29/05/2026
MCB, MCCB, RCCB, ELCB, RCBO breakers အကြောင်း
*********************
MCB (Miniature Circuit Breaker)အလွယ်ခေါ်တာကတော့ MCB Breaker ပါ။ MCB တွေဘာကြောင့်သုံးရသလဲဆိုရင် လျှပ်စစ်ပစ္စည်းတွေသုံးတဲ့အခါ ဖြစ်ပေါ်လာနိင်တဲ့Short Circuit တွေ OverLoad တွေ စတင်ဖြစ်ပေါ်လာတာနဲ့ လျှပ်စီးပတ်လမ်းကို ဖြတ်တောက်ပေးဖို့ဖြစ်ပါတယ် MCB တွေကိုတော့ Amp နည်းတဲ့ Load တွေသုံးစွဲကြတဲ့အခါ အကာကွယ်ဖြစ်ဖို့သုံးခြင်းဖြစ်ပါတယ်။အိမ်သုံအတွက်လည်း MCBတွေသုံးကြပါတယ်။100A ထိMCB breaker အမျိုးစားတွေရှိပါတယ်။ MCB နေရာမှာ Fuse တွေသုံးလို့ရပေမယ့် Fuse တွေက Short Circuit ဖြစ်ပီးသွားရင် ပြန်သုံးလို့မရတော့တဲ့ အားနည်းချက်တွေကြောင့် နောက်ပိုင်းမှာ MCB တွေအသုံးများလာကြပါတယ်။Short-Circuit ဖြစ်လာတဲ့အခါခံနိုင်ရည်Currentအရေတွက်BreakingCapacity ပမာဏကို MCB ရဲ့ Body ပေါ်မှာ ရေးထားပါတယ်။ Breaking Capacity အရေတွက်များလေ ဈေးပိုပေးရလေပါ။ MCB တွေမှာ 1 Pole ကနေ 4Pole ထိ A အလိုက်အမျိုးမျိုးထုတ်လုပ်ထားပါတယ်။
MCCB(Molded Case Circuit Breaker)
သူက MCB လိုပါပဲ Short-circuit နဲ့ OverLoad တွက်သုံးရတာပါ။
MCB က ဖြတ်မချနိင်တဲ့ Overcurrent or Short-circuited အခြေအနေဖြစ်လာရင် MCCB ကနေ လျှပ်စစ်ကိုဖြတ်တောက်ပေးပါတယ် ။MCCBတွေကို High Current Rating နဲ့ Load ဆွဲအားများတဲ့ စက်ရုံသုံးတွေအတွက်သုံးကြပါတယ် ။ 1000A ပတ်ဝန်းကျင်ထိ Size အမျိုးမျိုးနဲ့ထုတ်ပါတယ်။ အိမ်သုံးအနေနဲ့ 63A အောက် MCCBတွေကိုလည်း သုံးကြပါတယ် ။
RCCB(Residual Current Circuit Breaker)
သူရဲ့လုပ်ဆောင်ချက်ကတော့ Phase Conductorsမှာ စီးဆင်းသွားတဲ့ Current ပမာဏ မညီတော့ဘူးဆိုတာနဲ့ လျှပ်စီးပတ်လမ်းကိုဖြတ်တောက်ပေးတာပါ။မြင်သာအောင် ပြောရရင် လျှပ်စစ်စီးနေတဲ့Wire ကပေါက်နေတယ် ဒါကိုလူကမသိပဲကိုင်မိတာနဲ့ စပီးလူကိုဓာတ်လိုက်ပါပီ။ အဲ့ချိန်မှာ RCCB ကနေ leakages ဖြစ်သွားတဲ့ Current ပမာဏကို sense လုပ်မိတာနဲ့လျှပ်စစ်ကို တန်းဖြတ်ချပလိုက်ပါတယ်။ အိမ်တွေတွက် အရမ်းအသုံးဝင်ပီးတော့ သုံးသင့်တဲ့ Breaker အမျိုးစားပါ မြန်မာပြည်မှာသုံးတဲ့ အိမ်နည်းပါသေးတယ်။ RCCB က Leakages Current ကိုပဲ detect လုပ်ပေးနိင်တာပါ ။ short နဲ့ OverCurrent ကို ဖြတ်တောက်မပေးနိင်တဲ့အတွက် RCCB ကို MCB နဲ့ Series ချိတ်ပေးရင် အလွန် effective protection ပုံစံဖြစ်နေပါပီ ။ RCCB တွေက Leakages ဖြစ်တဲ့Current ပမာဏကို 30mA 100mA 200mA ဆိုပီး တွေ့ရပါတယ် စက်ရုံသုံးတွေတွက် 100 နဲ့ 200mA သုံးသင့်ပီး အိမ်တွေအတွက်တော့ 30mA သုံးသင့်ပါတယ်။ 100mA မှားသုံးမိရင်တော့ လူသာဓာတ်လိုက်သေသွားမယ် breaker က ဖျက်ချပေးမှာ မဟုဘူး။
ELCB(Earth Leakage Circuit Breaker)
လုပ်ဆောင်ချက်က RCCB လိုပါပဲ။ ဒါပေမယ့် ELCB က Voltage Sense လုပ်တာပါ ။ အရင်တုန်းက နည်းပညာနဲ့လုပ်ထားတာပါ ။နောက်ပိုင်း Current sense လုပ်တဲ့ RCCB တွေပေါ်လာတော့ ELCB တွေကို တွင်တွင်ကျယ်ကျယ် မသုံးတော့ပါဘူး။ ELCB သုံးတာထက် RCCB သုံးတာက ပိုကောင်းပါတယ် ။
RCBO(Residual Current Circuit breaker with over load)
RCBO ကို MCB နှင့် RCCB breaker နှစ်မျိူး နှင့် အထူး ဖွဲ့ စည်းထားပါတယ်။ထိုကြောင့် RCBO breaker သည် Overload, Short Circuit, Leakages Current စသည့် Function များအတွက်အလုပ်လုပ်ပေးနိင်ပါသည်(နေအိမ်များအတွက်မဖြစ်မနေတပ်ဆင်သင့်ပါသည်)
# ENSAEEAမူရင်းရေးသားသူအား လေးစားစွာ credit ပေးအပ်ပါတယ်ခင်ဗျာ ။
Malikha Power Engineering Limited
Electrical Project များဆောင်ရွက်လိုပါက ဆက်သွယ်ရန် -
👇👇👇👇👇
☎️ 09-420071769 (Viber), 09-785478777
🏢 အမှတ် (40. A)၊ မြစပါယ်လမ်း ၊၉ ရပ်ကွက် ၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ။
📩 malikha.ekarat@gmail.