Hidden Leaf

Hidden Leaf Nothing is Impossible

If you’re willing to learn

05/06/2018
05/07/2015

တော်တော်လေး ပျောက်သွားတယ် ဒီဘက်ကနေ Business ပိုင်းတော်တော်ရောက်သွားလို့

ဒီကြားထဲတင်ပေးထားတဲ့ ဆရာမျိုးကို ကျေးဇူးအထူးပါ

IT ထဲပြန်ရောက်လာတော့ စာတွေပြန်ဖတ်ပြီး ပြန်လုပ်ရတော့မယ် တင်တာတွေကြဲချင်ကြဲမယ် ဒါပေမယ့် နောက်ပိုင်းကို level တစ်ဆင့်မြှင့်ဖို့ စိတ်ကူးရှိပါတယ်

Hope you all fine.....

Use Unicode
04/01/2015

Use Unicode

26/03/2014

ယခုမှစတင်ပြီးတော့ ဒီ Page လေးကို အောက်ပါ Open Group သို့ပြောင်းရွှေ့တော့မှာဖြစ်ပါတယ်။ အားပေးတဲ့ သူငယ်ချင်းတွေ ပရိတ်သတ်တွေအားလုံး ကျေးဇူးပြု၍ အောက်ပါ လင့်လေးကို လာခဲ့ကြပါလို့ ဖိတ်ခေါ်ပါတယ်။ Open Group လုပ်ထားတဲ့ အတွက် မိမိတို့တင်လိုသည်များတင်ရှိနိုင်ပြီး ယခုထက်ပိုမိုပြီး တယောက်နှင့်တယောက် ပွင့်ပွင့် လင်းလင်း ပြောဆို ဆွေးနွေးနိုင်မယ်လို့ထင်ပါတယ်။

https://www.facebook.com/groups/hungerwill/

မရေးဖြစ်တာလဲကြာပြီ အားလုံးဘဲPost တွေကျဲနေတာဆောရီးပါ အလုပ်တွေအရမ်းများနေလို့ပါ။Product အသစ်လေးအကြောင်းမိတ်ဆက်ချင်လို့ဗျာ....
19/03/2014

မရေးဖြစ်တာလဲကြာပြီ အားလုံးဘဲPost တွေကျဲနေတာဆောရီးပါ အလုပ်တွေအရမ်းများနေလို့ပါ။

Product အသစ်လေးအကြောင်းမိတ်ဆက်ချင်လို့ဗျာ.......

Seagate Wireless Plus

Wireless Ext HD လေးပါ 1 TB ဆန့်တယ် အဓိကကတော့ရုံးသမားတွေ နဲ့ ကျောင်းသားတွေ ခရီးအမြဲသွားနေသူတွေ အကြိုက်တွေမယ့် ပုံစံမျိုးလေးပါ။ သာမန် Ext HD Size နဲ့အတူတူပါဘဲ။ Built-in battery ပါဝင်လာပြီး ၁၀ နာရီအထိခံပါတယ်။
Wireless ကို a/b/g/n support ပေးထားပြီး Wireless Range ကတော့ 150ft အထိချိတ်ဆက်နိုင်ပါတယ်။ ခရီးအသွားများသူတွေ အနေနဲ့ files တွေကို HD ထဲ ထည့်ထားပြီး Wireless မှ လှမ်းယူအသုံးပြုနိုင်ခြင်းကြောင့် ကြိုးများကိုဂရုတစိုက် သယ်နေရတဲ့ ဒုက္ခကနေ ကင်းဝေးမှာဖြစ်ပါတယ်။

ကျွန်တော်ဆိုရင်လည်း HD တွေသုံး၇တယ်ဗျာ 2.0 နဲ့ 3.0 ဆိုတော့ ကြိုးမေ့ကျန်ခဲ့လို့ကတော့ ဘာData မှထုတ်မရတော့ဘူး ဒါလေးကတော့ အဲ့လိုဒုက္ခတွေကနေ ကင်းဝေးစေမှာပါ။ အဓိက ဒီကောင့်ကိုကြိုက်တာက သူက User 8 ယောက်အထိ concurrence အသုံးပြုလို့ရတယ်ဗျ ခရီးသွားတာဘဲဖြစ်ဖြစ ကျောင်းမှာဘဲဖြစ်ဖြစ် တစ်လုံးထဲကို မျှသုံးလို့ရတယ်လေ။ နောက်သူက Windows မရွေးပါဘူးဗျာ Mac, Linux တွေ အထိ support လုပ်ပေးပါတယ်။

သူ့နဲ့ချိတ်ဆက်အသုံး ပြုရမဲ့ Seagate Software ကိုတော့ Google Play Store နဲ့ Apple Store တွေမှာ အခမဲ့ ဒေါင်းယူနိုင်ပါတယ်ဗျာ။
Post တွေအတင်ကျဲနေတာ တော့အားလုံးကို တောင်းပန်ပါတယ် မအားလို့ပါ။ အခုပြန်စပြီ ပြန်ရေးနိုင်အောင် အသစ်တွေတင်နိုင်အောင်လုပ်ပါ့မယ် Admin Teams ကိုလဲ ထပ်မံအားဖြည့်ပြီး ပြန်စပါမယ်။

အားပေးတဲ့ အတွက်အားလုံးကို ကျေးဇူးတင်ပါတယ်။

If you’re willing to Learn
Nothing is Impossible…
Hidden Leaf

24/12/2013

တကယ့်တကယ်က ကျွန်တော် ဒီpage ကိုလုပ်တာ ၁ယောက်တည်းရေးဘို့ဟုတ်ဘူးဗျ သူငယ်ချင်းတွေ ဆရာတွေ ရယ်နောက် ဒီအထဲမှာ တခြားသူတွေကောဝင်ရောက်ဆွေးနွေးဖို့ ပါ။ တယောက်တည်းပြော တာထက်စာရင် အများနဲ့ဆိုပိုထောင့်စေ့နိုင်တယ်လေ။ ကျွန်တော်လည်းအား လုံးမသိနိုင်ဘူး အဲ့တော့ ၀င်ပြီး ပြောပေးကြပါ နောက် မေးပေးပါ ဘာဖြစ်နေလည်း။ ဘာအခက်အခဲတွေ့နေလည်း အားလုံးကို ရှင်းပေးနိုင်မယ်လို့တော့ မပြောလို့ပေမယ့် အတတ်နိုင်ဆုံး ကူညီပါ့မယ်။ နဲနဲနောက်ကျရင်တော့ ခွင့်လွှတ်ဗျာ ခုတလော တကယ်အလုပ်ရှုပ်နေလို့။ နောက် အဲ့လိုတက်လာတဲ့ ပိုစ့်လေးတွေကိုသိတဲ့သူတွေ ကလည်း ကူညီဖြေပေးစေချင်ပါတယ်။ ကျွန်တော်၁ယောက်တည်း ပြောရင်လိုတာလည်းရှိ နိုင်သလို မှားနေတာလည်းဖြစ်နိုင်တယ် အားလုံး ဒီလိုဘဲ ၁ယောက်နဲ့ ၁ယောက်ဖေးမပြီးတော့ ပညာယူရမှာဆိုတော့ ဖြစ်နိုင်ရင် အဲ့လို မျိုး သိုက်သိုက်ဝန်းဝန်းလေး ဖြစ်စေချင်တယ်ဗျာ။

PS... စိုးကြီး သားရေမင်းရေးမယ်ဆိုတဲ့ Fiber ငါစောင့်တယ် မြန်မြန်ရေး မင်းသိတဲ့ အတိုင်း ငါဟိုဘက်မှာ သိပ်မအားဘူး နောက် Hades Cih သားလေးမင်းလည်း နဲနဲ ၀င်ကြဲပေးအုံးကွာ။

14/11/2013

:D မရောက်ဖြစ်တာကြာလို့ တကယ်သတိရပါတယ်ဗျာ။ အင်းစာတွေတော့ ကိုယ့်ဘက်တင်ပြီးပြီဆိုတော့က နားလို့ရပါပြီ။ ဒီဘက်လေးကို ပြန်လှည့်ပါတော့မယ် နောက်သတင်းကောင်း၁ခုကတော့ admin ၃ယောက်လောက်ထပ်တိုးဖို့ (အတင်းမဟားဒယား ဆွဲခေါ်ဖို့) ရှိပါတယ် :P လောလောဆယ်တော့ ၁ယောက်ဆွဲခေါ်ထားတယ် အတင်းရေးခိုင်းရမှာဘဲ ဟဲဟဲ :) ok everyone have a nice day and have a nice dream to you all :)

အင်းဒီလတော့ မရေးတော့ဘူးလို့ စဉ်းစားထားတာ ဒါပေမယ့်စာတက်ရှာတာလည်း မတွေ လူလည်းပျင်းနေတာနဲ့ နဲနဲလေးတော့ ရေးလိုက်ပါတယ်။ တွေ့ဘ...
14/10/2013

အင်းဒီလတော့ မရေးတော့ဘူးလို့ စဉ်းစားထားတာ ဒါပေမယ့်စာတက်ရှာတာလည်း မတွေ လူလည်းပျင်းနေတာနဲ့ နဲနဲလေးတော့ ရေးလိုက်ပါတယ်။

တွေ့ဘူးကြမှာပါ laptop အသစ်တွေဝယ်ရင် ခုနောက်ပိုင်း ၀ယ်တဲ့ License ပါတဲ့ကောင်တွေဆို Partition ၁ပိုင်းထဲပါပါတယ်။ ပြန်တင်ရအောင်ကလည်း Original ကိုနှမြော မတင်ဘဲသုံးလို့လည်း အဆင်မပြေဖြစ်နေသူတွေအတွက်ပါ လွယ်ကူပါတယ် ဒါလေးကို Install လုပ်ပြီးသုံးကြည့်ပါ။ Resize Disk ဆိုတာလေးကို နှိပ်ပြီး လိုသလောက် ရိုက်ထည့်ရင်ဖြစ်ဖြစ် သို့ mouse နဲ့ဆွဲပြီး ကိုလိုသလောက် ချုံနိုင်ချဲ့နိုင်ပါတယ် အဆင်ပြေပါစေဗျား။။။။။

https://www.dropbox.com/s/qdgfpuvitzcv99h/epm.exe

Hidden Village

If you are willing to learn

There is nothing impossible

Shared with Dropbox

07/10/2013

စာမေးပွဲရှိ ပါသည် ဒီလနားပါမည်....

19/09/2013

အော် Win8 ကောင်းကြောင်းလေး ပြောမယ်ဆိုကာမှ ငါ့ win8 ကဂိသွားရသေးတယ် ဟီး... virus ကိုက်သွားတာဗျို့ ချစ်သူလေးတဲ့ လာရင်လည်း ကိုယ်ထင်တော့ မပြဘူး windows က 3 ခုတင်ထားတာ ခုတော့အကုန်ပြန်လုပ်ရတော့မယ် တော်တော်ဆိုးတယ်ဗျ auto logoff ချသွားပြီး font ကိုပါမြန်မာလို change သွားတာ Data တွေလည်းကူးထုတ်ရအုံးမယ် တေပြီ :-)

Windows8 Introduction                                  Part IWindows8 စထွက်ကတာ ခုဆို၁နှစ်လောက်ရှိနေပြီ စပေါ်ချင်းတုံးက တေ...
09/09/2013

Windows8 Introduction
Part I

Windows8 စထွက်ကတာ ခုဆို၁နှစ်လောက်ရှိနေပြီ စပေါ်ချင်းတုံးက တော်တော် သောက်ညင်ကတ်တာဗျ ဘယ်လိုကတ်မှန်းကို မသိဘူး အလိုလိုနေရင်းကို မကြိုက်တာ၊ သူ Start ကလည်းသုံးရတာ familiar မဖြစ်ဘူး အဲ့မှာပါတဲ့ Game တွေ တော်တော်များများကလည်း Online လိုတယ် စသုံးတာကလည်း Developer Preview နဲ့တွေ့ခဲ့တာလည်းပါမှာပေါ့ :-) အဲ့ထဲကညစ်သွားတာ။ Touch အတွက်ဆိုတော့ Keyboard နဲ့သုံးတာ မှာ အဆင်မပြေဘူးပေါ့ဗျာ။ နောက်ကိုယ်က ခုမှ Vista ကနေပိုကောင်းတဲ့ Windows7 ကိုခုမှသုံးပြီး ကြိုက်နေတာဆိုတော့ သိပ်မပြောင်းချင်သေးဘူးလေခုမှပြန်သုံးကြည့်ရင်းနဲ့ ကောင်းတာလေးတွေ့ တွေ့လာလို့ဒါလေးရေးတာပါ အကုန်တော့လည်းမစမ်း ရသေးဘူး ဒါပေမယ့် သိသလောက်လေးပေါ့။

အစကတော့သိပ်မကြိုက်ခဲ့ဘူး နောက်ပိုင်း version တွေထွက်လာတော့ ကိုယ်လည်းစမ်းသုံးကြည့်မှ အဆင်ပြေမယ် IT Field ထဲနေပြီး changes တွေကို မသိရင်တော့ အဆင်မပြေဘူးဆိုပြီး စလေ့လာကြည့်ပြီးသုံးတော့မှ သူ့ကောင်းကွက်တွေ Win7 နဲ့မတူတာတွေသိလာပါတယ်။ Share ပေးချင်လို့ Introduction လေးရေးလိုက်တာပါ ပိုစ့်တွေ အတင်ကြဲတာကို ခွင့်လွှတ်စေချင်ပါတယ် ကျောင်းစာတဖက် အလုပ်တဖက် ဖြစ်နေတော့ အိမ်ပြန်ရောက်ရင်တောင် ၁၀နာရီ ကျော်နေပြီလေ လမ်းမှာဖုန်းနဲ့သုံးတုံး likeတက်လာတာတွေတော့ တွေ့ပါတယ် ရေးမယ် ရေးမယ်နဲ့မအားသေးလို့ကြာသွားတာပါ။ ခုနည်းနည်းအားတုံးလေး ကိုယ်လည်း ကလိလို့ကောင်းတုံးလေး Win8 အကြောင်းလေးရေးလိုက်တာပါ။ ကဲ Intro တွေလည်းများပြီစမယ် :)

Windows 8 အကြောင်းမပြောခင် ပထမဆုံး Microsoft အကြောင်းနဲ့ Windows Family History အကြောင်းလေးပြော ချင်ပါတယ် ဗဟုသုတပေါ့ မသိသူတွေလည်း မှတ်လို့ရအောင် အောက်မှာရေးပေးလိုက်ပါတယ်။

1975-1981
ဒီကာလမှာ ကျွန်တော်တို့ခုသုံးနေတဲ့ Windows Company Microsoft ကို Bill Gate and Pull Allen တို့က စတင်ခဲ့ပါတယ်။ အဲ့ဒီ 1975 မတိုင်ခင် က typewriter တွေကရိုက်ပေးတယ် Carbon နဲ့ ကော်ပီကူးတယ် On paper Manual ပေါ့။

June 1980- MS-DOS
ဒီနှစ်မှာ Gate and Allen က Gateသူငယ်ချင်း Steve Ballmer ကိုငှားပြီး Project ကိုစတယ် MS-DOS command line သုံးရတယ် သာမန် End user တွေအလွယ်တကူနားမလည်နိုင်ဘူး ဒါပေမယ့် အောင်မြင်တဲ့ OS တခုဖြစ်ခဲ့တယ်။

1983-1985 (Nov 20 1985) Windows 1.0
ပထမဆုံး ဒါကို Develop လုပ်တုံးက Codename က Interface Manager လို့ခေါ်ခဲ့တယ် launch လုပ်ရင်လည်း ဒါဘဲသုံးမယ်လို့ စဉ်းစားခဲ့ပေမယ် တကယ်ထွက်လာတဲ့ အခါမှာ Windows လို့ပြင်ခဲ့တယ် ဒီနံမည်က boxes or Computing အတွက် ဖေါ်ပြရာမှာ အဆင်ပြေလို့ ကောင်းလို့ပြင်ပြီးခေါ်ပြီးထုတ်ခဲ့တယ်။

GUI တွေပါလာပြီ၊ Drop-down menu, scroll bars, icons, dialog box တွေ program ကိုလွယ်လွယ်ကူကူသုံးလို့ရစေမယ့် ဟာတွေစပြီးပါလာပြီ။ Paint, MS-Dos file management, Windows Writer, Notepad, Calculator and calendar, card file, clock စတဲ့ day to day activities တွေမှာအသုံးပြုဖို့ Software တွေစပါလာတယ်။ Reversi ဆိုတဲ့ Game တောင်စပါလာပြီဗျ။

Dec 9, 1987-1992 Windows 2.0.-2.11
ဒီအဆင့်မှာတော့ memory တွေပိုတိုးမြှင့်ထားတယ် Graphic Support လည်းပါလာတယ် keyboard shortcuts တွေလည်းပါလာတယ်။ Software Developer အချို့ကလည်း စပြီးတော့ Windows မှာသုံးဖို့ program လေးတွေစရေးလာကြတယ်။

May 22, 1990-1994 Windows 3.0-Windows NT
Windows 3.0 မှာတော်တော်လေးပြည့် စုံလာပြီ graphic ကို 16 color support စလုပ်လာပြီ icon တွေပိုကောင်းလာတယ် သိသိသာသာပိုမြန်လာတယ် ။ Solitaire, Hearts and Minesweeper စတဲ့ Game တွေစပါလာတယ်။ Peer to Peer Workgroup and Domain Networking ကို Support လုပ်လာတယ်။ WindowsNT ကတော့ 32bit OS ဖြစ်လာတယ်။


Aug 24, 1995-2001 Windows 95
Wind95မှာတော့ Computer era ကိုကပြောင်းလာပြီ Fax/modems, e-mail, internet, multimedia games and educational software ခေတ်ကိုရောက်လာပြီ ဆိုတော့ 95 မှာလည်း Built-in Internet support, dial-up networking and new Plug and Play တွေ support လုပ်လာတယ်။

Jun 25, 1998 Windows 98, Windows 2000, Windows Me
Wind98 ကပထမဆုံး consumer PC တွေအတွက်သီးသန့် Design လုပ်ပြီးထုတ်လုပ်ခဲ့တာဖြစ်တယ် “Work Better, Play Better” လို့ 98 ကိုညွှန်းတယ်။ PC and Internet Information တွေကို ပိုပြီးလွယ်လွယ်ကူကူ ရှာဖွေလာနိုင်တယ် DVD discs and USB devices တွေကို support လုပ်လာတယ်။ Quick launch bar စပါလာတယ်။ အင်း95,98,2000,Me ကိုဂျူနီယာတွေတော့ မသိတော့ဘူးဗျ ခုနောက်ပိုင်းအဲ့စက်တွေ သိပ်မလာတော့ဘူးလေ ကိုယ်တွေတော့မှီလိုက်သေးတယ် မှီရုံလေးဘဲပေါ့ ကိုယ်တွေပြီးသိပ်မကြာဘူး အဲ့Windows တွေမတင်တော့ဘူး Hardware ကလည်း support မလုပ်နိုင်တော့ဘူးလေ PII, PIII တွေဆိုတော့ ပစ္စည်းမရှိတော့ဘူး (ဟီးကံကောင်းတာဗျ အဲ့ဒါတွေပြင်ရရင်တော်တော်အုံးစားတယ်)။ ခုခေတ်လိုမျိုး ဒီအတိုင်း Windows တန်းတင်လို့မရဘူး အရင် DOS ထဲကနေ ကော်ပီကူးထည့်ရတယ် တော်တော်ရှုပ်တဲ့ဟာ :)

WindMe ကတော့နောက်ဆုံး 95 code ကို Base လုပ်ပြီး အသုံးပြုခဲ့တဲ့ OS ဖြစ်တယ် Microsoft ကနောက်ပိုင်း OS တွေကို Windows NT နဲ့ Windows 2000 kernel မှာဘဲ အခြေခံတော့မယ်လို့ ကြေညာခဲ့တယ်။ WinMe ရဲ့နောက်နံမည်တစ်မျိုးကတော့ Million Error တဲ့ဗျ ကောင်းတာတွေလည်းရှိပေမယ့် မကြိုက်တဲ့သူတွေလည်း တော်တော်များခဲ့ပါတယ်။

Windows 2000 ကတော့ wireless device တွေ USB တွေ IEEE 1394 (Firewire) device တွေ interface device တွေကို Support လုပ်လာတယ်။ 2000 ဟာ 95, 98, WindNT တွေကို replace လုပ်ဖို့ထုတ်ခဲ့တာဖြစ်တယ်။

Oct 25, 2001-2005 WindowsXP
ဒါကတော့ တော်တော်များများသိပါလိမ့်မယ် WinXP ပါခုထိလည်းသုံးနေတုံးပေါ့ Microsoft က support မလုပ်တော့ပေမယ့် တော်တော်လေးသုံးနေကြတုံးပါဘဲ။ Windows XP မှာ Service PartI, II, III ဆိုပြီး Service Part ၃ခုထွက်ခဲ့တယ်။ နောက် Windows XP မှာ Family နဲ့ထွက်လာတယ်။ XP က 25 language support လုပ်တယ်။

Windows XP Professional
Windows XP Home Edition
Windows XP Media Center Edition
Windows XP Tablet PC Edition
Windows XP Starter Edition
Windows XP Professional x64 Edition

ဒီဘက်မှာအသုံးများ တာကတော့ Pro ဘဲဗျ။ Home ကတော့ ရိုးရှင်းပြီး လွယ်လွယ်ကူကူနဲ့ အိမ်သုံးအတွက် ထုတ်ထားတာဖြစ်တယ်။ Media player, Movie Maker, Network Setup Wizard တွေ Digital photo တွေပါလာတယ်။

Pro ကတော့တော်တော်စုံတယ်ဗျ အကောင်းဆုံးလို့လည်း ပြောရမယ် အစုံပါတယ် Security ပိုင်းတွေ Performance ပိုင်းတွေ Network ပိုင်းတွေ တော်တော်စုံတယ် အလကားရလို့လားတော့မသိဘူး ဒီဘက်မှာတော့ တော်တော်မသုံးများတယ်ဗျဟီး။

Media Center ကတော့ Multimedia တွေအတွက်အဓိက အသားပေးထားပါ။

Tablet PC ကတော့ Pen base တွေအတွက်ထုတ်ထားပါ အင်းပြောရရင် ခုWindows 8 ရဲ့ဘိုးအေလို့ပြောလို့ရမယ်ဗျ။

Pro64 ကတော့ရှင်းပါတယ် 64bit OS ကို support လုပ်လာတာဘဲဖြစ်တယ်။

2006-2008 Windows Vista
Design ကိုစ Change ထားတယ် feature အသစ်တွေ ပါလာတယ် 35 language support လုပ်တယ်။ စထွက်ကာစ ကတော်တော်ထင်ထားတာ သူလည်း error များတယ် သုံးရင်နဲ့မှသိသိလာတာ ကြာလေ Windows ကလေးလာလေဘဲဗျ UI ကြောင့်ရယ် စက်အတက်မှာ Run တာတွေများတာ ကြောင့်လည်းပါနိုင်တယ်။ သူလည်း Family နဲ့လာတယ်

Windows Vista Ultimate
Windows Vista Enterprise
Windows Vista Business
Windows Vista Home Premium
Windows Vista Home Basic
Windows Vista Starter

2009 Windows 7
တော်တော်ကောင်းတယ်ဗျာ ဟိုကောင်ကြီးကိုစိတ်ညစ်ခဲ့သမျှ ဒါနဲ့မှဘဲ အဆင်ပြေတော့တယ် ဒါကြောင့်တော်တော်နဲ့ Wind8 ကိုပြောင်းမသုံးချင်တာဗျ လူဆိုတာကလည်းခက်သား သူ့ဟာသူဘာတွေပို ကောင်းပါတယ် ပြောထားပြောထား သုံနေကြလေးအဆင်ပြေ နေရင်ဆက်သုံးနေတာဘဲလေ ဒါလေးဘဲကြိုက်တယ်ဆိုတာပေါ့ Changes ကိုသိပ်လက်မခံနိုင်ကြဘူးဗျ။ သုံးရတာ သွက်လာပြီ Networking ပိုင်းတွေ UI တွေ ပိုကောင်းလာတယ် Touch ကို support လုပ်လာတယ် feature အသစ်တွေထပ်ထည့်ထားတယ်။ သူ့ Family တွေကတော့

Windows 7 Ultimate
Windows 7 Enterprise
Windows 7 Professional
Windows 7 Home Premium
Windows 7 Home Basic
Windows 7 Starter

Starter ဆိုတာကတကယ်တော့ပြောရရင် ပါတယ်ဆိုရုံဘဲဗျ။ တချို့ Laptop တွေက Windows license ပါတယ်ဆိုပြီး Starter ပါလာရှိတယ် အဲ့ဒါဆိုရင်တော့ တခါတည်းသာ ပြန်တင်လိုက်ပါ သုံးလို့မကောင်းပါဘူး။ Aero လည်းမဖောက်ဘူး 32bit only ဘဲထွက်တယ်။ Desktop wallpaper တောင် change လို့မရဘူး။

Home Basic မှာတော့ Aero မဖောက်သေးဘူး activation မှာလည်း restraction တွေရှိသေးတယ်။

Home Premium မှာတော့ Windows Media Center တွေ Aero တွေ Multi-touch တွေကို support လုပ်လာတယ်။

Profession ကတော့ small business တွေအတွက်ရည်ရွယ်ပြီးထုတ် ခဲ့တယ် Home Premium ရဲ့ Feature တွေအကုန်ပါလာပြီ။ အသစ်တွေ အနေနဲ့တော့ Remote Desktop server, location aware printing, backup to a network location, Encrypting File System, Presentation Mode, Software Restriction Policies စတောတွေပါဝင်လာတယ်။

Enterprise ကတော့ Enterprise Level တွေအတွက် VL (Volume Licensing) နဲ့ထုတ်ခဲ့တာဖြစ်တယ် Multilingual User Interface (MUI), BitLocker Drive Encryption တွေပါဝင်လာပါတယ်။

Ultimate ဒီဘက်မှာအသုံးများတဲ့ Version ၁ခုပါ ကျွန်တော်လည်း တော်တော်ကြာ၂ သုံးခဲ့တာ တခုပါ။ Enterprise နဲ့ feature တွေအတူတူဘဲ မတူတခုက Enterprise လိုမဟုတ်ဘဲ သူက Individual license နဲ့လာတာဖြစ်တယ်။
2012 Windows 8
Windows 8 ကတော့ Windows 7 ထက်ပိုကောင်အောင်ထုတ်လုပ်ခဲ့ပြီး Windows ရဲ့ ခေတ်သစ်၁ခုကို ပြောင်းလည်းခဲ့တယ် Start Menu ကနေစပြီး change ထားတယ် onlie cloud system နဲ့ချိတ်ဆက်အသုံးပြုတာတွေလုပ်ထားပေမယ့် 7မှာမရှိခဲ့တဲ့ အားနည်းချက်တွေ feature အသစ်တွေထပ်ဖြည့်ထားတယ်။ Software Free Download ဆွဲလို့ရတဲ့ site တွေ၊ Mobile device တွေကိုလည်း support လုပ်လာတယ် အဓိကတော့ နံမည်ကျော်လာတဲ့ Android OS ကို ဖိုက်ဖို့ဖြစ်ပြီး တိုးတက်လာတဲ့ Mobile Market ကိုယှဉ်ပြိုင်ထိုးဖောက်ဖို့ ထုတ်လုပ်ခဲ့တာဖြစ်တယ်။ သူ့မှာ USB 3.0 ကို support လုပ်ပြီး Data transfer rate ကိုပိုမြှင့်ထားပေးတယ်။ 7 နဲ့မတူတဲ့အချက်က copy ကူးရာမှာ ခဏရပ်ခွင့်ကို တခြား copier software တွေသုံးစရာမလိုဘဲ Built-in မှာတင် support လုပ်လာတာဖြစ်တယ်။ Built-in Anti-Virus program လည်းပါလာတယ် တင်ပြီးတာနဲ့ ချက်ချင်း Update လုပ်ပြီး စက်ကို protect လုပ်လို့ရတယ်ဗျ။ နောက်အားသာ တာတွေလည်းအများကြီးဘဲ နောက်ပိုင်းမှာ ရေးပေးမှာပါ။ သူ့ရဲ့ ထွက်ခဲ့တဲ့ version family တွေကတော့

Windows 8 Developer Preview
Windows 8 Consumer Preview
Windows 8 Release Preview
Windows 8 Basic Preview
Windows 8 Pro (VL/N)
Windows 8 Enterprise (VL/N)

Developer Preview ဆိုတာကတော့ စထုတ်ခါစ အမြည်းပေါ့ဗျာ Developer တွေအတွက်ပါ ပြင်စရာတွေ ယိုကွက်တွေကို သူတို့ကထောက်ပြမယ် သုံးလို့အဆင်မပြေတာတွေပြောမယ် ဒါတွေကို ပြန်ပြင်ပြီးနောက်Version တွေထုတ်ဖို့ပါ။ ဖြစ်ချင်တေှာ့ကျွန်တော်တို့ကအဲ့ Version နဲ့တွေ့ခဲ့တာကိုး ဒါကြောင့်ဘာမှလည်း သိပ်မပါသေးဘူး နောက်သုံးရတာအဆင်မပြေတော့ အဲ့ထဲက အင်သွားတာခုမှဘဲ ကြိုက်တော့တယ်။

Consumer Preview ကတော့နည်းနည်း ပိုကောင်းလာတယ် Beta Version ဖြစ်လာတယ် Stable တော့မဖြစ်သေးဘူး။

Release Preview မှာတော့တော်တော်စုံလာပြီ Sport, Travel, News apps စတဲ့ Feature အသစ်တွေအပြင် Internet Explorer, Flash player တွေပါ Built-in အနေနဲ့ပါဝင်လာတယ်။

Basic Version ကတော့ Feature တွေအားလုံးနီးပါး ပါဝင်လာတယ် Windows Store, Internet Explorer 10 စတာတွေပါလာတယ်။

ဒီဘက်မှာ အခုအသုံများနေတာကတော့ Pro Version ဘဲဗျ Enterprise လည်းသုံးသေးတယ် အဲ သူတို့နောက်မှာပါတဲ VL နဲ့ N version က VL ဆိုတာက Volume License ကိုပြောတာ ဒါက၊ N ကတော့ Windows Media မပါတာပါ။ သူကအရင် Windows 7 Ultimate, Professional တွေနဲ့ အပြိုင်သုံးလို့ကောင်းလာတယ် Remote Desktop, Encrypting System, Hyper-V, Windows Server Domain စတဲ့ Feature အသစ်တွေထပ်ပါလာတယ်။

Enterprise Version ကတော့ Performance အရမ်းကောင်းပြီး Feature တွေအစုံပါဝင်လာပါတယ် အသစ်နေနဲ့ကတော့ Windows Media Center Add On ပါဝင်လာတယ် နောက်အအရင် Version တွေမှာဖြစ်ခဲ့တဲ့ Windows Error တော်တော်များများကို ပြန်လည်ပြုပြင်ထားတယ်။ Laptop, Notebook တွေအတွက် Battery သက်တမ်းပိုကြာအောင်လုပ်ထားတယ်။
ကဲရေးတာလည်းများသွားပြီ ဒီအပိုင်းကိုတော့ ဒီလောက်နဲ့ဘဲရပ်လိုက်ပါမယ် ဒီလောက်ဆိုရင် Microsoft ဖြစ်လာပုံ ခုသုံးနေတဲ့ Windows ရဲ့ အဆင့်ဆင့် ဖြစ်ပေါ်လာပုံကိုသိလောက်ပါပြီ။ နောက်ရက်တွေမှာ Prat II သူ့ရဲ့ Feature တွေကိုအသုံးပြုပုံကြောင်း Win7 နဲ့ကွားခြားချက်တွေကို ဆက်လက်တင်ပေးပါ့မယ်။

ခုရေးခဲ့တာတွေကို အောက်ပါစာအုပ်များ လင့်များမှ ကိုးကားပါတယ်။ ချို့ယွင်းချက်များရှိ ခဲ့ရင် ပြန်ဆိုသူကျွန်တော်ရဲ့ လိုအပ်ချက်သာဖြစ်ပါတယ်။ Windows 8 နဲ့ပတ်သက်ပြီး တော့ Youth ကစာအုပ်လေးထုတ် ထားပါတယ် ကောင်းပါတယ် သူ့အကြောင်းတွေ သုံးပုံတွေ တော်တော်လေးတော့ သိသွားနိုင်ပါတယ် ဈေးလည်း သိပ်မရှိဘူးဗျ ကျွန်တော်လည်း စတင်တင်ပြီးချင်း အပြင်သွားတုံး အဲ့စာအုပ်လေး တွေ့လို့ ၀ယ်ပြီးဖတ်ကြည့် တာကောင်းပါတယ် အခမဲ့ကြော်ငြာပေးနေပါသည် ကော်မရှင်လည်း ပေးဘူးဂျ :P။ ကဲအားလုံးကိုကျေးဇူးတင်ပါတယ်……………

Ref: Windows 8 -YOUTH
http://en.wikipedia.org/wiki/Microsoft_Windows
http://en.wikipedia.org/wiki/Windows_7_editions
http://en.wikipedia.org/wiki/Windows_8
http://en.wikipedia.org/wiki/Microsoft_Windows


Hidden Village


If you are willing to learn

There is nothing impossible

ကဲအားလုံးလည်း မတွေ့တာကြာပြီ  အခု နေမကောင်းဘူးဗျာ တော်တော်မကောင်းတာ စာလည်း သိပ်မရေးနိုင်သေးလို့ နည်းနည်း ဘဲတင်ပေးလိုက်ပါတ...
10/08/2013

ကဲအားလုံးလည်း မတွေ့တာကြာပြီ အခု နေမကောင်းဘူးဗျာ တော်တော်မကောင်းတာ စာလည်း သိပ်မရေးနိုင်သေးလို့ နည်းနည်း ဘဲတင်ပေးလိုက်ပါတယ်။

Desktop ပေါ်မှာ သူများတွေမမြင်အောင် လျှို့ဝှက် Folder ဆောက်ပြီး သိမ်းချင်တာတွေသိမ်းဖို့ပါ… ဘာပဲသိမ်းသိမ်းပေါ့နော် :P…

ပထမ Desktop မှာ Folder 1ခုဆောက်လိုက်ပါ name 1ခုပေးထားလိုက်ပါ… ဥပမာ aa
ပြီးလျှင် F2 ကိုနှိပ်ပါ … Alt key ကိုဖိပြီး 0160 နှိပ်လိုက်ပါ ပထမပေးထားသော aa ပျောက်သွားပါမည်။

ဒုတိယ .. folder ကို Right click နှိပ်ပြီး Properties ကိုသွားပါ..Customize မှာ Change Icon ဆိုတာတွေ့ပါလိမ့်မည် အဲ့မှာ blank icon … Icon အလွတ်တခုကိုယူပါ Ok နှိပ်ပြီး ပြန်ထွက်လိုက်ရင် Desktop ပေါ်မှာ လျှို့ဝှက် Icon ၁ ခုရပါပြီ။

If you’re willing to Learn
Nothing is Impossible

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Hidden Leaf posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hidden Leaf:

Share