17/08/2026
🤖 Google Workspace Business Plan တွေမှာ Gemini နဲ့ NotebookLM ပါဝင်နေတာကို မိတ်ဆွေတို့ သိပြီးပြီလား?
Google Workspace ကို အသုံးပြုနေတဲ့ လုပ်ငန်းတော်တော်များများက Gemini AI နဲ့ NotebookLM လိုမျိုး ခေတ်မီ AI စွမ်းဆောင်ရည်တွေ ပါဝင်လာပြီး အသုံးပြုနိုင်နေပြီဆိုတာကို အများစုက မသိသေးကြပါဘူး။
ဒီ AI Engine တွေက သင့်ရဲ့ နေ့စဉ်လုပ်ငန်းတွေကို ပိုမိုမြန်ဆန်၊ တိကျပြီး ထိရောက်အောင် ကူညီပေးနိုင်ပါတယ်။
✨ Google AI နဲ့ NotebookLM တို့ရဲ့ အသုံးဝင်ပုံများ
✅️Gemini for Workspac
Workspace Apps တွေထဲမှာတိုက်ရိုက်ပါဝင်ပြီး လုပ်ငန်းခွင်အဆင်ပြေစေဖို့ ကူညီပေးပါတယ် ။
• 📧 Gmail – စာလွှာများကို Professional ကျကျ ရေးသားပေးခြင်း၊ စာအကျဉ်းချုပ်ပေးခြင်း
• 📝 Google Docs – Content အသစ်များ ဖန်တီးပေးခြင်း၊ မူကြမ်းများကို မွမ်းမံ/ပြင်ဆင်ပေးခြင်း
• 📊 Google Sheets – Data များမှ Insights ထုတ်ပေးခြင်းနှင့် Formula များ ကူညီဖန်တီးပေးခြင်း
• 🎥 Google Meet – Meeting မှတ်တမ်းနှင့် Summary များကို အလိုအလျောက် ရေးမှတ်ပေးခြင်း
🧠 NotebookLM (သင့်ရဲ့ ကိုယ်ပိုင် AI Research Assistant)
အဖွဲ့အစည်းတွင်းရှိ စာရွက်စာတမ်းများ၊ PDF များ၊ တင်ပြချက်များကို အသုံးချပြီး -
• 📚 Documents အမြောက်အမြားကို AI ထံ ထည့်သွင်းကာ လိုအပ်သည့် မေးခွန်းများ မေးမြန်းစုံစမ်းနိုင်ခြင်း
• 💡 သုတေသနအချက်အလက်များနှင့် Report များကို တိကျစွာ အကျဉ်းချုပ်ထုတ်ပေးခြင်း
• 🔒 Data Security: လုပ်ငန်းဆိုင်ရာ အချက်အလက်များကို လုံခြုံစွာ ထိန်းသိမ်းပေးပြီး AI Model သင်ကြားရေးတွင် မသုံးစွဲဘဲ လုံခြုံမှုအပြည့်ပေးခြင်း
💡 Google Workspace ရဲ့ သတ်မှတ်ထားတဲ့ Business Plan များမှာ ဒီလို AI Features တွေ ပါဝင်လာပြီး သင့် လုပ်ငန်းရဲ့ ကုန်ထုတ်လုပ်မှုကို အဆပေါင်းများစွာ တိုးတက်စေမှာဖြစ်ပါတယ်။
📩 Google Workspace Business Plan များအကြောင်း သီးသန့် အသေးစိတ်သိရှိလိုပါက
📣 ကျွန်တော်တို့ Myanmar Host ကို ဆက်သွယ်လိုက်ပါခင်ဗျာ။ အသေးစိတ်စုံစမ်းမေးမြန်းလိုပါက သိရှိလိုသည်များကို အားမနာတမ်း page Messenger မှဖြစ်စေ၊ Phone, Viber ဖြစ်စေ ဆက်သွယ်ခေါ်ယူ စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။
📍 No.531/B, 3rd Floor, Myittar Street, South Okkalapa Township, Yangon
📧 [email protected]
📞 09 793 333 372
📞 09 973 778 000