ အတွက် အသုံးပြုနိုင်ပါတယ်၊ pin များ သည် 5 volts ဖြင့် အလုပ် လုပ်ဆောင် ကြပြီး၊ pin တခုစီ သည် အများဆုံး 40mA (provide or receive) အသုံးပြုနိုင်ပါတယ်၊ ထို့အပြင် ၎င်းတို့ အထဲ မှ တချို့ pin များ သည် specialized function များ ရှိပါတယ်။

Communication

The Arduino Uno ကို ကွန်ပြူတာ (သို့) နောက် Arduino Uno (သို့) တခြား controllers များ နှင့် ဆက်သွယ် အသုံးပြုနိုင်ပါတယ်။

Programming

Arduino Uno နှင့် programming လုပ်ချင်တယ် ဆိုရင်တော့ http://www.arduino.org/downloads မှ သက်ဆိုင်ရာ OS အသီးအသီး အတွက် download ရယူ နိုင်ပါတယ်။

Arduino Uno board ပေါ်မှာ ပါလာတဲ့ ATmega328 microcontroller တွင် pre-burned လုပ်ထားတဲ့ bootloader ပါ ပါတယ်၊ ဒါကြောင့် external hardware programmer.မလိုအပ်ပဲ နဲ့ new code ကို upload ပြုလုပ် နိုင်ပါတယ်။

ပထမ ဦးစွာ၊ သက်ဆိုင်ရာ OS အသီးသီး အတွက် Arduino Software ကို download လုပ်ရပါမယ်၊ ပြီးလျှင် install လုပ်ပါ၊ ပုံတွင် ရှိသော application ကို တွေ့ရှိ ရပေမည်၊ အဲဒီ အပလီကေးရှင်း မှာ ပဲ code ကို ရေးရပါမယ်၊ ပြီးလျှင် compile လုပ်ရပါမယ်၊ compile လုပ်ပြီးရင် Arduino Uno board ဆီကို ပေးပို့ရပါမယ်၊ အဲဒီလိုပေးပို့ ဖို့ကို Arduino Uno board ကို USB cable ကနေ တဆင့် computer နှင့် ဆက်သွယ် ရပါမယ်။

Arduino နဲ့ ရေးတဲ့ code ကို sketches လို့ ခေါ်ဆိုပြီး၊ C++ ကို အသုံးပြုထားပါတယ်၊ Sketch တိုင်း မှာ setup() နဲ့ loop() ဆို တဲ့ function နှစ်ခု ရှိပါတယ်၊ ပုံတွင် ကြည့် နိုင်ပါတယ်။

ယခုမှ microcontroller နဲ့ control ကို စတင်လေ့လာချင်သူများ အတွက် အကြံပြုချင် တာကတော့ Arduino Uno board မှာ ရှိ တဲ့ pin တွေ သည် ဘာကို ကိုယ်စားပြုတယ်၊ ဘယ်လို/ဘယ်အချိန်အခါ မျိုးမှာ အသုံးချ ရမယ် ဆိုတာ ကို လေ့လာ ရပါမယ်၊ ပြီးတော့ သူ့နဲ့ ရေးရမယ့် programming code ကိုလည်း နားလည်ဖို့လိုပါတယ်၊ စစ ချင်း ကတော့ controller board တခုတည်း နဲ့လည်း ဈေးသက်သာတဲ့ LED ကို အသုံးပြုပြီး၊ control နဲ့ programming ကို စတင် လေ့လာ နိုင်ပါတယ်။

ဥပမာ။ ။ LED ၅ လုံး (သို့) ၁၀ လုံးလောက်ကို ပဲ၊ pattern, speed ပြောင်းပြီး စမ်းသပ်ကြည့်နိုင်ပါတယ်။

(Unicode Version)

Arduino Uno ဆိုသည် မှာ microcontroller board တခု ဖြစ်ပြီး၊ ATmega328 ဆိုတဲ့ microcontroller chip ပေါ် အခြေခံထားပါတယ်၊ တကယ်တော့ microcontroller ဆိုတာ control အတွက် ရည်ရွယ် ထုတ်လုပ်ထားတဲ့ ကွန်ပြူတာ အသေးစားလေး တခုသာ ဖြစ်ပါတယ်၊ သူ့အတွက် input တွေသည် temperature sensor, a motion sensor, a distance sensor, a switch အစရှိသည် တို့ ဖြစ်နိုင်ပါတယ်၊ သူ့ရဲ့ output တွေသည် a light, a screen, a motor အစရှိသည် တို့ ဖြစ်နိုင်ပါတယ်၊ အဲဒီ လို control လုပ်ဖို့ကို programming လည်း လိုပါတယ်။

Arduino Uno microcontroller board မှာ digital input/output pins ၁၄ ခု ရှိပါတယ်၊ သူတို့ အထဲ က ၆ ခု သည် PWM outputs တွေ ဖြစ်ကြတယ်၊ analog inputs ၆ခု ရှိပါတယ်၊ 16 MHz ကို အသုံးပြုတယ်၊ USB connection တခု၊ power jack တခု၊ ICSP header တခု နဲ့ reset button တခု ပါဝင် ပါတယ်၊ သူ့မှာ microcontroller board တခု အတွက် ရှိသင့် ရှိထိုက် တာ အားလုံးပါဝင် ပါတယ်၊ သူ့ကို ပါဝါပေးရန် USB က နေတဆင့် ကွန်ပြူတာ နဲ့ ချိတ်ဆက် အသုံးပြုမလား၊ AC-to-DC adapter ကို အသုံးပြုမလား၊ ဘက်ထရီ ကို အသုံးပြုမလား၊ ကြိုက်နှစ်သက်ရာ ကို ရွှေးချယ်နိုင်ပါတယ်။

ပါဝါ

Arduino Uno ကို USB နဲ့ ဖြစ်ဖြစ်၊ external power supply နဲ့ ဖြစ်ဖြစ် ပါဝါ ပေးနိုင်ပြီး တော့၊ သူ့မှာ ဘယ်က နေ ပါဝါပေး တယ် ဆို တာ ကို အလိုအလျှောက် ရွှေးချယ် နိုင်စွမ်း ရှိပါတယ်။

External (non-USB) ပါဝါ ကိုတော့ AC-to-DC adapter (wall-wart) (သို့) ဘက်ထရီ ကနေ ပေးနိုင်ပါတယ်၊ AC-to-DC adapter ကိုတော့ 2.1 mm ရှိတဲ့ board ရဲ့ power jack ထဲ သို့ ထိုးသွင်း အသုံးပြုနိုင်ပါတယ်၊ ဘက်ထရီ ဆိုရင် တော့ သူ့ ရဲ့ + နဲ့ - ကို power connector ရဲ့ Vin နဲ့ Gnd သို့ ချိတ်ဆက် ရပါမယ်။

Board တွင် အသုံးပြု နိုင်သော external supply ၏ voltage သည် 6 volts မှ 20 volts အထိဖြစ်ပါတယ်၊ အကယ်၍များ board ကို ပေးတဲ့ supply သည် 7V ထက် နည်းပါက၊ 5V pin သည် 5V ထက် နည်း ကာ ရရှိ ၍ board တွင် မတည်ငြိမ် မှု များ ဖြစ်ပေါ် နိုင်ပါတယ်၊ အကယ်၍ များ 12V ထက် ပိုသုံးပါက လည်း၊ board ကို ပျက်စီးစေပါတယ်၊ ဒါကြောင့် 7V နဲ့ 12V အကြား မှာ သာ ဖြစ်သင့်ပါတယ်။

သူ့ရဲ့ power pins များ ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

Vin သည် external power source ကို အသုံးပြုသော အခါ Arduino board ရဲ့ input voltage ဖြစ်ပါတယ်၊ အဲဒီ Vin ဆိုတဲ့ pin ကနေ voltage ပေးနိုင်သလို၊ တကယ်လို့ power jack ကနေ voltage ပေးပြီဆိုရင်တော့၊ ပါဝါ ကို အဲဒီ pin ကနေ ရရှိနိုင်ပါတယ်။

5V - ဒီ pin ကတော့ board ရဲ့ တည်ငြိမ်တဲ့ ပါဝါ 5V ကို ထုတ်ပေးပါတယ်၊ board ကို တော့ DC power jack (7 - 12V), USB connector (5V) နဲ့ VIN pin of the board (7-12V) တို့မှ ပါဝါပေးနိုင်ပါတယ်၊ တကယ်လို့ သာ အဲဒီ pin တွေကို (5V or 3.3V) ပါဝါသွား ပေးရင်၊ board ပျက်သွား နိုင်ပါတယ်။

3V - ဒီ pin က တော့ 3.3 V ပါဝါ ကို ထုတ်ပေးပြီး၊ အများဆုံးပေး နိုင်တဲ့ current က 50 mA ဖြစ်ပါတယ်။

GND - Ground အတွက် ဖြစ်ပါတယ်။

IOREF - Input output voltage reference အတွက်ပဲ ဖြစ်ပါတယ်။

Memory

ATmega328 သည် 32 KB memory ရှိပြီး၊ ၎င်း တို့ အနက် 0.5 KB သည် bootloader အဖြစ် အသုံးပြုပါတယ်၊ သူ့မှာ SRAM 2 KB ရှိပြီး၊ EEPROM 1 KB ရှိပါတယ်။

Input and Output

Uno board မှာ ပါရှိတဲ့ 14 digital pin များကို input (သို့) output (သို့) pinMode() (သို့) digitalWrite() (သို့) digitalRead() function များ အတွက် အသုံးပြုနိုင်ပါတယ်၊ pin များ သည် 5 volts ဖြင့် အလုပ် လုပ်ဆောင် ကြပြီး၊ pin တခုစီ သည် အများဆုံး 40mA (provide or receive) အသုံးပြုနိုင်ပါတယ်၊ ထို့အပြင် ၎င်းတို့ အထဲ မှ တချို့ pin များ သည် specialized function များ ရှိပါတယ်။

Communication

The Arduino Uno ကို ကွန်ပြူတာ (သို့) နောက် Arduino Uno (သို့) တခြား controllers များ နှင့် ဆက်သွယ် အသုံးပြုနိုင်ပါတယ်။

Programming

Arduino Uno နှင့် programming လုပ်ချင်တယ် ဆိုရင်တော့ http://www.arduino.org/downloads မှ သက်ဆိုင်ရာ OS အသီးအသီး အတွက် download ရယူ နိုင်ပါတယ်။

Arduino Uno board ပေါ်မှာ ပါလာတဲ့ ATmega328 microcontroller တွင် pre-burned လုပ်ထားတဲ့ bootloader ပါ ပါတယ်၊ ဒါကြောင့် external hardware programmer.မလိုအပ်ပဲ နဲ့ new code ကို upload ပြုလုပ် နိုင်ပါတယ်။

ပထမ ဦးစွာ၊ သက်ဆိုင်ရာ OS အသီးသီး အတွက် Arduino Software ကို download လုပ်ရပါမယ်၊ ပြီးလျှင် install လုပ်ပါ၊ ပုံတွင် ရှိသော application ကို တွေ့ရှိ ရပေမည်၊ အဲဒီ အပလီကေးရှင်း မှာ ပဲ code ကို ရေးရပါမယ်၊ ပြီးလျှင် compile လုပ်ရပါမယ်၊ compile လုပ်ပြီးရင် Arduino Uno board ဆီကို ပေးပို့ရပါမယ်၊ အဲဒီလိုပေးပို့ ဖို့ကို Arduino Uno board ကို USB cable ကနေ တဆင့် computer နှင့် ဆက်သွယ် ရပါမယ်။

Arduino နဲ့ ရေးတဲ့ code ကို sketches လို့ ခေါ်ဆိုပြီး၊ C++ ကို အသုံးပြုထားပါတယ်၊ Sketch တိုင်း မှာ setup() နဲ့ loop() ဆို တဲ့ function နှစ်ခု ရှိပါတယ်၊ ပုံတွင် ကြည့် နိုင်ပါတယ်။

ယခုမှ microcontroller နဲ့ control ကို စတင်လေ့လာချင်သူများ အတွက် အကြံပြုချင် တာကတော့ Arduino Uno board မှာ ရှိ တဲ့ pin တွေ သည် ဘာကို ကိုယ်စားပြုတယ်၊ ဘယ်လို/ဘယ်အချိန်အခါ မျိုးမှာ အသုံးချ ရမယ် ဆိုတာ ကို လေ့လာ ရပါမယ်၊ ပြီးတော့ သူ့နဲ့ ရေးရမယ့် programming code ကိုလည်း နားလည်ဖို့လိုပါတယ်၊ စစ ချင်း ကတော့ controller board တခုတည်း နဲ့လည်း ဈေးသက်သာတဲ့ LED ကို အသုံးပြုပြီး၊ control နဲ့ programming ကို စတင် လေ့လာ နိုင်ပါတယ်။

ဥပမာ။ ။ LED ၅ လုံး (သို့) ၁၀ လုံးလောက်ကို ပဲ၊ pattern, speed ပြောင်းပြီး စမ်းသပ်ကြည့်နိုင်ပါတယ်။

CCTV Installation

Address

Yangon

Alerts

Be the first to know and let us send you an email when Lin Thit Mobile posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Lin Thit Mobile:

Share