Y-Net Computer & Network Services

Y-Net Computer & Network Services Responsible and supporting the issues that regarding with computer and network services.

04/09/2026

Router တွေ Route ကို အလိုအလျောက် ဘယ်လိုတွက်ကြလဲဆိုတာကို ရှေ့မှာ Dynamic Routing အကြောင်းကို လေ့လာခဲ့ပါတယ်။

ဒီနေ့တော့ Dynamic Routing Protocol တွေထဲမှာ CCNA အတွက် အရေးကြီးတဲ့ OSPF ကို စတင်လေ့လာကြမယ်။

OSPF ဆိုတာဘာလဲ?

OSPF = Open Shortest Path First

OSPF က Dynamic Routing Protocol တစ်ခုဖြစ်ပြီး Router တွေအချင်းချင်း Network Information တွေကို မျှဝေပြီး ဘယ်လမ်းကြောင်းကနေ Packet ပို့ရမလဲဆိုတာ အလိုအလျောက်တွက်ပေးပါတယ်။

အလွယ်ပြောရရင် Router တွေကို Network လမ်းကြောင်းတွေကို အလိုအလျောက်လေ့လာပြီး အကောင်းဆုံး Route ရွေးနိုင်အောင် ကူညီပေးတဲ့ Protocol ပါ။

Static Routing မှာAdministrator က ကိုယ်တိုင် Route ထည့်ပေးရပါတယ်။ Network ကြီးလာရင် Route တွေကို manually configure လုပ်ရတာများလာပါတယ်။

OSPF မှာ တော့ Router တွေက OSPF အသုံးပြုပြီး
Information တွေ အချင်းချင်း မျှဝေကြပါတယ်။
ပြီးတော့ Router က ရရှိထားတဲ့ Information ကို အသုံးပြုပြီး Best Path ကို တွက်ပါတယ်။

OSPF က ဘယ်လိုအလုပ်လုပ်လဲ?

OSPF ကို နားလည်ဖို့ အခြေခံအားဖြင့် ဒီ Concept ၃ ခုကို သိထားရပါမယ်။

1️⃣ Neighbor

OSPF သုံးထားတဲ့ Router တွေက အချင်းချင်း Neighbor Relationship တည်ဆောက်ကြပါတယ်။
Neighbor ဖြစ်ပြီးတဲ့နောက် Network Information တွေကို အချင်းချင်း Exchange လုပ်နိုင်ပါတယ်။

2️⃣ LSDB 🗺️

OSPF Router တွေက Network Topology Information တွေကို သိမ်းထားတဲ့

LSDB = Link-State Databaseကို အသုံးပြုပါတယ်။
LSDB ဆိုတာ networkရဲ့ Map ပါ။ OSPF Router တွေက Network ရဲ့ ချိတ်ဆက်ပုံကို သိလာကြပါတယ်။

3️⃣ SPF Algorithm

OSPF က SPF (Shortest Path First) Algorithm ကို အသုံးပြုပြီး Best Path ကို တွက်ပါတယ်။

ဒီ Algorithm ကို Dijkstra’s Algorithm လို့လည်း ခေါ်ပါတယ်။

10
R1 -------- R2
| |
20 5
| |
R3 -------- R4
5

R1 က R4 ကိုသွားမယ်ဆိုရင် လမ်းကြောင်းတွေကို နှိုင်းယှဉ်ပြီး Cost ကို အသုံးပြုကာ Best Path ကို ရွေးချယ်နိုင်ပါတယ်။

🔹 OSPF မှာ “Cost” ဆိုတာဘာလဲ?

OSPF က Route ရွေးတဲ့အခါ Cost ဆိုတဲ့ Metric ကို အသုံးပြုပါတယ်။

အခြေခံ Concept က

Cost နည်းတဲ့ Path = ပိုကောင်းတဲ့ Path ဖြစ်ပါတယ်။

Eg. Path A → Cost = 20
Path B → Cost = 10

OSPF အနေနဲ့ဆိုရင်Path B ကို ရွေးနိုင်ပါတယ်။

OSPF Area ဆိုတာ?

Network ကြီးလာတဲ့အခါ OSPF Network ကို Areas အဖြစ် ခွဲပြီး စီမံနိုင်ပါတယ်။

အရေးကြီးဆုံးက

⭐ Area 0

OSPF မှာ Area 0 = Backbone Area ဖြစ်ပါတယ်။

🔹 OSPF ကို ဘာကြောင့်အသုံးများလဲ?

✅ Route တွေကို Automatically Learn လုပ်နိုင်တယ်
✅ Network ကြီးလာရင် Scale လုပ်နိုင်တယ်
✅ Topology ပြောင်းလဲရင် Route တွေကို ပြန်တွက်နိုင်တယ်
✅ Open Standard ဖြစ်လို့ Vendor အမျိုးမျိုးမှာ အသုံးပြုနိုင်တယ်။
✅ CCNA / Enterprise Networking မှာ အရေးကြီးတဲ့ Routing Protocol တစ်ခုဖြစ်တယ်။

02/09/2026

Dynamic Routing ဆိုတာ ဘာလဲ?

Router တွေက Route တွေကို အချင်းချင်း ဘယ်လိုသင်ယူကြလဲ?

Router 3 လုံးပဲရှိရင်တောင် Route တွေကို Manual ထည့်ရတာ အနည်းငယ်အလုပ်များလာပါပြီ။

Router 50 လုံး၊ 100 လုံးရှိတဲ့ Enterprise Network ဆိုရင်တော့ ပိုဆိုးပါတယ်။

အဲ့တာကြောင့် Dynamic Routing ကို သုံးပါတယ်။

Router တွေက Routing Protocol ကိုအသုံးပြုပြီး အချင်းချင်း Network Information တွေမျှဝေကာ Route တွေကို အလိုအလျောက် သင်ယူတာ ကို Dynamic Routing လို့ခေါ်ပါတယ်။

အဓိက အသုံးပြုကြတဲ့ Protocolsတွေက ဘာတွေလဲ?

၁။ Distance Vector (ဥပမာ - RIP):

အနီးဆုံးRouterတွေကို ကိုယ့်ဆီမှာရှိတဲ့ လမ်းကြောင်းဇယားတွေ ပေးပို့ပြီး လမ်းကြောင်းရှာတဲ့ ပုံစံပါ။

၂။ Link-State (ဥပမာ - OSPF)

ကွန်ရက်တစ်ခုလုံးရဲ့ မြေပုံလိုမျိုး Topologyအချက်အလက်တွေကို Routerအားလုံးဆီ ပို့ပေးပါတယ်။ Routerတစ်လုံးချင်းစီကနေ အတိုဆုံးနဲ့ အကောင်းဆုံးလမ်းကြောင်းကို ကိုယ်တိုင်တွက်ချက်ယူပါတယ်။
၃။ Path-Vector (ဥပမာ - BGP):
အင်တာနက်ကြီးတစ်ခုလုံးလိုမျိုး ကြီးမားတဲ့ နယ်ပယ်တွေ (Autonomous Systems) အချင်းချင်း ချိတ်ဆက်ရာမှာ အသုံးပြုပါတယ်။

အားသာချက်

✅ 1. Automatic Learning

Route တွေကို Router တွေက အလိုအလျောက် သင်ယူနိုင်တယ်။

✅ 2. Network ကြီးလာရင် အသုံးဝင်

Router အများကြီးရှိတဲ့ Network တွေအတွက် သင့်တော်ပါတယ်။

✅ 3. Network Change ကို လိုက်လျောညီထွေ ပြောင်းနိုင်

လမ်းကြောင်းတစ်ခု Down သွားရင် Routing Protocol အပေါ်မူတည်ပြီး အခြား Route ကို ရွေးနိုင်ပါတယ်။

အားနည်းချက်

Dynamic Routing က အလိုအလျောက် အလုပ်လုပ်ပေးပေမယ့်—

Router CPU / Memory / Bandwidth Resources

တွေကို အသုံးပြုနိုင်ပါတယ်။

ပြီးတော့ Routing Protocol တစ်ခုချင်းစီရဲ့ Configuration နဲ့ Behavior ကို Network Administrator က နားလည်ထားဖို့ လိုပါတယ်။

27/08/2026

Static Route ဆိုတာ ဘာလဲ ။

Networking မှာ Router နှစ်ခု (သို့) အဲ့ဒီထက်ပိုတဲ့ Network တွေ အချင်းချင်း ချိတ်ဆက်ပြီး Data တွေ ပို့ဆောင်တဲ့အခါ (Routing လုပ်တဲ့အခါ) လမ်းကြောင်းသတ်မှတ်ပေးဖို့ လိုအပ်ပါတယ်။

အဲ့ဒီလမ်းကြောင်းသတ်မှတ်တဲ့နေရာမှာ Network Admin က တိုက်ရိုက် (Manually) ဝင်ရောက်သတ်မှတ်ပေးရတဲ့ နည်းလမ်းကို Static Route လို့ ခေါ်ပါတယ်။

Example -

💻 PC
192.168.1.10
│
▼
🌐 R1
│
│
▼
🌐 R2
│
▼
🏢 Network B
10.10.10.0/24

R1 က 192.168.1.0/24 ကို သိပါတယ်။ R2 က 10.10.10.0/24 ကို သိပါတယ်။ဒါပေမယ့် R1 က Network B ကို မသိသေးဘူးဆိုရင်

R1 → ❓ → 10.10.10.0/24 အဲ့လိုဖြစ်နေမှာပါ။

ဒါကြောင့် R1 ကို10.10.10.0/24 ကို R2 ဆီကနေ သွားပါလို့ သင်ပေးရပါတယ်။

Cisco Routerတွေ မှာ Static Route ဘယ်လိုထည့်မလဲ?

Cisco IOS မှာ Basic Syntax က

ip route [destination-network] [subnet-mask] [next-hop] ဒီလိုပါ။

ဥပမာ -

R1(config) # ip route 10.10.10.0 255.255.255.0 192.168.1.2

ဆိုရင် R1 ကို10.10.10.0/24 Network သွားချင်ရင် 192.168.1.2 ဆီ ပို့ပါလို့ ပြောလိုက်တာပါ။

Command ကို ခွဲကြည့်မယ်။

# ip route

Static Route ထည့်မယ်။

10.10.10.0

သွားချင်တဲ့ Destination Network ရေးမယ်။

255.255.255.0

Subnet Mask

192.168.1.2

Next-Hop Router

ဒီလို ခွဲမှတ်ထားရင် Command ကို အလွတ်ကျက်စရာမလိုပါဘူး။

🚦 Next-Hop ဆိုတာဘာလဲ?

Next-Hop ဆိုတာDestination ကိုသွားဖို့ Packet ကို နောက်တစ်ဆင့် ဘယ် Router ဆီ ပို့ရမလဲဆိုတဲ့ Router ရဲ့ IP Addressဖြစ်ပါတယ်။ ဥပမာ 👇🏻

R1 ───── R2 ───── Network B
↑
Next-Hop
192.168.1.2

R1 က Network B ကို တိုက်ရိုက်မရောက်နိုင်ဘူး။

ဒါကြောင့်R2 ဆီ အရင်ပို့လို့ သတ်မှတ်ထားတာပါ။

Route ထည့်ပြီးပြီလား ဘယ်လိုစစ်မလဲ?

show ip route လို့ ရိုက်ပါ။

Static Route ကို တွေ့ရင် ပုံမှန်အားဖြင့်

S 10.10.10.0/24 လိုမျိုး S နဲ့ တွေ့ရပါမယ်။

S ကတော့ Staticလို့ မှတ်ထားပါ။

🔄 Static Routing ရဲ့ အားသာချက်

✅ Configuration ရိုးရှင်းတယ်

✅ Network Administrator က Route ကို အတိအကျ ထိန်းချုပ်နိုင်တယ်

✅ Router Resource အသုံးပြုမှု နည်းနိုင်တယ်

✅ Network သေးသေးလေးတွေမှာ အသုံးဝင်တယ်

⚠️ အားနည်းချက်

Router အများကြီးရှိတဲ့ Network မှာ

Route တွေကို တစ်ခုချင်း Manual ထည့်ရမယ်ဆိုရင်—

😵‍💫 Configuration များလာမယ်။

Network တစ်ခု Down သွားရင်လည်း Route ကို ကိုယ်တိုင် ပြန်ပြင်ရနိုင်ပါတယ်။

ဒါကြောင့် Network ကြီးလာတဲ့အခါDynamic Routing Protocolတွေကို အသုံးပြုလာကြပါတယ်။

✅ Static Route = Manual Route

✅ Destination Network ကို သတ်မှတ်ရတယ်။

✅ Next-Hop ကို သတ်မှတ်နိုင်တယ်။

✅ Cisco မှာ ip route နဲ့ ထည့်နိုင်တယ်။

✅ show ip route နဲ့ Routing Table ကို စစ်နိုင်တယ်။

26/08/2026

မနေ့က Router အကြောင်းမှာ Router က Destination IP Address ကိုကြည့်ပြီး ဘယ် Network ဆီ Packet ပို့ရမလဲ ဆုံးဖြတ်တယ် လို့ လေ့လာခဲ့ပါတယ်။
ဒါပေမယ့် မေးစရာရှိပါတယ်။

Router က Network တစ်ခုဆီ သွားရမယ့် လမ်းကြောင်းကို ဘယ်က သိတာလဲ?

ဟုတ်ပါတယ်။ Router က Routing Tableကို ကြည့်ပြီး အလုပ်လုပ်တာပါ။Routing Table ဆိုတာ အလွယ်ပြောရရင်Router က ဘယ် Destination Network ကို ဘယ်လမ်းကြောင်းကနေ ပို့ရမလဲဆိုတာ သိမ်းထားတဲ့ Table ဖြစ်ပါတယ်။

လက်တွေ့ဘဝနဲ့ဆိုGoogle Maps မှာ လမ်းကြောင်းတွေရှိသလိုRouter မှာလည်းRouting Table ထဲမှာ Network လမ်းကြောင်းတွေ ရှိပါတယ်။

Routing Table Example 👇🏻👇🏻

Destination Network Next Hop

192.168.1.0/24 Directly Connected
10.10.10.0/24 192.168.1.2
172.16.0.0/16 192.168.1.3
0.0.0.0/0 ISP

လိုမျိုး Route တွေ ရှိတယ်ဆိုပါစို့။

Router က Destination IP ကိုကြည့်ပြီး သင့်တော်တဲ့ Route ကို ရွေးပါတယ်။

Router ရဲ့ Interface တစ်ခုမှာ IP Address သတ်မှတ်ထားရင် အဲဒီ Network ကို Router က တိုက်ရိုက်ချိတ်ဆက်ထားတယ် လို့ သိနိုင်ပါတယ်။

ဥပမာ -

Router InterfaceIPက 192.168.1.1/24 ဆိုရင်

192.168.1.0/24 က Network က Router နဲ့ Directly Connected ဖြစ်ပါတယ်။ အဲ့တာကို connected route လို့ ခေါ်ပါတယ်။

💻Static Route

Administrator က ကိုယ်တိုင် Route ထည့်ပေးတာကို

Static Routeလို့ခေါ်ပါတယ်။ ဥပမာ -

10.10.10.0/24
↓
192.168.1.2 ဆိုပြီး “10.10.10.0/24 ကိုသွားရင် 192.168.1.2 ကနေ သွား”လို့ Router ကိုသတ်မှတ်ပေးတာပါ။

📀Dynamic Route

Network ကြီးလာရင် Route တွေကို တစ်ခုချင်း Manual ထည့်နေရတာ အဆင်မပြေတော့ပါဘူး။

ဒီအခါ Router တွေက Routing Protocol တွေကို အသုံးပြုပြီး Route Information ကို အပြန်အလှန် သင်ယူနိုင်ပါတယ်။

ဥပမာ

OSPF
EIGRP
BGP စတဲ့ Routing Protocol တွေ ရှိပါတယ်။

CCNA မှာတော့ OSPF ကို အထူးအရေးကြီးစွာ လေ့လာရပါမယ်။

⭐ Default Route ဆိုတာ?

ဒီ Route ကိုလည်း မှတ်ထားပါ။

0.0.0.0/0

ဒါကိုDefault Routeလို့ခေါ်ပါတယ်။

အလွယ်ပြောရရင်

“တခြား Route တိတိကျကျ မတွေ့ရင် ဒီလမ်းကနေ ပို့ပါ”

ဆိုတဲ့ Backup / Catch-all Route လိုမျိုးပါ။

🌐 Internet Example

Home Router တစ်လုံးမှာ

192.168.1.0/24
↓
Local LAN

0.0.0.0/0
↓
ISP

ဆိုပြီး ရှိနိုင်ပါတယ်။

မိမိ Local Network မဟုတ်တဲ့ Destination တွေကို

Default Route ကနေ ISP ဆီ ပို့ပေးနိုင်ပါတယ်။

🌇Router က Route ဘယ်လိုရွေးလဲ?

Router က Destination IP နဲ့ ကိုက်ညီတဲ့ Route တွေထဲကအရှည်ဆုံး Prefix Matchကို ဦးစားပေးပါတယ်။

ဒါကိုLongest Prefix Matchလို့ခေါ်ပါတယ်။

ဥပမာ Routing Table မှာ

10.0.0.0/8
10.10.0.0/16
10.10.10.0/24 ဆိုပြီး ရှိတယ်။

Destination က 10.10.10.50 ဆိုရင်

ဒီ Route 3 ခုလုံးနဲ့ ကိုက်နိုင်ပါတယ်။

ဒါပေမယ့် Router က /24ကို ရွေးပါတယ် ။

ဘာလို့လဲ ဆိုတော့ /24 က ပို Specific ဖြစ်လို့ပါ။

Router ကDestination ကို အတိအကျဆုံး ဖော်ပြထားတဲ့ Route ကို ရွေးမယ်”လို့ မှတ်ထားပါ။

📋 Routing Table ကို ဘယ်လိုကြည့်မလဲ?

Cisco Router မှာ

show ip route ဆိုတဲ့ Command နဲ့ Routing Table ကို ကြည့်နိုင်ပါတယ်။

ဥပမာ -

R1 # show ip route ရိုက်လိုက်ရင် Router ရဲ့ Route တွေကို ကြည့်နိုင်ပါတယ်။

✅ Routing Table = Router ရဲ့ Network Map

✅ Connected Route = Router Interface နဲ့ တိုက်ရိုက်ချိတ်ထားတဲ့ Network

✅ Static Route = Admin က Manual ထည့်တဲ့ Route

✅ Dynamic Route = Routing Protocol ကနေ သင်ယူတဲ့ Route

✅ 0.0.0.0/0 = Default Route

✅ Longest Prefix Match = ပို Specific ဖြစ်တဲ့ Route ကို ဦးစားပေးခြင်း

Y-Net Computer & Network Services
🌐 Learn Networking. Build Your Skills.

25/08/2026

Switch နဲ့ Router ဘာကွာလဲ?

မနေ့က Switch အကြောင်းလေ့လာခဲ့တယ်။

Switch ဆိုတာ

MAC Address ကိုအသုံးပြုပြီး Local Network ထဲမှာ Frame တွေကို Forward လုပ်ပေးတယ်။

ဒါဆို Router ကရော ဘာလုပ်တာလဲ?

🌐 Router ဆိုတာဘာလဲ?

အလွယ်ပြောရရင်

Router ဆိုတာ Network တစ်ခုနဲ့တစ်ခုကြား Data Packet တွေကို ပို့ပေးတဲ့ Network Device ဖြစ်ပါတယ်။ဥပမာ -

🏠 Network A
192.168.1.0/24
│
▼
🔀 Switch
│
▼
🌐 Router
│
▼
🌐 Internet
│
▼
🏢 Network B
10.0.0.0/24

ဒီလို Network မတူတဲ့နေရာတွေကို ဆက်သွယ်ပေးတာ Router ရဲ့ အဓိကတာဝန်ပါ။

🔀 Switch နဲ့ Router ဘာကွာလဲ?

ဒီနှစ်ခုကို Beginner တွေ အများဆုံး ရောထွေးတတ်ပါတယ်။

🔀 Switch

ဘယ် Device ဆီ ပို့ရမလဲ?

အဓိက MAC Address ကို အသုံးပြုပါတယ်။

🌐 Router

ဘယ် Network ဆီ ပို့ရမလဲ?

အဓိက IP Address ကို အသုံးပြုပါတယ်။

လက်တွေ့မှာတော့ ဒီလိုသုံးပါတယ်။

💻 Laptop
192.168.1.10
│
▼
🔀 Switch
│
▼
🌐 Router
192.168.1.1
│
▼
Internet

Laptop က 192.168.1.20 လို ကိုယ့် Local Network ထဲက Device ကို ပို့မယ်ဆိုရင် Switch က အဓိက အလုပ်လုပ်ပါတယ်။

ဒါပေမယ့်

8.8.8.8 လို တခြား Network ကို သွားချင်ရင် Router ဆီကို ပို့ရပါတယ်။

ဒါကြောင့် Router ကို

🚪 Network အချင်းချင်းကြားက Gateway

လိုမျိုး နားလည်ထားလို့ရပါတယ်။

Router က ဘယ်လိုဆုံးဖြတ်လဲ?

Router မှာ Routing Tableဆိုတာရှိပါတယ်။

Routing Table ထဲမှာ

ဘယ် Network ကို ဘယ်လမ်းကြောင်းကနေ သွားရမလဲဆိုတဲ့ Information တွေ ရှိပါတယ်။

ဥပမာ routing table က ဒီလိုပါ။

Destination Network Next Hop / Interface

192.168.1.0/24 Directly Connected
10.10.10.0/24 192.168.1.2
172.16.0.0/16 192.168.1.3
0.0.0.0/0 ISP

Router က Packet ရဲ့ Destination IP ကိုကြည့်ပြီး Routing Table နဲ့ တိုက်စစ်ပါတယ်။

Router ရဲ့ အရေးကြီးတဲ့ အလုပ် 3 ခု

① Routing

ဘယ် Network ဆီသွားရမလဲ ဆုံးဖြတ်တယ်။

② Forwarding

ဆုံးဖြတ်ထားတဲ့ လမ်းကြောင်းအတိုင်း Packet ကို ပို့တယ်။

③ Connecting Networks

Network မတူတာတွေကို ချိတ်ဆက်ပေးတယ်။

📦 Frame နဲ့ Packet ကိုလည်း ခွဲသိထားပါ။

ဒီနေရာကနေ CCNA လေ့လာတဲ့အခါ အရေးကြီးလာပါပြီ။

🔀 Switch

အဓိကအားဖြင့်Ethernet Frameကို Forward လုပ်ပါတယ်။

🌐 Router

အဓိကအားဖြင့်IP Packetကို Route / Forward လုပ်ပါတယ်။

ဒီလိုအလွယ်မှတ်ပါ👇🏻

Switch → Frame → MAC
Router → Packet → IP

ကိုယ့်ရဲ့ PC ကနေ Internetကို အောက်ပါအတိုင်း သွားပါတယ်။

💻 Your PC
│
▼
🔀 Switch / Wi-Fi
│
▼
🌐 Default Gateway
│
▼
🌐 Router
│
▼
🌐 ISP
│
▼
🌍 Internet

Router က Network Device ဖြစ်ပါတယ်။

Default Gateway ကတော့ Device တစ်ခုက Local Network အပြင်ကို Packet ပို့တဲ့အခါ အသုံးပြုမယ့် Gateway Address ဖြစ်ပါတယ်။

ဥပမာ

PC
IP: 192.168.1.10
│
▼
Default Gateway
192.168.1.1
│
▼
Router

အများအားဖြင့် Home Network မှာ Router ရဲ့ LAN IP ကို Default Gateway အဖြစ် သတ်မှတ်ထားတာ တွေ့ရပါတယ်။

Router တစ်လုံးမှာ Network အမျိုးမျိုးနဲ့ ချိတ်ဆက်ဖို့ Interfaces တွေရှိနိုင်ပါတယ်။

အဓိက အချက် ၅ခု ။

✅ Router = Network တစ်ခုနဲ့တစ်ခုကြား ဆက်သွယ်ပေးတဲ့ Device

✅ Router က IP Address ကို အဓိက အသုံးပြုပါတယ်။

✅ Router မှာ Routing Table ရှိပါတယ်။

✅ Routing Table ကိုကြည့်ပြီး Destination Network ဆီ သွားမယ့် Route ကို ရွေးပါတယ်။

✅ Switch → Frame/MAC
Router → Packet/IP




24/08/2026

Switch ဆိုတာ ဘာလဲ?

Data ကို ဘယ် Device ဆီ ပို့ရမလဲ Switch က ဘယ်လိုသိတာလဲ?

Network တစ်ခုမှာ PC , Printer ,Phone
Server စတဲ့ Device တွေ အများကြီးကို ချိတ်ဆက်ထားရပါတယ်။

ဒါဆို Device တစ်ခုက တခြား Device တစ်ခုဆီ Data ပို့တဲ့အခါ Data ကို ဘယ် Device ဆီ ပို့ရမလဲ ဆိုတာ Switch က ဘယ်လိုသိမလဲ။

ဒီနေရာမှာ MAC Address Table ဆိုတာ အရေးကြီးလာပါတယ်။

Switch က Local Network (LAN) ထဲမှာ Device တွေကို ချိတ်ဆက်ပေးပြီး Ethernet Frame တွေကို သက်ဆိုင်ရာ Port ဆီ Forward လုပ်ပေးတဲ့ Network Device ဖြစ်ပါတယ်။ ဥပမာ -

PC1 က PC2 ကို Data ပို့တဲ့အခါ Switch က ဘယ် Port က PC2 ဆီရောက်မလဲ ဆိုတာ ဆုံးဖြတ်ပေးပါတယ်။

ဒါဆိုရင် Switch က ဘာကို အသုံးပြုလဲ?

Switch က အဓိကအားဖြင့် MAC Address

ကို အသုံးပြုပြီး Frame ကို Forward လုပ်ပါတယ်။

Router ကတော့ IP Address ကို အဓိကအသုံးပြုပြီး Network တစ်ခုနဲ့တစ်ခုကြား Packet ကို Route လုပ်ပါတယ်။

ဒီလိုလေး တွဲမှတ်ထားလဲ ရပါတယ်။

🔀 Switch → MAC Address
🌐 Router → IP Address

စောနက MAC Address နဲ့ ပတ်သတ်ပြီး ပြောခဲ့တော့ MAC Address Table ဆိုတာကရော ဘာလဲ?

Switch မှာ သူ့ကို လာချိတ်ဆက်တဲ့

ဘယ် Device ရဲ့ MAC Address က ဘယ် Port မှာရှိလဲဆိုတာကို မှတ်ထားတဲ့ Table တစ်ခုရှိပါတယ်။

အဲဒီ Table ကိုMAC Address Table လို့ခေါ်ပါတယ်။

ဥပမာ -

MAC Address Switch Port

AA:AA:AA:AA:AA:01 Fa0/

BB:BB:BB:BB:BB:02 Fa0/2

CC:CC:CC:CC:CC:03 Fa0/3

ဒါဆိုရင် MAC Address Tableကို သိလောက်ပါပီ။

ဆက်ပြီးတော့ Switch က MAC Address ကို ဘယ်လိုlearn လုပ်လဲ ကြည့်ရအောင်။

ဒါကလဲ အရေးကြီးပါတယ်နော်။

Switch က Network ထဲမှာ Frame ဝင်လာတိုင်း Source MAC Address ကို ကြည့်ပါတယ်။

ဥပမာ PC1 ကနေ network ထဲကို frame တစ်ခုပို့လိုက်တယ်ဆိုရင် Switchက အဲ့ဒီ frame ရဲ့ source MAC addressကြည့်လိုက်တော့ PC1 ကနေ လာတယ်ဆိုတာသိပြီး PC1 က Fa 0/1 port မှာ ချိတ်ထားတယ်ဆိုတာကို တွဲမှတ်ထားပါတယ်။ MAC Address Learning လို့ခေါ်ပါတယ်။
နောက် စက်တစ်လုံးက အလားတူပို့ရင်လဲ အဲ့လိုပဲ Learnလုပ်ထားပီး မှတ်ထားပါတယ်။ ဒါကြောင့် switch ဟာ MAC Addressကို အဲ့လိုနည်းနဲ့ Learnလုပ်ပီး MAC Address Tableကို တည်ဆောက်တာပါ။

PC1 က PC2 ကို Data ပို့ရင်

PC1
MAC = AA:AA:AA:AA:AA:01

↓

SWITCH

↓

PC2
MAC = BB:BB:BB:BB:BB:02

PC1 က Frame ပို့လိုက်တဲ့အခါ Switch က

① Source MAC ကိုကြည့်တယ်

AA:AA:AA:AA:AA:01

② Destination MAC ကိုကြည့်တယ်

BB:BB:BB:BB:BB:02

③ MAC Table ထဲမှာ ရှာတယ်

တွေ့ပြီဆိုရင်

Fa0/2 ကနေ Frame ကို Forward လုပ်ပါတယ်။

Switch ရဲ့ MAC Address Table ထဲမှာ Destination MAC မရှိသေးရင်Unknown Unicastဖြစ်ပါတယ်။

ဒီအခြေအနေမှာ Switch က Frame ကို ဝင်လာတဲ့ Port ကလွဲပြီး အခြားသက်ဆိုင်ရာ Ports တွေဆီ Forward လုပ်ပါတယ်။

Destination Device က သူ့ MAC Address နဲ့ ကိုက်ရင် Frame ကို လက်ခံပါတယ်။

နောက်ပိုင်း Switch က Source MAC တွေကို သင်ယူလာတာနဲ့ ဘယ် Port က ဘယ် Device ဆီသွားလဲ သိလာပြီး ပိုတိကျအောင် Forward လုပ်နိုင်ပါတယ်။

Switch မှာ အရေးကြီးတဲ့ 3 ခု

① Learn

Source MAC ကို သင်ယူတယ်။

② Look Up

Destination MAC ကို MAC Table ထဲမှာ ရှာတယ်။

③ Forward

သက်ဆိုင်ရာ Port ကို Frame ပို့တယ်။

အလွယ်မှတ်ရင်

**LEARN → LOOK UP → FORWARD**

🔥 ဒီ 3 Step က Switch ရဲ့ Basic Operation ကို နားလည်ဖို့ အရေးကြီးပါတယ်။

🚦 Switch နဲ့ Hub ဘာကွာလဲ?

အရင်ခေတ် Network တွေမှာ Hub ကိုလည်း တွေ့ရပါတယ်။

Hub က

Frame ဝင်လာရင် အခြား Port တွေဆီ Broadcast လုပ်သလို ပို့ပါတယ်။

Switch ကတော့

Destination MAC Address ကို ကြည့်ပြီး လိုအပ်တဲ့ Port ဆီ Forward လုပ်နိုင်ပါတယ်။

ဒါကြောင့် Modern LAN တွေမှာ Switch ကို အသုံးများပါတယ်။ အောက်က အချက်လေးတွေကိုလဲ မှတ်ထားပါ။

✅ Switch = LAN ထဲမှာ Device တွေကို ချိတ်ဆက်ပေးတဲ့ Network Device

✅ Switch က MAC Address ကို အဓိက အသုံးပြုတယ်။

✅ Switch မှာ MAC Address Table ရှိတယ်။

✅ Source MAC ကို ကြည့်ပြီး MAC Learning လုပ်တယ်။

✅ Destination MAC သိရင် သက်ဆိုင်ရာ Port ကို Forward လုပ်တယ်။

ဒါဆိုရင် Switch နဲ့ပတ်သတ်ပြီး အနည်းငယ်တော့ သိနိုင်ပီ လို့ ယူဆပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။ နောက်လာမဲ့ contentတွေအတွက်လဲ pageလေးကို Like and follow လုပ်ထားကြဖို့ မမေ့ပါနဲ့နော် 🙏







23/08/2026

What is DHCP?

DHCP ရဲ့ အဓိပ္ပာယ်ကတော့Dynamic Host Configuration Protocol ဖြစ်ပါတယ် ။သူက Network ထဲက Device တွေကို IP Address နဲ့ Network Configuration တွေ အလိုအလျောက် သတ်မှတ်ပေးတဲ့ Protocol ဖြစ်ပါတယ်။

Devicesတွေဟာ computer networkထဲမှာ တစ်ခုနှင့် တစ်ခု ချိတ်ဆက်ဖို့ ဆိုရင် ip address ရှိဖို့ လိုပါတယ်။ အဲ့ဒီ ip addressessတွေကို သက်ဆိုင်ရာ devices( Desktop, laptop , mobile phone ) တွေဆီ လူကိုယ်တိုင် ip addressတွေ ထည့်ပေးစရာမလိုဘဲ DHCP protocol ကို သုံးပြီး automatic ip address ချပေးပါတယ်။

D.H.C.P ဘယ်လို အလုပ်လုပ်သလဲ?

ကွန်ပျူတာနဲ့ DHCP Server တို့ ဘယ်လို စကားပြောကြလဲဆိုတာကို အလွယ်ဆုံး DORA ဆိုတဲ့ အဆင့် ၄ ဆင့်နဲ့ ရှင်းပြရရင်

1. Discover (ရှာဖွေခြင်း): ကိုယ့်စက်ပစ္စည်းအသစ် Wi-Fi ချိတ်လိုက်တာနဲ့ Network ထဲမှာ "ဒီမှာလေ ငါ့မှာ IP မရှိသေးဘူး၊ ဘယ်သူ့မှာ ပိုနေလဲ ဟေ့" လို့ အော်ပြီး လိုက်ရှာပါတယ်။

2. Offer (ကမ်းလှမ်းခြင်း): Network ထဲက DHCP Server က "ငါ့မှာ IP ⁠192.168.1.50⁠ ဆိုတာ ရှိတယ်၊ ယူမလား?" လို့ ပြန်ကမ်းလှမ်းပါတယ်။

3. Request (တောင်းဆိုခြင်း): ကိုယ့်စက်က "ဟုတ်ကဲ့၊ အဲ့ဒီ IP လိပ်စာလေးကို ကျွန်တော် သုံးပါရစေတော့" လို့ အတည်ပြု တောင်းဆိုပါတယ်။

4. Acknowledge (အတည်ပြုခြင်း): DHCP Server က "ကဲ... အဲ့ဒီ IP က မင်းအတွက် သက်တမ်းတစ်ခုအထိ ဖြစ်သွားပြီ၊ သုံးတော့" လို့ လက်မှတ်ထိုး ခွင့်ပြုပေးလိုက်ပါတယ်။

ဒီအဆင့်လေးတွေဟာ မျက်စိတစ်မှိတ်အတွင်း (စက္ကန့်ပိုင်းတောင် မကြာဘဲ) ပြီးသွားလို့ ကိုယ်က အင်တာနက်ကို ချက်ချင်း သုံးလို့ရသွားတာပါ။

DHCP Lease ဆိုတာဘာလဲ?

ဒီ Concept လေးလည်း အရေးကြီးပါတယ်။

DHCP က IP Address ကို Device တစ်ခုကို အမြဲတမ်း ပိုင်ဆိုင်ခွင့်ပေးထားတာ မဟုတ်ပါဘူး။

သတ်မှတ်ထားတဲ့ အချိန်အတိုင်းအတာတစ်ခုအတွက် အသုံးပြုခွင့်ပေးပါတယ်။

အဲဒါကို—

DHCP Lease

လို့ခေါ်ပါတယ်။

Lease ကုန်ခါနီးရင် Device က IP ကို ဆက်အသုံးပြုခွင့်ရဖို့ Renew လုပ်နိုင်ပါတယ်။

🛠️ကိုယ့် Windows Computer မှာ စမ်းကြည့်မယ်

Command Prompt ဖွင့်ပြီး

ipconfig /all ရိုက်ကြည့်ပါ။

DHCP Enabled
IPv4 Address
Subnet Mask
Default Gateway
DNS Servers စတဲ့ Information တွေကို တွေ့နိုင်ပါတယ်။

DHCP vs DNS vs ARP

ဒီ 3 ခုကို မရောအောင် မှတ်ထားပါ။

📡 DHCP

Device ကို Network Configuration ပေးတယ်

🔎 DNS

Domain Name → IP Address

🔄 ARP

IPv4 Address → MAC Address




19/08/2026

🌐 DNS ဆိုတာ ဘာလဲ?

အင်တာနက်ပေါ်မှာ Website တွေ ဝင်တဲ့အခါ ⁠google.com⁠ တို့၊ ⁠facebook.com⁠ တို့လို နာမည်တွေကိုပဲ ရိုက်ထည့်ပြီး ဝင်ကြတယ်မလား။ အမှန်တကယ်တော့ ကွန်ပျူတာတွေ၊ ဆာဗာတွေဟာ အဲ့ဒီစာသားတွေကို မသိပါဘူး။ ⁠142.250.190.46⁠ လိုမျိုး IP Address ဆိုတဲ့ နံပါတ်တွေကိုသာ အချင်းချင်း နားလည်ပြီး ချိတ်ဆက်ကြတာပါ။
ဒါဆိုရင် ကျနော်တို့က နံပါတ်တွေ အလွတ်မကျက်ရဘဲ ဘာလို့ Website နာမည်တွေနဲ့ အလွယ်တကူ ဝင်လို့ရနေတာလဲ? အဖြေကတော့ DNS ကြောင့်ပါပဲ။

DNS (Domain Name System) ဆိုတာ ဘာလဲ?

DNS ဆိုတာ Name to IP , IP to Name ကို လုပ်ဆောင်ပေးတာပါ။

လူတွေအတွက်www.google.com လို နာမည်တွေနဲ့ မှတ်ရတာ လွယ်ပါတယ်။
ကွန်ပျူတာတွေအတွက်: ⁠192.0.2.1⁠ လို နံပါတ်တွေမှ သိပါတယ်။
DNS က လူတွေသုံးတဲ့ နာမည်ကို ကွန်ပျူတာနားလည်မယ့် IP Address အဖြစ် ပြောင်းပေး (Translate လုပ်ပေး) တာဖြစ်ပါတယ်။

DNS Query ဆိုတာ?

Computer က—

“example.com ရဲ့ IP Address ဘာလဲ?”

လို့ DNS ကို မေးတာကို DNS Query လို့ ခေါ်ပါတယ်။

DNS က အဖြေပြန်ပေးတယ်။

“ဒီ Domain ရဲ့ IP Address က ဒီဟာပါ”

ပြီးတော့ Computer က အဲဒီ IP ကို အသုံးပြုပြီး Connection ဆက်လုပ်ပါတယ်။

📦 DNS Record တွေရှိတယ်

DNS မှာ Domain Name နဲ့ Information တွေကို Record အမျိုးမျိုးနဲ့ သိမ်းထားပါတယ်။

အရေးကြီးတာတွေက

🔹 A Record

Domain → IPv4 Address

🔹 AAAA Record

Domain → IPv6 Address

🔹 CNAME Record

Domain တစ်ခုကို အခြား Domain Name တစ်ခုဆီ Alias လုပ်ပေးနိုင်ပါတယ်။

🔹 MX Record

Domain ရဲ့ Mail Server ကို သတ်မှတ်ပေးပါတယ်။

🛠️ ကိုယ့် Computer မှာ DNS ကို စမ်းကြည့်မယ်

Windows မှာ Command Prompt ဖွင့်ပြီး

nslookup google.com လို့ ရိုက်ကြည့်ပါ။

DNS Server ကို မေးပြီး google.com နဲ့ ပတ်သက်တဲ့ IP Information တွေကို ပြန်ပေးတာ တွေ့ရပါလိမ့်မယ်။

ဒီလို အသုံးဝင်တဲ့ DNS အကြောင်းလေးကို အလွယ်တကူ သိသွားပြီဆိုတော့... မိတ်ဆွေတို့ရဲ့ ကွန်ပျူတာ ဒါမှမဟုတ် Router တွေမှာရော ဘယ်လို Public DNS တွေ (ဥပမာ - Google ရဲ့ ⁠8.8.8.8⁠ လား၊ Cloudflare ရဲ့ ⁠1.1.1.1⁠ လား) ကို အဓိက သုံးဖြစ်ကြလဲဗျ?




18/08/2026

မင်္ဂလာပါခင်ဗျာ

ဒီနေ့တော့ Default Gatewayအကြောင်းပြောရအောင်။

ကိုယ့်ရဲ့ လက်ပ်တော့ (သို့) ဖုန်းကနေ Wi-Fi ချိတ်ပြီး Facebook တွေ၊ YouTube တွေ ကြည့်တဲ့အခါ Data တွေက အိမ်ထဲက Local Network ကနေ အပြင်ဘက် Internet ဆီ ဘယ်လို ထွက်သွားကြလဲဆိုတာ IT သမားတွေကတော့ သိပြီးသားဖြစ်မှာပါ။

ဒီနေရာမှာ အဓိက တံခါးပေါက်ကြီးသဖွယ် လုပ်ဆောင်ပေးနေတဲ့ ဟာကတော့ Default Gateway ပဲ ဖြစ်ပါတယ်။

Default Gateway ဆိုတာ ဘာလဲ?

Default Gateway ဆိုတာ လွယ်လွယ်ပြောရရင် "အပြင်ထွက်တဲ့ ပင်မတံခါးပေါက် (Exit Door)" ပါပဲ။
ကွန်ပျူတာတစ်လုံး (သို့) ဖုန်းတစ်လုံးဟာ သူ့ရဲ့ ကိုယ်ပိုင် Local Network (LAN) ထဲမှာ ရှိတဲ့ အခြားစက်တွေဆီကို Data ပို့ချင်ရင် Gateway မလိုပါဘူး။

ဒါပေမဲ့ ကိုယ့် Network နဲ့ မဆိုင်တဲ့၊ အပြင်ဘက် (ဥပမာ- Google, Facebook လိုမျိုး) Internet ပေါ်က IP တွေဆီကို Data ပို့တော့မယ်ဆိုရင် ဘယ်ကို ပို့ရမှန်းမသိ ဖြစ်သွားပါမယ်။ အဲဒီအချိန်မှာ Data တွေကို အပြင်ဘက် Network ဆီ လမ်းကြောင်းလွှဲပေးဖို့ (Routing လုပ်ပေးဖို့) တာဝန်ယူပေးတဲ့ IP Address ကို Default Gateway လို့ ခေါ်ပါတယ်။

Default Gateway ကို ဘယ်သူက လုပ်ဆောင်ပေးလဲ?

အများအားဖြင့် အိမ်သုံး၊ ရုံးသုံး Network တွေမှာဆိုရင် Router (သို့) Wi-Fi Access Point ရဲ့ IP Address က Default Gateway အဖြစ် လုပ်ဆောင်ပါတယ်။

ဥပမာ- ကိုယ့်အိမ်မှာရှိတဲ့ Router ရဲ့ IP ဟာ 192.168.1.1⁠ ဖြစ်နေမယ်ဆိုရင် သင့်ကွန်ပျူတာရဲ့ Default Gateway IP ကလည်း ⁠192.168.1.1⁠ ပဲ ဖြစ်နေမှာပါ။

ကိုယ့်စက်ရဲ့ Default Gateway ကို ဘယ်လိုကြည့်မလဲ?
မိမိတို့ရဲ့ ကွန်ပျူတာမှာ လက်ရှိ သုံးနေတဲ့ Default Gateway IP ကို ကြည့်ချင်တယ်ဆိုရင် Command Prompt (CMD) မှာ အောက်ပါ Command ကို ရိုက်ပြီး စစ်ဆေးနိုင်ပါတယ်။

# ipconfig

ဆက်လက်ပြီး Networking ဆိုင်ရာ ဗဟုသုတလေးတွေကို တင်ဆက်ပေးသွားဦးမှာ ဖြစ်လို့ Page လေးကို Like & Follow လုပ်ထားပေးကြပါဦးခင်ဗျာ။ 🙏




17/08/2026

🔹 Network ထဲမှာ စက်တွေ တစ်ခုနဲ့ တစ်ခု ဘယ်လို အချင်းချင်း သိကြလဲ?

မင်္ဂလာပါခင်ဗျာ 👋
Computer Network တွေမှာ စက်တွေ (Devices) တစ်ခုနဲ့ တစ်ခု Data ပို့ကြတဲ့အခါ IP Address တွေကို သုံးတယ်ဆိုတာ လူတိုင်းလိုလို သိကြပါတယ်။ ဒါပေမဲ့ Network ထဲမှာ တကယ်တမ်း Data တွေကို တကယ် လက်တွေ့ ပို့ပေးနေတာကတော့ MAC Address တွေပဲ ဖြစ်ပါတယ်။
ဒီတော့ မေးစရာရှိလာတာက...

“ကိုယ့်ဆီမှာ IP Address ပဲ ရှိနေတာ၊ ဘယ်စက် (Hardware) ရဲ့ MAC Address ကို ဘယ်လိုသိပြီး Data ပို့တာလဲ?” ဆိုတဲ့မေးခွန်းပါပဲ။အဲဒီနေရာမှာ ကြားခံကနေ ချိတ်ဆက်ပေးတဲ့ ကောင်လေးကတော့ ARP ပါပဲခင်ဗျာ။

ARP ဆိုတာ ဘာလဲ?
ARP ရဲ့ အရှည်ကတော့ Address Resolution Protocol လို့ ခေါ်ပါတယ်။
သူ့ရဲ့ အဓိက တာဝန်ကတော့ IPv4 Address (32-bit) တစ်ခုကို MAC Address (48-bit - Physical Address) တစ်ခု အဖြစ် ပြောင်းလဲပေးဖို့ (သို့) ရှာဖွေပေးဖို့ ဖြစ်ပါတယ်။

ARP ဘယ်လို အလုပ်လုပ်လဲ?

1. ARP Request
PC 'A' က Network တစ်ခုလုံးထဲကို ကြေညာလိုက်ပါတယ် ။ ဥပမာ
“IP Address ⁠192.168.1.5⁠ ပိုင်ရှင် ဘယ်သူလဲ? ခင်ဗျားရဲ့ MAC Address လေး ပေးပါဦး” ဆိုပြီး Broadcast လုပ်လိုက်ပါတယ်။ (ဒီမေးခွန်းကို Network ထဲက စက်အားလုံး လက်ခံရရှိ
ပါတယ်။)

2.ARP Reply
IP Address ⁠192.168.1.5⁠ ရှိတဲ့ PC 'B' ကတော့—
“အာ... အဲ့ဒါ ငါ့ IP ပါ၊ ငါ့ရဲ့ MAC Address ကတော့ ⁠XX:XX:XX:...⁠ ပါ’’ လို့ PC 'A' ဆီကို တိုက်ရိုက် (Unicast နဲ့) ပြန်ပြောပါတယ်။
ဒီလိုနဲ့ PC 'A' က PC 'B' ရဲ့ MAC Address ကို သိသွားပြီး Data စတင် ပို့နိုင်ပါတော့တယ်။

ARP Cache ဆိုတာ ဘာလဲ?
စက်တွေက ARP မေးခွန်းကို အခါခါ ထပ်မံ မထုတ်လုပ်ရအောင် တစ်ခါ သိထားပြီးသား MAC Address တွေကို ခေတ္တ မှတ်ဉာဏ်ထဲမှာ သိမ်းထားပေးပါတယ်။ အဲဒါကို ARP Cache ဒါမှမဟုတ် ARP Table လို့ ခေါ်ပါတယ်။
မိမိတို့ရဲ့ ကွန်ပျူတာမှာ လက်ရှိ သိထားတဲ့ ARP စာရင်းတွေကို ကြည့်ချင်တယ်ဆိုရင် Command Prompt (CMD) မှာ အောက်ပါ Command လေး ရိုက်ပြီး ကြည့်နိုင်ပါတယ်။

arp -a

Network တစ်ခုအတွင်းမှာ IP Address ကနေ MAC Address ကို ချိတ်ဆက်ပေးတဲ့ အဓိက သော့ချက်ကတော့ ARP ပဲ ဖြစ်ပါတယ်။ ARP သာ မရှိရင် Local Network ထဲမှာ Data လမ်းကြောင်း မှန်ကန်စွာ ပို့ဆောင်နိုင်မှာ မဟုတ်ပါဘူး။
ဆက်လက်ပြီး Networking ဆိုင်ရာ ဗဟုသုတလေးတွေကို တင်ဆက်ပေးသွားဦးမှာ ဖြစ်လို့ Page လေးကို Like & Follow လုပ်ထားပေးကြပါဦးခင်ဗျာ။ 🙏




Address

Yangon
11011

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00

Telephone

+959960839603

Website

Alerts

Be the first to know and let us send you an email when Y-Net Computer & Network Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Y-Net Computer & Network Services:

Shortcuts

Share