04/09/2026
Router တွေ Route ကို အလိုအလျောက် ဘယ်လိုတွက်ကြလဲဆိုတာကို ရှေ့မှာ Dynamic Routing အကြောင်းကို လေ့လာခဲ့ပါတယ်။
ဒီနေ့တော့ Dynamic Routing Protocol တွေထဲမှာ CCNA အတွက် အရေးကြီးတဲ့ OSPF ကို စတင်လေ့လာကြမယ်။
OSPF ဆိုတာဘာလဲ?
OSPF = Open Shortest Path First
OSPF က Dynamic Routing Protocol တစ်ခုဖြစ်ပြီး Router တွေအချင်းချင်း Network Information တွေကို မျှဝေပြီး ဘယ်လမ်းကြောင်းကနေ Packet ပို့ရမလဲဆိုတာ အလိုအလျောက်တွက်ပေးပါတယ်။
အလွယ်ပြောရရင် Router တွေကို Network လမ်းကြောင်းတွေကို အလိုအလျောက်လေ့လာပြီး အကောင်းဆုံး Route ရွေးနိုင်အောင် ကူညီပေးတဲ့ Protocol ပါ။
Static Routing မှာAdministrator က ကိုယ်တိုင် Route ထည့်ပေးရပါတယ်။ Network ကြီးလာရင် Route တွေကို manually configure လုပ်ရတာများလာပါတယ်။
OSPF မှာ တော့ Router တွေက OSPF အသုံးပြုပြီး
Information တွေ အချင်းချင်း မျှဝေကြပါတယ်။
ပြီးတော့ Router က ရရှိထားတဲ့ Information ကို အသုံးပြုပြီး Best Path ကို တွက်ပါတယ်။
OSPF က ဘယ်လိုအလုပ်လုပ်လဲ?
OSPF ကို နားလည်ဖို့ အခြေခံအားဖြင့် ဒီ Concept ၃ ခုကို သိထားရပါမယ်။
1️⃣ Neighbor
OSPF သုံးထားတဲ့ Router တွေက အချင်းချင်း Neighbor Relationship တည်ဆောက်ကြပါတယ်။
Neighbor ဖြစ်ပြီးတဲ့နောက် Network Information တွေကို အချင်းချင်း Exchange လုပ်နိုင်ပါတယ်။
2️⃣ LSDB 🗺️
OSPF Router တွေက Network Topology Information တွေကို သိမ်းထားတဲ့
LSDB = Link-State Databaseကို အသုံးပြုပါတယ်။
LSDB ဆိုတာ networkရဲ့ Map ပါ။ OSPF Router တွေက Network ရဲ့ ချိတ်ဆက်ပုံကို သိလာကြပါတယ်။
3️⃣ SPF Algorithm
OSPF က SPF (Shortest Path First) Algorithm ကို အသုံးပြုပြီး Best Path ကို တွက်ပါတယ်။
ဒီ Algorithm ကို Dijkstra’s Algorithm လို့လည်း ခေါ်ပါတယ်။
10
R1 -------- R2
| |
20 5
| |
R3 -------- R4
5
R1 က R4 ကိုသွားမယ်ဆိုရင် လမ်းကြောင်းတွေကို နှိုင်းယှဉ်ပြီး Cost ကို အသုံးပြုကာ Best Path ကို ရွေးချယ်နိုင်ပါတယ်။
🔹 OSPF မှာ “Cost” ဆိုတာဘာလဲ?
OSPF က Route ရွေးတဲ့အခါ Cost ဆိုတဲ့ Metric ကို အသုံးပြုပါတယ်။
အခြေခံ Concept က
Cost နည်းတဲ့ Path = ပိုကောင်းတဲ့ Path ဖြစ်ပါတယ်။
Eg. Path A → Cost = 20
Path B → Cost = 10
OSPF အနေနဲ့ဆိုရင်Path B ကို ရွေးနိုင်ပါတယ်။
OSPF Area ဆိုတာ?
Network ကြီးလာတဲ့အခါ OSPF Network ကို Areas အဖြစ် ခွဲပြီး စီမံနိုင်ပါတယ်။
အရေးကြီးဆုံးက
⭐ Area 0
OSPF မှာ Area 0 = Backbone Area ဖြစ်ပါတယ်။
🔹 OSPF ကို ဘာကြောင့်အသုံးများလဲ?
✅ Route တွေကို Automatically Learn လုပ်နိုင်တယ်
✅ Network ကြီးလာရင် Scale လုပ်နိုင်တယ်
✅ Topology ပြောင်းလဲရင် Route တွေကို ပြန်တွက်နိုင်တယ်
✅ Open Standard ဖြစ်လို့ Vendor အမျိုးမျိုးမှာ အသုံးပြုနိုင်တယ်။
✅ CCNA / Enterprise Networking မှာ အရေးကြီးတဲ့ Routing Protocol တစ်ခုဖြစ်တယ်။