30/08/2026
ထမင်းချက်တိုင်း ထမင်းကောင်းကောင်းမွှေးမွှေးလေး ရဖို့ဆိုတာ အိုးကောင်းရုံ၊ အရည်အသွေးကောင်းရုံနဲ့ မပြီးပါဘူးနော်။ နေ့စဉ်အသုံးပြုပုံနဲ့ ထိန်းသိမ်းပုံ မှန်ကန်ဖို့လည်း အရေးကြီးပါတယ် 👇
✅ အတွင်းအိုး အပြင်ဘက်ကို ရေခြောက်အောင်သုတ်ပြီးမှ ချက်ပြုတ်ပါ
ဆန်ဆေးပြီးတဲ့အခါ အတွင်းအိုး အပြင်ဘက်ကို ရေခြောက်အောင်သုတ်ခြင်းက Digital Rice Cooker ရဲ့ သက်တမ်းကို ကြာရှည်စွာ အသုံးပြုနိုင်ပါတယ်။
✅ ထမင်းချက်ပြီးတိုင်း ထမင်းပေါင်းအိုးရဲ့ အတွင်းအဖုံးကို သန့်ရှင်းပေးပါ
Toshiba Digital Rice Cooker မှာ အတွင်းအဖုံးကို အလွယ်တကူ ဖြုတ်ဆေးနိုင်တာကြောင့် အိုးအတွင်း သန့်ရှင်းမှုကို ထိန်းသိမ်းပေးနိုင်ပါတယ်။
✅ ချက်မယ့်အမျိုးအစားနဲ့ ကိုက်ညီတဲ့ Menu ကို ရွေးပါ
ထမင်းချက်ရုံတင်မကဘဲ Toshiba Digital Rice Cooker မှာ Steam, Soup, Cake, Sushi, Congee စတဲ့ Menu တွေပါ ပါဝင်တာကြောင့် ချက်မယ့်အစားအစာအလိုက် သင့်တော်တဲ့ Preset Menu ကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။
✅ ချက်ပြီးသားထမင်းကို အချိန်ကြာကြာထားမယ်ဆို Keep Warm စနစ်ကို အသုံးပြုပါ
Toshiba Digital Rice Cooker ရဲ့ Automatic Keep Warm Function က ချက်ပြီးသားထမင်းကို နွေးနွေးလေး ဆက်လက်ထိန်းသိမ်းပေးနိုင်လို့ ထမင်းကို ပူပူနွေးနွေးစားချင်သူတွေအတွက် ပိုအဆင်ပြေစေပါတယ်။
✅ အတွင်းအိုးကို အသာအယာ ဆေးကြောပါ
Toshiba Digital Rice Cooker မှာ အိုးမကပ်စေတဲ့ အလွှာ (Non-stick coating) ပါဝင်တာကြောင့် သန့်ရှင်းရေးလုပ်တဲ့အခါ မာကျောတဲ့ ပန်းကန်ဆေး သံဇကာတွေကို မသုံးဘဲ နူးညံ့တဲ့ ပန်းကန်ဆေးဖော့နဲ့ အသာအယာဆေးကြောတာ ပိုသင့်တော်ပါတယ်။
💡 အိုးကို မှန်မှန်ကန်ကန် အသုံးပြုတာက ထမင်းအရသာကောင်းစေဖို့အပြင် Rice Cooker ကိုလည်း ပိုမိုကောင်းမွန်စွာ ရေရှည် အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။
ဒါဆို… မေမေတို့ရော ထမင်းပေါင်းအိုးအသုံးပြုတဲ့အခါ ဒီအချက်တွေထဲက ဘယ်နှစ်ချက်လောက် မှန်မှန်ကန်ကန် အသုံးပြုနေကြလဲဆိုတာ ပြောခဲ့ပေးပါဦးနော် 👀