03/09/2026
Notebook ထဲမှာ Performance ကောင်းရမယ် / ပေါ့ပေါ့ပါးပါးရှိရမယ် / Display ကောင်းရမယ် / ဈေးတန်ရမယ် / Long Battery Life ရရမယ်ဆိုရင် ကျနော်တို့ Ryzen Store မှာ Instock ဝယ်ယူလို့ရနိုင်မယ့် Acer Go Air နဲ့ Acer Go Pro AI ထဲက Option တခုအနေနဲ့ စဉ်းစားနိုင်ပါတယ်။
◾Acer Go Air ကတော့ Intel Core 5 210H CPU သုံးထားပြီး 32GB LPDDR5 Memory နဲ့ Storage 1TB နဲ့မို့ GPU requiremet မများတဲ့ Workload အတွက် အဆင်ပြေတဲ့ Performance ရှိပါတယ်။ Display ပိုင်းက 14-inch, 2240×1400 (2K), 60Hz, 100% sRGB IPS နဲ့မို့ Color Accurate ဖြစ်တာမှ သဘောကျတဲ့ Creator တွေအတွက်လဲ သင့်တော်ပါတယ်။ 1Kg တောင် မပြည့်တဲ့ အလေးချိန်ကြောင့် သယ်သွားသယ်လာအတွက်လဲ အဆင်ပြေဆုံး ဖြစ်စေပါလိမ့်မယ်။
◾Acer Go Pro AI ကတော့ Qualcomm Snapdragon X Elite X1E-78-100 CPU ကို သုံးထားပြီး 16GB LPDDR5X Memory နဲ့ Storage 1TB ပါပါတယ်။ Snapdragon X Elite က NPU 45 TOPS ပါတဲ့ High-Performance Copilot+ PC CPU ဖြစ်တာမို့ AI Feature သုံးမယ့်သူတွေအတွက် အသင့်တော်ဆုံး ရွေးချယ်မှုဖြစ်ပါလိမ့်မယ်။ Display ပိုင်းကလဲ 14-inch, 2560×1600 (2.5K), 120Hz, 100% sRGB IPS နဲ့မို့ Acer Go Air ထက် ပိုကောင်းလာပါတယ်။ 12Cores 12Threads နဲ့ဖြစ်ပေမယ့် Power သုံးတာ အရမ်းနည်းပြီး Extreme Efficiency ဖြစ်တာမို့ Long Battery Life လိုအပ်သူတွေအတွက် အသင့်တော်ဆုံး ရွေးချယ်မှု ဖြစ်ပါလိမ့်မယ်။ တခုရှိတာက ARM အသုံးပြုထားတာမို့ Version နိမ့် Software တွေသုံးမယ်ဆိုရင် အဆင်ပြေမှာမဟုတ်တာပါ။
◾Model ၂မျိုးလုံးက Lightweight Aluminum Unibody Design နဲ့မို့ Premium ဆန်တဲ့ ခံစားမှုကို ရရှိပါတယ်။
ပေးရတဲ့ဈေးနဲ့ တန်မတန်ဆိုတာ Specs ကို လေ့လာရင် သိတာမို့ စိတ်ဝင်စားမှုရှိလို့ ဝယ်ယူချင်တယ်ဆိုရင် No 102 စကားဝါပင်လမ်း ကြည့်မြင်တိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူနိုင်သလို ရန်ကုန်ဖုန်း 09254447969 / 09699144561 ကို ဆက်သွယ်ပြီးဖြစ်စေ Page Messenger ဒါမှမဟုတ် Viber No +959421004001 ကို အားနာစရာမလိုပဲ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျား။
💻💻 Acer Go Pro AI 2025 (Steel Gray) - 3,870,000 Ks (880 USD)
- Snapdragon X Elite (X1E-78-100) - 3.4GHz / 12Cores 12Threads / L3 Cache 6MB
- Qualcomm Adreno X1-8 (Integrated Graphics)
- 14-inch, 2560×1600 (2.5K), 120Hz, 16:10, 100% sRGB, IPS
- 16GB LPDDR5X
- 1TB PCIe Gen4 NVMe M.2 SSD
- 1080p Full HD Camera
- 50Wh
- 100W USB-C PD fast charging
- ENG Backlit Keyboard
- 1.34Kg
Gift - Backpack + Acer Wireless Mouse
💻💻 Acer Go Air 2025 (Pure Silver / Steel Gray) - 4,440,000 Ks (1,010 USD)
- Intel Core 5 210H - 2.2~4.8GHz / 8Cores(4P+4E) 12Threads / L3 Cache 12MB
- Intel UHD Graphics (Integrated Graphics)
- 14-inch, 2240×1400 (2K), 60Hz, 16:10, 100% sRGB, IPS
- 32GB LPDDR5
- 1TB PCIe Gen4 NVMe M.2 SSD
- HD Camera
- 60Wh
- 100W USB-C PD fast charging
- ENG Backlit Keyboard
- 1Kg
Gift - Backpack + Acer Wireless Mouse
Hardware ပိုင်းအတွက် 2 Years Warranty (No Warranty for Adapter / 1 Year for Battery) ပါပြီး Error စမ်းသပ်ဖို့ အချိန် ၁လ ပေးပါတယ်။ Ryzen Store သည် Used မရောင်းပါဘူး။ လက်တလော အခြေနေက Unboxing လုပ်ပြီး သယ်ရတာမို့ တချို့ Model တွေမှာ Factory Sealed နဲ့တော့ မရနိုင်ပါဘူး။ ၁လအတွင်း Factory Error ရှိခဲ့ရင် အသစ်တလုံးပြန်သွင်းပေးတာ ဒါမှမဟုတ် Full Refund ပြန်ပေးပါတယ်ခင်ဗျား။ ၁လနောက်ပိုင်းကတော့ Warranty Policy အတိုင်းပဲ သွားပါမယ်။ တစုံတခုဖြစ်ခဲ့ရင် Service Center ပြန်ပို့ပေးပါမယ်၊ ပြင်ပြီး ပြန်သယ်ခဲ့ပေးပါမယ်။ အပိုကုန်ကျစရိတ် တပြားတချပ်မှ ပေးဖို့မလိုပါဘူးခင်ဗျား။
Basic Software တွေအပြင် Customer လိုအပ်တဲ့ Game and Main Software တွေကိုသွင်းပေးပြီး Ready to Use ဖြစ်မှ ဆိုင်မှာလာယူလို့ရသလို ပို့ပေးပါဆိုရင် ရန်ကုန်မြို့တွင်း Delivery Fees တပြားမှပေးဖို့မလိုပဲ အိမ်အရောက် ပို့ဆောင်ပေးပါတယ်။ နယ်ကဝယ်ယူတဲ့ Customer တွေအတွက်တော့ ငွေလွှဲအကုန်ဝင်ပြီးရင် ပို့ခိုင်းတဲ့ဂိတ်ကနေ ပို့ပေးပါတယ်ခင်ဗျား။ အာမခံပြီး ပို့ပေးပါဆိုရင် Extra Care နဲ့ သိန်း၆၀ထိ အာမခံပြီး ပို့ပေးပါတယ်။