24/08/2026
PHP Web Development Course (September Intake)
🔹 Web Developer တွေရဲ့ရွှေခေတ်ဖြစ်တဲ့ AI ခေတ်မှာ Web application တွေစနစ်တကျ တည်ဆောက်ချင်သူများအတွက် AI ခေတ်နဲ့ဆီလျှော်တဲ့ သင်ကြားမူ့မျိုးနဲ့ PHP Web Development ကိုလုံးဝအခြေခံကနေစပြီး သင်ကြားပေးတဲ့ အတန်းလေးဖြစ်ပါတယ်
🔹 AI နဲ့ရေးထားတဲ့ code တွေကို ဘယ်ဟာ ဘာ့ကြောင့်ရေးထားတယ်၊ ဘယ် code တွေကတော့ prompts တွေ ထပ်ခါထပ်ခါရေးမိလို့ မလိုအပ်ပဲ ဖောင်းပွနေသလဲ စသဖြင့် ကိုယ်ရေးထားတဲ့ code တွေကို ကိုယ်တိုင်နားလည်ပြီး တာဝန်ယူမူ့ တာဝန်ခံမူ့ရှိတဲ့ ယုံကြည်စိတ်ချရတဲ့ Web Application မျိုးကို Professional ကျကျတည်ဆောက်တတ်စေရန် အဓိကရည်ရွယ် သင်ကြားပေးပါတယ်။
🔹 Computer Basic နှင့် internet အသုံးပြုတတ်ရပါမယ်။ လုံးဝအခြေခံကနေစသင်ပေးမှာဖြစ်တဲ့အတွက် Programming Basic မရှိလဲ တတ်လို့ရပါတယ်ခင်ဗျာ။
🔹 သင်ခန်းစာတိုင်းတွင် mini-projects များရေးရပါမယ်။ နောက်ဆုံးတွင် သင်တန်းသားများအားလုံး project (၂) ခု develop လုပ်ရမည်။ Social Network Project လေး (၁) ခုကဆရာနှင့်အတူတူ develop လုပ်ရမှာဖြစ်ပြီးကျန်တစ်ခုကတော့သင်တန်းသားများကိုယ်တိုင် develop လုပ်ရမှာဖြစ်ပါတယ်။ Project ပြီးမြောက်မှသာ Certificate ပေးအပ်မည်ဖြစ်သည်။
🔹 Course Outline
Frontend Web Development ပိုင်းမှာ
▪️ HTML
▪️ CSS
▪️ Bootstrap5
▪️ Javascript
▪️ JQuery တို့သင်ကြားပေးမှာဖြစ်ပြီး
Backend Web Development ပိုင်းမှာတော့
▪️ Database Technology ( Mysql)
▪️ PHP
▪️ OOP
▪️ Laravel 13 Basic
▪️ Pusher (Bi-directional hosted APIs for real-time)
▪️ မိမိတို့ရေးသားထားသော Website များကို online ပေါ်တင်နိုင်ရန်အတွက် Hosting and Domain setup process များအထိ ပါသင်ကြားပေးထားပါတယ်။
🔹Google Meet ကိုအသုံးပြု၍ Online ကနေ Live သင်ကြားရမှာ ဖြစ်ပါတယ်။ သင်ကြားနေစဉ်မှာ တခါတည်း record လုပ်ပေးထားမှာဖြစ်တဲ့အတွက် အကြောင်းအမျိုးမျိုးကြောင့် အတန်းချိန်ပျက်ကွက်ခဲ့လျှင်လည်း အချိန်မရွေးပြန်ကြည့်နိုင်မှာ ဖြစ်ပါတယ်။ recording များကို Telegram group ပေါ်မှာပြန်တင်ပေးထားမှာဖြစ်ပါတယ်
🔹September (12) ရက်နေ့ သင်တန်းစမည်
🔹Sat, Sun ( 7PM - 9PM )
( သင်တန်းကာလ - ၃လ ကြာမြင့်မည် )
🔹သင်တန်းကြေး - ၃၅၀,၀၀၀ ကျပ်
( 🤩🤩 Early Bird Promotion အနေဖြင့် August(31) ရက်နေ့ အထိ နောက်ဆုံး ထား၍အပ်နှံပါက ၃၃၀,၀၀၀ ကျပ်သာ ကျသင့်မှာဖြစ်ပါတယ်)
💰 သင်တန်းအပ်နှံလိုပါက Page Messenger သို့ အကြောင်းကြား၍ AYA, KBZ, CB, KBZ Pay, wave pay စသည့် Payments များနှင့် သင်တန်းအပ်နှံနိုင်ပါတယ်။
သင်တန်းသားဟောင်း များ၏ review များကိုလဲ comments မှာဝင်ရောက်လေ့လာလို့ရပါတယ်
☎️ 09789775129
လူဦးရေ ကန့်သတ်ထားသဖြင့် အမြန်ဆုံးအပ်နှံထားတာတော့ စိတ်ချရပါတယ်ခင်မျာ