02/10/2026
အွန်လိုင်းပေါ်မှာ Website တစ်ခုကို ဝင်ကြည့်တဲ့အခါ Domain Name ရဲ့ အရှေ့မှာ https:// ဆိုတဲ့ စာသားလေး ဒါမှမဟုတ် သော့ခတ်ထားတဲ့ ပုံစံ (Padlock Icon) လေးကို သတိထားမိကြပါသလား?ဒါဟာ သင့် Website မှာ SSL Certificate တပ်ဆင်ထားပြီး လုံခြုံစိတ်ချရကြောင်း ပြသနေတာ ဖြစ်ပါတယ်...
SSL / HTTPS ဆိုတာ ဘာလဲ?
SSL (Secure Sockets Layer)ဆိုတာကတော့ Website နဲ့ လာရောက်ကြည့်ရှုသူ (Visitor) ရဲ့ Browser ကြားမှာ ကူးလူးစီးဆင်းနေတဲ့ အချက်အလက် (Data) တွေကို အခြားသူတွေ ခိုးယူကြည့်ရှုလို့ မရအောင် လျှို့ဝှက်ကုဒ် (Encrypted Code) ပြောင်းလဲပေးသည့် လုံခြုံရေး နည်းပညာဖြစ်ပါတယ်။
HTTPS (Hypertext Transfer Protocol Secure) ဆိုတာကတော့ သာမန် HTTP ထက် ပိုမိုလုံခြုံစိတ်ချရသော စနစ်ဖြစ်ပြီး SSL တပ်ဆင်ထားသည့် Website များတွင်သာ တွေ့မြင်ရမှာပဲဖြစ်ပါတယ်။
SSL/HTTPS ဘာကြောင့် မရှိမဖြစ် လိုအပ်တာလဲ?
🔒 Website ပေါ်တွင် ဖြည့်သွင်းလိုက်သည့် ဖုန်းနံပါတ်၊ Password၊ အကောင့်အချက်အလက်များနှင့် Credit Card/Mobile Banking အချက်အလက်များကို Hacker များ ခိုးယူခြင်း (Data Interception) မှ ကာကွယ်ပေးခြင်း
⚠️SSL မပါသော Website များကို Google Chrome ကဲ့သို့ Browser များတွင် "Not Secure" ဟု စာတန်းအနီဖြင့် ပြသလေ့ရှိရာ လာရောက်ကြည့်ရှုသူများအနေနဲ့ လုံခြုံမှုမရှိတဲ့အတွက် ပြန်ထွက်သွားစေလို့ Brand Image ကို များစွာ ထိခိုက်စေခြင်း
📉 Google သည် SSL/HTTPS တပ်ဆင်ထားသည့် လုံခြုံသော Website များကိုသာ Search Result များတွင် ရှေ့တန်းမှ ဦးစားပေး ပြသပေးလေ့ရှိခြင်း
💳အွန်လိုင်းမှ ပစ္စည်းရောင်းချသည့် Website များတွင် Online Payment စနစ်များ ချိတ်ဆက်ရန်အတွက် SSL ရှိထားရန် ၁၀၀% လိုအပ်ခြင်း စတဲ့အချက်တွေကြောင့်ပဲဖြစ်ပါတယ်...
SSL/HTTPS မပါရင် ဘာတွေဖြစ်နိုင်လဲ?
Customer များ၏ Data များ ပေါက်ကြားသွားနိုင်ခြင်း
သုံးစွဲသူများ၏ ယုံကြည်မှု မရရှိဘဲ ရောင်းအား ကျဆင်းသွားခြင်း
Google Rank ကျဆင်းပြီး Search Engine များတွင် ရှာရခက်သွားခြင်း စတာတွေကို ဖြစ်စေနိုင်ပါတယ်....
"Security is Trust" ဆိုတဲ့အတိုင်း သင့် Website ရဲ့ လုံခြုံရေးဟာ သင့် Brand ရဲ့ ယုံကြည်စိတ်ချရမှု ဖြစ်ပါတယ်။
👉 Innovix Digital တွင် တည်ဆောက်ပေးသည့် Custom Website တိုင်း၌ High-Security SSL Encryption System များကို စနစ်တကျ ထည့်သွင်းပေးလျက်ရှိတာကြောင့် သင့် Website လုံခြုံရေးနှင့် ပတ်သက်၍ အတိုင်ပင်လိုပါက ခုပဲ ဆက်သွယ်လိုက်တော့နော်....
For More Details:
Phone Number : 09 420 275 783
Email: [email protected]
Office: Level 5, Building 10, MICT Park, Hlaing Township, Yangon, Myanmar