24/01/2026
မိမိ Computer မှာ Backup လုပ်ခြင်းကဘာလဲ ဘာကြောင့်လုပ်သင့်လဲ
====================================
Computer မှာ Backup လုပ်တယ် ဆိုတာက မိမိကွန်ပျူတာထဲမှာရှိတဲ့အရေးကြီးတဲ့ ဖိုင်တွေနဲ့ အချက်အလက်တွေကို မူရင်းမပျက်အောင် အခြားတစ်နေရာမှာ ကူးယူပြီး သိမ်းဆည်းထားခြင်း ဖြစ်ပါတယ်။
ဥပမာ စာအုပ်ဖိုင်တစ်ခု၊ ဓာတ်ပုံတွေ၊ Excel, Word ဖိုင်တွေ၊ Software settings တွေကို မည်သည့်အချိန်မဆို ပြန်ယူနိုင်အောင် သိမ်းထားတာကို Backup လုပ်တယ်လို့ ခေါ်တယ်။
ဘာကြောင့် Backup လုပ်ရတာလဲ?
Virus ဝင်ပြီး file တွေမဖွင့်နိုင်တော့လို့
Windows ပျက်သွားတာကြောင့် data ပျက်သွားတာကို ကာကွယ်ဖို့
Hard Drive ပျက်သွားလို့ file တွေပြန်မရနိုင်တာကို ရှောင်ဖို့ပါ။
Backup လုပ်နိုင်တဲ့ နည်းလမ်းများ
1. File Backup
မိမိရဲ့ Desktop, Documents, Downloads ထဲက file တွေကို USB Drive, External Hard Drive ထဲသို့ Copy လုပ်ပြီး သိမ်းဆည်းပါ။
2. Cloud Backup (အွန်လိုင်းသိမ်းခြင်း)
Google Drive, OneDrive တို့ကို သုံးပြီး မိမိဖိုင်တွေကို အွန်လိုင်းမှာ သိမ်းထားနိုင်ပါတယ်။ Computer ပျက်သွားလည်း ပြန်ယူလို့ရပါတယ်။
3. System Image Backup
Windows နဲ့ တကွ သုံးနေတဲ့ software, settings အားလုံးကို တပြိုင်နက် backup လုပ်နိုင်တဲ့ နည်းလမ်းပါ။ Windows settings ထဲမှာ ရှိပါတယ်။
Backup မလုပ်ထားရင် ဖြစ်နိုင်တဲ့အန္တရာယ်
ဖိုင်တွေ ပြန်မရနိုင်တာ
Ransomware virus ဝင်ပြီး file တွေဖွင့်လို့မရတာ
Windows ပြဿနာကြောင့် reinstall လုပ်ရပြီး အရာအားလုံးဆုံးရှုံးပါတယ်။
#001