ZINBO

ZINBO Graphic and Type Designer.

🍜noodles🍜
25/08/2026

🍜noodles🍜

စကားဖောင့် Regular ယူပါရှေ့မှာတင်ပေးခဲ့တဲ့ စကားဖောင့် thin ရဲ့အဆက် Regular လေးရပါပီ၊ ခမာဖောင့်တွေမှာ နာမည်တွေခွဲထားပေမယ်...
22/08/2026

စကားဖောင့် Regular ယူပါ

ရှေ့မှာတင်ပေးခဲ့တဲ့ စကားဖောင့် thin ရဲ့အဆက် Regular လေးရပါပီ၊ ခမာဖောင့်တွေမှာ နာမည်တွေခွဲထားပေမယ် typeface တခုတည်းအောက်မှာပဲရှိတာလေးတွေကို weight တွေပြန်တွဲထားပေးပါတယ်။ သူ့ရဲ့ Original စာလုံးပုံစံလေးတွေ မထိခိုက်အောင် မသိမသာလေးပဲပြုပြင်ပေးထားပါတယ်၊ အဓိကကတော့ အသုံးများတဲ့ အခြေခံအတွဲစပ်လေးတွေ ပြင်ပေးထားတာပါပဲ အချို့ အထူပါးတွဲလို့ရတာလေးတွေလဲ တွဲပေးသွားပါမယ် နောက် မွန်၊ပအိုဝ်း၊ရှမ်း စတဲ့ တိုင်းရင်းသားစာလုံးတွေလဲ သိသလောက်လေးပြင်ပေးထားပါတယ်။ page ကလဲ active သိပ်မဖြစ်တာရယ်၊ ကိုယ့်ဖောင့်တွေကလဲ အချိန်အတော်ကြာမှထွက်တာဆိုတော့ သူ့ဖောင့်လေးတွေပြင်ပြီး ဒီကြားတဲ့အချိန်ရရင်ရသလိုလေးတွေ တင်ပေးသွားပါ့မယ်၊ နာမည်ကတာ့ တစုတည်းဖြစ်စေချင်လို့ ZB တွေနဲ့ပဲစထားပါမယ်။ page ကို like မလုပ်ရသေးရင် like လေးလုပ်ခဲ့ဖို့နဲ့ post လေးတွေ share ချင် share ခဲ့ပေးနိုင်ပါတယ်။

Original Creator: Danh Hong (Khmer Type)
Modified by ZiNBO.

ဖောင့်ကို Page Messenger မှာ အခမဲ့ ရယူနိုင်ပါတယ်ခဗျ။ အင်တာနက်နဲ့မီးအခြေနေကြောင့် reply နောက်ကျခဲ့ရင်လဲနားလည်ပေးပါခဗျ။

အားလုံးပဲအဆင်ပြေကြပါစေခဗျာ... 🙏

Free ဖောင့် 01ဒီခမာဖောင့်တွေကတော့ အားလုံးရင်နှီးပြီးသာပါပဲ၊ ရှေ့မှာလဲ Ms office မှာအဆင်ပြေအောင် ပြင်ပေးခဲ့ပါသေးတယ်၊ ခုဟာ...
01/08/2026

Free ဖောင့် 01

ဒီခမာဖောင့်တွေကတော့ အားလုံးရင်နှီးပြီးသာပါပဲ၊ ရှေ့မှာလဲ Ms office မှာအဆင်ပြေအောင် ပြင်ပေးခဲ့ပါသေးတယ်၊ ခုဟာကတော့ အခြားလိုအပ်တာတွေ၊ အတွဲစပ်၊ ဖွဲ့စည်ပုံ စတာလေးတွေပါ ပြုပြင်ပြီး အခမဲ့ပြန်ပေးသွားမယ့် အစီစဉ်ပါပဲ၊ သူ့ရဲ့ Original စာလုံးပုံစံလေးတွေ မထိခိုက်အောင် မသိမသာလေးပဲပြုပြင်ပေးထားပါတယ်၊ အဓိကကတော့ အသုံးများတဲ့ အခြေခံအတွဲစပ်လေးတွေ ပြင်ပေးထားတာပါပဲ အချို့ အထူပါးတွဲလို့ရတာလေးတွေလဲ တွဲပေးသွားပါမယ် နောက် မွန်၊ပအိုဝ်း၊ရှမ်း စတဲ့ တိုင်းရင်းသားစာလုံးတွေလဲ သိသလောက်လေးပြင်ပေးထားပါတယ်။ page ကလဲ active သိပ်မဖြစ်တာရယ်၊ ကိုယ့်ဖောင့်တွေကလဲ အချိန်အတော်ကြာမှထွက်တာဆိုတော့ သူ့ဖောင့်လေးတွေပြင်ပြီး ဒီကြားတဲ့အချိန်ရရင်ရသလိုလေးတွေ တင်ပေးသွားပါ့မယ်၊ နာမည်ကတာ့ တစုတည်းဖြစ်စေချင်လို့ ZB တွေနဲ့ပဲစထားပါမယ်။ page ကို like မလုပ်ရသေးရင် like လေးလုပ်ခဲ့ဖို့နဲ့ post လေးတွေ share ချင် share ခဲ့ပေးနိုင်ပါတယ် 😁

Original Creator: Danh Hong (Khmer Type)
Modified by ZiNBO.

ဖောင့်ကို Page Messenger မှာ အခမဲ့ တောင်းယူနိုင်ပါတယ်ခဗျ။ အင်တာနက်နဲ့မီးအခြေနေကြောင့် reply နောက်ကျခဲ့ရင်လဲနားလည်ပေးပါခဗျ။

အားလုံးပဲအဆင်ပြေကြပါစေခဗျာ... 🙏

ခေတ်စားတဲ့ခေတ်စကားဘာပဲဝယ်ဝယ် ဘာပဲလုပ်လုပ်အမြဲမေးနေမိတာ အမြဲတွေးနေမိတာက..ဘယ်လောက်လဲ??? 😁အားလုံးပဲအဆင်ပြေကြပါစေခဗျာ 🙏
28/07/2026

ခေတ်စားတဲ့ခေတ်စကား
ဘာပဲဝယ်ဝယ် ဘာပဲလုပ်လုပ်
အမြဲမေးနေမိတာ အမြဲတွေးနေမိတာက..
ဘယ်လောက်လဲ??? 😁

အားလုံးပဲအဆင်ပြေကြပါစေခဗျာ 🙏

ဇ ရှိသလားတော့မမေးနဲ့ နှစ်မျက်နှာစာလောက်တော့ရှိတယ် 😂၊ ၂၀၂၆ အစမှာ လိုဂိုလေး မြန်မာဟန်ပြောင်းမယ်ဆိုပြီး ခြစ်ထားတာတွေပါ၊ ခုတ...
26/07/2026

ဇ ရှိသလားတော့မမေးနဲ့ နှစ်မျက်နှာစာလောက်တော့ရှိတယ် 😂၊ ၂၀၂၆ အစမှာ လိုဂိုလေး မြန်မာဟန်ပြောင်းမယ်ဆိုပြီး ခြစ်ထားတာတွေပါ၊ ခုတော့ နှစ်ဝက်ကျိုးသွားပါပီ 😁 တခါလေကြတော့ အိုင်ဒီယာတွေဆင်သွားလို့ နောက်ရွေ့လိုက်ရတဲ့ စာသားတွေ project တွေလဲရှိတာပေါ့ 😁

Graphic Design and Type Designအခြေခံအားဖြင့်တူတယ်ဆိုပေမယ် တချို့နေရာတွေမှာ သံတူကြောင်းကွဲလေးတွေပေါ်မူတည်ပြီး လုပ်ဆောင်ရတ...
24/07/2026

Graphic Design and Type Design

အခြေခံအားဖြင့်တူတယ်ဆိုပေမယ် တချို့နေရာတွေမှာ သံတူကြောင်းကွဲလေးတွေပေါ်မူတည်ပြီး လုပ်ဆောင်ရတဲ့အစီစဉ်တွေ၊ သဘောတရားတွေ စသဖြင့်ကွာခြားသွားတတ်ပါတယ်၊ ဥပမာ ပန်းချီမှာဆို အခြေခံအတူတူပဲဆိုပေမယ် ခဲပန်းချီလား၊ ရေဆေးလား၊ အခရိုက်လစ်လားပေါ်မူတည်ပြီး ရေးဆွဲရတဲ့အဆင့်တွေ သဘောတရားတွေ အယူဆလေးတွေကွဲနိုင်သလိုပါပဲ၊ စာလုံးချင်းတူပေမယ် စာအုပ်ထဲမှာစာရေးတဲ့ပုံစံနဲ့ ဆိုင်းဘုတ်ပေါ်မှာဆွဲတဲ့ပုံစံ မတူနိုင်ပါဘူး၊ နောက်လက်နဲ့ရေးတာနဲ့ digital နဲ့ဖန်တီးတာမတူနိုင်ပါဘူး အမျိုးစားပေါ်လိုက်ပီး ပြောင်းလဲသွားတဲ့လုပ်ဆောင်မှုတွေ သဘောတရားတွေရှိတတ်ပါတယ်၊ အောက်ကပုံမှာဆို ဘယ်ဘက်က ပုံမှန် ဒီဇိုင်းတွေဆွဲတဲ့အခါ shift ဖိပီးဆွဲလိုက်တဲ့စက်ဝိုင်းမျိုးပါ ညာဘက်ကတော့ အနည်းငယ်ညှိပြီးဆွဲထားတဲ့စက်ဝိုင်းပါ သူတို့ပေါ်မူတည်ပြီး ထုထည်ထည့်လိုက်တဲ့အခါ အောက်ကလိုအဝိုင်းလေးတွေဖြစ်လာပါတယ်၊ သူတို့ရဲ့ကွာခြားမှုက ၁ဂဏန်းလောက်ပဲရှိတာမို့ ပုံမှန်လူတွေတော့ သတိထားမိမှာမျိုးမဟုတ်ပါဘူး၊ နောက် ခုပြထားတာကလဲ အဝိုင်းတခုတည်းမှာမို့ သက်ရောက်မှုက သိပ့်မသိသာ‌သေးပေမယ့် အက္ခရာအားလုံးပါတဲ့ typeface တခုမှာဆိုရင်တော့ သက်ရာက်မှု့ကအတော်လေးရှိပါတယ်။ မြန်မာမှာ လက်ရေးလှရေးတဲ့သူဟာ ပုံမှန်လူထက်တော့ ဝလုံးပိုဝိုင်းတတ်ရသလိုပါပဲ type designer ဆိုတာ graphic designer ထက်တော့ ဝလုံးပိုဝိုင်းတတ်သင့်တယ်မဟုတ်လား... 😁😁

အားလုံးပဲအဆင်ပြေကြပါခဗျာ... 🙏

မူပိုင်ခွင့်ဌာနသို့ 😁
22/07/2026

မူပိုင်ခွင့်ဌာနသို့ 😁

16/07/2026

Variable font တွေလုပ်ရတာ eng လိုဘေးတိုက်သွားတဲ့ကောင်တွေအတွက် အတော်လေးအဆင်ပြေသက်သာပေမယ့် မြန်မာလို ပတ်လည်သွားတဲ့ကောင်းတွေအတွက်တော့ ထုံးစံတိုင်း ပြဿနာတွေက ရှိနေပါတယ်၊ စာလုံးတွေထပ်ရတာမို့ video ထဲကလို အပါးမှာအဆင်ပြေပြီး အထူကျမှ သွားထပ်နေတာမျိုးတွေပေါ့၊ အဲ့ဒါလေးရှင်းကြည့်ထားပါတယ် 😁

Myanmar Unicode Keycapsကျနော့်ရဲ့ ခေတ်ဟောင်းဖောင့်နဲ့ လက်ရေးဆက်‌ဖောင့်လေးတွေသုံးပြီး SarLone Studio ကနေ Magnetic Keyboar...
10/07/2026

Myanmar Unicode Keycaps

ကျနော့်ရဲ့ ခေတ်ဟောင်းဖောင့်နဲ့ လက်ရေးဆက်‌ဖောင့်လေးတွေသုံးပြီး SarLone Studio ကနေ Magnetic Keyboard တွေအတွက် keycaps လေးတွေဖန်တီးထားပါတယ်၊ နမူနာလေးပို့ပေးလားလို့ review လေးရေးလိုက်ပါတယ်၊ key တွေရဲ့အသားကလဲ ရှယ်ပါပဲ၊ ရိုက်ထားတဲ့ဆေးသားကလဲ ပြောစရာမရှိလောက်အောင် ကောင်းပါတယ်၊ ပုံတွေကတော့ ကျနော့်ဖုန်းကသိပ့်မကောင်းတော့ အပြည့်ဝမမြင်နိုင်သလိုဖြစ်နေပါတယ်၊ အ‌ရောင်ထွက်ကလဲအတော်ကို စိုတောက်နေတာပါပဲ၊ ထုတ်တဲ့သူကလဲ designer တယောက်ပဲမို့ အရည်သွေးကော ဒီဇိုင်းပိုင်းပါ အများကြီးအားစိုက်ထားတာမြင်သာပါတယ်၊ စိတ်ဝင်စားလို့ပဲဖြစ်ဖြစ် ဝယ်ယူချင်လို့ပဲဖြစ်ဖြစ် SarLone Studio မှာမေးမြန်စုံစမ်းနိုင်ပါတယ်၊ Comment မှာလင့်လေးထည့်ပေးထားပါတယ်ခဗျ... 😊

အားလုံးပဲ အဆင်ပြေကြပါစေ...🙏🙏🙏

ငါတို့ကဘာတွေလဲ...ဒီဇိုင်..နာ...တွေ 😁
02/07/2026

ငါတို့ကဘာတွေလဲ...

ဒီဇိုင်..နာ...တွေ 😁

Address

Yangon

Opening Hours

Tuesday 11:00 - 17:30
Wednesday 11:00 - 17:30
Thursday 11:00 - 17:30
Friday 11:00 - 17:30
Saturday 11:00 - 17:30
Sunday 11:00 - 17:30

Website

Alerts

Be the first to know and let us send you an email when ZINBO posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share