10/09/2026
🤖 AutoCAD 2027 မှာ AI က ပုံတွေကို အလိုအလျောက် ဆွဲပေးနိုင်ပြီလား?
အဖြေကတော့ — “မဆွဲပေးနိုင်သေးပါဘူး!” ❌
အိမ်ပုံတစ်ပုံ ဆွဲပေးပါ” ဆိုပြီး Autodesk Ai assistant ကိုပြောလိုက်တာနဲ့ Wall, Door, Window တွေပါဝင်တဲ့ CAD Drawing ကို အစအဆုံး အလိုအလျောက် Generate လုပ်ပေးတဲ့အဆင့်တော့ မရောက်သေးပါဘူး...
ဟုတ်ပါတယ်...AutoCAD 2027 ရဲ့ Autodesk Assistant ကို “AI နဲ့ ပုံတစ်ပုံလုံး အလိုအလျောက်ဆွဲပေးတဲ့ AI” လို့ နားလည်ထားရင်တော့ နည်းနည်းမှားနိုင်ပါတယ်..လက်ရှိ version မှာ အဓိကက Drawing ကိုနားလည်ပြီး မေးမြန်းနိုင်၊ ရှာဖွေနိုင်၊ စစ်ဆေးနိုင်ပြီး workflow ကို ကူညီပေးတဲ့ AI Assistant ပိုဆန်ပါတယ်..
👉 ဒါဆို Autodesk Ai assistant က ဘာတွေလုပ်ပေးနိုင်လဲ...?
AutoCAD 2027 မှာ ပါဝင်လာတဲ့ Autodesk Ai Assistant က
💬 Natural Language နဲ့ Drawing ကို မေးမြန်းနိုင်ခြင်း
🔎 Drawing ထဲက Object / Layer / Block တွေကို ရှာဖွေနိုင်ခြင်း
📐 CAD Standards တွေကို စစ်ဆေးနိုင်ခြင်း
🎯 Command & Workflow တွေအတွက် AI Guidance ပေးနိုင်ခြင်းတွေကို ကူညီပေးနိုင်ပါတယ်...
ဥပမာ -
“ဒီ Drawing မှာ ဘယ် Layer တွေသုံးထားလဲ?”
“ဒီ Block ကို ဘယ်နှစ်ကြိမ်သုံးထားလဲ?”
“ဒီ Drawing မှာရှိတဲ့ Objects တွေကို ရှာပေးပါ”...
လိုမျိုး လူပြောသလို Prompt ပေးပြီး Drawing Information ကို မေးမြန်းနိုင်ပါတယ်..
ဒါ့အပြင် လိုချင်တဲ့ Object တွေကို Prompt နဲ့ ရွေးချယ်ဖို့ ကူညီပေးနိုင်ပါတယ်။ ဒါက Object အများကြီးပါတဲ့ Drawing တွေမှာ အချိန်သက်သာစေနိုင်ပါတယ်...
ကိုယ့် Company ရဲ့ CAD Standards File နဲ့ လက်ရှိ Drawing ကို နှိုင်းယှဉ်ပြီး Standards နဲ့ မကိုက်ညီတဲ့အရာတွေကို ရှာဖွေဖော်ထုတ်ဖို့ အသုံးပြုနိုင်ပါတယ်...
အကျဉ်းချုပ်အနေနဲ့ပြန်ပြောရရင်
- Drawing Designer ကို အစားထိုးနိုင်သေးတာမဟုတ်ပါဘူး...
- ChatGPT/Midjourney လို “Prompt ပေး → Design တစ်ခုလုံးထွက်” ဆိုတဲ့ Concept နဲ့ မတူပါဘူး....
Engineer က Design လုပ်တဲ့အလုပ်ကို AI က ပိုမြန်၊ ပိုလွယ်၊ ပိုစနစ်ကျအောင် ကူညီပေးတဲ့ Assistant” ဖြစ်တာမို့ ...
- Layer, Block, Object information တွေကို ကိုယ်တိုင်ရှာရတဲ့အချိန် လျော့စေပါတယ်...
- Command မသိတာ၊ Workflow မသိတာတွေကို Natural Language နဲ့ မေးနိုင်ပါတယ်...
- Company CAD Standards နဲ့ Drawing ကို စစ်ဆေးနိုင်တာက Engineering Team တွေအတွက် အထူးအသုံးဝင်ပါတယ်...
- Smart Blocks, Markup Assist, Macro Advisor စတာတွေက ထပ်ခါထပ်ခါလုပ်ရတဲ့ အလုပ်တွေကို မြန်စေပါတယ်...
🙏အားလုံးအဆင်ပြေကြပါစေ 🙏