it4a

it4a Information Technology for All

This is where you can start development on SAP Business Technology Platform ...
07/08/2022

This is where you can start development on SAP Business Technology Platform ...

This mission shows the basic steps on deploying application in the Kyma runtime, including preparing Kyma environment, building application into OCI image, preparing Kubernetes objects description and deploying in the Kyma runtime.

မြန်မာနိုင်ငံသူ နိုင်ငံသားများ  စိတ်ချမ်းသာ ကိုယ်ကျန်းမာ ဖြင့်အခက်အခဲ အတားအဆီး အရာအားလုံးကို ကျော်ဖြတ်နိုင်ပြီး အရာရာ အဆ...
17/04/2022

မြန်မာနိုင်ငံသူ နိုင်ငံသားများ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ဖြင့်အခက်အခဲ အတားအဆီး အရာအားလုံးကို ကျော်ဖြတ်နိုင်ပြီး အရာရာ အဆင်ပြေချောမွေ့ နိုင်ပါစေကြောင်း ITA မိသားစုမှ နှစ်သစ် ဆုမွန်ကောင်း တောင်းလိုက်ပါတယ်…

Build your knowledge on Custom UI development with SAP S/4HANA Cloud ABAP environment
06/03/2022

Build your knowledge on Custom UI development with SAP S/4HANA Cloud ABAP environment

Develop and run a custom UI with SAP Business Application Studio

IT4A မှ ယနေ့ကျရောက်သည့် ၇၁နှစ် မြောက် မြန်မာနိုင်ငံလွတ်လပ်ရေးနေ့ အမှတ်တရ အဖြစ် မူလလွတ်လပ်ရေးနေ့ ကြေညာစာတမ်းအား အများဖတ်ရ...
04/01/2022

IT4A မှ ယနေ့ကျရောက်သည့် ၇၁နှစ် မြောက် မြန်မာနိုင်ငံလွတ်လပ်ရေးနေ့ အမှတ်တရ အဖြစ် မူလလွတ်လပ်ရေးနေ့ ကြေညာစာတမ်းအား အများဖတ်ရှူနိုင်ရန် တင်ပြပေးလိုက်ပါသည်။

=========================

လွတ်လပ်ရေးကြေညာစာတမ်း

အောင်စေသတည်း

၁။ မြန်မာသက္ကရာဇ် ၁၃၀၉ခုနှစ် ပြာသိုလဆုတ် ၉ရက် (အင်္ဂလိပ်သက္ကရာဇ်
၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်) တနင်္ဂနွေနေ့ ကောင်းမြတ်သန့်စင်မင်္ဂလာ
အပေါင်းနှင့် ပြည့်စုံသောအခါ၌ ဤငါတို့ မြန်မာပြည်သည် လုံး၀လွတ်လပ်
သော အချုပ်အခြာအာဏာပိုင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး
အဖြစ်သို့ ရောက်ပြီ။

၂။ ဤငါတို့ မြန်မာနိုင်ငံတော်ကြီးသည် လိုရာမတ ပြည့်စုံလှ၍ ဘူမိနက်သန်
မှန်သော မြေထူးမြေမြတ်လည်းဖြစ်၏။ မွန်မြတ်သန့်စင်သော တရားထူး
တရားမြတ်တို့တည်ရာ မြေကောင်းမြေမွန်လည်းမှန်၏။ မြေတွင်း မြေပြင်
အထူးထူးသော ရတနာအပေါင်းတို့နှင့် ပြည့်စုံသဖြင့် သတ္တဝါအပေါင်းတို့
ဆွတ်ယူစားသုံး က္ဘာဆုံးသော်လည်း မသုဉ်းမကုန်နိုင်သော ပဒေသာစစ်
အနှစ်သာရကြွယ်ဝြပည့်စုံသော မြေလည်းဖြစ်၏။ ဘူမိနက်သန် မှန်လှထူးချွန်
ဤမြေမွန် မြေမြတ်၌ ရှမ်း၊ ကချင်၊ ချင်း၊ မွန်၊ မြန်မာ စသည်ဖြင့် တစ်သွေး
တစ်သား တစ်မိဖွားဖြစ်ကြကုန်သော ငါတို့သည် နှစ်ပေါင်းထောင်ရာ သင်္ချာ
ပွားတက် ရေတွက်ခြင်းငှာ မတတ်နိုင်ရာသော ရာဇဝင်ရှည်ဝေး ရှေးပဝေသဏီ
မှစ၍ တညီတညွတ် တစုတရုံး လွတ်လပ်သော လူမျိုးအဖြစ် တည်ခဲ့ကြ၏။
တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ မြင်စိုင်း၊ စစ်ကိုင်း၊ ပင်းယ၊ အင်း၀၊
ကုန်းဘောင် ထို့နောက် မ္တလေးအထိ ငါတို့၏ လွတ်လပ်ရေးသည် နေရောင်
လဝါပမာကဲ့သို့ တဖြာဖြာတဝင်းဝင်း က္ဘာစစ်အောင်ထွန်းလင်းခဲ့ပေ၏။
သို့ရာတွင် က္ဘာ့တန်ဆာကာလအသင်္ချေတည်နေအပ်သော နေမင်းသူရိယ
လစန္ဒာတို့ပင် ဆီးနှင်းမြူတိမ်ဖုံးအုပ်၍ ခဏခေတ္တ အရှိန်အဝါ ညှိုးလျော်နွမ်းလျ
မထွန်းမပဖြစ်ဘိသကဲ့သို့ ငါတို့၏လွတ်လပ်သော မြန်မာနိုင်ငံတော်သည်လည်း
လွန်ခဲ့သည့်နှစ်ပေါင်းလေးရာခန့်က ဥရောပတိုက်မှ ထွက်ပေါ်လာ၍ တစ်က္ဘာ
လုံးကို ရစ်ပတ်ဖုံးအုပ်ခဲ့သော နယ်ချဲ့ဝါဒနှင့် မရှောင်မကွင်းသာ ကြုံကြိုက်
ဆုံတွေ့မိ၍ ပထမအင်္ဂလိပ်-မြန်မာ စစ်၌ရခိုင်၊ တနင်္သာရီ၊ ဒုတိယ အင်္ဂလိပ်-
မြန်မာစစ်၌ ဟံသာ၀တီ၊ ပဲခူး၊ တတိယအင်္ဂလိပ်-မြန်မာစစ်၌ မ္တလေး၊ ရတနာပုံ
သုံးကြိမ် သုံးတန်ချအပ်ရခြင်းဖြင့် ဤမြေထူးမြေမြတ်၌ နှစ်ပေါင်းထောင် ရာ
စောင့်ထိန်း၍ လာခဲ့ကြသော ငါတို့၏လွတ်လပ်ရေးသည် ငါတို့လက်မှ လွတ်၍
လက်အောက်ခံဘ၀သို့ လုံး၀ ကျရောက်ခဲ့ကြရသည်။ သို့သော် နေမင်းသူရိယ၊
လစန္ဒာတို့ကို ဆီးနှင်းမြူတိမ်တို့သည် မည်သို့ပင်ဖုံးလွှမ်းစေကာမူ နေလတို့၏
အရှိန်အတောက်ကို မခံနိုင်ရကား ခြောက်ဆယ့်တစ်နှစ် တစ်လနှင့် တစ်ရက်
သော အခိုက်အတန့်ကလေးမှာပင် အလိုအလျောက် ကွယ်ပျောက်သွားရ
သဖြင့် ဤနေ့ဤအခါမှစ၍ ငါတို့သည် အသူရိန်ခံတွင်းမှ ရှင်းရှင်းကြီး
လွတ်မြောက်အပ်သော လပြည့်ဝန်းပမာ သန့်ရှင်းစင်ကြယ်ချမ်းမြေ့သာယာ
စွာဖြင့် လုံး၀လွတ်လပ်သော ဘ၀ထူးဘဝြမတ်ကို လက်ဆုပ်လက်ကိုင် အပိုင်
ရရှိကြပြီ။

၃။ ယခုငါတို့ရရှိအပ်သော လွတ်လပ်ရေးသည် ရေတွင်ရုပ်ရေး မြသွေးကောင်းကင်
တိမ်ရိပ်ထင်သကဲ့သို့သော လွတ်လပ်ရေး မဟုတ်၊ ငါတို့အား လွတ်လပ်ရေးလမ်းစဉ်သို့ ညွှန်လည်းညွှန်ပြ၊ လမ်းစရှာကြံ အမြန်ရောက်အောင် ပို့ဆောင်ခဲ့ကြပေသော
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အဝဝသော ကူးတို့မှူး ခေါင်းဆောင်ကြီးတို့၏
မဆုတ်မနစ်သော လုံ့လ၊ မလျှော့သော ဝီရိယ၊ ဆီမီးတန်ဆောင်ကဲ့သို့ ထွန်းပ
အပ်သော ဉာဏ်မျက်စိ၀ဇီရစိန်သွားကဲ့သို့ စူးရှသော သတ္တိတို့ကြောင့်
အဟံမမ သံပကြုံးဝါး အခြားအခြား၊ လွတ်လပ်သော နိုင်ငံကြီးတို့နှင့် တန်းတူ မြူတစ်ခြမ်းမျှ မလျှော့မလို ထိုထိုသို့သောတန်ခိုးရှိန်ဝါ တေဇောအပေါင်းတို့နှင့် ပြည့်စုံသော အချုပ်အခြာတည်းဟူသော အာဏာအထူးအမြတ်ကို ငါတို့လက်ကိုင် အပိုင်ရရှိ ကြပြီ။

၄။ ငါတို့သည် တစ်မျိုးတစ်ဘာသာ တစ်စိတ်တစ်ဒေသ၏ ကောင်းကျိုးချမ်းသာကို
မလိုလား။ ကျောသားရင်သား၊ သူကား ငါကားခွဲခြားခြင်းကို အလိုမရှိ။ မြစ်ချောင်း
သီတာ သမုဒ္ဒရာတောင်တန်းတို့ဖြင့် က္ဘာ့ဓမ္မတာ သဘာ၀အပိုင်းအခြား ထင်ရှားစွာ
သတ်မှတ်အပ်သော ရာဇဝင်ရှည်ဝေး ရှေးပဝေသဏီမှစ၍ ယခုထက်တိုင် မြန်မာ
နိုင်ငံသားဟု သမုတ်အပ်သူ တိုင်းရင်းသားအပေါင်းတို့ ဇာတိချက်ကြွေနေထိုင်
မြန်မာနိုင်ငံတော်တစ်ဝန်းကို တစ်သွေးတစ်သားတည်းဟူသော ကြိုးထူး၊ တစ်စိတ်
တစ်ဝမ်းတည်းဟူသော ကြိုးထူး၊ အလိုအလျောက် သဘာ၀အထောက်အပံ့
ဖြင့်သာလျှင် ရစ်ပတ် ဖွဲ့စည်းအပ်သော ပြည်ထောင်စုအဖြစ်ကို လက်ဆုပ်လက်ကိုင်
ငါတို့အပိုင်ရလေပြီ။

၅။ ငါတို့နိုင်ငံတော်ကြီးသည် မည်သူတစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်း၏
အမွေအနှစ်မဟုတ်၊ မည်သူတစ်ဦး တစ်ယောက် တစ်ဖွဲ့တစ်သင်း၏ ပုဂ္ဂလိကပိုင်
ပစ္စည်းမဟုတ်။ မည်သူတစ်ဦးတစ်ဖွဲ့တစ်သင်းက ချုပ်ကိုင်အနိုင်သိမ်းယူ အကျိုး
ခံစားအပ်သော နိုင်ငံမဟုတ်၊ အတိတ်ကာလကလည်းကောင်း၊ ယခုမျက်မှောက်တွင် လည်းကောင်း၊ နောင်လာလတ္တံသော အနာဂတ်ကာလ၌လည်းကောင်း၊ ငါတို့
ပြည်ထောင်စုကြီးအတွင်း၌ မှီတင်းနေထိုင်ကြသော ကြီးငယ်ဝေးနီး၊ ကျားမ မခြား၊
သစ္စာတော်ခံနိုင်ငံသား ဟူသရွေ့တို့၏ အမွေအနှစ်အပိုင်ပစ္စည်း အကျိုးခံစားရာ
ဖြစ်သည်ဟူသော လူ့ဘာသာ လူ့တရားနှင့်အညီ က္ဘာဦးကာလ လူတို့၏
စည်းရုံးမှု၌ လူအပေါင်းတို့၏ သဘောဆန္ဒအရ လူအဝန်း၏ အကျိုးကို
ကောင်းစွာဆောင်ရွက်နိုင်အံ့သော ပုဂ္ဂိုလ်ကိုရွေးကောက်၍ သမ္မတတင်မြှောက်
ကြသော မဖောက်မပြန် အစွန်းအငြိပကတိ သန့်ရှင်းဖြူစင်သော မူလလူ့ဝါဒနှင့်
လျော်စွာစည်းကမ်းဥပဒေ သေချာထင်ရှားစွာ ပိုင်းခြားသတ်မှတ်တူညီသော
တရား၊ တူညီသောအခွင့်အရေး၊ တူညီသောအဆင့်အတန်းအားဖြင့်
က္ဘာအရှည်တည်စိမ့်သောငှာ လူအပေါင်းတို့၏ ဆန္ဒသာလျှင်အဓိကဖြစ်သော
သမ္မတနိုင်ငံတော်တည်းဟူသော မြတ်သောအဖြစ်ကို လက်ဆုပ်လက်ကိုင် ငါတို့
အပိုင်ရပြီ။

၆။ သိကြကုန်လော့၊ ယနေ့မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော ဤအချိန်မှစ၍ ငါတို့၏
မူလအပိုင်ဖြစ်သော လုံးဝလွတ်လပ်ရေးကို ငါတို့ပြန်၍ယူပြီး တိုင်းရင်းသားအပေါင်းတို့ သွေးစည်းညီညွတ်လျက် အခွင့်အရေး အဆင့်အတန်းတူညီသည့် ပြည်ထောင်စုသမ္မတနိုင်ငံကြီးကို တည်ထောင်ပြီ။ ငါတို့လွတ်လပ်ရေးနှင့် ငါတို့နိုင်ငံတော်ကြီး၏
သစ္စာကို ကမ္ဘာဆုံးတိုင် မယိမ်းမယိုင် တည်မည်၊ ငါတို့သည် လွတ်လပ်သောနိုင်ငံ
ဖြစ်သည်နှင့်အညီ ကမ္ဘာ့လွတ်လပ်သောနိုင်ငံအပေါင်းတို့ တရားသဖြင့် ကျင့်ဆောင်
အပ်သောကျင့်ဝတ်ကို စောင့်ရှောက်ကျင့်ဆောင်မည်၊ ငါတို့၏ လွတ်လပ်ရေးကို
ငါတို့ချစ်မြတ်နိုးသည်နှင့်အညီ တစ်ပါးသူတို့၏ လွတ်လပ်ရေးကိုလည်း ငါတို့လေးစား စောင့်စည်းမည်။ ငါတို့သည် ငြိမ်းချမ်းရေးကို အလိုရှိသည်နှင့်အညီ ငါတို့ကဲ့သို့လိုလားသူများနှင့် အတူလက်တွဲ၍ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်မည်။

ဤငါတို့ကြေညာချက်ကို တစ်ကမ္ဘာလုံးက တစ်ယောက်မကျန် ကြားသိ စေသတည်း။

=========================

Credit to
D.မင်း

HAPPY NEW YEAR 2022! IT4A is wishing you all to have a safe and happy new year 2022 !
02/01/2022

HAPPY NEW YEAR 2022!

IT4A is wishing you all to have a safe and happy new year 2022 !

Happy Thadingyut to you!It4a team is wishing you all to have a Happy Thadingyut Fullmoon Day and we look forward to work...
20/10/2021

Happy Thadingyut to you!

It4a team is wishing you all to have a Happy Thadingyut Fullmoon Day and we look forward to working together throughout the year.

ကိုယ်စိတ်ငြိမ်းချမ်းစေမည့်
သီတင်းကျွတ်လပြည့်နေ့လေးဖြစ်ပါစေကြောင်း
ကျွန်တော်တို့ It4a မိသားစု Peaceful Thadingyut Full Moon Day to you all!

မြန်မာပြည်ကြီး အမြန်ဆုံးပြန်လည်အေးချမ်းပါစေ🙏🏻Stay safe & Take care everyone ‼️
21/02/2021

မြန်မာပြည်ကြီး အမြန်ဆုံးပြန်လည်အေးချမ်းပါစေ🙏🏻

Stay safe & Take care everyone ‼️

၂၀၂၁ မှာလူကြီးမင်းတို့လုပ်ငန်းတွေပိုမိုတိုးတက်အောင် it4a နဲ့လက်တွဲလိုက်ပါအခုနှစ်တွေမှာ စီးပွားရေးလုပ်ငန်းတွေက ပိုမိုခက်ခ...
29/01/2021

၂၀၂၁ မှာလူကြီးမင်းတို့လုပ်ငန်းတွေပိုမိုတိုးတက်အောင် it4a နဲ့လက်တွဲလိုက်ပါ

အခုနှစ်တွေမှာ စီးပွားရေးလုပ်ငန်းတွေက ပိုမိုခက်ခဲကျပ်တည်းလာပြီး Challenges တွေအတော်များများနဲ့ကြုံတွေ့နေရပါတယ်။ ယခုဆိုလဲ ကမ္ဘာ့ကပ်ရောဂါအခြေအနေကြောင့် လူတွေတဦးနှင့် တဦး social distancing ပြုလုပ်ပီးနေနေကြရပါသည်။ အဲဒါကြောင့် SME လုပ်ငန်းတွေအပါအဝင် လုပ်ငန်းကြီးတော်တော် များများတွင် ဝန်ထမ်းအင်အား လျှော့ချပီး ပိုမိုတိကျမြန်ဆန်အောင် Automatic Software တွေအသုံးပြုလာကြပါတယ်။
လုပ်ငန်းတွင်းက ဌာနပေါင်းစုံရဲ့ လည်ပတ်မှုပုံစံတွေကို ဒီဂျစ်တယ် နည်းပညာရဲ့ အကူအညီနဲ့ ပုံမှန်အတိုင်း လည်ပတ်နိုင်ဖို့၊ ဝန်ထမ်းတွေကို အိမ်ကနေ အလုပ်လုပ်ခွင့်ပြုလိုက်တဲ့အခါမှာ အဝေးကနေ နည်းစနစ်ကျကျ စီမံခန့်ခွဲနိုင်ဖို့၊ မတူညီတဲ့ Business Sector တိုင်းက Company တွေကို ရေရှည်မှာအလားအလာပိုကောင်းလာအောင် it4a အနေနဲ့ it4a Consulting Service ရှိနေပါပြီ။
It4a အနေနဲ့လည်း လူကြီးမင်းတို့လုပ်ငန်းအတွက် အရှိန်အဟုန် နဲ့ပိုမို လည်ပတ်နိုင်အောင် အထောက်အကူရစေမယ့် SAP software တွေအပြင် လူကြီးမင်းတို့လုပ်ငန်းပေါ်မူတည်ပြီး စိတ်ကြိုက် Customized Software လည်းဖန်တီးပေးလျက်ရှိပါတယ်။
ဒီလိုလုပ်ငန်းတွေ အပြိုင်အဆိုင်တွေဖြစ်နေချိန်မှာ အခြားလုပ်ငန်းတွေလို ဒစ်ဂျစ်တယ်အသွင်မကူပြောင်းပဲ နေမယ်ဆို ၂၀၂၁ မှာ ပိုမိုနောက်ကျသွားနိုင်တာမလို့ လူကြီးမင်းတို့ရဲ့ လုပ်ငန်းတွေကို ပိုမိုတိုးတက်အောင် it4a နဲ့လက်တွဲလိုက်ပါ။
it4a မှာ အတွေ့အကြုံရှိပြီး ကျွမ်းကျင်တဲ့ Technician တွေကလူကြီးမင်းတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို အဆင့်မြင့်ပြီး ပိုမိုတိုးတက်အောင် ဆောင်ရွက်ပေးဖို့ အသင့်စောင့်ကြိုနေပါတယ်။ 𝗶𝘁𝟰𝗮 ကိုဆက်သွယ်ချင်တယ်ဆိုရင်တော့-
Email - [email protected]
Phone Number - 09-259179660
Address - Room 602, Building 14, MICT Park, Yangon တို့ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်တဲ့အပြင် it4a ရဲ့ Official Website ဖြစ်တဲ့ https://it4a.io/ မှာလည်းဝင်ရောက်လေ့လာနိုင်ပါတယ်။

SAP Analytics Cloud Solution ဆိုတာ Business Intelligence, ကြိုတင်ခန့်မှန်းထားသောတွက်ချက်ထားသော Analytics တွေ Plan နိုင်သ...
21/01/2021

SAP Analytics Cloud Solution ဆိုတာ Business Intelligence, ကြိုတင်ခန့်မှန်းထားသောတွက်ချက်ထားသော Analytics တွေ Plan နိုင်သည့်စွမ်းရည် အစရှိတာကို ပူးပေါင်းပြီးလုပ်ငန်းတွေအတွကာ ရိုးရှင်းလွယ်ကူပြီးသုံးရအဆင်ပြေအောင်ဖန်တီးပေးထားတဲ့ Cloud Solution တစ်ခုဖြစ်ပါတယ်။ SAP Analytic Cloud ကိုအသုံးပြုခြင်းဖြင့် စီးပွားရေးလုပ်ငန်းတစ်ခုလုံး လွယ်ကူစွာစီမံခန့်ခွဲနိုင်ပြီး ယခုထက်ပိုမိုအဆင့်မြင့်သော စီးပွားရေးလုပ်ငန်းဖြစ်လာအောင် ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ကိုယ့်စီးပွားရေးရဲ့ Insights တွေကနေတစ်ဆင့် ဒေတာတွေကို အလွယ်တကူကြည့်ရှုနိုင်ပြီးတော့ ယုံကြည်ချက်ရှိစွာနဲ့ ဆုံးဖြတ်ချက်တွေကို အလွယ်တကူချမှတ်နိုင်မှာပဲဖြစ်ပါတယ်။

SAP Analytic Cloud ကိုသုံးခြင်းအားဖြင့် တစ်ထိုင်တည်းမှာပဲ ဒေတာတွေကိုစီစစ်ပြီး တစ်ခါတည်းစီမံခန့်ခွဲကာ ဆုံးဖြတ်ချက်ကို မြန်မြန်ချနိုင်ပါတယ်။ အဲဒီအပြင်ဒေတာတွေကိုကြည့်ပြီးတော့ ကိုယ့်စီးပွားရေးလိုအပ်ချက်တွေကိုပါ သိရှိစေပြီး ရှေ့လျှောက်လုပ်ငန်းအတွက်လိုအပ်တဲ့ Strategic ကျတဲ့ စီမံချက်ကိုချမှတ်နိုင်လို့ လုပ်ငန်းပိုမိုတိုးတက်စေပါတယ်။
လုပ်ငန်းကဘယ်လောက်ကြီးကြီး လုပ်ငန်းတစ်ခုလုံးမှာလည်ပတ်နေတဲ့စာရင်းဇယား ဒေတာတွေကို ကွန်ပြူတာမှာ Insights တစ်ခါကြည့်ရုံနဲ့ သိရှိနိုင်စေတာကြောင့် လုပ်ငန်းအတွင်းမှာ ဝန်ထမ်းတွေနဲ့ ဆက်ဆံရေးတိုးတက်စေပြီး အချိန်ကုန်သက်သာစေပါတယ်။ အဲဒီကတစ်ဆင့် ကိုယ့်လုပ်ငန်းရှေ့ရေးအတွက်လိုအပ်တဲ့ ဆုံးဖြတ်ချက်တွေကို ဝန်ထမ်းတွေကို တစ်ခါတည်းရှင်းပြပြီး ရှေ့ဆက်ရမယ့် Plan တွေလည်း ကြိုတင်ချမှတ်ထားလို့ရစေပါတယ်။

ဒီလိုမျိုး စီးပွားရေးလုပ်ငန်းတွေအတွက်ရှိသင့်တဲ့ SAP Analytic Cloud ကို လူကြီးမင်းတို့စီးပွားရေးလုပ်ငန်းတွေမှာ အသုံးပြုချင်တယ်ဆိုရင်တော့ it4a ကိုဆက်သွယ်လိုက်ပါ။ it4a မှာ အတွေ့အကြုံရှိပြီး ကျွမ်းကျင်တဲ့ Technician တွေကလူကြီးမင်းတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို အဆင့်မြင့်ပြီး ပိုမိုတိုးတက်အောင် ဆောင်ရွက်ပေးဖို့ အသင့်စောင့်ကြိုနေပါတယ်။ 𝗶𝘁𝟰𝗮 ကိုဆက်သွယ်ချင်တယ်ဆိုရင်တော့-
Email - [email protected]
Phone Number - 09-259179660
Address - Room 602, Building 14, MICT Park, Yangon တို့ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်တဲ့အပြင် it4a ရဲ့ Official Website ဖြစ်တဲ့ https://it4a.io/ မှာလည်းဝင်ရောက်လေ့လာနိုင်ပါတယ်။

နှစ်တစ်နှစ်ကုန်တာနဲ့အမျှ တစ်နှစ်လုံးစာ စာရင်းတွေပြန်ချုပ်ပြီး  ဒေတာတွေစုပြီး အချိန်တိုအတွင်းအထက်ကို Report တင်ဖို့ဆိုတာ ...
18/01/2021

နှစ်တစ်နှစ်ကုန်တာနဲ့အမျှ တစ်နှစ်လုံးစာ စာရင်းတွေပြန်ချုပ်ပြီး ဒေတာတွေစုပြီး အချိန်တိုအတွင်းအထက်ကို Report တင်ဖို့ဆိုတာ မလွယ်ကူပါဘူး။ လုပ်ငန်းကြီးလာတာနဲ့အမျှ နှစ်ကုန်တိုင်း Report ထုတ်ရတာအကြီးမားဆုံးအခက်အခဲ အဖြစ်ကြုံတွေ့နေရပြီးတော့ အထူးသဖြင့် အခုဆို Stay Home နေရတဲ့ဒီလိုကာလကြီးမှာ လိုအပ်တဲ့ ဒေတာတွေပြန်စုဖို့ သက်ဆိုင်ရာ ဌာနတွေကို ဆက်သွယ်ပြီး အကြောင်းကြားဖို့ဆိုတာ တော်တော်မလွယ်တဲ့ ပြသနာပါ။ လုပ်ငန်းကြီးပြီး ဝန်ထမ်းတွေများလေ၊ ဌာနတွေများလေ ဒီလို နှစ်ကုန်စာရင်းချုပ်တဲ့အခါ ဒေတာတွေစုပြီး Report ထုတ်ရတာပိုခက်ခဲလေပါပဲ။ ဒီလိုပြသနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် it4a ရဲ့ Data & AI Software ကိုသုံးကြည့်ဖို့အကြံပေးချင်ပါတယ်။ ဒီ Software ကိုသုံးခြင်းဖြင့် ကိုယ့်လုပ်ငန်းရဲ့ဒေတာတွေကိုအလွယ်တကူ စုပြီး Report လုပ်လို့ရရုံတင်မဟုတ်ပဲ ကိုယ့်လုပ်ငန်းရဲ့နေ့စဉ် လည်ပတ်မှှု၊ Customers တွေနဲ့ ပြောဆိုဆက်ဆံဆောင်ရွက်မှုတွေအပြင် ရရှိလာမယ့် Outcome ကိုပါကြိုတင်တွက်ချက်လို့ရစေပါတယ်။ it4a ရဲ့ Software တွေက SME လုပ်ငန်းတွေမှာလည်း သုံးလို့ရတဲ့အပြင် Customized သုံးလို့ရအောင်ပါစီစဉ်ထားပေးတဲ့အတွက် အခုမှ စသုံးမယ့်လုပ်ငန်းတွေအတွက် အဆင်ပြေစေပါတယ်။ ဒီ Data & AI ကိုစိတ်ဝင်စားပြီး လူကြီးမင်းတို့လုပ်ငန်းမှာ အသုံးပြုချင်ရင်တော့ အသေးစိတ်ကိုပြန်လည်ရှင်းပြနိုင်ဖို့အတွက် ကျွန်တော်တို့ it4a မှ ကျွမ်းကျင်အင်ဂျင်နီယာများက အသင့်စောင့်ကြိုနေပါတယ်ခင်ဗျာ။

𝗶𝘁𝟰𝗮 ကိုဆက်သွယ်ချင်တယ်ဆိုရင်တော့-
Email - [email protected]
Phone Number - 09-259179660
Address - Room 602, Building 14, MICT Park, Yangon တို့ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်တဲ့အပြင် it4a ရဲ့ Official Website ဖြစ်တဲ့ https://it4a.io/ မှာလည်းဝင်ရောက်လေ့လာနိုင်ပါတယ်။
&AI

ဒီနေ့မှာတော့ Bank လုပ်ငန်းတွေမှာအရေးပါတဲ့ Anti Money Laundering ဆိုတဲ့ AML module လေးအကြောင်းကို မျှဝေပေးချင်ပါတယ်။ Mone...
11/01/2021

ဒီနေ့မှာတော့ Bank လုပ်ငန်းတွေမှာအရေးပါတဲ့ Anti Money Laundering ဆိုတဲ့ AML module လေးအကြောင်းကို မျှဝေပေးချင်ပါတယ်။

Money Laundering ဆိုတာကတော့ ငွေမဲကနေ ငွေဖြူပြောင်းလဲတာကို ဆိုလိုပါတယ်။ တရားမဝင်​လုပ်ငန်းတွေကနေ ရရှိလာတဲ့ ငွေမဲတွေကို တရားဝင်လုပ်ငန်းတွေကနေ ရရှိသယောင် ပြောင်းလဲခြင်းတွေပါဝင်ပါတယ်​။

Bank တွေအနေနဲ့ ဒီလိုဖြစ်ရပ်တွေကိုကြုံတွေ့လာရပြီဆိုရင် Anti Money Laundering လို့ခေါ်တဲ့ ငွေမဲကနေ ငွေဖြူပြောင်းလဲခြင်းအတွက်ချမှတ်ထားတဲ့ ဥပဒေစည်းမျဉ်းတွေအရ လိုအပ်တဲ့အရေးယူမှုတွေကို ပြုလုပ်ရပါတယ်​။

ဒီလိုလုပ်ဆောင်တဲ့နေရာမှာ အဓိကကတော့ မသင်္ကာစရာ ငွေလာအပ်/လာထုတ်တဲ့ Customer ကို နောက်ကြောင်း Trace လိုက်ရတာမျိုးကို လုပ်ဆောင်ရပါတယ်။ ပိုမိုလွယ်ကူစွာ Trace လိုက်နိုင်ဖို့အတွက် AML Module က ကူညီပေးနိုင်ပါတယ်။

လူကြီးမင်းတို့ လုပ်ငန်းအတွက် အရေးပါတဲ့ AML module ကိုအသုံးပြုချင်ရင်တော့ ကျွန်တော်တို့ it4a ကိုဆက်သွယ်လိုက်ပါခင်ဗျ။

𝗶𝘁𝟰𝗮 ကိုဆက်သွယ်ချင်တယ်ဆိုရင်တော့-
Email - [email protected]
Phone Number - 09-259179660
Address - Room 602, Building 14, MICT Park, Yangon တို့ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်တဲ့အပြင် it4a ရဲ့ Official Website ဖြစ်တဲ့ https://it4a.io/ မှာလည်းဝင်ရောက်လေ့လာနိုင်ပါတယ်။

Address

Room #602, Building 14, MICT Park
Yangon
11051

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00

Alerts

Be the first to know and let us send you an email when it4a posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share