09/09/2026
ဒီနေ့ည စက်တင်ဘာ ၉၊ ၂၀၂၆ မှာတော့
Apple ရဲ့“Surprise and Shine” Event ပြီးသွားပါပြီ။
ဒီ Event ရဲ့ အဓိက Product တွေအနေနဲ့
1. iPhone 18 Pro & iPhone 18 Pro Max
2. iPhone Duo — Foldable iPhone
3. Apple Watch Series 12
4. Apple Watch Ultra 4
5. AirPods 5
6. iOS 27 / Siri AI / Apple Intelligence Update
ဒီ ၆မျိုးကို အဓိကထား ကြေငြာပေးသွားပါတယ် ...
1. iPhone 18Pro & 18Pro Max
Designပိုင်းဆိုင်ရာ သိသာတဲ့ပြောင်းလဲမူ့ လုံးဝမပါဘဲ
အရင်နှစ်ကထွက်ခဲ့တဲ့ 17Pro Maxအတိုင်း တပုံစံတည်းဘဲ ပြန်လည်ထွက်ရှိ့လာပါမယ် ...
အရောင်အနေနဲ့ Black , Silver , Glacier , Burgundy 4ရောင်ထွက်ရှိ့လာမှာ ဖြစ်ပါတယ် ...
Storage အနေနဲ့
256GB / 512GB / 1TB / 2TB လာမှာဖြစ်ပါတယ်
Cameraပိုင်းအနေနဲ့ 18Pro မှာ
48MP Fusion Main Camera + Variable Aperture ကို iPhone မှာ ပထမဆုံးထည့်လိုက်ပါတယ်။
အရေးကြီးတာက aperture ကို software နဲ့ပဲ မဟုတ်ဘဲ physical 6-blade aperture system နဲ့ ပြောင်းနိုင်တာပါ။ ƒ/1.48 — အလင်းပိုဝင်၊ Low-light ကောင်း
* ƒ/1.8 — Portrait အတွက်
* ƒ/4 — Group photo မှာ လူပိုများကို focus ထားနိုင်
* Camera app ထဲကနေ manual aperture control လုပ်နိုင်
* Developer တွေအတွက် aperture API ပါလာ
* Low-light ပိုကောင်း
* Background depth control ပိုကောင်း
* Photographic Styles မှာ texture + grain control
* Video ကို capture ပြီးနောက် Cinematic effect ပြန်ထည့်နိုင်
* 4K Dolby Vision HDR Time-lapse
* Pro Controls မှာ shutter speed / white balance / histogram စတာတွေကို manual control လုပ်နိုင်ပါတယ်။
Chip Set အနေနဲ့နောက်ဆုံးထွက် A20 Pro Chip setကို အသုံးပြုထားပါတယ် ...
* Performance တိုးလာပါတယ်
* AI processing ပိုမြန်ပါတယ်
* Power efficiency ပိုကောင်းလာပါတယ်
* Next-generation v***r chamber ပါလာတာကြောင့် sustained performance ပိုကောင်းလာပါတယ်
Apple က iPhone သမိုင်းတစ်လျှောက် sustained performance အမြင့်ဆုံး လို့ ပြောထားပါတယ်။
Dynamic Island ကို ပိုသေးပြီး ပိုအသုံးဝင်အောင် redesign လုပ်ထားပါတယ်။
Batteryအနေနဲ့18 Pro Max မှာ iPhone သမိုင်းတစ်လျှောက် battery-life increase အကြီးဆုံးလို့ Apple က ပြောထားပါတယ်။
ပိုကြီးတဲ့ battery + Apple silicon efficiency + thermal management တို့ကြောင့်ပါ။
18 Pro နဲ့ 18Pro Max ကွာခြားချက်လေးအနေနဲ့ Battery + Screen size လေးဘဲ ကွာခြားသွားမှာ ဖြစ်ပါတယ် ...
2. iPhone Duo
ဒါက ဒီEvent ရဲ့ အကြီးဆုံး Surprise ပါ။
Apple ရဲ့ ပထမဆုံး Foldable iPhone ဖြစ်ပြီး reports အရ official name ကို iPhone Duo လို့ ဖော်ပြထားပါတယ်။
အသစ်ထွက် Foldable Design အနေနဲ့ Book/passport ပုံစံထွက်ရှိ့လာပြီး ခေါက်ပိတ်ထားရင် 5.5”ဆိုဒ် ဖွင့်ထားရင် 7.8”ဆိုဒ် Tablet ဆန်ဆန် နဲ့
ဖြန့်ထားရင် iPad Mini screenဆိုဒ်နဲ့လာပါတယ် ...
Face ID မပါလာတော့ဘဲ Finger Printနဲ့လာပါမယ်
Thinness ကြောင့် Face ID အစား Touch ID ကို သုံးထားတယ်လို့ event coverage တွေက ဖော်ပြပါတယ်။
Apple Pencil support ရတဲ့ ပထမဦးဆုံး iPhoneဖြစ်တာကိုလဲ eventမှာ ဖော်ပြထားပါတယ်။
Pro model တွေထက် အများကြီးဈေးကြီးပါတယ်။
Starting Price အနေနဲ့ US$2,000+ကနေစပါမယခ
2TB version က ~$3,000 အထိ ရောက်နိုင်တယ်လို့ event မှာ ဖော်ပြထားပါတယ်။
3. Apple Watch Series 12
ဒီနှစ် Watch upgrade ရဲ့ အဓိကက Health Sensor + AI + Recovery ပါ။
❤️ Health Sensing System
Sensor system ကို redesign လုပ်ထားပြီး
* Heart rate ကို 5 seconds တစ်ကြိမ်
* HRV measurement frequency ပိုမြင့်
* HRV ကို 5 minutes တစ်ကြိမ်အထိ
* Daytime + overnight vitals
* Recovery information
* Health data accuracy ပိုကောင်း
Apple က လူ 1,000+ ပါဝင်တဲ့ study မှာ leading wearables တွေနဲ့ နှိုင်းယှဉ်ပြီး heart-rate accuracy ပိုမြင့်တယ်လို့ ဆိုပါတယ်။
🧠 Readiness
ဒီဟာက တော်တော်အသုံးဝင်ပါတယ်။
နေ့တိုင်း 0–10 scoreပေးပြီး
* Recover
* Pace Yourself
* Ready
* Go For It
ဆိုပြီး ဒီနေ့ workout လုပ်သင့်/နားသင့်တာကို ပြောပေးပါတယ်။
Health app အသစ်မှာ Health Age ဆိုတဲ့ feature ပါလာပြီး ကိုယ့် health metrics တွေက အသက်အရွယ်နဲ့ ဘယ်လိုအခြေအနေရှိလဲဆိုတာ ပိုနားလည်လွယ်အောင် ပြပေးမယ်။
4. Watch Ultra 4
Apple Watch အကြမ်းခံဆုံးမော်ဒယ်ဖြစ်တဲ့
Ultra Series ရဲ့ Latest ပါ ...
Health Sensing System အသစ်ကြောင့် Apple က wearable ထဲမှာ heart-rate sensing အတိကျဆုံး လို့ ပြောထားပါတယ်။
Heart rate ကို 5 seconds တစ်ကြိမ် passive measurement လုပ်နိုင်ပါတယ်လို့ ဖော်ပြသွားပါတယ်
HRV ကို အရင်ထက် 24× ပိုမိုကြိမ်နှုန်းမြင့် တိုင်းနိုင်ပါတယ်။
Recovery HRV နဲ့ Overall HRV ခွဲပြီး ကြည့်နိုင်ပါတယ်။
Batteryအနေနဲ့ 45 hoursထိ အသုံးခံလာမယ်လို့
ဖော်ပြပေးသွားပါတယ်
Watch Ultraကို Appleက sports watch တွေထဲမှာ on-device GPS accuracy အကောင်းဆုံး လို့ claim လုပ်ထားပါတယ်။
Ultra 4 မှာ Ai နဲ့ပတ်သက်ပြီးပြောရရင်တော့
* Siri AI
* Sound Recognition
* Live Rewind
* Siri Recap
* Faster Shazam
လို Audio Intelligence features တွေပါလာပါတယ်။
အရောင်အနေနဲ့
Natural Titanium , Black Titanium လာမှာဖြစ်ပြီး
Starting Price အနေနဲ့ $799နဲ့လာပါမယ် ..
5. Airpod 5 (ANC)
AirPods 5 က open-ear design နဲ့ ANC ပါလာပါတယ်။
AirPods 4 ANC နဲ့ နှိုင်းရင်
up to 50% more external noise reduction
လို့ Apple က ဆိုပါတယ်။
Airpod 5မှာ အသံပိုင်းအနေနဲ့
* New multiport acoustic architecture
* Next-generation Adaptive EQ
* Improved Transparency
* Adaptive Audio
* Conversation Awareness ပါဝင်လာပါတယ်
AirPods 5မှာ
* Siri AI
* Head gestures
* Live Translation တွေသုံးလို့ရပါမယ်။
Dust / sweat / water resistance ပိုကောင်းလာပါတယ်။
Battery အနေနဲ့ Wireless Charging Case version က battery ပိုခံပြီး Airpodရဲ့ stem ပေါ်ကနေ swipe လုပ်ပြီး volume control လုပ်နိုင်ပါတယ်။
6. iOS 27 + Siri AI
Software ပိုင်းလဲ ဒီ Event မှာ ကြေငြာသွားပါတယ် ...
iPhone 18 Pro မှာ iOS 27 + Apple Intelligence + Siri AI ကို အဓိကထားပါတယ်။
Siri AI က—
* Personal context ကို နားလည်
* App တွေအကြား action တွေ လုပ်နိုင်
* AI knowledge ကို အသုံးချ
* Privacy ကို အဓိကထား
* Supported languages တွေ တဖြည်းဖြည်းတိုးလာမယ်
Siri AI ကို September 14 မှာ beta အနေနဲ့ စတင် rollout လုပ်မယ်လို့ Apple က ပြောထားပါတယ်။
ကဲ ... နှစ်တိုင်းလိုဘဲ ဒီနှစ်လဲ မိတ်ဆွေတို့ လိုချင်တဲ့ Latest Apple Productsလေးတွေကို
Ye HtUt Mobile မှာကြိုပြီး Order တင်ထားလို့လဲရတယ်နော် ...
ဈေးနှုန်း နဲ့ အသေးစိတ်အချက်လေးတွေကို
အချိန် နဲ့တပြေးညီ အတိကျ ထပ်သိရရင် တင်ပေးသွားပါမယ် ...
Ye HtUt Mobile (Brandnew & Second)
📱Phone : 09 777707474
: 09 666607474
🏠 ဆိုင်အမှတ် 130 , အခန်း 12 , တာမွေOcean ရှေ့
သမိန်ဗရမ်းလမ်းမပေါ် , တံတားအောက်လမ်း၅ခုဆုံ
တာမွေအဝိုင်းထိပ် , တာမွေမြို့နယ်။