ကျွန်တော်တို့ InyaLand ကုမ္ပဏီသည် ICT နည်းပညာနှင့် ပတ်သက်သည့် ပစ္စည်းများကို ဖြန့်ဖြူးခြင်း၊ Software များကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ ပြုပြင်ထိန်းသိမ်းပေးခြင်း နှင့် ICT နည်းပညာနှင့် ပတ်သက်သည့် လုပ်ငန်းများကို အကြံပေး ဆောင်ရွက်ပေးခြင်းများ ပြုလုပ်ပေးနေသော ကုမ္ပဏီ ဖြစ်ပါသည်။
ကျွန်တော်တို့ ကုမ္ပဏီ၏ ရည်ရွယ်ချက်မှာ Harnessing Finance and Technology Innovation for Transforming Myanmar Society
ဖြစ်ပြီး ထို ရည်ရွယ်ချက် ကိုအကောင်အထည်ဖော်ဆောင်ရွက်သော ကျွန်တော်တို့၏ အဓိဠာန်မှာ To accelerate finance and technology infusion to enrich the lives of every Myanmar ဖြစ်ပါသည်။
ကျွန်တော်တို့ကုမ္ပဏီ၏ ဆောင်ပုဒ်မှာ Innovation. Accelerated. ဖြစ်ပါသည်။
ကျွန်တော်တို့ကုမ္ပဏီ၏ ဆောင်ပုဒ်အတိုင်း မြန်မာနိုင်ငံနှင့် ပြည်သူပြည်သားအတွက် ဆန်းသစ်သော နည်းပညာရပ်များဖြင့် မြန်မာ့လူ့ဘောင်လောက အရှိန်အဟုန်မြှင့် ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ကိုင်ဆောင်ရွက်လျက် ရှိပါသည်။
ကျွန်တော်တို့ ကုမ္ပဏီ၏ တန်ဖိုးထားသော အရာများမှာ ကောင်းမွန်သော ဂုဏ်သိက္ခာနှင့် ကိုယ်ကျင့်တရား၊ လူမှုဘဝအတွက် ကောင်းကျိုးပြု အသုံးချနိုင်သော တီထွင်ဖန်တီးမှုများ၊ ကမ္ဘာသူ ကမ္ဘာသားတို့အတွက် ကောင်းမွန်သော အရာများကိုသာပေးသော လူသားများ၊ မိမိ၏ပတ်ဝန်းကျင်တွင် ရှိသော လူမှုအဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်နိုင်သော စွမ်းရည်များတို့ဖြစ်ပါသည်။ ကျွန်တော်တို့ ကုမ္ပဏီကိုလည်း ကျွန်တော်တို့ တန်ဖိုးထားသော အရာများအတိုင်း ဖြစ်စေရန် ပြုလုပ်ဆောင်ရွက်လျက် ရှိပါသည်။
ကျွန်တော်တို့ ကုမ္ပဏီဝန်ထမ်းများ ခံယူထားသော ခံယူချက် (၁၀) ခု ရှိပါသည်။
( ၁ ) ကျွန်တော်တို့ ကုမ္ပဏီ နှင့် ဆက်ဆံသော လူသားတိုင်းအား လူ့အလို နတ်မလိုက်နိုင် ဟူသော စကားပုံနှင့် ဆန့်ကျင်ဖက် ဖြစ်သည့် လူတိုင်း စိတ်ကျေနပ်မှုကို ပေးနိုင်သော ဝန်ဆောင်မှု ရှိခြင်း။
(၂ ) ပြောင်းလဲနေသော လူမှုပတ်ဝန်းကျင်၏ သဘောတရားများကို လက်ခံကျင့်သုံးနိုင်ခြင်း။
( ၃ ) အကောင်းမြင်ဝါဒီကို ဖော်ဆောင်၍ ပျော်ရွှင်သော လူမှှုဘဝဖန်တီးခြင်း။
( ၄ ) စွန့်စားတီထွင်မှုနှင့် ကန့်သတ်မှုမရှိသော အတွေးသစ်အမြင်သစ်များကို ရှင်သန်စေခြင်း။
( ၅ ) ခေတ် နှင့် အညီ တိုးတက်လာသော အရာများကို အမြဲ စူးစမ်းသင်ယူလိုသော စိတ်ရှိခြင်း။
( ၆ ) အကောင်းဘက်ကို ဦးတည်သည့် တွေးခေါ်မျှော်မြင်သုံးသပ်မှုနှင့် ရိုးသားသော လူမှုဆက်ဆံရေးရှိသည့် လူ့အဖွဲ့အစည်းကို တည်ထောင်ခြင်း။
( ၇ ) မိသားစု စိတ်ဓာတ် နှင့်အတူ အကောင်းမြင်ဝါဒီနှင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုဖြစ်စေခြင်း။
( ၈ ) လူတစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်ကို အမြင့်မားဆုံး စွမ်းဆောင်နိုင်စေခြင်း။
( ၉ ) ရည်မှန်းချက်နှင့် ရည်ရွယ်ချက်များကို စိတ်အားထက်သန်စွာ ဖြင့် အောင်မြင်စေရန် အကောင်အထည်ဖော် လုပ်ဆောင်ခြင်း။
( ၁၀ ) မိမိထက် အခြားသူများကို တန်ဖိုးထားတတ်စေရန်နှင့် ရိုးရှင်းသောဘဝတွင် နေထိုင်တတ်ခြင်း တို့ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ကျွန်တော်တို့၏ ကုမ္ပဏီ သည် ကြီးကျယ်မြင့်မားသော ရည်ရွယ်ချက်၊ မဖြစ်မနေ လုပ်ဆောင်မည်ဟု ဆုံးဖြတ်ထားသော အဓိဋ္ဌာန်၊ ကောင်းမွန်သော ခံယူချက် များဖြင့် တိုးတက်မြင့်မားစေရန် တက်လှမ်းနေသော ကုမ္ပဏီ ဖြစ်ပါသည်။
ကျွန်တော်တို့ကုမ္ပဏီ၏ စနစ်ကျကောင်းမွန်ပြီး ပြည့်စုံသော လူ့အဖွဲ့အစည်းနှင့် ကျွန်တော်တို့၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်များအတိုင်း အနာဂတ်ကို ပိုင်ဆိုင်ထားသည်ဟု ယုံကြည်ထားပါသည်။ ကျွန်တော်တို့၏ အနာဂတ် အောင်မြင်မှုများကို မျှေ၀ ခံစားနိုင်ရန်အတွက် မိမိ၏ ကောင်းမွန်သော ကိုယ်ကျင့်တရား၊ အောင်မြင်တိုးတက်လိုသော သင်ယူနိုင်မှု စွမ်းရည်နှင့် မိမိကိုယ်မိမိ အာမခံနိုင်သူများကို ကျွန်တော်တို့ ကုမ္ပဏီ နှင့်အတူ လက်တွဲလုပ်ကိုင်ပါရန် ဖိတ်ခေါ်အပ်ပါသည်။