27/08/2026
🔥 Firewall ဆိုတာဘာလဲ?
Firewall ဆိုတာက Network နဲ့ Internet ကြားမှာ Security Guard တစ်ယောက်လို အလုပ်လုပ်ပေးတဲ့ Security System ဖြစ်ပါတယ်။
အလွယ်ပြောရရင် 👉
“ဘယ်သူကို ဝင်ခွင့်ပေးမလဲ၊ ဘယ်သူကို ပိတ်မလဲ” ဆိုတာကို စည်းမျဉ်းတွေအတိုင်း စစ်ဆေးပေးတာပါ။
🛡️ Firewall က ဘာလုပ်ပေးလဲ?
🌐 Internet Traffic ကို စစ်ဆေးပေးတယ်
🚫 မလိုလားအပ်တဲ့ / အန္တရာယ်ရှိတဲ့ Traffic တွေကို Block လုပ်ပေးတယ်
🔐 Network ကို Unauthorized Access ကနေ ကာကွယ်ပေးတယ်
🦠 Malware / Cyber Attack တွေကို ကာကွယ်ရာမှာ အထောက်အကူပြုတယ်
👨💼 Office မှာ User တွေရဲ့ Internet Access ကို Control လုပ်နိုင်တယ်
📊 Network Traffic ကို Monitor & Manage လုပ်နိုင်တယ်
🔗 VPN အသုံးပြုပြီး Office Network ကို အပြင်ကနေ လုံခြုံစွာ ချိတ်ဆက်နိုင်တယ်
🏢 ဥပမာနဲ့ပြောရရင်
Internet → 🔥 Firewall → 🏢 Office Network
Internet ကနေ Office Network ထဲကို Data ဝင်လာတဲ့အခါ Firewall က
“ဒီ Traffic က ခွင့်ပြုထားတာလား? အန္တရာယ်ရှိလား?” ဆိုပြီး စစ်ဆေးပြီးမှ ဝင်ခွင့်ပေးတာပါ။
💡 Router နဲ့ Firewall တူလား?
မတူပါဘူး။
Router က Network တွေအကြား Data ကို လမ်းကြောင်းပို့ပေးတာ အဓိကဖြစ်ပြီး၊
Firewall ကတော့ Security & Access Control ကို အဓိကထားပါတယ်။
ယနေ့ခေတ် FortiGate, Sophos, Palo Alto, Cisco Firewall စတဲ့ Firewall တွေမှာ Router, VPN, Antivirus, Web Filtering, Application Control စတဲ့ Feature တွေပါ ပေါင်းစပ်ထားတတ်ပါတယ်။
🧱Device များ၏ သက်တမ်းတိုးခြင်း ( Renewal License ) များကိုလည်း Plug And Play ICT Solution မှအချိန်နှင့်တပြေးညီဆောင်ရွက်ပေးနေပါတယ်ရှင့်
❤️Product အကြောင်းလေးတွေ အမြဲတင်ပေးနေတဲ့ Viber Channel လေးကိုလဲ join ထားပေးပါအုံးရှင့်
https://invite.viber.com/?g2=AQA2BvOq%2Ff3jalB7XP2OUlsMWamLari%2BFbNFI9KxpE9dd0DveXe0D6HlQPwgj8oH
Plug And Play ICT Solution Co., Ltd ☎️ 09 767 767 702, 09 795 856 968
📱09 765 482 400, 09 765 482 401
📧 [email protected]
🌐https://plugandplaymm.com