Win Myanmar Systems

Win Myanmar Systems Win Myanmar Systems (ဝင်းမြန်မာစာ စနစ်)
Download WinUni Innwa FREE @ http://www.myanmars.net/winmyanmar/wininnwa5.msi

WinMyanmar5 ကို   standard ISO-10646 နှင့်အညီ  #ယူနီကုဒ် ဖောင့် အမျိုး ၃၀ ဖြင့် ၂၀၁၁ ခုနှစ်ကတည်းက ထုတ်လုပ် ဖြန့်ချိထားပါ...
02/07/2025

WinMyanmar5 ကို standard ISO-10646 နှင့်အညီ #ယူနီကုဒ် ဖောင့် အမျိုး ၃၀ ဖြင့် ၂၀၁၁ ခုနှစ်ကတည်းက ထုတ်လုပ် ဖြန့်ချိထားပါတယ်။
#မြန်မာဖောင့် CD များကို CityMart music CD ဆိုင်များ နှင့် အခြား TechnoLand, KMD, CitiCom, Unique စသည့် ဆိုင်များမှာ မေးမြန်းဝယ်ယူနိုင်ပါတယ်။ ပစ္စည်းပြတ်ရင်လည်း အော်ဒါ တင်ထားခဲ့နိုင်ပါတယ်။
ဝင်းမြန်မာဖောင့်ဌာန၊ #မြန်မာနက်
လိပ်စာ။ 3/1 MICT Park, Yangon, Myanmar
ဖုန်း / Viber: 09 506 2482
https://www.facebook.com/media/set?set=a.522581104517023&type=3


win myanmar unicode cover

ရှေးခေတ် မြန်မာ လက်ရေး လက်ရာ နမူနာများ
22/05/2024

ရှေးခေတ် မြန်မာ လက်ရေး လက်ရာ နမူနာများ

Win Myanmar Font version 3 ထဲက ‌ဖောင့် ၁၀ မျိုးပါတဲ့ Win Myanmt Office font pack ကို ၁၈-၄-၁၉၉၄ ရက်နေ့က ကွန်ပျူတာ ကိုယ်ပိ...
21/05/2024

Win Myanmar Font version 3 ထဲက ‌ဖောင့် ၁၀ မျိုးပါတဲ့ Win Myanmt Office font pack ကို ၁၈-၄-၁၉၉၄ ရက်နေ့က ကွန်ပျူတာ ကိုယ်ပိုင်ရှိတဲ့ ပရဟိတ အသင်းမျိုးစုံ (ကြက်ခြေနီကစ ရေချမ်းစင်အသင်း အဆုံး) နဲ့ အစိုးရ ဌာန အားလုံး စုစုပေါင်း ၂၁၀ လောက်ကို လှူဒါန်း ဖြစ်ခဲ့ပါတယ်။
#ဝင်းဖောင့်

Win Myanmar Font manual လက်စွဲ စာအုပ် ပုံနှိပ်တော့ ပန်းချီဆရာက ဓာတ်ပြားကို အပေါ်အောက် မှားပြီး ပြောင်းပြန် ဆွဲခဲ့တာကလည်း...
14/03/2024

Win Myanmar Font manual လက်စွဲ စာအုပ် ပုံနှိပ်တော့ ပန်းချီဆရာက ဓာတ်ပြားကို အပေါ်အောက် မှားပြီး ပြောင်းပြန် ဆွဲခဲ့တာကလည်း ဟာသ လူရယ်စရာ အတော် ဖြစ်ခဲ့တာ :D

အဲဒီခေတ်က ပုံနှိပ်ခကလည်း အတော် ကုန်သဗျ

photocopy ရှားပါးလွန်းနေသေးတော့ Gestetner လို့ ခေါ်တဲ့ ဖယောင်း စက္ကူပေါ်မှာ pin printer နဲ့ ဖောက်ပြီး၊ print ထုတ်ခဲ့ရတော...
14/03/2024

photocopy ရှားပါးလွန်းနေသေးတော့ Gestetner လို့ ခေါ်တဲ့ ဖယောင်း စက္ကူပေါ်မှာ pin printer နဲ့ ဖောက်ပြီး၊ print ထုတ်ခဲ့ရတော့လည်း ဒီ quality ပဲ ရခဲ့ပါတယ်။

Launched on 13-3-1992. Donated to some government departments.

  ၏  ဆော့ဝဲများဆိုင်ရာ အသိပေး ကြေငြာချက်။၁) ဆော့ဝဲအမျိုးမျိုးအား ဗိုင်းရပ်များထည့်သွင်းပြီး မသမာသူများက အခမဲ့ ဖြန့်ဖြူးလ...
08/02/2024

၏ ဆော့ဝဲများဆိုင်ရာ အသိပေး ကြေငြာချက်။
၁) ဆော့ဝဲအမျိုးမျိုးအား ဗိုင်းရပ်များထည့်သွင်းပြီး မသမာသူများက အခမဲ့ ဖြန့်ဖြူးလေ့ ရှိသည်မှာ ယခုခေတ် cyber crime ကျားဖြန့် လူလိမ်ဂိုဏ်းများက အသုံးပြုတတ်သည့် နည်းလမ်း တစ်ခုဖြစ်ပါသည်။ ကျွန်ုပ်တို့ ထုတ်လုပ်သော ဆော့ဝဲ အစစ်များအား ဗိုင်းရပ်ထည့်သွင်းကာ လက်ဆောင်ပေး ဖြန့်ဖြူးပြီး၊ လူကြီးမင်းတို့၏ ဖုန်း/ကွန်ပျူတာများအထဲမှ password များ၊ ငွေများ ခိုးယူခြင်းများ ရှိခဲ့ပါက ကျွန်ုပ်တို့ #မြန်မာနက် ဆော့ဝဲ ကုမ္ပဏီ, Win Myanmar Systems, မြန်မာနက် #အေအိုင်၊ #မြန်မာနက်ခြက် တို့နှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိကြောင်း၊ တာဝန်မယူနိုင်ကြောင်းကိုလည်း အများပြည်သူအား အထူး သတိပေးအပ်ပါသည်။
၂) Apple Mac များအတွက် ကမ္ဘာ့ပထမဆုံး မြန်မာစာ စနစ်အဖြစ် အင်္ဂလိပ်လူမျိုး John Okell မှ ထုတ်လုပ်ခဲ့သော်လည်း၊ Windows PC များအတွက် ကမ္ဘာ့ပထမဆုံး မြန်မာစာ စနစ်ကို ၁၃-၃-၁၉၉၂ ကတည်းက ကျွန်ုပ်တို့၏ ဝင်းမြန်မာစာနစ်၊ မြန်မာနက် ဆော့ဝဲကုမ္ပဏီမှ ဦးဇော်ထွဋ် နှင့် မိတ်ဆွေ ဦးသက်ကိုကို တို့က စတင်တီထွင် ခဲ့ပါသည်။ Win Innwa ဟု လူသိများသော ဝင်းမြန်မာစာ စနစ် (Win Myanmar Fonts) အများအပြားကို ယခု #ယူနီကုဒ် ခေတ်အထိ ဖြန့်ဖြူး၊ ရောင်းချလျက်ရှိပါသည်။ ၁၉၉၀ နှစ်များအတွင်း လူသုံးအများဆုံး ပြည်တွင်းဖြစ် (number 1 made-in-Myanmar software) ဖြစ်လာခဲ့ပြီး၊ ဖောင့်အမျိုး ၁၂၀ ကျော် အနက်၊ ၁၀ ခုကို လူမှုရေး/ဘာသာရေး ပရဟိတ အဖွဲ့အစည်းများ၊ အစိုးရ အဖွဲ့အစည်းများအားလုံးသို့ ၁၉၉၄ ခုနှစ်က လှူဒါန်းခဲ့ပါသည်။ Win Myanmar Systems မှ Win Innwa font ၁ ခုတည်း ကိုမူ၊ အများပြည်သူအားလုံးအတွက် ကမ္ဘာအနှံ့ရှိ FTP server ပေါင်း ၆၀ ခန့်မှ နှစ်ပေါင်း များစွာမှ တရားဝင် shareware အဖြစ် အခမဲ့ download ဖြန့်ဖြူးပေးနေခဲ့သည်မှာ သန်းဂဏန်းခန့်ပင် များပြားခဲ့ပြီ ဖြစ်ပါသည်။
၃) ယခုအခါ WinMyanmar, UE, CE, U4, Metrix, Academy/GeoComp, ArtHouse အပါအဝင် အခြား font foundry (font designer/developer) အသီးသီးမှ တီထွင် ရေးဆွဲ ထုတ်လုပ်ခဲ့သည့် မြန်မာစာလုံး စနစ် (digital design artwork/ font/ software) များအား ၇-၂-၂၀၂၄ ရက်နေ့တွင် Fast.ai Facebook ပေါ်မှ တစ်ဆင့် ပြောင်ပြောင် တင်းတင်း တရားမဝင် ကူးယူဖြန့်ဖြူးခြင်းများ ပြုလုပ်လျက် ရှိသည်ကို တွေ့ရှိရပါသည်။ Ref: https://www.facebook.com/photo/?fbid=327937923574489&set=a.107374025630881
၄) သို့ပါ၍ Fast.ai team အနေဖြင့်
(က) font design artwork/software များကို တရားမဝင် ကူးယူ ဖြန့်ဖြူးနေခြင်းကို အမြန်ဆုံး ရပ်တန့်ပေးရန်၊
(ခ) downloadable file များအား အမြန်ဆုံး ဖျက်ပေးရန်၊
Ref: https://drive.google.com/file/d/1ypXMwXZUHCg5JegIl4_i9RE2-MZ3ft6I/view?fbclid=IwAR04mpO7JWC50fjLEddEDPGIjOnDqWoVSxTSGoyltOapU7-QbdcNlf0Fg2k
(ဂ) download ပေးနေကြာင်း ကြော်ငြာပို့စ်အား အမြန်ဆုံး ဖျက်ပေးရန်
Ref: https://www.facebook.com/photo/?fbid=327937923574489&set=a.107374025630881
မေတ္တာရပ်ခံ အကြောင်းကြားအပ်ပါသည်။
၅) မဖယ်ရှားမချင်း တရားမဝင် ကူးယူ သွားသမျှ download အရေအတွက်ကို တရားဝင်ပိုင်ရှင်များထံမှ အစားရောင်းချလိုက်ရသည့် အကြိမ်အရေအတွက် အဖြစ် တန်ဘိုး ဖြတ်မည် ဖြစ်ပါသည်။ ၎င်းတန်ဘိုး စုစုပေါင်းအဖြစ် ရာဇဝတ်မှု/ တရားမမှုအရ နစ်နာကြေး ပေးလျော်ရန် ဥပဒေကြောင်းအရ တောင်းဆိုသည့်အခါ မူလ မူပိုင်ရှင် font developer အသီးသီးအား Fast.ai team အနေဖြင့် ပေးလျော်ရမည့် တာဝန်ရှိမည် ဖြစ်ပါကြောင်း သတိပေး အကြောင်းကြားအပ်ပါသည်။
၆) ၂၄-၅-၂၀၁၉ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည့် "စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ" ကို သိသိသာသာ ချိုးဖောက်မှုဖြစ်သည်။
Ref: https://www.mlis.gov.mm/mLsView.do?lawordSn=12382
၇) အသိပေး အကြောင်းကြားသည့်အတိုင်း အမြန်ဆုံး ပြုလုပ်ပေးရန် ဖြစ်ပြီး၊ ယနေ့မှစ၍ ၃ ရက်အတွင်း မပြုလုပ်ပါက fast.ai အဖွဲ့အား နစ်နာသူ font developer များဘက်မှ လိုအပ်သည့် အရေးယူမှုများကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်သည်။
မှ/ (နစ်နာသူ font developer များအားလုံး ကိုယ်စား)
ဌာနမှူး၊ ဝင်းမြန်မာစာစနစ် ဌာန (Win Myanmar Systems)
မြန်မာနက် ဆော့ဝဲ ကုမ္ပဏီလိမိတက်
လိပ်စာ။ ၃/၁ မြန်မာ အိုင်စီတီပါ့ခ်၊ တက္ကသိုလ်များ လှိုင်နယ်မြေ၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့
Internet: https://xn--7idjb0f4ck.net/ , https://services.myanmars.net
Email: [email protected]
Tel: (+95) 09-506-2482, 09-403-300-900, 01-865-2323, 01-865-2250

ဒီနှုတ်ခွန်းဆက်လွှာကို ဖတ်မိတဲ့ လူကြီးမင်းတို့  မိသားစုဝင်အားလုံး လာမယ့် ၂၀၂၄ နှစ်သစ်မင်္ဂလာ အခါသမယမှာ-  ⦿ နည်းပညာအသစ်တွ...
29/12/2023

ဒီနှုတ်ခွန်းဆက်လွှာကို ဖတ်မိတဲ့ လူကြီးမင်းတို့ မိသားစုဝင်အားလုံး လာမယ့် ၂၀၂၄ နှစ်သစ်မင်္ဂလာ အခါသမယမှာ-

⦿ နည်းပညာအသစ်တွေနဲ့ အတွေးအမြင်သစ် အကြံဉာဏ်သစ်တွေ အသုံးချပြီး အခွင့်အလမ်းသစ်တွေနဲ့ အတွေ့အကြုံသစ်တွေ ရတဲ့ နှစ်သစ်ဖြစ်ပါစေ၊

⦿ ကပ်ကြီး ၃ ပါး၊ ရန်သူမျိုး ၅ ပါး၊ နဲ့ အခြား ရှိရှိသမျှ ဘေးအန္တရာယ် အမျိုးမျိုးတို့မှ ကင်းဝေးနိုင်ကြပါစေ၊ လို့ #မြန်မာနက် မိသားစုမှ နှစ်သစ် ဆုတောင်း ပို့သလိုက် ပါတယ်။

⦿ Season's greetings from
Myanmars Net Software Company Limited,
but our creativity is unlimited.

မြန်မာနက် ဆော့ဝဲ ကုမ္ပဏီ လိမိတက်
https://www.မြန်မာ.net
☎ မြန်မာနက် Hotline: (+95) 09 449 300 900
☎ Head office: 01 865 2323, 01 865 2250
☎ Ad Mar Digital Marketing: 09 979 300 900
☎ Cloud Services: 09 965 300 900
☎ Media: 09 881 300 900
☎ AI Chat: 09 403 300 900
☎ WinMyanmar fonts: 09 506 2482

⚠ Win font များနှင့် သည် #မြန်မာနက် ဆော့ဝဲကုမ္ပဏီ၏ ၁၉၉၈ ကတည်းက အသုံးပြုသည့် အမျိုးသား အိုင်စီတီဆုရ နိုင်ငံကျော် ကုန်အမှတ်တံဆိပ်များ ဖြစ်သည်။ ခွင့်ပြုချက်မရှိဘဲ ဆင်တူရိုးမှား /သံတူ ကြောင်းကွဲ အသုံးပြုခြင်းကို အကြိမ်ကြိမ် သတိပေး တားမြစ်ထားသည်။

စာဖတ်ရတာ ပိုမိုချောမွေ့တယ်ဆိုတဲ့ ဖောင့်အသစ် တစ်မျိုး Google မှ ထုတ်လုပ်ဖြန့်ချိတယ်တဲ့ ခင်ဗျ။
22/02/2022

စာဖတ်ရတာ ပိုမိုချောမွေ့တယ်ဆိုတဲ့ ဖောင့်အသစ် တစ်မျိုး Google မှ ထုတ်လုပ်ဖြန့်ချိတယ်တဲ့ ခင်ဗျ။

Meet Roboto Serif, Google's fancy new font

ကျွန်တော်တို့ရဲ့ Win Europa font ကို သီချင်းcd ဗူးအဖုံးမှာ ခေါင်းစဉ် စာလုံးအဖြစ် သုံးထားတဲ့ အတွက် ဂုဏ်ယူပါတယ်၊
03/01/2020

ကျွန်တော်တို့ရဲ့ Win Europa font ကို သီချင်းcd ဗူးအဖုံးမှာ ခေါင်းစဉ် စာလုံးအဖြစ် သုံးထားတဲ့ အတွက် ဂုဏ်ယူပါတယ်၊

လွှတ်တော် မျက်နှာစာ ခေါင်းစီးစာလုံးက ကျွန်တော်တို့   font studio က ထုတ်လုပ်ခဲ့တဲ့ Win Taunggyi font ဖြစ်ပါတယ်။ လွှတ်တော်...
15/11/2019

လွှတ်တော် မျက်နှာစာ ခေါင်းစီးစာလုံးက ကျွန်တော်တို့ font studio က ထုတ်လုပ်ခဲ့တဲ့ Win Taunggyi font ဖြစ်ပါတယ်။ လွှတ်တော် အကြောင်း စာအုပ်ပေါ်က ခေါင်းစဉ်ကျတော့ Win Innlay font ပါ။

မြန်မာတိုင်းကို အကျိုးပြုတဲ့
သင့်အတွက် #ဝင်းမြန်မာ စာလုံးစနစ်
(၁၉၉၂ ကတည်းက ထုတ်လုပ်သည်။)

Address

3/1 MICT Park
Yangon
11052

Alerts

Be the first to know and let us send you an email when Win Myanmar Systems posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Win Myanmar Systems:

Share