I.T-Lab

I.T-Lab Laptop & Desktop service

ဒီတစ်ခါ မင်မင်ပြောပြပေးမှာကတော့ computer ညာထောင့်လေးမှာပေါ်နေတတ်တဲ့ Activate Windows ဖြေရှင်းနည်းလေးပါComputer မှာ မကြာခ...
11/10/2025

ဒီတစ်ခါ မင်မင်ပြောပြပေးမှာကတော့ computer ညာထောင့်လေးမှာပေါ်နေတတ်တဲ့

Activate Windows ဖြေရှင်းနည်းလေးပါ
Computer မှာ မကြာခန ဖြစ်တတ်ပါတယ်။
‌အောက်ပါ အဆင့်တွေအတိုင်းတစ်ချက်ချင်းလုပ်ကြည်ပါ။

Crack software မလိုတဲ့နည်းလမ်းကောင်းလေးပါနော်

1. Keyboard က Windows key နဲ့ x တွဲ နှိပ်လိုက်ပါ။
2. Windows PowerShell ( Admin) နှိပ်လိုက်ပါ။ Yes ကို ဆက်နှိပ်ပါ။
3. slmgr /rearm ရေးထည့်လိုက်ပါ။ ပြီရင် Enter နှိပ်လိုက်ပါ။
4. windows scipt host ကျလာမည် ok နှိပ်လိုက်ပါ။
5. Restart ချလိုက်ပါ။
(အားလုံးအဆင်ပြေကြပါစေခင်ဗျာ)

Automatic Repair ပြဿနာဖြေရှင်းနည်း===============================နည်းလမ်း ၁: PC ကို Restart ပြန်လုပ်ပါPC ကို restart (ပြ...
21/06/2025

Automatic Repair ပြဿနာဖြေရှင်းနည်း
===============================
နည်းလမ်း ၁: PC ကို Restart ပြန်လုပ်ပါ
PC ကို restart (ပြန်ဖွင့်) ကြည့်ပါ။ တစ်ခါတစ်လေ, Temporary glitches တွေကြောင့် ဖြစ်နိုင်ပါတယ်။
နည်းလမ်း ၂: Safe Mode ဖြင့် Boot ဝင်ပါ
1. Automatic Repair စတင်သွားတဲ့အခါ Advanced Options ကိုရွေးပါ။
2. Troubleshoot > Advanced Options > Startup Settings ကိုသွားပါ။
3. Enable Safe Mode (Network ဖြင့်) ကိုရွေးပြီး Restart လုပ်ပါ။
4. Safe Mode အတွင်းမှာ System Restore (မတင်မီအခြေအနေကို ပြန်သွား) ပြုလုပ်နိုင်ပါတယ်။
နည်းလမ်း ၃: Command Prompt (CMD) ဖြင့် Scan ပြုလုပ်ပါ
1. Advanced Options ထဲမှ Command Prompt ကိုရွေးပါ။
2. SFC Scan sfc /scannow ကို ရိုက်ထည့်ပြီး Enter နှိပ်ပါ။
3. CHKDSK Scan chkdsk /f /r ရိုက်ထည့်ပြီး Enter နှိပ်ပါ။
4. Boot Repair
bootrec /fixmbr
bootrec /fixboot
bootrec /scanos
bootrec /rebuildbcd
ကို တစ်ခုချင်းစီ ရိုက်ထည့်ပါ။
နည်းလမ်း ၄: Startup Repair ကိုအသုံးပြုပါ
1. Advanced Options မှ Startup Repair ကိုရွေးပါ။
2. Windows က အလိုအလျောက် ပြဿနာကို အစမ်းပြင်မယ်။
နည်းလမ်း ၅: System Restore ပြုလုပ်ပါ
1. Advanced Options မှ System Restore ကိုရွေးပါ။
2. မတင်မီအခြေအနေကို ပြန်သွားရန် Restore Point ကိုရွေးပါ။
နည်းလမ်း ၆: Windows ကို Reset ပြုလုပ်ပါ
1. Advanced Options မှ Reset this PC ကိုရွေးပါ။
2. Keep my files (File မဖျက်ချင်လျှင်) သို့မဟုတ် Remove everything (Clean Install လုပ်ရန်) ကိုရွေးပါ။
နည်းလမ်း ၇: Windows ကို USB သို့မဟုတ် DVD ဖြင့် ပြန်တင်ပါ
Windows Installation USB/DVD အသုံးပြု၍ Reinstall လုပ်နိုင်ပါတယ်။
Note: တချို့ပြဿနာများသည် Hard Drive, RAM, Hardware Failure ကြောင့်ဖြစ်နိုင်သောကြောင့်, Hardware ကိုလည်း စစ်ဆေးပါ။

Windows update လုပ်နေစဉ် မပြီးဆုံးခင် ချို့ယွင်းသွားပါက အောက်ပါနည်းများနဲ့ ပြန်လည်ဖြေရှင်းနိုင်ပါတယ်။===================...
21/06/2025

Windows update လုပ်နေစဉ် မပြီးဆုံးခင် ချို့ယွင်းသွားပါက အောက်ပါနည်းများနဲ့ ပြန်လည်ဖြေရှင်းနိုင်ပါတယ်။
=====================================
1. Laptop/PC ကို Restart လုပ်ပါ
Windows ၏ Automatic Recovery Mode ထဲဝင်နိုင်သလို၊ update ပြီးမသွားတဲ့အတွက် မူလ version ကို ပြန်ဝင်နိုင်နိုင်ပါတယ်။
1. Power Button ကို 5-10 စက္ကန့် နှိပ်ထားပြီး Shutdown လုပ်ပါ။
2. ပြန်ဖွင့်ပါ။ Windows ပြန်ဝင်ရမယ်။
3. Update ပြန်လုပ်ဖို့မစရသေးဘူးဆိုရင် ပုံမှန်သုံးနိုင်ပါတယ်။
4. Windows ပြန်ဝင်မလာဘူးဆိုရင် "Automatic Repair" Mode ထဲ ဝင်နိုင်ပါမယ်။
2. Automatic Repair Mode မှာ Startup Repair လုပ်ပါ
1. Windows ပြန်ဖွင့်တိုင်း အလိုအလျောက် Preparing Automatic Repair ပေါ်လာနိုင်ပါတယ်။
2. "Advanced Options" > "Troubleshoot" > "Advanced Options" > "Startup Repair" ကို ရွေးပါ။
3. Windows သည် ပြဿနာကို အလိုအလျောက် ပြုပြင်ပေးပါမယ်။
3. Safe Mode ဖြင့် Windows ပြန်ဝင်ပါ
အကယ်၍ Startup Repair မဖြေရှင်းနိုင်ပါက, Safe Mode ဖြင့်ဝင်ပြီး Update ကို Uninstall လုပ်နိုင်ပါတယ်။
1. Windows ပြန်ဖွင့်နေစဉ် Power Button ကို 3-4 ကြိမ် ဆက်တိုက် နှိပ်၍ Shutdown လုပ်ပါ။
2. "Advanced Startup Options" ထဲသို့ ဝင်ရောက်ပါမယ်။
3. "Troubleshoot" > "Advanced Options" > "Startup Settings" ထဲဝင်ပြီး "Enable Safe Mode" ကို ရွေးပါ။
4. Windows Safe Mode ထဲဝင်ပြီး Settings > Update & Security > View Update History > Uninstall Updates တွင် နောက်ဆုံး Update ကို ဖျက်ပါ။
4. System Restore ပြုလုပ်ပါ
1. Advanced Startup Options ထဲတွင် "System Restore" ကိုရွေးပါ။
2. Windows သည် Update မလုပ်မီ Restore Point ကို ပြန်သွားစေပါမယ်။
5. Bootable USB / Recovery Disk ဖြင့် ပြန် Restore လုပ်ပါ
အကယ်၍ အထက်ပါနည်းများအလုပ်မဖြစ်ပါက, Windows Installation USB (Bootable) သို့မဟုတ် Recovery Disk တစ်ခုတည်းနဲ့ ပြန် Restore လုပ်နိုင်ပါတယ်။
1. USB Drive (Windows Installer) တင်ထားပြီး PC ကို Boot လုပ်ပါ။
2. "Repair your computer" > "Troubleshoot" > "Reset this PC" ကိုရွေးပါ။
3. Files တွေမပျက်ချင်ရင် "Keep my files" ကို ရွေးပါ။
---
✅ အကြံပြုချက်:
Update လုပ်မချင်း Restore Point တစ်ခု လုပ်ထားသင့်ပါသည်။
Windows Installation USB ကို ကြိုတင်ပြုလုပ်ထားခြင်းဖြင့် ပြန်ဖြေရှင်းနိုင်ပါသည်။
Automatic Update မလုပ်ချင်ရင် Windows Update Pause ထားနိုင်သည်။

21/06/2025

Microsoft Word , Excel တို့မှာ မီးပျက်သွားလို့
မ Save မိသူများ အတွက် ရိုက်ထားသမျှ ပြန်ယူနည်း💘
✅ အရင် Word ထဲ ဝင်ပါ။
✅ ပြီးနောက် File ကို နှိပ်ပါ။
✅ Options ကို နှိပ်ပါ။
✅ ကျလာတဲ့ Word Options ထဲက
Save ကို နှိပ်ပါ။
✅ Save Auto Recover information every မှာ
မိမိ စိတ်ကြိုက် မိနစ်ကို ရိုက်ထည့်ပါ။
✴✴ ထည့်ပေးလိုက်သော မိနစ်က မီးပျက်ပြီး
မ Save မိလိုက်တဲ့အခါ အဲဒီမိနစ်အတွင်း
ပြန်ယူနိုင်ဖို့ပါ
✅ ပြီးနောက် Ok နှိပ်ပါ။
✅ မီးပျက်သွားလို့ ပျက်သွားတဲ့ စာ ပြန်ယူလိုပါက
👉👉 File ထဲက recent ထဲက
More document မှာနှိပ်ပြီး
Recover Unsaved Documents မှာ ပြန်ရယူပါ။ 👈

Computer မှာ Blue Screen Error ဖြစ်လာရင် ကိုယ်တိုင်ဘယ်လိုဖြေရှင်းမလဲ။မင်္ဂလာပါ။ ဒီနေ့မှာတော့ Laptop နဲ့ Desktop တွေ စစဖွ...
21/06/2025

Computer မှာ Blue Screen Error ဖြစ်လာရင် ကိုယ်တိုင်ဘယ်လိုဖြေရှင်းမလဲ။
မင်္ဂလာပါ။ ဒီနေ့မှာတော့ Laptop နဲ့ Desktop တွေ စစဖွင့်ချင်း ဖြစ်လေ့ဖြစ်ထရှိတဲ့ BSOD (Blue Screen of Death) Error လေးအကြောင်းကို လေ့လာပြီး
ဆိုင်သွားစရာမလိုဘဲ ကိုယ်တိုင် ဘယ်လိုဖြေရှင်းရ
မလဲဆိုတာ မျှဝေပေးသွားပါမယ်။
Blue Screen ဖြစ်ရတဲ့ အကြောင်းအရင်းများ
Hardware Error (စက်ပိုင်းဆိုင်ရာပြဿနာ) - Ram, SSD/HDD Error
Driver Conflict (Drivers မကိုက်ညီလို့ ဖြစ်ခြင်း)
Software/System File Corruption (System File များ Crash ဖြစ်ခြင်း)
Windows Update Failed / Bug (Windows Update Error)
ကိုယ်တိုင် ဘယ်လိုဖြေရှင်းရမလဲ
~ Error Code ကိုမှတ်ထားပါ
Blue Screen ဖြစ်လာပြီ ဆိုတာနဲ့ Error Code ကို
ပြပါတယ်။ ဉပမာ : ( ဒီ မဲ့နေတဲ့ပုံအောက်မှာ
Error: CRITICAL_PROCESS_DIED
ဆိုပြီး ပြပါတယ်။ ဒါကိုသေချာမှတ်သားထားပါ။
~ Error Code အလိုက် ပြင်နည်းများ
Error : CRITICAL_PROCESS_DIED
ဒါကတော့ Hard Disk ပုံမှန်အလုပ်မလုပ်ရင် အဖြစ်များပါတယ်။ ဒီ Error ကို Fix ဖို့ အတွက် အရင်ဆုံး Safe Mode ဝင်ရပါမယ်။ Safe Mode ဝင်နည်းကို ကျနော့် Page မှာ တင်ထားပေးပါတယ်။
Safe Mode ထဲရောက်ပြီဆိုရင် Advanced option ကိုနှိပ်ပါ ပြီးရင်တော့ Command Prompt ဖွင့်ပြီး အောက်ကစာ ရိုက်ပါ။
sfc /scannow
DISM /Online /Cleanup-Image /RestoreHealth
chkdsk C: /f /r
တစ်ခုခြင်းစီ ရိုက်ထည့်ပြီး Enter ခေါက်ပါ။ Process ပြီးတဲ့ အထိ စောင့်ပါ။ တစ်ခါတစ်လေ နာရီပိုင်းလောက် ကြာပါတယ်။
Error : MEMORY_MANAGEMENT
ဒါကတော့ ကိုယ့် PC ထဲက Memory (RAM) ကောင်းကောင်း အလုပ်မလုပ်တော့ရင် ဖြစ်တတ်ပါတယ်။ PC ကို ဖွင့်ပြီး ရှိနေတဲ့ Ram ကို အခြားပိုတဲ့
Slot မှာ တတ်ပါ။ တကယ်လို့ Ram နှစ်ချောင်း စိုက်ထားရင် တစ်ချောင်းဖြုတ်ပြီး ကျန်တစ်ချောင်းနဲ့
အရင် စမ်းကြည့်ပါ။ Power ဖွင့်ပြီး Blue Screen
မပေါ်တော့ရင် ဖြုတ်ထားတဲ့ Ram တစ်ချောင်းက
မကောင်းတော့လို့ပါ။
Error : IRQL_NOT_LESS_OR_EQUAL
ဒါကတော့ Driver မမှန်လို့ပါ။ Driver တွေ မရှိတော့တာ
Update ပုံမှန် မလုပ်ရင် ဖြစ်လေ့စရှိပါတယ်။ ဒါကလဲ
Safe Mode ဝင်ပြီး Command Prompt ထဲမှာ
sfc /scannow
Scan ဖတ်ပြီး ပြန်စမ်းကြည့်ပါခမျာ။
Error : INACCESSIBLE_BOOT_DEVICE
Windows Image Error ဖြစ်ပါတယ်။ ဒါပေါ်လာရင်တော့ BIOS/UEFI ထဲမှာ မိမိ Hard Disk
ကို ရှာပြီး ဝင်ကြည့်ပါ။ မရဘူးဆိုရင် အပေါ်က အတိုင်း Safe Mode ဝင်ပြီး Scan ဖတ်ကြည့်ပါခမျာ။
အဆင်မပြေသေးဘူးဆိုရင်တော့ မိတ်ဆွေ PC ကို Windows ပြန်ဝင်ရပါမယ်။ Windows တင်ရင်
တော့ Personal File တွေ အပါအဝင် File အားလုံးပျက်ပြီး အသစ်အတိုင်း ဖြစ်သွားပါမယ်။
Error : PAGE_FAULT_IN_NONPAGED_AREA
ဒီ Error ကတော့ ဘာဖြစ်တာလဲဆိုတာ သေချာမသိနိုင်ပါဘူး။ Ram, HDD/SSD, Driver
အပါအဝင် Windows တစ်ခုလုံးမှာ Virus ကိုက်တာတို့ CPU Error တို့ ဖြစ်နိုင်ပါတယ်။
ဒါပေမယ့်လဲ Safe Mode ဝင်ပြီး Scan ဖတ်ကြည့်ပါခမျာ။ တခါတစ်လေကျရင်တော့
အဆင်ပြေသွားတာရှိပါတယ်။
နောက်ပြီး Error Code ကို Google, Youtube မှာ
ရှာဖွေပြီး အဆင့်အတိုင်း လုပ်ကြည့်လို့ရပါတယ်ဗျ
အဆုံးထိ ဖတ်ပေးတဲ့ အတွက် ကျေးဇူးပါခမျာ။
ပြန်လည်မျှဝေသည်

20/4/24ရက်နေ့တွင် IT LAB မှ Solar Power Co.Ltd၏ Laptop နှစ်လုံးအား Windows 11 နှင့် standard software များ သွားရောက် ins...
20/04/2024

20/4/24ရက်နေ့တွင် IT LAB မှ Solar Power Co.Ltd၏ Laptop နှစ်လုံးအား Windows 11 နှင့် standard software များ သွားရောက် installation ပြုလုပ်ခဲ့ပါတယ်
မိတ်ဆွေတို့၏ Laptop and Desktop Error များ software installation , Windows Installationများအတွက် IT LAB အမြဲရှိနေပါတယ်နော် 09421001453ကိုသာဆက်သွယ်လိုက်ပါနော်😊😊😊

လူကြီးမင်းတို့၏ Laptop Wifi network မပေါ်မှုခုလိုerror ဖြစ်မှုများကိုလည်းအကောင်းဆုံးဖြေရှင်းပေးပါတယ်ခင်ဗျာဖုန်းလေးသာဆက်လ...
19/04/2024

လူကြီးမင်းတို့၏ Laptop Wifi network မပေါ်မှုခုလိုerror ဖြစ်မှုများကိုလည်းအကောင်းဆုံးဖြေရှင်းပေးပါတယ်ခင်ဗျာဖုန်းလေးသာဆက်လိုက်ပါနော် 09421001453 Laptop and Desktop Errorတိုင်းအတွက်အကောင်းဆုံးဖြေရှင်းပေးမည့် ☺️☺️☺️

မင်္ဂလာပါခင်ဗျာ...လူကြီးမင်းတို့ ၏ နေအိမ် ရုံးခန်းများမှ laptop နှင့် Desktop များအတွက် အောက်ဖော်ပြပါ ဝန်ဆောင်မှုများကို...
16/04/2024

မင်္ဂလာပါခင်ဗျာ...
လူကြီးမင်းတို့ ၏ နေအိမ် ရုံးခန်းများမှ laptop နှင့် Desktop များအတွက် အောက်ဖော်ပြပါ ဝန်ဆောင်မှုများကို စျေးနှုန်းချိုသာစွာ ဆောင်ရွက်ပေးနေပါသည်။
👉 Hardware ပြဿနာများအား ဖြေရှင်းပေးခြင်း
👉RAMတိုးခြင်း၊ HDD to SSD ချိန်းပေးခြင်း၊ keyboard ၊ LCD ပြဿနာများ ဖြေရှင်းပေးခြင်း
👉 Windows တင်ပေးခြင်းနှင့် Windows ပြဿနာများအား ဖြေရှင်းပေးခြင်း
👉 Software အမျိုးမျိုး အား install လုပ်ပေးခြင်းနှင့် Game အမျိုးမျိုးအား install လုပ်ပေးခြင်း
👉 Software အမျိုးမျိုးနှင့် ပတ်သက်သော ပြဿနာ အထွေထွေများအား ဖြေရှင်းပေးခြင်း
👉 Internet မတက်ခြင်း network error တက်ခြင်း စသော netowrk problem များအား ဖြေရှင်းပေးခြင်း
👉Wifi ပြဿနာများအား ဖြေရှင်းပေးခြင်း wifi router ချိတ်ပေးခြင်း wifi မမိသော နေရာများအား wifi မိစေရန် ဖြေရှင်းပေးခြင်း
👉 နေအိမ်များ ရုံးများတွင် printer ထုတ်မရခြင်း printer ချိတ်ဆက်မရခြင်း network printer များ အား access လုပ်မရခြင်း စသော printer ပြဿနာအထွေထွေများအား ဖြေရှင်းပေးခြင်း စသော service များကို ဆောင်ရွက်ပေးနေပါသည်။

☎️ 09421001453 အား ဆက်သွယ်လိုက်ပါ လူကြီးမင်းတို့၏ IT ပြဿနာများအား အချိန်တိုတို အတွင်း ထိရောက်စွာ ဖြေရှင်းပေးပါရစေ...

Address

Yangon

Website

Alerts

Be the first to know and let us send you an email when I.T-Lab posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share