K Tech

K Tech tech knowledge for everyone

05/10/2021

⚠️⛔️အထူးသတိပေးပန်ကြားချက်⛔️⚠️

လွန်ခဲ့တဲ့၁ပတ်အတွင်းမြန်မာကျပ်ငွေတန်ဖိုးအဆမတန်ကျဆင်းလျက်ရှိပြီး အမေရိကန်ဒေါ်လာစျေးများသည်လည်းအဆမတန်တက်ပြီး နိုင်ငံခြားမှ
တင်သွင်းသောလူသုံးကုန် စားသုံးကုန်များ ဆေးဝါးများ ယာဉ်နှင့်အပိုပစ္စည်းများ၏စျေးသည်လည်း ငွေစျေးနှင့်အတူလိုက်တက်သွားခဲ့ပါတယ်။

ယခုအခါdollarစျေးသည် ပုံမှန်အခြေနေသို့ပြန်မရောက်သေးသော်လည်းအကျဘက်သို့တဖြည်း
ဖြည်းရောက်ရှိလာပြီဖြစ်သည်။

ထို့ကြောင့် လူသုံးကုန်ဆိုသည့်ခေါင်းစဉ်တွင်
ပါဝင်သော tech and technology ပစ္စည်းများရဲ့စျေးကိုလည်း update ဖြစ်သောစျေးများဖြင့်
ဆောင်ရွက်ပေးကြဖို့ ၂၀၀၀ကျော်ပတ်ဝန်းကျင်မှာဘဲရပ်မနေဘဲငွေစျေးတက်တုန်းကမဆိုင်းမတွစျေး
အသစ်ဖော်ပြခဲ့သလို အခုစျေးပြန်ကျပါကလည်း
ကျစျေးအတိုင်း update price ကိုဖော်ပြပေးကြဖို့
အထူးမေတ္တာရပ်ခံပန်ကြားအပ်ပါသည်။

အခြားစားသောက်ကုန် ဆေးဝါများနှင့်နိုင်ငံခြားမှတင်သွင်းသောပစ္စည်းများ၏စျေးကိုလည်းငွေ
လက်ရှိupdateပေါက်စျေးကျရင်ကျသလို့ စျေးများကိုupdate ပေးကြဖို့ လုပ်ငန်းရှင်ကြီးများ
ဆိုင်ရှင်ကြီးများထံသို့ page နဲ့မဆိုင်သော်လည်း မေတ္တာရပ်ခံအပ်ပါတယ်။

အားလုံးအဆင်ပြေကြပါစေဗျာလို့ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
K Tech administration team.

ကြိုတင်ပြင်ဆင်လေ့လာစရာများ
07/09/2021

ကြိုတင်ပြင်ဆင်လေ့လာစရာများ

တရားဝင် အရေးပေါ်အခြေအနေကို ကြေငြာ လိုက်ပြီဆိုတော့ အရေးကြီးတာတွေပြင်ဆင်သင့်တာတွေ..
online ရနေတုန်းပြင်ဆင်ထားကြပါ..

NUG အစိုးရအဖွဲ့အစည်ကလည်းဘာတွေဘာတွေလုပ်ဖို့ ညွှန်ကြားထားပါတယ်

အပိုင်း (1)
https://m.facebook.com/story.php?story_fbid=160623262874089&id=100188938917522

အပိုင်း (2)
https://www.facebook.com/100188938917522/posts/160626366207112/

အပိုင်း (3)
https://www.facebook.com/100188938917522/posts/161999992736416/

အပိုင်း (4)
https://www.facebook.com/100188938917522/posts/162721162664299/

အပိုင်း (5)
https://www.facebook.com/100188938917522/posts/163716175898131/
Crd

ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်ဗျ
07/09/2021

ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်ဗျ

အင်တာနက်တွေ ဖြတ်ခဲ့သော် offline ဆက်သုံးလို့ရမည့် အသုံးဝင်မည့် app များ

https://play.google.com/store/apps/details?id=com.google.android.apps.maps

https://www.google.com/amp/s/m.apkpure.com/google-maps/com.google.android.apps.maps/amp

( Google maps မှာ မြေပုံတွေ offline mode ရအောင် down ထားပါ။ တစ်ခုခုဆို အနီးနားမှာ ဆေးရုံ/စတိုးတည်နေရာတွေ အလွယ်တကူရှာလို့ရအောင်ပါ။
Google Maps application ကို ဒေါင်းပါ။ Google maps မှာ Yangon, Mandalay စတဲ့ ကိုယ်ဒေါင်းချင်တဲ့မြို့ကိုအရင်ရှာပါ။ အဲ့မြို့မြေပုံအောက်ကို ဆွဲတင်ပြီးရှာလိုက်ရင် download button ကိုတွေ့ပါလိမ့်မယ်။ အဲ့မှာ ဒေါင်းပြီး သိမ်းထားပါ။ အင်တာနက်မရှိလဲ တောက်လျှောက်သုံးလို့ရသွားပါလိမ့်မယ်။ ဒေါင်းနည်းကြည့်ပါ 👉🏻👉🏻 https://fb.watch/7SAiNvdPHf/ )

http://onelink.to/ayaypaw ( အရေးပေါ် application/ အရေးပေါ်သူနာပြုစုနည်းတွေ ထိခိုက်ဒဏ်ရာကုသနည်းတွေ ပြသထားပါတယ် )

https://play.google.com/store/apps/details?id=com.cmkk.medicaldictionary (ဆေးအဘိဓာန်)

https://play.google.com/store/apps/details?id=com.cmkk.saykyan (ဆေးကျမ်း- ဆေးဝါးများ၏ အကျိုး/ဆိုးကျိုးများကို ပြပေးပါတယ်)

https://play.google.com/store/apps/details?id=com.gen.bettermeditation (စိတ်ကျန်းမာရေးဆိုင်ရာ)

https://play.google.com/store/apps/details?id=com.pthw.food ( အစားအစာများကို တွဲဖက်စားသင့်/ မစားသင့် အလွယ်တကူ ရှာဖွေလို့ရပါတယ် )

07/09/2021
07/09/2021

#နိုင်ငံတော်အဆင့်အရေးပေါ်အခြေအနေကြေငြာချက်🚨🚨🚨🚨ထုတ်လိုက်ပြီဖြစ်တာမို့ ရရာနေရာကနေပါဝင်ကြပါ။ အားလုံးဘဲဘေးကင်းပါစေ။

Admin ဒီရက်ပိုင်းတတ်ဆိတ်နေတာစမ်းသပ်မှုတွေလုပ်နေလို့ပါ။အချိန်လည်းကျလာပြီဆိုတော့Samsung Galaxy zfold2 5G ရဲ့ အကြောင်းအပြည်...
21/11/2020

Admin ဒီရက်ပိုင်းတတ်ဆိတ်နေတာစမ်းသပ်မှုတွေလုပ်နေလို့ပါ။

အချိန်လည်းကျလာပြီဆိုတော့Samsung Galaxy zfold2 5G ရဲ့ အကြောင်းအပြည့်အစုံ

ပထမဦးစွာတင်ပြလိုတာကဒီဖုန်းကလူတိုင်း
အတွက်တော့မဟုတ်ဘူးဗျ။

ဘယ်သူတွေအတွက်လည်းကိုနောက်ပိုင်းမှာ
ဆက်လက်ဖော်ပြပါမည်။

Display (cover)

Cover 6.2inch display ကတော့ မာတယ်normal
အတိုင်းဘဲstrength level6 ဆိုတော့မဆိုးပါဘူး။

ဒါမယ့် အပေါ်အောက်ကရှည်တယ်။ ဘေးဘက်က
နည်းနည်းကျဉ်းတယ်ပိုကျယမလျှင်ပိုကောင်းပါမယ်။ (6/10)

Display main

7.6 inch ဆိုတော့ကြီးတယ်ကျယ်တယ်120Hz dynamic Almoled 2x ဆိုတော့မပြစ်ပြောစရာမရှိပါဘူး။

ဒါမယ့်strength level 1 sketch level 2သာရှိတယ်
သတိထားပြီးတော့သုံးရမယ်။လက်သည်းရှည်
ရင်သတိပြုရမယ်။ Protective layer ပါပြီးသာဆို
လည်း သုံးတာကြာလာရင် ခေါက်ချိုးပါများလာရင်
အလယ်hinge နေရာမှာလေနည်းနည်းခိုလာတာတွေ့ရတယ်။ ခြစ်ရာထင်တာလည်းလွယ်တယ်။
(4/10)

SOC
Latest Snapdragon 865plus with Ram 12 ဆိုတော့performance ပိုင်းကတော့ညွန်းဖို့လိုမယ်မ
ထင်ပါဘူးဗျ(10/10)

Camera
ကတော့ note20ultra လို high end features တွေမစုံပင်မယ့် note20 level လောက်တော့ရှိပါတယ်။သူ့ဟာနဲ့သူမဆိုးပင်မယ့်note20ultra နဲ့တန်းတူအဆင့်လောက်တော့ရစေချင်တယ်။သူ့စျေးနဲ့ဆိုတော့။(6/10)

Battery
ကတော့အသင့်သင့်ဘာဘဲအရမ်းကြီးမခံသလိုအ
ရမ်းလည်းမဆိုးပါဘူး။note 10plus note20ultra
လောက်တော့မကောင်းဘူး။ 120Hzကိုဒီdisplay size လောက်သုံးထားလို့ဖြစ်မယ်။(8/10)

Weight
မဆိုးဘူးအရမ်းကြီးထူးပြီးလေးတယ်လို့တော့ပြောစရာမရှိပါဘူး။(9/10)

Speaker
အသံကောင်းတယ်မှန်တယ်။ကျွန်တော့အမြင်တော့
ကြိုက်တယ်။နေရာလေးသာအထားအသိုပြင်စေ
ချင်တာ။ဖြစ်နိုင်ရင်ဘေးဘောင်မှာထားရင်မိုက်
တယ်။(10/10)

Price to get

ဒီဖုန်းကprice to performance ကိုရှာရမှာ
မဟုတ်ဘဲprice to get price to receive ကိုရှာ
ရမှာဖြစ်တယ်။စျေးကို၃၁သိန်းထက်နည်းနည်း
သက်သာပြီး၂၅လောက်ဆိုရင်တော့perfect ပါဘဲ။
ဒါမယ့်၃၁ဆိုတာperfect ဖြစ်လုနီးပါး
new innovation ကိုပေးရတယ်ဆိုတော့တန်ပါ
တယ်လို့ဘဲပြောချင်တယ်။ဒီထက်စျေးနည်းနည်း
လေးပိုသက်သာရင်တော့ကောင်းပါ့ဗျာ။
လက်ဆောင်တွေလည်းရတယ်ဆိုတော့မဆိုးတော့
မဆိုးဘူး။(8/10)

မကြိုက်တာကဘာလဲ
-Facebook video ကြည့်ရင်full view မရတာ နေရာမမှန်တာ
-screen protector ကပ်မရတာ
-case တွေမစုံတာမရှိတာ(only in Myanmar)
-Speaker အပေါက်ထားတာနေရာသိပ်မမှန်ဘူးလို့
ထင်ရတာ
-UTG display ကပြောသလောက် strength
မကောင်းတော့ထိန်းကိုင်နေရတာ

စတာတွေဘဲဖြစ်ပါတယ်တခြားပြောစရာတော့မရှိ
ပါဘူး။

ဘယ်သူတွေအတွက်လည်း?

ငွေကအရေးမဟုတ်ဘူးဆိုတဲ့သူတွေ။

New innovations ကိုခံစားချင်သူတွေ။

ဖုန်းရောtable နှစ်ခုမခွဲဘဲ၁ခုထဲနဲ့ပြီးချင်သူတွေ။

စတဲ့သူတွေအတွက်အရမ်းအသုံးဝင်ပါတယ်။

ဒီဖုန်းဝယ်ပြီးလူကြားထဲလန်းချင်ရုံနဲ့မဝယ်ပါနဲ့
လူတွေကသိပ်သတိထားမိမှာမဟုတ်ဘူးCOVID
ကာလဆိုတော့ထွက်လို့လည်းမရဘူးဆိုတော့ဗျာ😂

Like and share လေးတွေနဲ့အားပေးသွားကြဖို့
မေတ္တာရပ်ခံတင်ပြအပ်ပါတယ်။

K Friends တို့ရဲ့Like and Share 1ခုဟာAdmin
အတွက်အားဆေးတစ်ခွက်ရသလို
ပါဘဲဗျာ။

 Apple event အမြင်part(1)အရင်ဆုံးအားလုံးစိတ်ဝင်စားနေတယ့်iPhone 12 pro and pro max ကိုစပြောပါ့မယ်။(honest)ပါ။အရွယ်အစားဘဲ...
14/10/2020

 Apple event အမြင်part(1)

အရင်ဆုံးအားလုံးစိတ်ဝင်စားနေတယ့်iPhone 12 pro and pro max ကိုစပြောပါ့မယ်။(honest)ပါ။

အရွယ်အစားဘဲကွာလို့နှစ်လုံးကိုခြုံငုံ၍ပြောပါမယ်။

iPhone 12pro series တွေဟာအရင်ဆုံးdesign
Changes ဖြစ်တယ်လို့တော့ပြောလို့ရတယ်။

Surgical great stainless steel လို့တော့Apple ကလေကြီးမိုးကြီးချဲကားပြောထားတယ်လို့မြင်တယ်။

Camera ကတော့တိုးတက်လာတာတော့မှန်တယ်။
Android တွေရဲ့ space Zoom 50x zoom စတာတွေကတော့မပါလာဘူး။ဒီအချိန်ထိ 12Mp ဘဲဆိုတာကလည်းပြောစရာတစ်ခုဖြစ်လာတယ်။
16 32 64 108 mp camera တွေတော့လိုချင်တာအမှန်ဘဲ။specification တွေအားလုံးကို Top level မှာရှိစေချင်တာတော့အမှန်ပါဘဲ။

Battery
A14bionic power efficient ဖြစ်တယ်ဘယ်လိုပြော
ပြော3000ကျော်ကျော်ကတော့ဘယ်လိုမှလက်ခံလို့မရဘူး။Android မှာအနည်းဆုံး4000လောက်ကကိုစတာကိုတွေ့ရတယ်။

SOC
5nm ဖြစ်လာတာလေးဘဲကြံဖန်ပြီးဂုဏ်ယူလို့ရမယ်။

iPhone 12 pro ကိုpro level နဲ့အညီလိုနေတဲ့
အချက်လေးတွေကဘာလဲ?

-120Hz refresh rate pro motion?
-Notchless display in 2020?
-fast charging quality?
-type C?
- high megapixel camera?
-battery capacity?
စတာတွေသာပါရင်pro ဆိုတဲ့နာမည်ကပိုပြီးတော့
ပြည့်စုံစေမှာအမှန်ပါဘဲ။

ဒါမယ့်ဘယ်လိုပြောပြောApple Fan တွေကတော့
ဝယ်မြဲကြိုက်မြဲအတိုင်လုပ်နေကြအုံးမှာပါဘဲ။

Like and share လေးတွေနဲ့အားပေးသွားကြဖို့
မေတ္တာရပ်ခံတင်ပြအပ်ပါတယ်။

K Friends တို့ရဲ့Like and Share 1ခုဟာAdmin
အတွက်COVID ကာကွယ်ဆေးရန်
ဆေးတစ်ခွက်ရသလိုပါဘဲဗျာ။

အခုလိုအချိန်မှာApple event ကလည်းနီးနေပြီဆိုတော့ဘယ်သူတွေကဘယ်model ကိုဝယ်ရမလဲ ဒီအပိုင်းမှာတော့Apple event မှာမိတ်ဆက်မယ့်တန...
27/09/2020

အခုလိုအချိန်မှာApple event ကလည်းနီးနေပြီဆိုတော့ဘယ်သူတွေကဘယ်model ကိုဝယ်ရမလဲ


ဒီအပိုင်းမှာတော့Apple event မှာမိတ်ဆက်မယ့်တန်ဖိုးသင့်iPhone နှစ်လုံးဖြစ်တဲ့iPhone 12 pro
And iPhone 12 pro maxအကြောင်းပါ။

iPhone 12 pro

အခုသင်ဟာiPhone X Xs 11pro
ကိုကိုင်ထားတဲ့သူဖြစ်လျှင်အသစ်လဲမည်ဆိုပါက
iPhone 12 pro ကသင့်အတွက်အမှန်ကန်ဆုံးရွေး
ခြယ်မှုဖြစ်မှာပါ။

ဒီလိုတပ်အပ်ပြောရခြင်းဟာဒီiPhone အမျိုးအစား
တွေကိုကြိုက်နှစ်သက်သူတွေမှာအဓိကအားဖြင့်

-compact designကြိုက်နှစ်သက်သူတွေ
-pro level ကိုကြိုက်နှစ်သက်သူ
-ဂိမ်းသိပ်အရမ်းဆော့သူတွေ
-pro level လိုချင်တယ်စျေးအရမ်းလည်းမကြီး
ချင်ဘူး
-compact luxury ကိုကြိုက်နှစ်သက်တဲ့လူကြီးတွေ
-ဖုန်းပေါ်မှာအချိန်ကုန်လေ့ရှိသူတွေ
-12pro max လောက်လညိးအကြီးမကြိုက်တဲ့
လက်သေးတဲ့သူများ
-pro level users မိန်းကလေးတွေ

ဒါဆိုfriendsတို့အနေနဲ့အထက်ဖော်ပြပါအချက်
တစ်ခုနဲ့ကိုက်ညီနေလျှင်iPhone 12 pro ကသင့်အတွက်ဖြစ်လာမှာပါ။

တကယ်လို့ကိုယ်နဲ့ကိုက်ညီတာမပါသေးရင်လည်းဆက်လက်ဖတ်ရှုကြဖို့တိုက်တွန်းလိုပါတယ်။

iPhone 12 pro max

iPhone 12pro max ဟာiPhone Xs max 11pro max စတယ့်သူတွေကိုရည်ရွယ်ပါတယ်။

ဘာကြောင့်လည်းဆိုတော့

-ဖုန်းတစ်လုံးကိုနှစ်တိုင်းup to date ကိုင်ချင်
တယ့်သူများ

-ပြီးတော့RK တွေ😜
-pro levelကိုတောင်အကောင်းဆုံးမှဆိုတဲ့သူတွေ

-Display size အကြီးကိုလိုတယ့်သူတွေ

-fashion အရ

-အခုမှecosystems ထဲဝင်မယ်သေးသေလေး
လည်းမလိုချင်ဘူးultra luxury မှ

ဆိုတဲ့သူတွေအတွက်ကတော့iPhone 12pro max ဟာ မှားယွင်းတဲ့ရွေးခြယ်မှုမဟုတ်ပါဘူး။

Like and share လေးတွေနဲ့အားပေးသွားကြဖို့မေတ္တာရပ်ခံတင်ပြအပ်ပါတယ်။

K Friends တို့ရဲ့Like and Share 1ခုဟာAdmin
အတွက်COVIDကာကွယ်ဆေးရေး
အတွက်ခုခံအား
ကောင်းဖို့ဆေးတစ်ခွက်ရသလိုပါဘဲဗျာ။

အခုလိုအချိန်မှာApple event ကလည်းနီးနေပြီဆိုတော့ဘယ်သူတွေကဘယ်model ကိုဝယ်ရမလဲ ဒီအပိုင်းမှာတော့Apple event မှာမိတ်ဆက်မယ့်တန...
25/09/2020

အခုလိုအချိန်မှာApple event ကလည်းနီးနေပြီဆိုတော့ဘယ်သူတွေကဘယ်model ကိုဝယ်ရမလဲ


ဒီအပိုင်းမှာတော့Apple event မှာမိတ်ဆက်မယ့်တန်ဖိုးသင့်iPhone နှစ်လုံးဖြစ်တဲ့iPhone 12 mini
And iPhone 12 အကြောင်းပါ။

iPhone 12mini

အခုသင်ဟာiPhone 5s Se2016 Se2020 6 7 8
ကိုကိုင်ထားတဲ့သူဖြစ်လျှင်အသစ်လဲမည်ဆိုပါက
iPhone 12 mini ကသင့်အတွက်အမှန်ကန်ဆုံးရွေးခြယ်မှုဖြစ်မှာပါ။

ဒီလိုတပ်အပ်ပြောရခြင်းဟာဒီiPhone အမျိုးအစား
တွေကိုကြိုက်နှစ်သက်သူတွေမှာအဓိကအားဖြင့်

-compact designကြိုက်နှစ်သက်သူတွေ
-ဖုန်းကိုသာမာန်social media လောက်ဘဲသုံးသူတွေ
-ဂိမ်းသိပ်မဆော့သူတွေ
-ဖုန်းကိုဖုန်းဆက်စာတိုပို့အတွက်ဘဲသုံးသူတွေ
-လူကြီးတွေ
-ဖုန်းပေါ်မှာအချိန်ကုန်လေ့မရှိသူတွေ
-အခုမှApple ecosystem ထဲစဝင်မယ့်သူတွေဖြစ်
ပါတယ်။
ဒါဆိုfriendsတို့အနေနဲ့အထက်ဖော်ပြပါအချက်
တစ်ခုနဲ့ကိုက်ညီနေလျှင်iPhone 12mini ကသင့်အတွက်ဖြစ်လာမှာပါ။

တကယ်လို့ကိုယ်နဲ့ကိုက်ညီတာမပါသေးရင်လည်းဆက်လက်ဖတ်ရှုကြဖို့တိုက်တွန်းလိုပါတယ်။

iPhone 12

iPhone 12ဟာiPhone 6+ 7+ 8+ XR 11 စတယ့်သူတွေကိုရည်ရွယ်ပါတယ်။

ဘာကြောင့်လည်းဆိုတော့

-ဖုန်းတစ်လုံးကိုနှစ်တိုင်းup to date ကိုင်ချင်
တယ်ငွေလည်းအရမ်းမသုံးချင်ဘူး။
-ပြီးတော့ခေတ်ဆန်ပြီးလန်းဆန်းလှတယ့်လူငယ်
တွေ
-pro level လည်းမလိုဘူး
-Display size လည်းမလိုဘူး
-fashion ကျပြီးcolorful ဖြစ်ချင်တယ်
-အခုမှecosystems ထဲဝင်မယ်သေးသေးလေး
လည်းမလိုဘူး

ဆိုတဲ့သူတွေအတွက်ကတော့iPhone 12ဟာ
မှားယွင်းတဲ့ရွေးခြယ်မှုမဟုတ်ပါဘူး။ခန့်မှန်းစရာကို
မလိုဘူးXR 11 တို့ရဲ့successor ဖြစ်တဲ့12ဟာလည်း
ဒီနှစ်အဖို့Appleရဲ့အရောင်းရဆုံးဖုန်းဖြစ်ပြီးအ
ရောင်အသွေးစုံစုံနဲ့လူငယ်တွေကြားမှာရေပန်းစားနေမှာအမှန်ပါဘဲ။ပြီးတော့သတင်းကောင်းအနေနဲ့
Apple ကဒီနှစ်iPhone အားလုံးမှာOLED ဖြစ်မယ်
ဆိုတော့720pဒုက္ခပြီးပါပြီဗျ။

Like and share လေးတွေနဲ့အားပေးသွားကြဖို့မေတ္တာရပ်ခံတင်ပြအပ်ပါတယ်။

K Friends တို့ရဲ့Like and Share 1ခုဟာAdmin
အတွက်COVIDကာကွယ်ဆေးရေး
အတွက်ခုခံအား
ကောင်းဖို့ဆေးတစ်ခွက်ရသလိုပါဘဲဗျာ။

2020 October 13 ပွဲအတွက်Apple ထံသို့ပေးစာနှစဉ်Apple event ကိုSeptember မှာကျင်းပါနေကြဖြစ်ပါတယ်။ ဒီနှစ်မှာလည်းမကျင်းပတာတေ...
25/09/2020

2020 October 13 ပွဲအတွက်Apple ထံသို့ပေးစာ

နှစဉ်Apple event ကိုSeptember မှာကျင်းပါနေကြဖြစ်ပါတယ်။ ဒီနှစ်မှာလည်းမကျင်းပတာတော့မဟုတ်ပါဘူးကျင်းပပါတယ်။လူအများမျှော်လင့်ထားကြသလိုiPhone 12 series ကိုတော့
မိတ်ဆက်ခြင်းမပြုခဲ့ပါဘူး။ဒါကြောင့်October event
ကိုApple fan တွေအနေနဲ့အကြာကြီးစောင့်ဆိုင်းခဲ့ရတဲ့အတွက်ဒီနှစ်ထွက်iPhone အသစ်တွေဟာ
အရင်ထက်ကောင်းမွန်ထူးခြားပြီးApple master piece ဖြစ်ကိုဖြစ်မှလည်းရပါမယ်။iOS Apple ဟာ
သူ့လမ်းကြောင်းပေါ်မှပြေးနေတဲ့မြင်းဆိုပင်လည်း
Usersတွေအနေနဲ့ကတော့အများနည်းတူAndroid
Device တွေနဲ့ယှဉ်ရင်ပြောစရာဖြစ်လာပါပြီအဲ့ပြောစရာတွေကတော့

2020အထိApple အနေနဲ့

-large notch
-No design changes in iPhone
-not very great camera
-weight of iPhone max series
-Battery amount
-120HZ pro motion
-USB C
-Fast charging system

စတယ့်နေရာမှာapple အနေနဲ့Android
ဖုန်းတွေထက်ခေတ်နောက်ကျခဲ့တာကြာပါပြီ။
အပွင့်လင်းဆုံးပြောရရင်၁နှစ်နီးပါနောက်ကျခဲ့တာဖြစ်ပါတယ်။
အဲ့ဒါကြောင့်event ကိုဒီလောက်နောက်ကျတဲ့အထိစောင့်ခဲ့ကြပြီးမှအထက်ဖော်ပြပါအချက်တစ်ချက်
မှတိုးတက်မလာရင်တော့ဒီနှစ်iPhone တွေဟာဝယ်
သူရှိမှတောင်မဟုတ်လောက်တဲ့အထိဆိုးသွားနိုင်
တယ်Covid-19 pandemic ကြောင့်ဘာမှမပြောင်း
လဲတဲ့အရာတစ်ခုကိုအဲ့လောက်ထိစျေးကြီး
ပေးယ်လို့တော့မထင်ပါဘူး။ Admin လို Apple fan
စစ်တောင်ဝယ်ဖို့စဉ်းစားရပါလိမ့်မယ်။

Like and share လေးတွေနဲ့အားပေးသွားကြဖို့
မေတ္တာရပ်ခံတင်ပြအပ်ပါတယ်။

K Friends တို့ရဲ့Like and Share 1ခုဟာAdmin
အတွက်COVID ကာကွယ်ဆေးရေးအ တွက် ခုခံအား
ကောင်းဖို့ဆေးတစ်ခွက်ရသလိုပါဘဲဗျာ။

သေချာတယ်Navy blue လို့ဘဲခေါ်မည်။iOS 14 Official update ရပြီးနောက်watch application မှာ watch face ပြောင်းမယ်ဆိုကြည့်တော့...
17/09/2020

သေချာတယ်Navy blue လို့ဘဲခေါ်မည်။

iOS 14 Official update ရပြီးနောက်watch application မှာ watch face ပြောင်းမယ်ဆိုကြည့်
တော့watchOS 7 ရဲ့watch face အသစ်တွေမှာnavy blue ဆိုတဲ့အရောင်အဓိကနေရာယူနေတာကိုကြည့်ခြင်းဖြင့်iPhone 12 pro and pro max ရဲ့အဓိကsignature color သည်navy blue ဘဲဆိုတာလုံးဝသေချာပါတယ်။

Apple event 2020 After  event 2020ကိုကြည့်ပြီးသွားကြပြီဆိုတော့ကျွန်တော်ကrecap မလုပ်တော့ဘဲအားလုံးစိတ်ဝင်စားနေကြတယ့်iPhon...
15/09/2020

Apple event 2020 After

 event 2020ကိုကြည့်ပြီးသွားကြပြီဆိုတော့ကျွန်တော်ကrecap မလုပ်တော့ဘဲအားလုံးစိတ်ဝင်
စားနေကြတယ့်iPhone 12 series အတွက် တကယ်confirm ဖြစ်သွားတာတွေကိုပြောမယ်။

-iPhone 12 ရဲ့design ဟာအရင် iPhone 4 4s 5 5s Design or iPad Pro design ဆိုတာလုံးဝ confirm

-song silent mode button က လေးထောင့်ကနေ
အဝိုင်းပုံလေးပြောင်းမယ်ပုံအရ

-Based model storage 128GB confirm

-Camera setup design and LiDAR sensor confirm

-5G Confrim
-iPad Air 4 event မှာပြသွားတဲ့ 20W adapter confrim (ဘူးထဲကတော့မပါဖို့များ)

-A14 5nm confrim

- Type Cကတော့မသေချာဘူး
-ဒီတခါအရောင်သစ်က iPad Air ရဲ့ sky blue လည်းဖြစ်နိုင် (သိပ်မသေချာ)

-120HZ ကတော့မသေချာ။

- Notch ကpro တွေမှာသေးမယ် confrim

ကျွန်တော်အထက်မှာcomfirmလို့ပြောသွားတာတွေဟာအောက်မှာဖော်ပြထားတဲ့ပုံတွေအရအတိအကျဖြစ်တယ်လို့ဖော်ပြရခြင်းဖြစ်ပါတယ်။

အဲ့ပုံတွေကဘယ်ကလဲ?

Caviar လို့ခေါ်တယ့်Russia နိုင်ငံအခြေစိုက် luxury
ဖုန်းထုတ်တဲ့company ကတင် ထားတယ့်ပုံတွေဖြစ်
ပါတယ်။

ပုံမှန်အားဖြင့်အဲ့company ဟာApple Samsung
တို့ရဲ့ကောင်းပေ့ဆိုတဲ့flagship ဖုန်းတွေကို ရွှေ စိန်
ကျောက်သံပတ္တမြားတွေနဲ့စိီချယ်ထုတ်လုပ်တဲ့ဖုန်း
Company ပါ။

သိထားရမှာကဘယ်လောက်ဘဲရတနာတွေနဲ့အလှဆင်ဆင်သူ့မူရင်းဖုန်းရဲ့design language ကိုဘယ်တော့မှပျောက်အောင်လုပ်လေ့မရှိပါဘူး။

ဥပမာ မနှစ်က11 pro max ကိုမူရင်းdesign မှာမှ
Tesla edition ပုံစံluxury ဖုန်းထုတ်ထားတာကိုသတိပြုရမယ်။

ဒါကြောင့်အဲ့page ကတင်ထားတဲ့ iPhone 12 confrim တာတွေရယ် 2020event က
ထင်မြင်ယူဆချက်တွေကိုဖော်ပြလိုက်ရပါတယ်။

တကယ်လို့တချို့တလေကွဲပြားခြားနာရချက်များရှိရင်လည်းဦးစွာအနူးညွှန်တောင်းပန်အပ်ပါသည်။
Admin ကknowledge sharing သဘောမျိုးနဲ့
တင်ပေးခြင်းဖြ စ်ပါတယ်ခင်ဗျ။

Like and share လေးတွေနဲ့အားပေးသွားကြဖို့မေတ္တာရပ်ခံတင်ပြအပ်ပါတယ်။

K Friends တို့ရဲ့Like and Share 1ခုဟာAdmin
အတွက်COVID ကာကွယ်ဆေးရေးအ တွက် ခုခံအား
ကောင်းဖို့ဆေးတစ်ခွက်ရသလိုပါဘဲဗျာ။

Address

Yangon

Telephone

+959781500677

Website

Alerts

Be the first to know and let us send you an email when K Tech posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to K Tech:

Share