28/02/2026
*Print 2.0:
Empowering the Printing Industry with AI (Mandalay)*
မြန်မာနိုင်ငံပုံနှိပ်နှင့် ထုတ်ဝေသူလုပ်ငန်းရှင်များအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာ လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ မန္တလေးမြို့၌ ပုံနှိပ်နှင့် ထုတ်ဝေရေးလုပ်ငန်းများတွင် AI ကို အသုံးပြုပြီး လုပ်ငန်းခွင် ပိုမိုမြန်ဆန်၊ လွယ်ကူစေဖို့ AI အသုံးပြုနည်းသင်တန်းကို ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပါသည်။
သင်တန်းတွင် AI Tools များဖြစ်သည့် ChatGPT, Gemini, Copilot, Deepseek, Canva စသည် တို့ကို လုပ်ငန်းခွင်မှာ ဘယ်လိုထိရောက်စွာ အသုံးချမလဲဆိုတာတွေကို လက်တွေ့သင်ကြားပေးသွားပါမယ်။
သင်တန်းတည်နေရာ - Hotel Hazel (Mandalay), 53rd Street, Between 36th & 37th Street, Mahar Aung Myay Township, Mandalay
သင်တန်းချိန် - နံနက်(၈)နာရီမှ ညနေ(၅)နာရီထိ
သင်တန်းနေ့ရက် - ၁၆-၁၇/မတ်လ၊ ၂၀၂၆ ခုနှစ် (၁ ရက်သင်တန်း)
သင်တန်းရက်တစ်ရက်လျှင် လူ(၁၀၀)ဦးဖြင့် လူ(၂၀၀)ဦး (လူဦးရေကန့်သတ်ချက်ရှိပါသည်။ နေ့လည်စာထမင်းနှင့် ကော်ဖီ/မုန့် နှစ်ကြိမ် ကျွေးမွေးရန် စီစဉ်ထားပါသည်။)
သင်တန်းကြေး -
အခမဲ့ - မြန်မာနိုင်ငံ ပုံနှိပ်နှင့်ထုတ်ဝေသူလုပ်ငန်းရှင်များအသင်းတွင် (၇-၃-၂၀၂၆) နေ့အတွင်း သက်တမ်းရှိ ပုံနှိပ်နှင့်ထုတ်ဝေသူလုပ်ငန်းရှင် အသင်းသား များ (အသင်းဝင်လုပ်ငန်းရှင်တစ်ခုလျှင် ၁ ဦး)
၁ သိန်းကျပ် - အသင်းဝင်မဟုတ်သူများနှင့် လူ ၁ ဦးထက် ပိုမိုတက်ရောက်လိုသူများအတွက်။
သတိပြုရန် - လူဦးရေကန့်သတ်ထားပါသဖြင့် အမြန်ဆုံးစာရင်းပေးသွင်းကြပါရန်။
စာရင်းပေးသွင်းရန် - MPPA Viber Community တွင် (၁၀-၃-၂၀၂၆)နေ့ နောက်ဆုံးထား၍ မြန်မာနိုင်ငံပုံနှိပ်နှင့် ထုတ်ဝေသူလုပ်ငန်းရှင်များအသင်းတွင် အသင်းဝင် သက်တမ်းတိုးခြင်းနှင့် သင်တန်းသားမှတ်ပုံတင်ခြင်းတို့ကို ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါသည်။ (Tel: 0977 9393 963)