A Square " It " Shop

A Square " It " Shop Selling and Servicing IT Products

22/05/2020
🖥🔥🖥🔥
17/01/2020

🖥🔥🖥🔥

"ကွန်ပျူတာရဲ့ Storage က HDD လား? SSD လား? စစ်ဆေးနည်းများ"သင်သုံးနေတဲ့ ကွန်ပျူတာမှာ ဒေတာ (Data)တွေ သိမ်းဆည်းရန်အတွက်Stora...
01/01/2020

"ကွန်ပျူတာရဲ့ Storage က HDD လား? SSD လား? စစ်ဆေးနည်းများ"

သင်သုံးနေတဲ့ ကွန်ပျူတာမှာ ဒေတာ (Data)တွေ သိမ်းဆည်းရန်အတွက်

Storage တစ်ခု သို့မဟုတ် နှစ်ခုပါတတ်ပါတယ်။ Storage တွေထဲမှာလည်း

Hard Disk Drive (HDD), Solid State Drive (SSD), Solid State Hybrid

Drive (SSHD), Network Attached Storage (NAS), USB Thumb Drive

(or) Flash Drive, Optical Drive (CD/ DVD), Cloud Storage အစရှိသည်ဖြင့်

Storage အမျိုးစားများစွာရှိပါသေးတယ်။ အဲ့ဒီ Storage အမျိုးစားတွေထဲမှာ

အဓိကအသုံးပြုတဲ့ Storage ကတော့ HDD သို ့မဟုတ် SSD ပါ။ တစ်ချို့

မော်ဒယ်မြင့်တဲ့ စက်တွေမှာတော့ HDD & SSD နှစ်ခုမျိုးလုံးတွဲပါလာတတ်ပါတယ်။

(CD/ DVD Drive လည်းပါရင်တော့ သုံးမျိုးပေါ့။) HDD ကတော့ ဟိုးအရင်

ကတည်းက အသုံးပြုလာတဲ့ Storage ဖြစ်ပြီး အလုပ်လုပ်နွုန်းကလည်း

နှေးကွေးပါမယ်၊ SSD က အရမ်းမြန်ဆန်တဲ့ Storage တစ်ခုဖြစ်ပါတယ်။

မိမိအသုံးပြုနေတဲ့ ကွန်ပျူတာမှာ ရိုးရိုးသာမန် Storage HDD လား?

သို့မဟုတ် အရမ်းမြန်ဆန်တဲ့ SSD လား? စစ်ဆေးနည်းတွေ ရှိပါတယ်။

1. Computer Box, User's Guide, Specification Sticker မှ စစ်ဆေးနည်း

ကွန်ပျူတာအသစ်ဝယ်ရင် ကွန်ပျူတာထည့်တဲ့ Box ပေါ်မှာ Specification တွေ

ရေးထားတတ်ပါတယ်။ ACER, ASUS Laptop တွေမှာတော့ Keyboard အောက်

နားလေးမှာ Specification Sticker ပေါ်ကနေ HDD လား (or) SSD လားဆိုတာ
စစ်ကြည့်နိုင်ပါတယ်။

2. Defragment and Optimize Drives ကနေ စစ်ဆေးနည်း

Windows Logo Key + R ကို တွဲနှိပ်ပြီး Run Box မှာ dfrgui ကို ရိုက်ထည့်၊

သို ့မဟုတ် ကွန်ပျူတာ Search Box မှာ Optimize , defragment တစ်ခုကို

ရိုက်ထည့် Defragment and Optimize Drives ကို ဖွင့်ပြီး Media Type

အောက်မှာ HDD လား (or) SSD လားဆိုတာ စစ်ကြည့်နိုင်ပါတယ်။

3. System Information ကနေ စစ်ဆေးနည်း

Windows Logo Key + R ကို တွဲနှိပ်ပြီး Run Box မှာ msinfo32 ကို ရိုက်ထည့်၊

သို ့မဟုတ် ကွန်ပျူတာ Search Box မှာ System Information ကို ရှာဖွင့်ပြီး

Components > Storage > Disks ရဲ ့ညာဘက်ခြင်းမှာ စစ်ကြည့်နိုင်ပါတယ်။

4. PowerShell ကနေ စစ်ဆေးနည်း

ကွန်ပျူတာ Search Box မှာ PowerShell ကို ရိုက်ရှာ၊ တွေ ့ရင် Right Clcik\

Run as administrator နဲ ့ဖွင့်ပြီး Get-PhysicalDisk ကို ရိုက်ထည့်ပြီး စစ်နိုင်ပါတယ်။

5. Model No နဲ ့Online ပေါ်ကနေ စစ်ဆေးနည်း

ကွန်ပျူတာမော်ဒယ် သို ့မဟုတ် Specification နဲ ့ဖြစ်စေ၊ Disk Management ကနေ

Storage Model No ကြည့်ပြီး Online ပေါ်ကနေလည်း စစ်ဆေးကြည့်နိုင်ပါတယ်။

6. Third Party Software တွေနဲ ့စစ်ဆေးနည်း

Speccy, CPUZ အစရှိတဲ့ နာမည်ရှိတဲ့ ဆော့ဝဲလ်တွေနဲ ့လည်း

ကွန်ပျူတာရဲ ့Storage က HDD လား (or) SSD လားဆိုတာ

အမှန်ကန်စစ်ဆေးနိုင်ပါတယ်။

7. ကွန်ပျူတာကို သင်ကျွမ်းကျင်သလို စစ်ဆေးလို ့ရတယ်။

သင်က ကွန်ပျူတာကို သာမန်အသုံးပြုသူလောက်မဟုတ်ပဲ System ပိုင်းတွေလည်း

ကျွမ်းကျင်တယ်ဆိုရင်တော့ BIOS, Registry, Gropu Policy, CMD တွေကနေလည်း

HDD လား (or) SSD လားဆိုတာ စစ်ဆေးကြည့်နိုင်မှာ ဖြစ်ပါတယ်။

"မိမိကိုယ်ကိုချစ်တတ်သူများသို့...❤"
18/12/2019

"မိမိကိုယ်ကိုချစ်တတ်သူများသို့...❤"

OMG😱......Core i5 5thGen ကို 500,000 Ks နဲ့ရမယ်AMD Graphic ကလည်း 2GB ပါသေးတယ်နော်.....အရမ်းကိုတန်နေပါပြီနော်.... 😊
13/12/2019

OMG😱......Core i5 5thGen ကို 500,000 Ks နဲ့ရမယ်
AMD Graphic ကလည်း 2GB ပါသေးတယ်နော်.....
အရမ်းကိုတန်နေပါပြီနော်.... 😊

Address

Yangon
11041

Website

Alerts

Be the first to know and let us send you an email when A Square " It " Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category