Venus Belleboo Cotton

Venus Belleboo Cotton Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Venus Belleboo Cotton, Yangon.

မမဟုန်က​ပေးတဲ့သင်ခန်းစာယျေင်္ားများBe like :အလကားရပြီး လွယ်ရင်အကုန်စားPhoto Crd
13/07/2025

မမဟုန်က​ပေးတဲ့သင်ခန်းစာ
ယျေင်္ားများBe like :အလကားရပြီး လွယ်ရင်အကုန်စား
Photo Crd

04/07/2025

Tiktok မှာဟိုဖော်ကာ5⭐⭐ဆိုတဲ့တစ်ယောက်Viedoတွေတက်လာတော့ပိုက်ဆံတွေသုံးပြ လက်ဆောင်တွေပေးပြနေတော့လေ သူ့ပဲအားကျပြီး သူ့လိုပဲလိုက်လုပ်ရတော့မလိုလို သူ့အောက်မှာလဲ သူဘာအလုပ်လုပ်လဲသိတာလားမသိတာလားအို အားကျလိုက်တာမမရယ်ဆိုတာကြီးပဲ နှုတ်ခမ်းနီဆိုးပြီးသားလေးလက်ဆောင်ပေးပါလားဆိုတာပါသေးတယ် ရောဂါကူးမှာမကြောက်ဘူးလားမသိဘူး

ကျောင်းတွေလည်း စိတ်ပျက်စရာပါလား...ကျောင်းကားဆွဲနေတဲ့ အမျိုးသမီးက လုပ်တာတဲ့...အထက ၁ ကမာရွတ်မှာ ဖြစ်သွားတာပါ 😭အသက် ၆နှစ်အရ...
01/07/2025

ကျောင်းတွေလည်း စိတ်ပျက်စရာပါလား...ကျောင်းကားဆွဲနေတဲ့ အမျိုးသမီးက လုပ်တာတဲ့...အထက ၁ ကမာရွတ်မှာ ဖြစ်သွားတာပါ 😭

အသက် ၆နှစ်အရွယ်သားငယ်အား အထက ၁ ကမာရွတ်မှ အတန်းပိုင်ရို-က်သည်ဟု သားလေးကပြောခဲ့သော်လည်း အမှန်တကယ်မှာ အခြားသူတစ်ဦးဖြစ်ကြောင်း သိရ

အထက ၁ ကမာရွတ်မှ အသက် ၆နှစ်အရွယ် သားငယ်လေးဟာ အိမ်ကိုပြန်ရောက်ချိန် ကျောကုန်းမှာ ရို-က်ခံထားရတဲ့ အရှိုးရာတွေ တွေ့ရှိခဲ့ရတဲ့အတွက် မိခင်ဖြစ်သူက စိုးရိမ်ပြီး မေးမြန်းတဲ့အခါ အတန်းပိုင်က ရို.-က်တာပါလို့ သားဖြစ်သူက ပြောခဲ့တယ်လို့ အဆိုပါမိခင်က ဆိုခဲ့ပါတယ်။

ဒါကြောင့်သူမက အတန်းပိုင်ဆရာမကို ဘာလို့ အခုလိုလုပ်ရလဲဆိုပြီး ဆိုခဲ့ပေမယ့် ဆရာမတွေက သူတို့ပြုလုပ်တဲ့တာ မဟုတ်တဲ့အတွက် ကျောင်းအုပ် ဆရာမစုံညီ မိဘခေါ်ပြီး ရှင်းလင်း ပြောကြားခဲ့ကြတာပါ။

အဲ့ဒီအချိန်ကျမှ သားလေးကို ရို.-က်ခဲ့သူဟာ သားလေးရဲ့ ကျူရှင်ဆရာမလည်းဖြစ် အဆိုပါ အထက ၁ ကျောင်းမှာလည်း ကျောင်းကားဆွဲနေတဲ့ အမျိုးသမီးဖြစ်ကြောင်း ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။

ဒီအခါမှာ မိခင်က သားလေးကို ကျူရှင်ဆရာမက ရို-က်ပြီး သူရို-က်တာသိမှာစိုးလို့ အတန်းပိုင် ရို-က်တာလို့ ပြောခိုင်းတဲ့အတွက် သားလေးက အခုလို ပြောလို့ သူမမှားယွင်းပြောဆိုမိကြောင်း တောင်းပန်ခဲ့တာပါ။

အထက ၁ ကမာရွတ်မှ ဆရာမတွေကတော့ ကျောင်းကဆရာမတွေဟာ အတတ်နိုင်ဆုံး ပြောဆိုဆုံးမမှုနဲ့သာ သင်ကြားလေ့ရှိကြောင်း ပြောဆိုဆုံးမလို့ ဘယ်လိုမှ မရသူကိုတော့ ဒီတိုင်းသာ လွှတ်ချထားဖို့ မှာထားကြောင်းလည်း ကျောင်းအုပ်ကြီးက ရှင်းပြခဲ့တာပါ။

အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး အတန်းပိုင်ကလည်း ဒီလိုကိစ္စမရှိကြောင်း အတန်းတွင်းအခြား ကျောင်းသားတွေရော အားလုံးနဲ့ပါ မိဘကို မျက်နှာစုံညီ သူမရို-က်တာ မဟုတ်ကြောင်း ဖြေရှင်းပြခဲ့ရတာပဲ ဖြစ်ပါတယ်။

အခုခေတ် စာသင်ကျောင်းတွေလည်း စိတ်ပျက်စရာပါ...ဆရာ ဆရာမတွေလည်း ကိုယ်တွေ ခေတ်တုန်းကလို လုပ်ပိုင်ခွင့်မရှိတော့ဘူး...ဆရာထက် သားတစ်လကြီးတွေ များလာပြီ။

Crd NewsZone

ရန်ကုန်မြို့လယ်ခေါင် ကန်တော်ကြီးဥယျာဉ်ထဲက ထူးဆန်းအံ့ဩဖွယ်ရာ ကျူးမျာ...(နောက်ဆိုရင် မြို့တော်ခန်းမရှေ့ပါ ရောက်လာတော့မှာလာ...
29/06/2025

ရန်ကုန်မြို့လယ်ခေါင် ကန်တော်ကြီးဥယျာဉ်ထဲက ထူးဆန်းအံ့ဩဖွယ်ရာ ကျူးမျာ...
(နောက်ဆိုရင် မြို့တော်ခန်းမရှေ့ပါ ရောက်လာတော့မှာလား)

ဒီနေ့ ကန်တော်ကြီးထဲမှာ ဆိုင်ထိုင်တော့ ဟိုဘက်ကမ်းကို ကြည့်တော့ ကျူးလိုပုံလေးတွေ တွေ့လိုက်တယ် ဆိုင်ဝန်ထမ်းကို မေးတော့ အဲ့ဒါကျူးတဲ့ ဗျာလို့၊ ကန်တော်ကြီးထဲမှာနော်လို့ပြောတော့ စည်ပင်လာရှင်းလဲ မရဘူးတဲ့။ ခဏဘဲ ပြန်ရောက်လာရောတဲ့။
အခုကြည့်တာ အမှိုက်တွေရော ကလေ၊းတွေရောစုံလို့ပါလားလို့။ နောက်ဆိုရင် အကွက်ပါရိုက်ပြီး ရောင်းတော့မယ်ထင်တယ်။ ဘာတွေဖြစ်သွားပြီလဲ ရန်ကုန်ရွှေမြို့တော်ကြီးရယ်။ (ကိုယ်တိုင်ကြည့်ရူခံစားခြင်ရင် ခုတ်ဖူစားသောက်ဆိုင်ရှိတဲ့ ကမ်းဘက်ခြမ်း ဆိုင်ခန်းတွေကထိုင်ကြည့်ရင် ရူမြင်နိုင်ပါတယ်) Photo - ဇာနည်ဝင်းလွင်
#ကျူး
#ကန်တော်ကြီး

 #မဆုရတနာအောင် (၁၇ နှစ် ၅ လ) တွေ့ရှိသူအား ကျေးဇူးဆပ်ငွေ သိန်း ၂၀၀ ပေးပါမည်။ဒီသမီးလေးကို ခေါ်ယူစောင့်ရှောက်ထားသူများ သို့...
28/06/2025

#မဆုရတနာအောင် (၁၇ နှစ် ၅ လ) တွေ့ရှိသူအား ကျေးဇူးဆပ်ငွေ သိန်း ၂၀၀ ပေးပါမည်။
ဒီသမီးလေးကို ခေါ်ယူစောင့်ရှောက်ထားသူများ သို့မဟုတ် သူ့နဲ့ပတ်သက်တဲ့ ဗီဒီယိုဖိုင်၊ ပုံရိပ်တွေနဲ့ အမှန်တကယ်ယုံကြည်စိတ်ချရတဲ့ အချက်အလက်တွေ ပို့ပေးနိုင်သူကို ကျေးဇူးဆပ်ငွေ သိန်း ၂၀၀ ပေးပါမယ်။ အချက်အလက်တွေ ရတာနဲ့ ၅ မိနစ်အတွင်း KPay၊ KBZ Bank ဒါမှမဟုတ် သင်အဆင်ပြေမယ့် ဘဏ်အကောင့်ထဲကို ချက်ချင်းလွှဲပေးပါမယ်။
* ဖခင်: ကိုစိုင်းနောင်
* မိခင်: ဒေါ်စမ်းစမ်းအေး (ဖုန်း - ၀၉-၂၅၃၃၂၈၇၇၅, ၀၉-၂၅၄၄၀၁၄၁၉)
မေမေရဲ့ ရင်ဖွင့်သံ
မေမေ ရန်ကုန်လာပြီး သမီးကို ရှာနေတာ တစ်လကျော်ပြီ။ သမီးငယ်လေးကို ဘယ်လိုရှာရမလဲ မသိတော့ဘူး။ မေမေ့ကို တစ်ခွန်းမှ မပြောဘဲ ဘာလို့ထွက်သွားရတာလဲ သမီးချစ်ရယ်။ မေမေ ဘယ်လိုဖြေသိမ့်ရမလဲ၊ မေမေ အသက်မရှင်ချင်တော့ဘူး သမီးရယ်။ မေမေ့ကို အမြန်ဆုံး ဆက်သွယ်ပါတော့နော်။
သမီးငယ်လေး မဆုရတနာအောင်ကို ခေါ်ယူစောင့်ရှောက်ထားသူများအနေနဲ့ မိဘတွေနဲ့ အမြန်ဆုံးဆက်သွယ်ပေးဖို့ ကျွန်မ အနူးအညွတ် တောင်းပန်ပါတယ်။ သင့်လျော်စွာ ကျေးဇူးဆပ်ပါမယ်ရှင်။
ပျောက်ဆုံးသူ အချက်အလက်
* အမည်: မဆုရတနာအောင်
* အသက်: ၁၇ နှစ် ၅ လ
* ပညာအရည်အချင်း: ၂ ကွင်း လူရည်ချွန် (Grade 12)
* ပျောက်ဆုံးသည့် နေ့ရက်: ၂၀၂၅ ခုနှစ် ဧပြီလ ၂၄ ရက်
* ပျောက်ဆုံးသည့် နေရာ: လှည်းကူးမြို့၊ မိုးသောက်ပန်းဘော်ဒါဆောင်မှ မနက် ၇ နာရီခွဲဝန်းကျင်တွင် မုန့်ထွက်ဝယ်ရင်း ပျောက်ဆုံးသွားခြင်း ဖြစ်ပါသည်။
* အခြေအနေ: သမီးလေးမှာ ဖုန်းယူမသွားတဲ့အတွက် သတင်းအစအန မရသေးပါ။
အကူအညီတောင်းခံခြင်း
တွေ့ရှိပါက အောက်ပါဖုန်းနံပါတ်များသို့ အမြန်ဆုံး ဆက်သွယ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
* ဖုန်း: ၀၉-၂၅၃၃၂၈၇၇၅
* ဖုန်း: ၀၉-၂၅၄၄၀၁၄၁၉
ဒီကြော်ငြာလေးကိုလည်း အများပြည်သူသိရှိစေရန် Share ပေးကြပါဦး ရှင့်။
မိခင် ဒေါ်စမ်းစမ်းအေး

27/06/2025
(မသန့်ရှငိးတဲ့အစားစာတွေမစားမိအောင်သတိထာူကျပါ အမှန်တကယ်ဖြစ်သွားတာကိုကူးယူဖော်ပြတာပါ မူရင်းPost ပိုင်ရှင်ကို Credit ပေးပါတ...
26/06/2025

(မသန့်ရှငိးတဲ့အစားစာတွေမစားမိအောင်သတိထာူကျပါ အမှန်တကယ်ဖြစ်သွားတာကိုကူးယူဖော်ပြတာပါ မူရင်းPost ပိုင်ရှင်ကို Credit ပေးပါတယ်)

ကျမ အမျိုးသားဘာရောဂါကြောင့်သေဆုံးရတာလဲဆိုတာ
တွေ့ရာလမ်းဘေးထမင်းဆိုင်တွေမှာဝင်စားရင်းဖြစ်တာပါ

ကြွက်ဆီးစွန်းတဲ့ အစားအစာ စားမိပြီး သေဆုံးခြင်း
ကြွက်ရဲ့ဆီးနဲ့ ပိုးဝင်နေတဲ့ အစားအစာကို စားသုံးမိလို့ လူတစ်ဦးသေဆုံးသွားတယ်ဆိုတဲ့ သတင်းဟာ Leptospirosis (လက်ပ်တိုစပိုင်ရိုးဆစ်) လို့ခေါ်တဲ့ ဘက်တီးရီးယားရောဂါကြောင့် ဖြစ်နိုင်ခြေ အလွန်မြင့်မားပါတယ်။
Leptospirosis ဆိုတာဘာလဲ။
Leptospirosis ဟာ Leptospira ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားတဲ့ရောဂါတစ်ခုပါ။ ဒီဘက်တီးရီးယားပိုးတွေဟာ ကြွက်လို တိရစ္ဆာန်မျိုးစုံရဲ့ ကျောက်ကပ်ထဲမှာ နေထိုင်ပြီး သူတို့ရဲ့ ဆီးနဲ့အတူ ပတ်ဝန်းကျင်ကို ထွက်ရှိပါတယ်။
ကူးစက်ပုံ:
လူတွေဟာ ပိုးရှိတဲ့ကြွက်ရဲ့ ဆီးနဲ့ ညစ်ညမ်းနေတဲ့ ရေ၊ မြေကြီး ဒါမှမဟုတ် အစားအသောက်တွေနဲ့ ထိတွေ့မိတဲ့အခါ ကူးစက်နိုင်ပါတယ်။
* ထိတွေ့မှု: အရေပြားမှာရှိတဲ့ ခြစ်ရာ၊ ပြတ်ရှရာတွေကနေ ကူးစက်နိုင်သလို၊ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တို့ရဲ့ အချွဲမြှေးတွေကနေလည်း ပိုးဝင်နိုင်ပါတယ်။
* စားသုံးမှု: ကြွက်ဆီးနဲ့ ပိုးဝင်နေတဲ့ အစားအသောက် ဒါမှမဟုတ် ရေသောက်မိတဲ့အခါလည်း ကူးစက်နိုင်ပါတယ်။
ရောဂါလက္ခဏာများ:
Leptospirosis ရဲ့ ရောဂါလက္ခဏာတွေကတော့-
* ရုတ်တရက် ဖျားနာခြင်း
* ခေါင်းကိုက်ခြင်း
* ကြွက်သားကိုက်ခဲခြင်း
* ချမ်းတုန်ခြင်း
* အော့အန်ခြင်း
* ဝမ်းလျှောခြင်း
* အရေပြားဝါခြင်း (အသားဝါ၊ မျက်လုံးဝါ)
* ကျောက်ကပ်ပျက်စီးခြင်း (ပြင်းထန်လာပါက)
သေဆုံးနိုင်ခြေ:
Leptospirosis ဟာ အများအားဖြင့် ပေါ့ပေါ့တန်တန် ဖျားနာခြင်းလောက်နဲ့ ပြီးဆုံးတတ်ပေမဲ့၊ တချို့လူတွေမှာတော့ ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်ပြီး အသက်အန္တရာယ်ပါ စိုးရိမ်ရတဲ့ အခြေအနေမျိုးကို ရောက်ရှိနိုင်ပါတယ်။ ကျောက်ကပ်ပျက်စီးခြင်း၊ အသည်းပျက်စီးခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများနဲ့ သွေးယိုစီးခြင်းတွေဟာ အသက်အန္တရာယ်ရှိတဲ့ နောက်ဆက်တွဲ ပြဿနာတွေပဲ ဖြစ်ပါတယ်။
ကာကွယ်နည်းများ:
* အစားအသောက်များကို လုံခြုံစွာ ဖုံးအုပ်ထားပါ။
* ရေကို ပိုးသတ်ပြီး သောက်သုံးပါ။
* ကြွက်တွေ မဝင်နိုင်အောင် အိမ်တွင်းပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားပါ။
* ကြွက်ချေး၊ ဆီးတွေနဲ့ ထိတွေ့မိနိုင်တဲ့အခါ လက်အိတ်ဝတ်ဆင်ပြီး သန့်ရှင်းရေးလုပ်ပါ။
* ရေကြီးရေလျှံတဲ့ ဒေသတွေမှာ သွားလာရမယ်ဆိုရင် ရောဂါပိုးဝင်ရောက်နိုင်တဲ့ အခွင့်အလမ်းများတဲ့အတွက် သတိထားပါ။
ဒီလိုကိစ္စမျိုး မဖြစ်ပွားအောင် ကြွက်တွေနဲ့ပတ်သက်တဲ့ သန့်ရှင်းရေးနဲ့ ကျန်းမာရေးဆိုင်ရာ အသိပညာတွေ မြှင့်တင်ဖို့ အရေးကြီးပါတယ်။

☣️ ကြွက်သေးကြောင့် လူသေစေနိုင်တဲ့အခြေအနေများ

Leptospirosis ကူစက်ခံရပြီး:
• ကိုယ်ခံအားအနည်းသူ
• ဆေးကုသမှုနောက်ကျတဲ့သူ
• ပြင်းထန်တဲ့အဆင့်သို့ ရောက်တဲ့အခါမှာ…

Weil’s disease ဆိုတဲ့အဆင့်သို့ တိုးတက်နိုင်ပြီး –
• အသည်းပျက်
• ကျောက်ကပ်နာ
• ဆီးချိုသွေးထွက်ခြင်း
• အသက်ရှူမရခြင်း
• အသက်ဆုံးခြင်း ဖြစ်နိုင်ပါတယ်။



📌 လက္ခဏာများ (၃-၁၄ ရက်အတွင်းဖြစ်တတ်)
• ကိုယ်ပူနာ၊ ခေါင်းကိုက်
• မျက်စိနီခြင်း
• ဗိုက်အောင့်၊ ခန္ဓာကိုယ်မအောင့်ခြင်း
• ဆီးနည်းခြင်း၊ အသည်းနာခြင်း
• ရင်တထိတ်ထိတ်ဖြစ်ခြင်း

 #ကျောင်းသူလေးပျောက်ဆုံးနေလို့ လူပျောက်အကူအညီ တောင်းခံထားပါတယ်🙏🙏🙏အမည် - မသင်းသီရိခင် အသက် - (၁၉)နှစ် မိဘအမည် - (ဘ)ဦးခင်...
25/06/2025

#ကျောင်းသူလေးပျောက်ဆုံးနေလို့
လူပျောက်အကူအညီ တောင်းခံထားပါတယ်🙏🙏🙏

အမည် - မသင်းသီရိခင်
အသက် - (၁၉)နှစ်
မိဘအမည် - (ဘ)ဦးခင်မောင်ဆွေ)+ (မိ)ဒေါ်ဥမ္မာဆွေ
နေရပ် - သီရိမြိုင် (၁၉)လမ်း၊ မော်လမြိုင်မြို့။

ကောင်မလေးက အမှတ်(၁၁)ကျောင်းမှာ G-12
တက်နေတဲ့ ကျောင်းသူလေးဖြစ်ပါတယ်။
အနေအထိုင်လဲ အေးတယ်လို့ မိဘတွေကဆိုပါတယ်။
ကျောင်းနဲ့ ကျူရှင်ပဲ အသွားအလာရှိပါတယ်။
ကျူရှင်ကတော့ (၄)လမ်းဘက်မှာ တက် တယ်လို့
သိရပြီး အိမ်မှ တူလေးတယောက်က ဆိုင်ကယ်နဲ့
အကြိုအပို့ လုပ်ပေးတယ်လို့ ပြောပါတယ်။

မနေ့(24.6.2025) မနက်ပိုင်းက ကျောင်းမသွားခင်
ဘောပင် သွား၀ယ်မယ်ဆိုပြီး နေအိမ်မှ ထွက်သွားရာမှ
ယခုအချိန်ထိ အဆက်အသွယ် မရတော့ပဲ ပျောက်ဆုံး
နေတာပါ။ ပါသွားတဲ့ ဖုန်းကိုဆက်တော့ ပထမတကြိမ်ပဲ
ဖုန်း၀င်ပြီး နောက်ပိုင်း ဖုန်းလုံး၀ စက်ပိတ်သွားတယ်လို့
ပြောပါတယ်။

မိသားစု၀င်တွေမှ လိုက်စုံစမ်းရှာဖွေကြသော်လည်း
ယခုအချိန်ထိ မည်သည့်သတင်းအစအနမှ မရတော့၍
ကျောင်းမှ ဆရာမကြီးတွေထံလဲ အကြောင်းကြားထားပြီး
သက်ဆိုင်ရာ အပိုင်နယ်မြေရဲစခန်းထံတွင်လည်း
လူပျောက်တိုင်ချက်ဖွင့်ထားပြီး လူမှုကွန်ယက်မှ
တဆင့်လဲ တင်ပေးဖို့ အကူအညီတောင်းခံ လာ၍
လူပျောက် Post လေး တင်ပေးလိုက်ပါတယ်။

အကယ်၍ ယခုဖော်ပြပါ ကောင်မလေးအား
တွေ့ရှိသိရှိကြပါက အောက်ပါဖုန်းနံပါတ်သို့
ကူညီဆက်သွယ်ပေးနိုင်ကြပါရန် အကူအညီ
တောင်းခံအပ်ပါသည်။

ဆက်သွယ်ရန်
- 09 454119911

Moe
#လူပျောက်

24/06/2025

အဖေ့အတွက် B+ သွေးအရေးပေါ်လိုအပ်နေပါသဖြင့် အလှူရှင်များအားအထူးမေတ္တာရပ်ခံ အလှူခံအပ်ပါသည်။🙏🙏🙏
095075637
09420074316
Crd ပါရှင့် ရန်ကုန်မြိ​ု့တွင်းလှူချင်တဲ့သူ ဖုန်းလေးဆက်ပေးပါနော်

လမ်းပေါ်မှာ ပိုက်ဆံအိတ်နီညိုရောင်လေးတစ်လုံးကောက်တွေ့ထားပါတယ်နော် မှတ်ပုံတင်နဲ့ဘဏ်ကဒ်လေးတွေပါလို့အကယ်၍ပျောက်ခဲ့သူရှိရင် P...
21/06/2025

လမ်းပေါ်မှာ ပိုက်ဆံအိတ်နီညိုရောင်လေးတစ်လုံးကောက်တွေ့ထားပါတယ်နော် မှတ်ပုံတင်နဲ့ဘဏ်ကဒ်လေးတွေပါလို့အကယ်၍ပျောက်ခဲ့သူရှိရင် Page Cb မှာ မှတ်ပုံတင်ထဲက နာမည်အတိအကျလေးပြောပြီးလာရောက်ထုတ်ယူနိုင်ပါတယ်နော်
ကူShareပေးခြင်းဖြင့် ကူညီကျပါအုံးနော်

Address

Yangon
11051

Telephone

+959964233564

Website

Alerts

Be the first to know and let us send you an email when Venus Belleboo Cotton posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Venus Belleboo Cotton:

Share