CTE Myanmar Official

CTE Myanmar Official Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from CTE Myanmar Official, Electronics Store, Yangon.

CTE Myanmar: Your trusted one-stop Energy Storage Solution provider with a 10-Year Warranty.
​A global leader providing reliable, high-efficiency Solar and Battery systems for homes and businesses.

“10 နှစ် Warranty ပါတယ်။” ဆိုတာ ကြားရတာတော့ ကောင်းပါတယ်။ဒါပေမယ့် Warranty မှာ ဘယ်လိုအချက်တွေ အကျုံးဝင်လဲဆိုတာရော သေချာမေ...
26/11/2026

“10 နှစ် Warranty ပါတယ်။” ဆိုတာ ကြားရတာတော့ ကောင်းပါတယ်။

ဒါပေမယ့် Warranty မှာ ဘယ်လိုအချက်တွေ အကျုံးဝင်လဲဆိုတာရော သေချာမေးမြန်းပြီးပြီလား? 📝

Battery မဝယ်ယူခင် ဒီအချက်တွေကို ကြိုတင်သိရှိထားဖို့ လိုပါတယ်။

✅ ဘယ်လိုချို့ယွင်းမှုမျိုးတွေ Warranty အကျုံးဝင်ပါသလဲ?
✅ အသုံးပြုမှုနဲ့ Capacity ဆိုင်ရာ သတ်မှတ်ချက်တွေက ဘာတွေလဲ?
✅ ပြဿနာတစ်စုံတစ်ရာ ဖြစ်ပေါ်လာရင် ဘယ်သူ့ကို ဆက်သွယ်ရမလဲ?
✅ စစ်ဆေးခြင်း၊ ပြုပြင်ခြင်းနဲ့ အစားထိုးပေးခြင်းတွေကို ဘယ်လိုဆောင်ရွက်ပေးပါသလဲ?

🔶 CTE LFP16076 အတွက် 10 နှစ် Battery Warranty ရှိပြီး သက်ဆိုင်ရာ Warranty စည်းကမ်းချက်များနှင့်အညီ အကျုံးဝင်ပါတယ်။

Battery ဝယ်ယူတဲ့နေ့မှာပဲ Warranty စာရွက်စာတမ်းနဲ့ ဆက်သွယ်ရမယ့် Service အချက်အလက်တွေကို သေချာသိမ်းဆည်းထားဖို့ မမေ့ပါနဲ့။

📩 CTE LFP16076 ရဲ့ Warranty အသေးစိတ်အချက်အလက်တွေကို CTE Myanmar ဆီမှာ မေးမြန်းစုံစမ်းနိုင်ပါတယ်။

မှတ်ချက် - Battery Warranty နှင့် Inverter Warranty သည် သီးခြားစီဖြစ်ပါသည်။

📞 09957711888 / 09976766777 / 09979967888

📍 No. (153), Parami Road, South Okkalapa Township, Yangon.

🌕✨ မင်္ဂလာရှိသော တန်ဆောင်တိုင်အခါသမယလေး ဖြစ်ပါစေ ✨🏮လပြည့်ဝန်းကြီးသာတဲ့ တန်ဆောင်တိုင်အခါသမယလေးမှာ မြန်မာပြည်သူပြည်သားများ...
24/11/2026

🌕✨ မင်္ဂလာရှိသော တန်ဆောင်တိုင်အခါသမယလေး ဖြစ်ပါစေ ✨🏮

လပြည့်ဝန်းကြီးသာတဲ့ တန်ဆောင်တိုင်အခါသမယလေးမှာ မြန်မာပြည်သူပြည်သားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေကြောင်း CTE MYANMAR မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏💛

အလင်းရောင်များ ထွန်းလင်းတောက်ပသကဲ့သို့ မိမိတို့၏ ဘဝခရီးလမ်းတစ်လျှောက် အောင်မြင်မှုများ၊ ပျော်ရွှင်မှုများနှင့် ကောင်းခြင်းမင်္ဂလာများ အစဉ်ထာဝရ ပြည့်စုံပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

🔋 သန့်ရှင်းသောစွမ်းအင်၊ ယုံကြည်စိတ်ချရသော စွမ်းအင်သိုလှောင်မှုနည်းပညာများဖြင့် ပိုမိုတောက်ပသော အနာဂတ်ကို အတူတကွ တည်ဆောက်ကြပါစို့။

Happy Tazaungdaing Festival! 🌕🏮

━━━━━━━━━━━━━━
📍 No. (153), Parami Road, South Okkalapa Township, Yangon.
📞 09957711888, 09976766777, 09979967888

Battery တူတူပဲ... သူများဆိုင်က ပိုကြာကြာ အသုံးပြုနိုင်ပြီး ကိုယ့်ဆိုင်က ဘာလို့ Battery အား မြန်မြန်ကုန်တာလဲ? 🔋အဓိကအကြောင...
21/11/2026

Battery တူတူပဲ... သူများဆိုင်က ပိုကြာကြာ အသုံးပြုနိုင်ပြီး ကိုယ့်ဆိုင်က ဘာလို့ Battery အား မြန်မြန်ကုန်တာလဲ? 🔋

အဓိကအကြောင်းရင်းက အသုံးပြုနေတဲ့ Load မတူညီလို့ပါ။

မီးလုံးနဲ့ Computer ပဲ အသုံးပြုတာနဲ့ အဲကွန်း၊ ရေခဲသေတ္တာတွေပါ တွဲဖက်အသုံးပြုတာမှာ Battery အားကုန်တဲ့နှုန်း မတူနိုင်ပါဘူး။

ဒါ့အပြင် စတင်အသုံးပြုချိန်မှာ Battery အား ဘယ်လောက်ရှိသလဲ၊ အရေးပေါ်အတွက် Reserve ဘယ်လောက် ချန်ထားသလဲဆိုတာတွေလည်း Backup Time အပေါ် သက်ရောက်မှုရှိပါတယ်။

🔶 CTE LFP16076

Battery တစ်လုံးရဲ့ Nominal Energy က 16.076kWh ဖြစ်ပါတယ်။

ဒါပေမယ့် လက်တွေ့ရရှိမယ့် Backup Time ကိုတော့ အသုံးပြုနိုင်တဲ့ Energy၊ စနစ်ရဲ့ ထိရောက်မှု (System Efficiency) နဲ့ အသုံးပြုမယ့် Load ပေါ်မူတည်ပြီး တွက်ချက်ရပါတယ်။

ဒါကြောင့် “Battery ဘယ်နှလုံးယူမလဲ” ဆိုတာ မဆုံးဖြတ်ခင် “ဘာတွေကို ဘယ်နှနာရီကြာ အသုံးပြုချင်လဲ” ဆိုတာ အရင်ဆုံး ပြောပြပေးပါ။

💬 သင့်ဆိုင်အတွက် Backup Time ဘယ်လောက်လိုအပ်ပါသလဲ?

2 နာရီ၊ 4 နာရီ ဒါမှမဟုတ် ဒီထက်ပိုကြာကြာ အသုံးပြုချင်ပါသလား?

📞 09957711888 / 09976766777 / 09979967888

📍 No. (153), Parami Road, South Okkalapa Township, Yangon.


Generator ဝယ်ထားပြီးသားဆိုတော့ Solar တပ်ဆင်လိုက်ရင် အလကားဖြစ်သွားမှာလား? 🤔တကယ်တော့ စနစ်တကျ ချိတ်ဆက်တပ်ဆင်ထားမယ်ဆိုရင် ရှ...
19/11/2026

Generator ဝယ်ထားပြီးသားဆိုတော့ Solar တပ်ဆင်လိုက်ရင် အလကားဖြစ်သွားမှာလား? 🤔

တကယ်တော့ စနစ်တကျ ချိတ်ဆက်တပ်ဆင်ထားမယ်ဆိုရင် ရှိပြီးသား Generator ကိုလည်း ဆက်လက်အသုံးပြုနိုင်ပါတယ်။

🔶 Solis 50kW Hybrid က Solar၊ မီးလိုင်း၊ Battery နဲ့ Generator တို့ကို တွဲဖက်စီမံအသုံးပြုနိုင်တဲ့အတွက် —

☀️ နေ့ဘက် Solar စွမ်းအင်ရရှိချိန်မှာ လျှပ်စစ်စွမ်းအင်ကို ထိရောက်စွာ အသုံးပြုနိုင်ပါတယ်။

🔋 မီးပျက်ချိန်မှာ Battery နဲ့ သတ်မှတ်ထားတဲ့ Load တွေကို ဆက်လက်ထောက်ပံ့နိုင်ပါတယ်။

⚙️ လိုအပ်တဲ့အချိန်မှာ Generator ကို အရန်လျှပ်စစ်အရင်းအမြစ်အဖြစ် အသုံးပြုနိုင်ပါတယ်။
ဒါကြောင့် လုပ်ငန်းရဲ့ လျှပ်စစ်သုံးစွဲမှုပုံစံနဲ့ အခြေအနေပေါ်မူတည်ပြီး Generator လည်ပတ်အသုံးပြုရတဲ့ အချိန်ကို လျှော့ချနိုင်မယ့် အခွင့်အလမ်းရှိပါတယ်။

သို့သော် ချိတ်ဆက်တပ်ဆင်ခြင်းမပြုမီ Generator ရဲ့ kVA၊ Phase နဲ့ Control System တို့ကို သေချာစစ်ဆေးဖို့ လိုအပ်ပါတယ်။

📩 လက်ရှိအသုံးပြုနေတဲ့ Generator ရဲ့ Nameplate ဓာတ်ပုံလေးကို CTE Myanmar ဆီ ပေးပို့ပြီး သင့်လုပ်ငန်းနဲ့ ကိုက်ညီမှုရှိ၊ မရှိ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

📞 09957711888 / 09976766777 / 09979967888

📍 No. (153), Parami Road, South Okkalapa Township, Yangon.

📢 WE ARE HIRING! JOIN CTE FAMILY! 💙အလုပ်အကိုင်အခွင့်အလမ်းအသစ်တွေ ရှာဖွေနေသူများအတွက် သတင်းကောင်းလေးပါ။CTE Myanmar Co., L...
18/11/2026

📢 WE ARE HIRING! JOIN CTE FAMILY! 💙
အလုပ်အကိုင်အခွင့်အလမ်းအသစ်တွေ ရှာဖွေနေသူများအတွက် သတင်းကောင်းလေးပါ။
CTE Myanmar Co., Ltd. မှာ အတူတကွ လက်တွဲလုပ်ကိုင်ပြီး အတွေ့အကြုံသစ်များ၊ အခွင့်အလမ်းသစ်များ ရယူနိုင်ဖို့ ဝန်ထမ်းအသစ်များ ခေါ်ယူနေပါပြီ။
📌 Available Positions
General Worker (Store) – 2 Positions
Video Editor – 1 Position
Engineer– 4 Positions
Sale Supervisor – 4 Position
✨ What We’re Looking For
တာဝန်ယူမှုရှိပြီး အလုပ်ကြိုးစားသူ
Teamwork ဖြင့် လုပ်ကိုင်နိုင်သူ
Creativity ရှိပြီး သင်ယူလိုစိတ်ရှိသူ
မိမိတာဝန်ယူထားသော အလုပ်အပေါ် စိတ်ဝင်စားသူ
💰 Salary: Negotiable
📩 How to Apply?
စိတ်ဝင်စားသူများ မိမိ၏ CV Form ကို အောက်ပါလိပ်စာများသို့ ပေးပို့လျှောက်ထားနိုင်ပါသည်။
📱 Viber: 09969608318
📧 Email: [email protected]
ကိုယ့်ရဲ့အရည်အချင်းတွေကို ပြသဖို့ အခွင့်အရေးကောင်းတစ်ခုပါ။
💙 Join CTE Family – Let's Grow Together!

Budget က အကန့်အသတ်ရှိတယ်... Inverter (kW) နဲ့ Battery (kWh) ဘယ်လိုရွေးချယ်ရမလဲ ? 💭တကယ်တော့ နှစ်ခုလုံးမှာ ကိုယ်စီတာဝန်နဲ့...
17/11/2026

Budget က အကန့်အသတ်ရှိတယ်...

Inverter (kW) နဲ့ Battery (kWh) ဘယ်လိုရွေးချယ်ရမလဲ ? 💭

တကယ်တော့ နှစ်ခုလုံးမှာ ကိုယ်စီတာဝန်နဲ့ အရေးပါမှု ရှိပါတယ်။

🔶 Inverter ရဲ့ kW က တစ်ချိန်တည်းမှာ Load ဘယ်လောက်အထိ ထောက်ပံ့ပေးနိုင်သလဲဆိုတာကို ဖော်ပြပါတယ်။

🔷 Battery ရဲ့ kWh က လျှပ်စစ်စွမ်းအင် ဘယ်လောက်သိုလှောင်ထားနိုင်သလဲဆိုတာကို ဖော်ပြပြီး Backup Time အပေါ် သက်ရောက်မှုရှိပါတယ်။ ဒါ့အပြင် Battery ရဲ့ Power ထုတ်ပေးနိုင်စွမ်းလည်း လုံလောက်ဖို့ လိုပါတယ်။

အကောင်းဆုံး စတင်ရမယ့်အချက်ကတော့ မီးပျက်ချိန်မှာ မဖြစ်မနေ ဆက်လက်အသုံးပြုရမယ့် စက်ပစ္စည်းတွေကို အရင်ဆုံး စာရင်းပြုစုထားဖို့ပါပဲ။

🔶 Solis 50kW Hybrid + CTE LFP16076 ကိုလည်း ကိုယ့်လုပ်ငန်းရဲ့ Load လိုအပ်ချက်၊ Backup Time နဲ့ Budget တို့အပေါ် မူတည်ပြီး သင့်တော်အောင် တွက်ချက်ရွေးချယ်ဖို့ လိုပါတယ်။

📥 “ဒီစက်တွေတော့ မီးပျက်ချိန်မှာ ဆက်သုံးချင်တယ်” ဆိုတဲ့ စက်ပစ္စည်းစာရင်းလေး CTE Myanmar ဆီ ပေးပို့လိုက်ပါ။ အဲဒီကနေ အတူတူ စတင်တွက်ချက်ကြရအောင်။

📞 09957711888 / 09976766777 / 09979967888

📍 No. (153), Parami Road, South Okkalapa Township, Yangon.

15/11/2026

🔋 CTE ENERGY APP Account ဘယ်လိုဖွင့်မလဲ?

သင့်ရဲ့ CTE Battery ကို ဘယ်နေရာကနေမဆို အလွယ်တကူ စောင့်ကြည့်နိုင်ဖို့ CTE Energy App မှာ Account ဖွင့်ထားလိုက်ပါ။ 📱

ကိုယ့် Battery ရဲ့ အခြေအနေကို ကိုယ်တိုင်စစ်ဆေးနိုင်ဖို့ ပထမဆုံးအဆင့်ကတော့ Account ဖွင့်ခြင်းပါပဲ။

✅ CTE Energy App ကို Download ပြုလုပ်ပါ။
✅ Register ကိုနှိပ်ပြီး Account အသစ်ဖွင့်ပါ။
✅ လိုအပ်တဲ့ အချက်အလက်များ ဖြည့်သွင်းပါ။
✅ Account ဖွင့်ခြင်းကို အတည်ပြုပြီး Login ဝင်ပါ။
✅ မိမိရဲ့ Battery Monitoring အသုံးပြုနိုင်ဖို့ ဆက်လက်ချိတ်ဆက်နိုင်ပါပြီ။

💡 Smart Energy Management နဲ့ သင့် Battery ကို ပိုမိုလွယ်ကူစွာ စောင့်ကြည့်လိုက်ပါ။

📌 CTE Energy App အသုံးပြုနည်း၊ Account ဖွင့်နည်းနှင့် Battery Monitoring ဆိုင်ရာ အကူအညီများ လိုအပ်ပါက CTE Service Team ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

📞 CTE Service Hotline
Yangon: 09 9577 22888
Mandalay: 09 9577 22777

Battery ထဲမှာ မမြင်ရပေမယ့် အရေးကြီးတဲ့ “စောင့်ကြည့်ထိန်းချုပ်ပေးသူ” တစ်ခု ရှိပါတယ်။ အဲဒါကတော့ BMS ပါ။ 👀BMS ဆိုတာ Battery...
14/11/2026

Battery ထဲမှာ မမြင်ရပေမယ့် အရေးကြီးတဲ့ “စောင့်ကြည့်ထိန်းချုပ်ပေးသူ” တစ်ခု ရှိပါတယ်။ အဲဒါကတော့ BMS ပါ။ 👀

BMS ဆိုတာ Battery Management System ဖြစ်ပြီး အောက်ပါအချက်တွေကို စောင့်ကြည့်ပေးပါတယ်။

🔎 Voltage ပုံမှန်ရှိ၊ မရှိ
🔎 အားသွင်း၊ အားထုတ်တဲ့ Current က သတ်မှတ်ချက်အတွင်း ရှိ၊ မရှိ
🔎 Battery ရဲ့ အပူချိန် မြင့်တက်နေခြင်း ရှိ၊ မရှိ
အခြေအနေတစ်ခုခု ပုံမှန်မဟုတ်တဲ့အခါ စနစ်ရဲ့ သတ်မှတ်ချက်တွေအတိုင်း အားသွင်းခြင်း၊ အားထုတ်ခြင်းကို ကန့်သတ်တာ ဒါမှမဟုတ် ရပ်တန့်တာတွေ လုပ်ဆောင်ပေးနိုင်ပါတယ်။

🔶 CTE LFP16076 ရဲ့ BMS ဟာ Battery ကို စနစ်တကျ စီမံထိန်းချုပ်ပေးတဲ့အပြင် Inverter နဲ့ လိုအပ်တဲ့ အချက်အလက်တွေ အပြန်အလှန် ဆက်သွယ်ပေးနိုင်ဖို့လည်း အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

📥 Battery ဝယ်ယူမယ်ဆိုရင် Capacity တစ်ခုတည်းကိုသာ မကြည့်ဘဲ BMS နဲ့ Protection စနစ်တွေအကြောင်းကိုပါ မေးမြန်းလေ့လာကြည့်ပါ။

📞 09957711888 / 09976766777 / 09979967888

📍 No. (153), Parami Road, South Okkalapa Township, Yangon.

စက်ရုံမှာ မီးပျက်သွားပြီဆိုတာနဲ့...စက်ရပ်သွားရုံနဲ့တင် ဆုံးရှုံးမှုတွေက မပြီးဆုံးသေးပါဘူး။ 🏭ထုတ်လုပ်မှု နောက်ကျတာ၊ စက်တွ...
12/11/2026

စက်ရုံမှာ မီးပျက်သွားပြီဆိုတာနဲ့...
စက်ရပ်သွားရုံနဲ့တင် ဆုံးရှုံးမှုတွေက မပြီးဆုံးသေးပါဘူး။ 🏭

ထုတ်လုပ်မှု နောက်ကျတာ၊ စက်တွေကို ပြန်လည်စတင်လည်ပတ်ရတဲ့အချိန် ကြာမြင့်တာ၊ Order တွေ သတ်မှတ်ချိန်အမီ ပို့ဆောင်နိုင်ဖို့ အခက်အခဲဖြစ်တာတွေပါ ဆက်လက်ကြုံတွေ့လာနိုင်ပါတယ်။

ဒါကြောင့် မီးပြတ်တောက်ချိန်မှာလည်း မဖြစ်မနေ ဆက်လက်လည်ပတ်ဖို့ လိုအပ်တဲ့ Production Load တွေအတွက် CTE-CIS 261kWh Energy Storage System ကို စဉ်းစားရွေးချယ်နိုင်ပါတယ်။

🔋 261kWh Energy Storage
အရေးကြီးတဲ့ Load တွေအတွက် Backup Plan ကို စနစ်တကျ ရေးဆွဲနိုင်ပါတယ်။

🧠 Smart BMS
Battery Pack တွေရဲ့ Balancing နဲ့ စနစ်တကျ စီမံထိန်းချုပ်မှုကို ကူညီပေးပါတယ်။

📡 Remote Monitoring & Maintenance
System ရဲ့ လည်ပတ်မှုအခြေအနေကို အဝေးမှ စောင့်ကြည့်ပြီး လိုအပ်တဲ့ ထိန်းသိမ်းပြုပြင်မှုတွေကို ကြိုတင်စီစဉ်နိုင်ပါတယ်။

➕ Scalable Design
လုပ်ငန်းရဲ့ လိုအပ်ချက်အလိုက် အနာဂတ်မှာ System ကို ထပ်မံတိုးချဲ့နိုင်ဖို့ ကြိုတင်စီစဉ်တွက်ချက်နိုင်ပါတယ်။

သတိပြုရန် - 261kWh ဆိုတာ Energy Storage ပမာဏကို ဖော်ပြတာဖြစ်ပါတယ်။ စက်ပစ္စည်း ဘယ်နှလုံးကို ဘယ်နှနာရီကြာ ထောက်ပံ့ပေးနိုင်မလဲဆိုတာက PCS Power၊ အသုံးပြုမယ့် Load နဲ့ အမှန်တကယ် အသုံးပြုနိုင်တဲ့ Energy ပမာဏတို့အပေါ် မူတည်ပါတယ်။

📩 မီးပျက်ချိန်မှာ မဖြစ်မနေ ဆက်လက်လည်ပတ်ဖို့ လိုအပ်တဲ့ စက်ပစ္စည်းစာရင်းကို CTE Myanmar ဆီ ပေးပို့ပြီး သင့်လုပ်ငန်းအတွက် သင့်တော်တဲ့ Energy Storage System ကို ဆွေးနွေးတွက်ချက်လိုက်ပါ။

📞 09957711888 / 09976766777 / 09979967888

📍 No. (153), Parami Road, South Okkalapa Township, Yangon.

⚡ ဆိုင်ဖွင့်ထားချိန် မီးပျက်လို့ အလုပ်တွေ ရပ်နေရပြီလား?စားသောက်ဆိုင်၊ ကော်ဖီဆိုင်၊ Showroom နဲ့ ရုံးတွေအတွက် CTE က အကြံပ...
10/11/2026

⚡ ဆိုင်ဖွင့်ထားချိန် မီးပျက်လို့ အလုပ်တွေ ရပ်နေရပြီလား?

စားသောက်ဆိုင်၊ ကော်ဖီဆိုင်၊ Showroom နဲ့ ရုံးတွေအတွက် CTE က အကြံပြုချင်တဲ့ အတွဲလေးကတော့…

🔶 Solis 50kW Hybrid Inverter
🔷 CTE LFP16076 Battery System

🔶 Solis 50kW — မီးအားကို ထိထိရောက်ရောက် စီမံပေးဖို့

✅ 50kW / 3-Phase
အဲကွန်း၊ ရေခဲသေတ္တာ၊ မီးအလင်းရောင်နဲ့ အခြားစက်ပစ္စည်းတွေရဲ့ Load ကို တွက်ချက်ပြီး ကိုယ့်လုပ်ငန်းနဲ့ ကိုက်အောင် ရွေးချယ်နိုင်ပါတယ်။

✅ 4 MPPT
Solar Panel အုပ်စုတွေကနေ ရနိုင်တဲ့ စွမ်းအင်ကို ထိထိရောက်ရောက် အသုံးချနိုင်ပါတယ်။

✅ Hybrid + Remote Monitoring
Solar၊ မီးလိုင်း၊ Battery နဲ့ Generator ကို တွဲဖက်စီမံနိုင်ပြီး SolisCloud ကနေ စနစ်အခြေအနေကို အဝေးကနေ ကြည့်ရှုနိုင်ပါတယ်။

🔷 LFP16076 — မီးပျက်ချိန်အတွက် အားကိုးရမယ့် Battery

✅ တစ်လုံးကို 16.076kWh / 314Ah
Backup ဘယ်နှနာရီလိုလဲဆိုတာအလိုက် သင့်တော်တဲ့ Battery အရေအတွက်နဲ့ High Voltage System အဖြစ် စီစဉ်ပေးနိုင်ပါတယ်။

✅ Semi-solid State နည်းပညာ + BMS
Battery ရဲ့ Voltage၊ Current နဲ့ အပူချိန်ကို စောင့်ကြည့်ပြီး လုံခြုံစွာ အလုပ်လုပ်နိုင်ဖို့ ကူညီပေးပါတယ်။

✅ Battery အတွက် 10 နှစ် Warranty*
ရေရှည်အသုံးပြုဖို့ စဉ်းစားထားသူတွေအတွက် အားသာချက်တစ်ခုပါ။

💡 50kW က Inverter ရဲ့ Power ပါ။ မီးပျက်ချိန် ဘယ်လောက်ကြာ သုံးနိုင်မလဲဆိုတာက Battery ပမာဏနဲ့ အသုံးပြုတဲ့ Load ပေါ် မူတည်ပါတယ်။

📩 အသုံးပြုမယ့်စက်စာရင်းနဲ့ Backup လိုတဲ့အချိန်ကို Page Messenger မှာ ပို့ပေးပါ။ သင့်လိုအပ်ချက်နဲ့ ကိုက်တဲ့ Package နဲ့ ဈေးနှုန်းကို တွက်ချက်ပေးပါမယ်။

📞 09957711888 / 09976766777 / 09979967888
📍 No(153), Parami Road, South Okkalarpa Township, Yangon.

*Battery Warranty စည်းကမ်းချက်များအတိုင်း အကျုံးဝင်ပါသည်။

Address

Yangon
11021

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Alerts

Be the first to know and let us send you an email when CTE Myanmar Official posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Nearby computer & electronics services