11/06/2026
Job Title: IT Infrastructure & Support Technician (Project Team)
* Position: 2 Posts
* Location: Yangon, Myanmar
* Industry: IT Infrastructure & Managed Services (Non-Software)
* Report to: Project Manager / Senior Network Engineer
GCN (Green Communication Network) သည် လုပ်ငန်းသုံး Enterprise များအတွက် Network & Infrastructure, Storage, Server, CCTV & Security Service နှင့် Managed Services များကို အဆင့်မြင့်ဆုံး စံနှုန်းများအတိုင်း တည်ဆောက်ပေးနေသည့် Premium System Integrator တစ်ခု ဖြစ်ပါသည်။
ကျွန်တော်တို့သည် ဖောက်သည်များအတွက် အကောင်းဆုံးသတ်မှတ်ထားသော စံနှုန်းဖြင့် စိတ်အေးချမ်းသာမှု အပြည့်အဝ ပေးနိုင်ရန် IT ဝန်ဆောင်မှုများကို တာဝန်ယူဆောင်ရွက်နေသော အဖွဲ့အစည်း ဖြစ်ပါသည်။ လက်ရှိအနေဖြင့် Project Installation Technician ရာထူးလစ်လပ်နေပါသဖြင့် ခန့်အပ်ရန်အတွက် ရှိနေပါသည်။
၁။ အဓိက တာဝန်များနှင့် လုပ်ငန်းစဉ်များ (Key Responsibilities)
* Infrastructure Deployment: စက်ရုံ၊ အလုပ်ရုံနှင့် ရုံးခန်းကြီးများတွင် Network Cables (Cat6), Data Points, Wireless Access Points (AP), PABX နှင့် CCTV (16+ Ports/IP Cameras) များကို စနစ်တကျ သေသပ်စွာ တပ်ဆင်သွယ်တန်းခြင်း။
* Structural Cabling: GCN Standard အတိုင်း ကြိုးလိုင်းများ ရှုပ်ပွမှုမရှိစေရန် Conduit (ကြိုးပိုက်)၊ Trunking များကို အသုံးပြု၍ စနစ်တကျ ကေဘယ်စီမံခန့်ခွဲမှု (Cable Management) ပြုလုပ်ခြင်း။
* Hardware Configuration: Network Switch, Router, Access Point နှင့် CCTV DVR/NVR များကို အခြေခံ Configuration များ ပြုလုပ်ခြင်းနှင့် ဖုန်း/ကွန်ပျူတာများမှ အဝေးမှ ကြည့်ရှုနိုင်ရန် စနစ်ချိတ်ဆက်ပေးခြင်း (Remote Access)။
* Site Survey & Documentation: ပရောဂျက်မစတင်မီ ကွင်းဆင်းတိုင်းတာခြင်း (Site Survey) များ ပြုလုပ်၍ Blind Spots (မြင်ကွင်းကွယ်သောနေရာများ) မရှိစေရန် တိကျစွာ မှတ်တမ်းတင်ခြင်း။
* Quality & Standard Maintenance: တပ်ဆင်မှုပြီးဆုံးပါက GCN ၏ QC Checklist အတိုင်း စေ့စပ်သေချာစွာ စစ်ဆေးပြီး Error ကင်းစင်ကြောင်း သေချာစေခြင်း။
၂။ အရည်အချင်း သတ်မှတ်ချက်များ (Job Requirements)
* Technical Background: သက်ဆိုင်ရာ Network & Hardware (CCNA/MTCNA Core Course studied) Certification တစ်ခုခု ရရှိထားသူ (သို့မဟုတ်) နားလည်ထားသူ ဖြစ်ရမည်။
* Experience: Network Routing/Switching, CCTV System (Analog & IP) နှင့် Structured Cabling တပ်ဆင်ခြင်းလုပ်ငန်းတွင် အနည်းဆုံး လုပ်ငန်းအတွေ့အကြုံ (၁) နှစ်မှ (၂) နှစ် ရှိရမည်။ လုပ်ငန်းအတွေ့အကြုံ မရှိဘဲ စိတ်ဝင်စားမှု ရှိပါကလည်း သင်ကြားပေးမည် ဖြစ်ပါသည်။
* Problem-Solving Skill: ခြေခံ Hardware/Network Troubleshooting ပြုလုပ်နိုင်သူ ဖြစ်ရမည်။
* Mindset & Attitude: GCN ၏ သတ်မှတ် စံနှုန်းကို လေးစားလိုက်နာပြီး အလုပ်အပေါ် စေ့စပ်သေချာသူ၊ Teamwork အားကောင်းပြီး ကွင်းဆင်းလုပ်ဆောင်နိုင်သူ ဖြစ်ရမည်။
၃။ ခံစားခွင့်များနှင့် အခွင့်အလမ်းများ (Benefits & Offers)
* မျှော်မှန်းလစာ နှင့် ပရောဂျက်အလိုက် Performance Bonus (Zero Call-back standard ပြည့်မီမှုအပေါ် မူတည်၍ ချီးမြှင့်ပါမည်)။
* Premium System Integrator အဖွဲ့အစည်းအတွင်း Enterprise Level IT Infrastructure နည်းပညာများကို စနစ်တကျ လေ့လာသင်ယူနိုင်မည့် အခွင့်အလမ်း။
* အဆောင်ဖြင့် နေထိုင်လိုသူများကိုလည်း စရိတ်ငြိမ်းစီစဥ်ပေးပါမည်။
QR code ဖတ်၍ ဖြစ်စေ ဖော်ပြပါ Link ကိုနှိပ်၍ ဖြစ်စေ CV Form အား ဖြည့်သွင်းနိုင်ပါသည်။
https://forms.gle/Djy5gXzWbkWRUVrK6
မေးမြန်းစုံစမ်းလိုပါက - ၀၉၅၀၂၇၃၅၆ ကိုဆက်သွယ်နိုင်ပါတယ်။