21/09/2013
Smart Phone များ၏ CPU (Central Processing Unit) သမိုင်းအကျဉ်း
CPU ဆိုသည့် အစိတ်အပိုင်းမှာဖုန်းတစ်လုံးအတွက် အဓိကလုပ်ဆောင်ပေးသည့် အရာပင်ဖြစ်သည်။ ခေတ်ဦး Computer သမားများ၊ IT ပညာရှင်များသိရှိထားသော CPU ဆိုသော ဝေါဟာရ နှင့် ရှုပ်ထွေးမသွားစေရန် Computer CPU နှင့် Mobile CPU တို့၏ ခြားနားချက်ကိုရှင်းလင်းအပ်ပါသည်။
Computer CPU မှာMotherboard ပေါ်ရှိ လျှပ်စီးပတ်လမ်းမှ တဆင့် North Bridge နှင့် South Bridge များနှင့် ဆက်သွယ်၍ Memory, Graphic (GPU), Sound Card, Network Card…etc အစရှိသော Chip set များအားလုံးကောင်းမွန်စွာအလုပ်လုပ်နိုင်ရန် ပင်မထိန်းချုပ်ပေးသောအရာဖြစ်သည်။
Mobile CPU မှာSoC (System-on-a-Chip) နည်းပညာပေါ်တွင် အခြေခံ၍ Chip set များကိုMobile Circuit Board ပေါ်တွင် တည်ဆောက်ထားခြင်းမဟုတ်ဘဲ CPU ၏ အတွင်းတွင် စုပေါင်းကာတည်ဆောက်ထားခြင်းဖြစ်သည်။ (ဥပမာWifi, GPS/GLONASS, Bluetooth, Wireless Radio (GSM/CDMA) Network Baseband, CPU and GPU… etc စသည်တို့ကိုစနစ်တကျ တည်ဆောက်ထားသော Chip ပင်ဖြစ်သည်။)
လက်ရှိအသုံးပြုနေသော Smart Phone များတွင် ထည့်သွင်းအသုံးပြုထားသော CPU များ၏ ၉၅% ကို ARM (Advance RISC Machine) နှင့် ၅% ကို Atom by Intel တို့ကအသီးသီးပိုင်ဆိုင်ထားကြသည်။
ဦးစွာပထမARM (Arcon RISC Machine) ကိုArcon Computer Ltd မှ ၁၉၈၀ပြည့်နှစ်တွင် စတင်တည်ထောင်၍ ၁၉၉၀တွင် ဗြိတိသျှအခြေစိုက် BBC Mirco Computer သို့ ရောင်းချခဲ့ပြီးARM (Advance RISC Machine) အဖြစ်သို့ ရောက်ရှိလာသည်။ ARM Holdings ကုမ္မဏီသည် အစောပိုင်းကာလများတွင် Apple, DEC, Intel, Marvell… အစရှိသောကုမ္မဏီများသို့ Chip set နည်းပညာမူပိုင်ခွင့် လိုင်စင်တင်၍ ရောင်းချခဲ့ပြီးနောက် SoC (System-on-a-Chip)ဒီဇိုင်းကိုရေးဆွဲခဲ့သည်။ ARM Holdings ကုမ္မဏီသည် Cambridge တက္ကသိုလ်နှင့် ပူးပေါင်းကာ SoC အခြေပြု microprocessor များကို ARMv1 (ARM1), ARMv2 (ARM2, ARM3), ARMv3 (ARM6,ARM7),…… ARMv6 (ARM11), ARMv7-A (ARM Cortex-A5, Cortex-A7, A8, A9, A12, A15) တို့ တဆင့်ပြီးတဆင့် ရေးဆွဲခဲ့ကြသော်လည်းထုတ်လုပ်မှုကိုမူမပြုကြပဲနည်းပညာမူပိုင်ခွင့် တင်ကာSemiconductor ထုတ်လုပ်သည့် Qualcomm, Samsung, NVidia…..အစရှိသောကုမ္မဏီများသို့ရောင်းချခဲ့သည်။
ယနေ့အသုံးပြုနေသော ARM အနွယ်ဝင်microprocessorများကို Semiconductor ကုမ္မဏီများမှ အပြိုင်အဆိုင်ထုတ်လုပ်ခဲ့ကြသည်မှာ၁၉၉၇ မှ ၂၀၁၂ အထိစာရင်းများအရ ၄၁.၀၉၄ဘီလီယံတိုင်ထုတ်လုပ်ရောင်းချ နိုင်ခဲ့ပေပြီ။ ARM Holding ၏ အနာဂါတ်ရည်မှန်းချက်မှာ ၂၀၁၅တွင် အားလုံးသော tablets, mini notebooks နှင့် အခြားသော mobile PC များ၏ ထက်ဝက်အကျော်သည် သူ၏ ARM အခြေပြု လျှပ်စစ်ထုတ်ကုန်များဖြစ်ရေးပင်ဖြစ်သည်။
ဆက်ရန်….
Third Party (Qualcomm, Samsung, NVidia) SemiconductorProduct တပိုင်းလျှပ်ကူးထုတ်ကုန်