I-Mac Mobile Phone Sale & Service

I-Mac Mobile Phone Sale & Service No 118, 16th Street (Middle Block), Lamadaw Township, Yangon. 09420003735 , 09790144347

Shout out to my newest followers! Excited to have you onboard!Rowdyboy Rowdyboy, Nwe Ni
17/12/2025

Shout out to my newest followers! Excited to have you onboard!

Rowdyboy Rowdyboy, Nwe Ni

20/09/2024

iPhone 16Pro
😘😘

Send a message to learn more

ဘယ်လောက်ပဲစိမ်းစိမ်းဝါဝါဖြူဖြူ အလျိန်တိုတွင်းပြုပြင်ပေးနေပါပီ 13 Promax Geen Screen Fix 😘😘iMac Mobile 🏠လမ်းမတော် ၁၆လမ်း၊...
13/09/2024

ဘယ်လောက်ပဲစိမ်းစိမ်းဝါဝါဖြူဖြူ အလျိန်တိုတွင်းပြုပြင်ပေးနေပါပီ

13 Promax Geen Screen Fix 😘😘

iMac Mobile



🏠လမ်းမတော် ၁၆လမ်း၊ အမှတ် (၁၁၈) မြေညီ အလယ်ဘလောက် ၊ ရန်ကုန်မြို့

📲09791989265
📲09420003735
📲09790144347

Google map Link 👇👇👇

https://maps.app.goo.gl/frJpNodoCTnE3CET9?g_st=ic

13/09/2024

နောက်ပိုင်းကြမ်းမည်
😁😁

iOS 18 တရားဝင် ထွက်ရှိမယ့်နေ့ကို Apple က ကြေညာလိုက်ပြီနော်။Call Recording ပါဝင်လာမယ်ဆိုလို့ တမျှော်မျှော်ဖြစ်နေကြတဲ့ iOS...
11/09/2024

iOS 18 တရားဝင် ထွက်ရှိမယ့်နေ့ကို Apple က ကြေညာလိုက်ပြီနော်။

Call Recording ပါဝင်လာမယ်ဆိုလို့ တမျှော်မျှော်ဖြစ်နေကြတဲ့ iOS 18 Official Update ကိုတော့ စက်တင်ဘာလ(၁၆)ရက် မှာ တစ်ကမ္ဘာလုံး Install ပြုလုပ်နိုင်တော့မယ်လို့ မနေ့ညကကျင်းပသွားတဲ့ Apple Event မှာ အတည်ပြုပေးသွားပါတယ်။

အသစ်ထွက်ရှိလာတော့မယ့် iOS 18 ကိုတော့ -

iPhone 15 Family,
iPhone 14 Family,
iPhone 13 Family,
iPhone 12 Family,
iPhone 11 Family,
iPhone XS,
iPhone XS Max,
iPhone XR,
iPhone SE (2nd generation) နဲ့ iPhone SE (3rd generation) တွေမှာ Update ပြုလုပ်နိုင်မှာပါ။

iOS 18 နဲ့အတူ ပါဝင်လာမယ့် Apple Intelligent ကိုတော့ iPhone 15 Pro နဲ့ iPhone 15 Pro Max တွေမှာသာ ရရှိနိုင်မှာဖြစ်ပြီး အောက်တိုဘာလမှာ အသစ်ထွက်မယ့် iOS 18.1 မှသာ စတင်အသုံးပြုနိုင်မှာပါ။

Apple က အသစ်ထုတ်တော့မဲ့ Triple Foldable iPhone 😁😁😁
11/09/2024

Apple က အသစ်ထုတ်တော့မဲ့
Triple Foldable iPhone
😁😁😁

iPhone 16 Series အပါအဝင် အမိုက်ဆုံး Product အသစ်တွေကို မိတ်ဆက်သွားပြီဖြစ်တဲ့ Apple Event !It’s Glowtime ဆိုတဲ့ Apple Eve...
10/09/2024

iPhone 16 Series အပါအဝင် အမိုက်ဆုံး Product အသစ်တွေကို မိတ်ဆက်သွားပြီဖြစ်တဲ့ Apple Event !

It’s Glowtime ဆိုတဲ့ Apple Event ကြီးကတော့ ခမ်းခမ်းနားနားကို ပြီးဆုံးသွားပါပြီ။

ဒီနှစ် Event မှာတော့ iPhone 16 Series အပြင် Apple Watch Series 10, Apple Watch Ultra 2, AirPods 4 တွေကိုပါ အမိုက်စား ချပြသွားပြီပဲ ဖြစ်ပါတယ်။ Product အသစ်တွေရဲ့ ထူးခြားချက်တွေကို mDrive နဲ့အတူ ကြည့်လိုက်ရအောင်!

• iPhone 16 & iPhone 16 Plus

Aerospace-grade aluminum နဲ့ပြုလုပ်ထားတဲ့ iPhone 16 ကတော့ ultramarine, teal, pink, white and black colour (၅) မျိုးနဲ့ ထွက်ရှိလာပြီပဲ ဖြစ်ပါတယ်။

First-generation ထက်ကို 50% ပိုကောင်းလာတဲ့ Ceramic Shield Formula အသစ်ကြောင့် အကြမ်းအခံနိုင်ဆုံး iPhone ဖြစ်လာဦးမှာပါ။

Size အနေနဲ့ 6.1-inch for iPhone 16, 6.7-inch for iPhone 16 Plus ဆိုပြီး အရွယ်အစား (၂) မျိုး ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

Apple Intelligence ပါဝင်တဲ့ iPhone 16 မှာ A18 Chip ကို အသုံးပြုထားပြီး 6-core CPU with 2 performance and 4 efficiency cores ပါဝင်သေးတော့ Performance အကောင်းဆုံး iPhone ဆိုရင်လည်း မမှားပါဘူး။

iPhone 15 ရဲ့ A16 Bionic ထက် 30% ပိုမြန်လာမှာဖြစ်ပြီး iPhone 12 ရဲ့ A14 Bionic ထက် 60% ပိုမြန်လာမယ်လို့လည်း ပြောထားပါသေးတယ်။

ဒါ့အပြင် Apple ကတောင် Stored or Shared လုပ်လို့မရတဲ့ Private Cloud Compute Feature၊ Camera ချိန်လိုက်တာနဲ့ Details Information ပေးသွားမယ့် iPhone 16 အတွက် သီးသန့် Visual Intelligence Feature တွေက လုံးဝကို Unique ဖြစ်ပါတယ်။

Camera ပိုင်းမှာ Main Camera အတွက် 48-megapixel, Ultra Wide Camera အတွက် 12MP ကို အသုံးပြုထားတော့ အကောင်းဆုံး Photo Experience တွေကို ခံစားနိုင်ပြီပေါ့။

ဒါ့အပြင် အရင်တုန်းက iPhone 15 Pro မှာပဲ ရတဲ့ AAA Games တွေ ဖြစ်တဲ့ Resident Evil 7 Biohazard and Assassin's Creed: Mirage တွေကိုပါ Support လုပ်တာဆိုတော့ Gamer တွေ အကြိုက်တွေ့ကြဦးမှာ အမှန်ပါပဲ။

======================================

• iPhone 16 Pro & 16 Pro Max

iPhone 16 Pro နဲ့ 16 Pro Max တို့ကတော့ ဒီနှစ်မှာ အရောင်သစ်အပြင် Design ခပ်မိုက်မိုက်နဲ့ မိတ်ဆက်လာပါပြီ။

Pro Display ကို တစ်ဝကြီး ခံစားရမှာဖြစ်တဲ့အပြင် Size နှစ်ခုဖြစ်တဲ့ iPhone 16 Pro က 6.3-inch နဲ့ iPhone 16 Pro Max က 6.9-inch ဆိုပြီး နှစ်မျိုးနဲ့ လာမှာဖြစ်ပါတယ်။ Apple ကတော့ အကြီးဆုံး Display လို့ တင်စားသွားပါတယ်။

Larger Displays, ProMotion, Always-On, Ceramic Shield စတာတွေ အပြင် Titanium Grade 5 အဆင့်နဲ့ ဖန်တီးထားပါတယ်။

Titanium တွေကို သေးငယ်တဲ့ Micro Blasted-Textured နဲ့ဖန်တီးထားပြီး Body ကိုတော့ အပါးလွှာဆုံး ပုံစံနဲ့ဖန်တီးပေးထားပါတယ်။ ဒါ့အပြင် အတွင်းပိုင်းမှာ Battery Size အကြီးဆုံးကို သုံးပေးထားပြီး Apple Silicone Chip နဲ့ Camera တို့ကိုလည်း အသပ်ရပ်ဆုံး ထည့်သွင်းထားပါတယ်။

Apple Intelligence ကတော့ iOS 18 မှာပြောထားသလို ဒီနှစ်ရဲ့ iPhone 16 Pro တွေမှာ အမိုက်ဆုံးဖြစ်အောင် ထည့်သွင်းထားပြီး AI Feature တွေက Pro Model တွေမှာပိုပြီး စွမ်းဆောင်ရည်ကောင်းလာမှာလို့ပြောသွားပါတယ်။

Apple Silicone အသစ်ဖြစ်တဲ့ A18 Pro ကတော့ 3 nm Second Generation Technology နဲ့ဖန်တီးထားပြီး Smartphone လောကမှာ အမြန်ဆုံးနဲ့ အကြမ်းဆုံး Chip လို့တင်စားထားပါတယ်။

A18 Pro Chip မှာဆိုရင် Neural Engine ကို 17% ပိုမြန်အောင်လုပ်ထားတဲ့အပြင် Apple Intelligence ကလည်း A17 ထက်ကို 15% ပိုမြန်အောင်လုပ်ထားပါတယ်။ ဒါ့အပြင် GPU Performance က 20% A17 Pro ထပ် ပို မြန်မှာဖြစ်တဲ့အပြင် Ray Tracing ကလည်း A17 Pro ထပ် ၂ ဆ မြန်နေမှာဖြစ်ပါတယ်။ Apple ကတော့ CPU ပိုင်းမှာ လက်ရှိ ဘယ် Smartphone မှ လိုက်မမှီဘူးလို့ပြောသွားခဲ့ပါတယ်။

Camera ပိုင်းမှာဆိုရင်တော့ 48MP Fusion Camera နဲ့ Second Gen Quad-Pixel Sensor ကိုသုံးထားပြီး ၂ ဆ အမြန်နှုန်းနဲ့ ရိုက်ချက်တွေကို အမိဖမ်းပေးမှာဖြစ်ပါတယ်။ 48MP ProRaw နဲ့ HEIF Feature တွေက Detail ပိုကျအောင် ရိုက်ချက်တွေကို ဖန်တီးပေးမှာပါ။

Ultra Wide Camera ကတော့ 48MP ပဲ သုံးထားပြီး Angle Shot တွေနဲ့ Micro Shot တွေမှာ Detail ကျအောင် ဖန်တီးပေးထားဦးမှာဖြစ်ပါတယ်။ Telephoto ကိုတော့ 12MP သုံးထားပေးပါတယ်။

ဒါ့အပြင် Camera Control မှာ Camera အတွက် Feature အသစ် သုံးခုပါဝင်လာမှာဖြစ်ပြီး Shot တွေတိုင်းကို တိုက်ရိုက်ချိန်ပြီး ရိုက်နိုင်မှာဖြစ်ပါတယ်။

Photographic Style ကို Feature အသစ်တစ်မျိုးနဲ့ထည့်သွင်းထားပြီး Color တွေ နဲ့ Skin tone တွေကို Real time Adjust လုပ်လို့ရနိုင်မှာဖြစ်ပါတယ်။

Control Pad တစ်ခုပါဝင်လာပြီး Effect တွေနဲ့ ရိုက်ထားပြီးတဲ့ ပုံတွေကို Color တွေ၊ Tone တွေ Adjustment လုပ်လို့ရနိုင်မှာဖြစ်ပါတယ်။

Video အတွက်ကတော့ 4K120 fps Feature အသစ်ကို ထည့်ပေးထားပြီး Slo-mo ကို Dolby Vision နဲ့ Cinematic Mode တွေမှာပါရိုက်ကူးလို့ရနိုင်အောင်လုပ်ထားပါတယ်။ ဒီလိုရိုက်ထားပြီးတဲ့ Video တွေကို Speed ပြန်ချိန်းလို့ရနိုင်တဲ့အပြင် fps တွေအလိုက်ရွေးချယ်နိုင်ပါသေးတယ်။

နောက်ပြီး Grid Composer အနေနဲ့ Pro တွေမှာ Grid တွေကို ပုံစံအများကြီးနဲ့ရိုက်လို့ရနိုင်အောင်လုပ်ထားတာက အသက်လို့ပြောရမှာပါပဲ။

Audio ပိုင်းမှာဆိုရင် အသံကို Layer ထပ်ပြီး သွင်းရင်တောင် ရပါတယ်။ ဘေးနားမှာ သီချင်းဖွင့်ထားတယ်ဆိုရင် ကိုယ့်အသံပါထပ်ပြီး သွင်းလို့ရနိုင်တဲ့ သဘောပါပဲ။ Studio တောင်သွားစရာမလိုတဲ့ သဘောပါ။

Apple ကတော့ The Weekend ရဲ့ သီချင်းအစအဆုံးကို iPhone 16 Pro နဲ့ရိုက်ကူးပြီး အသံနဲ့ ပုံတွေရိုက်တာတွေကိုပါ အသုံးပြုသွားတာ တွေ့ရတာက ဖုန်းတစ်လုံးရှိနေရုံနဲ့ ပြီးပြည့်စုံနေပြီလို့ ပြောသလိုပါပဲ။

နောက်ပြီး Audio အတွက် Video ရိုက်နေတုန်းဆိုရင် Studio Mode ထားမယ်ဆိုရင် လူနှစ်ယောက်ရဲ့ အသံကို ခွဲပြီး မှတ်ထားလို့ရနိုင်တာကိုပြသွားပါသေးတယ်။

iPhone 16 Pro မှာဆိုရင်တော့ အရောင်အနေနဲ့ Desert Titanium, Natural Titanium, White Titanium, Black Titanium တို့ကို မိတ်ဆက်သွားတာပဲဖြစ်ပါတယ်။

ဒါကတော့ iPhone 16 Pro Model တွေဖြစ်ပြီး မကြာခင် အားလုံးရှေ့ကို ရောက်လာမှာဖြစ်လို့ ဝယ်ယူချင်တယ်ဆိုရင် အခုထဲက စဥ်းစားထားလိုက်တော့နော်။

======================================

• Apple Watch Series 10

Apple ကနေ စတင်မိတ်ဆက်လိုက်တဲ့ Apple Watch Series 10 ကတော့ အပါးဆုံး Design၊ အကြီးဆုံး Display နဲ့ ထွက်ရှိလာပါပြီ။

အကြမ်းဆုံး OLED Displayed အသစ်ကို အသုံးပြုထားတဲ့ Apple Watch Series 10 က အရွယ်အစားအနေနဲ့လည်း Series 6 ထက် ပိုကြီးပြီး Watch Ultra ထက် Size ကြီးပါတယ်။

နောက်ပြီး Flux ဆိုတဲ့ ​Watch Face တစ်ခုအသစ်ပါဝင်လာမှာဖြစ်တဲ့အပြင် Battery Life ကလည်း နာရီဝက်နဲ့ အား 80% ရောက်အောင် အမြန်သွင်းပေးနိုင်ပါတယ်။

ဒါ့အပြင် Tide App နဲ့ Depth App တို့မှာဆိုရင်လည်း ပြောင်းလဲမှုတွေ အများကြီးလုပ်ထားပြီးရေအောက်ထဲမှာဆိုရင်တောင် Meter ကို Detail တွက်ချက်ပေးမှာဖြစ်ပါတယ်။

Apple Watch ရဲ့ အနောက်ဘက်ကို Metal Back နဲ့လုပ်ထားပြီး Polish aluminium နဲ့ ဘေးဘောင်တွေကို အနားသတ်ပေးထားတာက တော်တော်လေးလှတာပါ။

ဒါ့အပြင် အမိုက်ဆုံးက iPhone 7 မှာထွက်ထားသလို Jet Black အရောင်ကိုပါ မိတ်ဆက်လိုက်တာပါပဲ။

Apple ကတော့ သူတို့လုပ်ဖူးသမျှထဲမှာ ဒီ Apple Watch Series 10 က အပါးဆုံးဖြစ်တယ်လို့ ပြောထားပါတယ်။

အတွင်းပိုင်းမှာဆိုရင် Sip နဲ့ Digital Crown တို့ကို သပ်သပ်ရပ်ရပ်လေးနဲ့ အပါးဆုံးပုံစံ ထည့်သွင်းထားပြီး Speaker ကိုလည်း နှစ်ဆပိုကောင်းအောင် အကြီးဆုံးကိုသုံးပေးထားပါတယ်။

Series 10 မှာဆိုရင် အရောင်အနေနဲ့ Jet Black, Rose Gold, Silver သုံးရောင်နဲ့ လာမှာဖြစ်ပြီး Titanium Edition ကိုလည်း Stainless Steel Band တွေ၊ Reflection Watch Face အသစ်တွေနဲ့ အတူ မိတ်ဆက်လိုက်ပါတယ်။

Carbon Natural Products ဖြစ်တာကြောင့် 100% Recycle လုပ်လို့ရတဲ့ Products Lineup တစ်ခုထဲပါဝင်လာပါတယ်။

နောက်ပြီး Apple Watch Series 10 နဲ့အတူ အိပ်မပျော်တဲ့သူတွေအတွက် Sleep Apnea ဆိုတဲ့ App ကိုလည်း မိတ်ဆက်လိုက်ပြီး ညဘက်အိပ်တဲ့အခါ အသက်ရှုအခက်အခဲရှိတယ်ဆိုရင် ဒီ App လေးက ကူညီပေးမှာဖြစ်ပါတယ်။

======================================

• Apple Watch Ultra 2 New Color

Apple Watch Ultra 2 ကတော့ ပြောင်းလဲမှုအနေနဲ့ အရောင်အသစ်ဖြစ်တဲ့ Stain Black ဆိုတဲ့ အရောင်ကို မိတ်ဆက်လိုက်ပြီး Matt လို ပုံစံနဲ့တော်တော်လေးလှတာကို တွေ့ရမှာပါ။ Diamond တွေမှာ တွေ့ရတဲ့ PVD Formulated ကိုသုံးထားတဲ့ အတွက် ပိုပြီးအကြမ်းခံလာမှာပါ။

အနောက်ဘက်မှာ Dark Zirconia back Crystal ကိုသုံးထားတာလည်းတွေ့ရမှာပါ။ Titanium Milanese Loop ကို မိတ်ဆက်သွားပြီး အချိတ်အဆက်တွေပိုကောင်းအောင် Detail အကျဆုံး ဖန်တီးထားတာက တော်တော်လေးမိုက်ပါတယ်။

Apple Watch Ultra ကိုတော့ နှစ်ရောင်နဲ့ ရမှာဖြစ်ပြီး Battery Life အကောင်းဆုံး၊ အမိုက်ဆုံး Display နဲ့ အမာကြောဆုံး Apple Watch တစ်ခုဖြစ်လာမှာတော့ ကျိန်းသေပါပဲ။

Apple Watch တွေကတော့ Apple မှာ ယနေ့ Order တင်လို့ရမှာဖြစ်ပြီး September 20 ရက်နေ့မှာတော့ ရောင်းချသွားမှာဖြစ်ပါတယ်။

======================================

• AirPods 4

AirPods New Generation အနေနဲ့ AirPods 4 ထွက်ရှိလာပြီပဲ ဖြစ်ပါတယ်။
H2 Chip အသုံးပြုထားတဲ့ AirPods 4 က Personalized Spatial Audio, Voice Isolation, Siri Interaction တွေ ပါဝင်ပြီး 30-hour battery life လည်း ပါဝင်ပါသေးတယ်။
Apple ကနေ Most Comfortable AirPods လို့ တင်စားထားတဲ့အတွက် နေ့စဉ်ဘဝမှာ အသုံးပြုရတာ လွယ်ကူအဆင်ပြေစေဖို့ လူတိုင်းနဲ့ ကိုက်ညီတဲ့ Ear Shapes တွေကို ဖန်တီးထားပါသေးတယ်။

AirPods 4 မှာ ထူးထူးခြားခြားအနေနဲ့ Second model တစ်ခုကိုပါ ထုတ်လုပ်ထားပါတယ်။ Second model မှာ AirPods Pro ရဲ့ Active noise cancellation ပါဝင်တဲ့အတွက် ပတ်ဝန်းကျင်က ဆူညံသံတွေကြားမှာ အေးဆေးနေနိုင်မှာပါ။

ဒါ့အပြင် Adaptive Audio, Conversation Awareness အပြင် Wireless Charging ပါ ပါဝင်ပါသေးတယ်။

Active noise cancellation ပါဝင်တာနဲ့ မပါဝင်တာ ဆိုပြီး ရွေးချယ်စရာ ၂ ခုရှိတဲ့ အကောင်းဆုံး Open-ear AirPods လို့ Apple ကနေ တင်စားထားတဲ့ AirPods 4 ကတော့ Customer တိုင်း အကြိုက်တွေ့ဦးမှာပါ။

======================================

• AirPods Max

AirPods Max ကတော့ Sound Quality ပိုင်းကို အဓိကထား Upgrade လုပ်ထားပေးပြီးတော့ Midnight, Purple, Blue, Orange နဲ့ Starlight ဆိုတဲ့ Color အသစ်တွေကို မိတ်ဆက်သွားပါတယ်။

======================================

• AirPods Pro 2

ဒီနေ့ပြုလုပ်သွားတဲ့ It’s Glow Time Event မှာ AirPods Pro Generation အသစ်ကိုမိတ်ဆက်သွားခြင်းမရှိပေမယ့် AirPods Pro 2 မှာ ထပ်တိုးအသုံးပြုလို့ရနိုင်မယ့် အလန်းစား Features တွေကို ချပြသွားပါတယ်။

Hearing Test ဆိုတဲ့ Feature ကတော့ ကိုယ့်ရဲ့နားက ကျန်းမာတဲ့လူတစ်ယောက်ရဲ့ နားလိုမျိုး လုပ်ဆောင်ချက်တွေ ကောင်း/မကောင်း ကို စမ်းသပ်နိုင်မှာပါ။ကိုယ့်ရဲ့ AirPods Pro 2 ကို iPhone နဲ့ ချိတ်ဆက်ပြီးတော့ Health App ထဲမှာ Take Hearing Test ဆိုတာကိုရွေးချယ်ပြီး ကိုယ့်ရဲ့ နားကျန်းမာရေးကို စစ်ဆေးနိုင်မှာဖြစ်ပါတယ်။ Health App ထဲမှာတင် ကိုယ့်ရဲ့ ဘယ်ဘက်နားနဲ့ ညာဘက်နား တစ်ခုချင်းစီရဲ့ ကျန်းမာရေး ကောင်း၊မကောင်းကို ပြသပေးသွားမှာဆိုတော့ အရမ်းကိုအဆင်ပြေတာပေါ့။

နားကျန်းမာရေးမကောင်းတဲ့ မသန်စွမ်းတွေအတွက် Head Aid Feature ကိုလည်း AirPods Pro 2 မှာ အသုံးပြုနိုင်တော့မှာပါ။ နားကျန်းမားရေးမကောင်းတဲ့သူ၊ ပတ်ဝန်းကျင်က အသံတွေကို ကောင်းကောင်းမကြားရတဲ့ လူတစ်ယောက်က AirPods Pro 2 လေးကို နားမှာတပ်ထားရုံနဲ့ သာမန်လူတစ်ယောက်လိုမျိုး အသံတွေကိုကြားနိုင်မှာဖြစ်လို့ AidPods Pro 2 က ပတ်ဝန်းကျင်ကို တစ်ဆင့်မြင့်စေတော့မှာဖြစ်ပါတယ်။

ဒါတင်မကသေးဘဲ ကိုယ့်ရဲ့ နားလေးတွေကို ဆူညံတဲ့ ပတ်ဝန်းကျင်က အသံတွေစီကနေ ကာကွယ်ပေးမယ့် Hearing Protection Feature လည်းပါဝင်ဦးမှာပါ။

အဆင့်တစ်ဆင့်မြှင့်ထားတဲ့ Pro Level Active Noise Cancellation နဲ့ Crystal-clear Transparency Mode တို့ပါ ပါဝင်လာမယ့် AirPods Pro 2 ကိုတော့ iOS 18 ထွက်ရှိလာတဲ့အချိိန်မှာ Software Upgrade ပြုလုပ်ပြီးတော့ Experience အသစ်တွေကို တစ်ဝကြီး ခံစားနိုင်မှာဖြစ်ပါတယ်။

crd:

Service  တွေ ဈေးမပြောင်းလဲထားပါဘူး 🫨🫨Spareparts တွေ ဈေးတတ်နေပေမဲ့ iPhone 13 White Screen Fix ✅iMac Mobile 🏠လမ်းမတော် ၁၆လ...
22/08/2024

Service တွေ ဈေးမပြောင်းလဲထားပါဘူး 🫨🫨
Spareparts တွေ ဈေးတတ်နေပေမဲ့

iPhone 13 White Screen Fix ✅

iMac Mobile



🏠လမ်းမတော် ၁၆လမ်း၊ အမှတ် (၁၁၈) မြေညီ အလယ်ဘလောက် ၊ ရန်ကုန်မြို့

📲09791989265
📲09420003735
📲09790144347

Google map Link 👇👇👇

https://maps.app.goo.gl/frJpNodoCTnE3CET9?g_st=ic

16 Promax 😁😁
17/08/2024

16 Promax 😁😁

ဒီနေ့ လုပ်ဖြစ်တဲ့ Service များ iMac Mobile 🏠လမ်းမတော် ၁၆လမ်း၊ အမှတ် (၁၁၈) မြေညီ အလယ်ဘလောက် ၊ ရန်ကုန်မြို့ 📲09791989265📲0...
25/06/2024

ဒီနေ့ လုပ်ဖြစ်တဲ့ Service များ

iMac Mobile



🏠လမ်းမတော် ၁၆လမ်း၊ အမှတ် (၁၁၈) မြေညီ အလယ်ဘလောက် ၊ ရန်ကုန်မြို့

📲09791989265
📲09420003735
📲09790144347

Google map Link 👇👇👇

https://maps.app.goo.gl/frJpNodoCTnE3CET9?g_st=ic

Final Cut Camera App လေး Free ဝင်ယူပေးကြပါဦးDownload Link below 👇🏼👇🏼👇🏼https://apps.apple.com/us/app/final-cut-camera/id6...
25/06/2024

Final Cut Camera App လေး Free ဝင်ယူပေးကြပါဦး

Download Link below
👇🏼👇🏼👇🏼

https://apps.apple.com/us/app/final-cut-camera/id6469552837

iMac Mobile



🏠လမ်းမတော် ၁၆လမ်း၊ အမှတ် (၁၁၈) မြေညီ အလယ်ဘလောက် ၊ ရန်ကုန်မြို့

📲09791989265
📲09420003735
📲09790144347

Google map Link 👇👇👇

https://maps.app.goo.gl/frJpNodoCTnE3CET9?g_st=ic

Address

No 118, 16th Street (Middle Block), Lamadaw Township
Yangon
11131

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00

Telephone

+959420003735

Alerts

Be the first to know and let us send you an email when I-Mac Mobile Phone Sale & Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to I-Mac Mobile Phone Sale & Service:

Share