Info Tech

Info Tech Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Info Tech, Information Technology Company, South Okkalapa, Yangon.

VPN ဆိုတာ ဘာလဲ?ဒီနေ့မှာ နည်းပညာနဲ့မရင်းနှီးတဲ့သူတွေလည်း အလွယ်တကူနားလည်နိုင်အောင် VPN ဆိုတာဘာလဲဆိုတဲ့အကြောင်းကို ရှင်းပြပ...
23/06/2024

VPN ဆိုတာ ဘာလဲ?

ဒီနေ့မှာ နည်းပညာနဲ့မရင်းနှီးတဲ့သူတွေလည်း အလွယ်တကူနားလည်နိုင်အောင် VPN ဆိုတာဘာလဲဆိုတဲ့အကြောင်းကို ရှင်းပြပေးချင်ပါတယ်။

VPN ဆိုတာက Virtual Private Network ရဲ့အတိုကောက်ပါ။ အင်တာနက်ကို အသုံးပြုတဲ့အခါမှာ သင့်ရဲ့ အချက်အလက်တွေကို လုံခြုံစေဖို့ အသုံးပြုနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဥပမာတစ်ခုနဲ့ပြောရရင်

ကော်ဖီဆိုင်တစ်ဆိုင်မှာ လူအများသုံးနိုင်တဲ့ Public Wi-Fi သုံးပြီး အင်တာနက်သုံးနေတယ်ဆိုပါစို့။ သင်ရဲ့ဖုန်းကနေ ဝင်ကြည့်တဲ့ Website တွေ၊ အင်တာနက်သုံးနေတဲ့ Application တွေဟာ ကော်ဖီဆိုင် Wifi ကနေတစ်ဆင့် အင်တာနက်ပေါ်ကိုသွားပြီး ပုံတွေဒေါင်းလိုက်ဆွဲတာ၊ စာတွေပို့တာတွေလုပ်နေတာဖြစ်ပါတယ်။ ဆိုတော့ တစ်ကယ်လို့ Wifi ကို ထိန်းချုပ်နေတဲ့သူက မိတ်ဆွေရဲ့ အင်တာနက်ပေါ်မှာလုပ်နေတာကို တစ်ဆင့်ခံပြီး စောင့်ကြည့်လို့ရနေမှာပါ။ လွယ်လွယ်ကူကူ ခိုးကြည့်နိုင်တာမို့ သင့်ရဲ့ အချက်အလက်တွေ (စကားဝှက်၊ ဘဏ်အကောင့်နံပါတ်၊ စာများ) အကုန်လုံးဟာ သူများလက်ထဲကို ပါသွားဖို့ အခွင့်အရေးအရမ်းများပါတယ်။

VPN ကိုသုံးထားမယ်ဆိုရင် လွယ်လွယ်ပြောရရင် မိတ်ဆွေက တစ်ခြားနိုင်ငံကဖုန်းတစ်လုံးကို ငါ့အတွက် ဒီပုံလေး Download ဆွဲပေး၊ ပြီးရင် ငါ့ဆီကိုပို့" ဆိုပြီး တစ်ဆင့်ခံပြီး ခြေရာဖျောက်တယ်လို့ အလွယ်ဆုံးမှတ်နိုင်ပါတယ်။ VPN သုံးထားတဲ့အတွက် အင်တာနက်အော်ပရေတာတွေနဲ့ တစ်ခြား Wifi Admin တွေဟာ မိတ်ဆွေတို့ အွန်လိုင်းမှာ ဘယ် Website တွေဝင်ကြည့်နေတယ်၊ ဘာတွေလုပ်နေတယ်ဆိုတာကို အတိုင်းအတာတစ်ခုအထိ မြင်ရဖို့ခက်ခဲသွားမှာပါ။

VPN ကိုအပေါ်က အကြောင်းအရာတွေအပြင် ကိုယ့်ရဲ့ IP Address ကိုဖျောက်ပြီးသုံးချင်တာမျိုး၊ တည်နေရာဒေသကိုလိုက်ပြီးမှ ကြည့်နိုင်မယ့် Video, Website, Application တွေကို အသုံးပြုကြည့်ရှုချင်တဲ့အခါတွေမှာ ကိုယ်လိုချင်တဲ့နိုင်ငံတည်နေရာကို ပြောင်းပြီးသုံးစွဲလို့ရပါတယ်။ ဥပမာ - တရုတ်နိုင်ငံမှာ Facebook ကိုတရားဝင်သုံးစွဲခွင့်ပိတ်ထားလို့ တရုတ်နိုင်ငံသားတစ်ယောက် Facebook သုံးချင်တယ်ဆိုရင် သူ့ဖုန်းရဲ့ IP ကို Facebook သုံးစွဲခွင့်ရတဲ့နိုင်ငံတစ်ခုကို ပြောင်းလဲပြီး Facebook ကိုဝင်ကြည့်တာမျိုးပါ။

ငါတို့ ရုံးမှာတောင် ဒါမျိုးတွေ ရှိသေး သုံးသေးတယ် 🥲
12/06/2024

ငါတို့ ရုံးမှာတောင် ဒါမျိုးတွေ ရှိသေး သုံးသေးတယ် 🥲


Data တွေမှားဖျက်မိရင် အမြန်ဆုံး recovery ပြန်လုပ်နိုင်မယ့် Software များ  သင်က အလုပ်အတွက်ဖြစ်ဖြစ် Personal အတွက်ဖြစ်ဖြစ်...
09/06/2024

Data တွေမှားဖျက်မိရင် အမြန်ဆုံး recovery ပြန်လုပ်နိုင်မယ့် Software များ

သင်က အလုပ်အတွက်ဖြစ်ဖြစ် Personal အတွက်ဖြစ်ဖြစ် File များစွာနဲ့ ထိတွေ့နေရသူတစ်ယောက်ဆိုရင်တော့ တစ်ခါတစ်ရံမှာ File တွေကို မှားဖျက်မိတာတွေ ရှိကောင်းရှိနိုင်ပါလိမ့်မယ်။ ဒီလိုအချိန်မှာ အရေးကြီးတဲ့ data file တွေ မှားဖျက်မိတဲ့အခါ ဆုံးရှုံးမှုတွေ ရှိနိုင်သလို အစကနေ ပြန်လုပ်ရတဲ့အခါတွေမှာလည်း အချိန်ကုန် လူပင်ပန်းဖြစ်တတ်ပါတယ်။

ဒီလိုအခြေအနေမျိုးတွေ ကြုံရတဲ့အခါ အမြန်ဆုံးပြန်လည်ရယူနိုင်တဲ့ Software ၃ ခု အကြောင်းကို ဖော်ပြပေးချင်ပါတယ်။

1. EaseUS Data Recovery Wizard
လူသုံးအများဆုံး recovery software တစ်ခုဖြစ်ပြီး Data file တွေကို ပြန်ယူတဲ့အခါမှာ အရမ်းလွယ်ကူတယ်လို့ ပြောကြပါတယ်။ Data file တွေကို တစ်ခုချင်းစီစစ်ဆေးပေးပြီး အခြား storage devices တွေဖြစ်တဲ့ (e.g. HDD, SSD, USB drive, memory card) တွေကလည်း ပြန်လည်ရယူနိုင်ပါတယ်။

2. Recuva
Data တွေ recovery လုပ်ဖို့အတွက် အသုံးဝင်ဆုံးနဲ့ အမြန်ဆုံး software ရယ်လို့ ပြောကြပါတယ်။ သူ့မှာပါတဲ့ Feature တွေက အလွယ်တကူအသုံးပြုနိုင်ပြီး File size လည်း သေးတော့ Download လုပ်ရလည်း အဆင်ပြေပါတယ်။ ဖျက်မိတဲ့ Data file တွေ၊ formatted drives နှင့် damaged disks data တွေက Data တွေကိုတောင် ပြန်လည်ရယူနိုင်ပါတယ်။

3. Disk Drill
Windows နှင့် macOS နှစ်မျိုးလုံးတွင် အသုံးပြုနိုင်ပြီး နည်းပညာပိုင်းမှာ မှတ်ချက်ကောင်းကောင်းရထားတဲ့ software တစ်ခုပါပဲ။ Data loss scenarios များစွာကို handle လုပ်နိုင်ပြီး၊ file types များစွာကိုလည်း support လုပ်ပေးနိုင်ပါသေးတယ်။

အခုပြောပြခဲ့တဲ့ Data recovery software ၃ မျိုးကတော့ အကောင်းဆုံး software တွေလို့ ပြောထားကြပေမဲ့လည်း Data တွေကို 100% ပြန်ယူနိုင်တယ်လို့တော့ အတိအကျအာမခံထားခြင်းတော့ မရှိပါဘူး။ သို့ပေမဲ့ Data တွေ recovery လုပ်ရမယ့် အချိန်တွေမှာတော့ ဒီ Software ၃ ခုကို အရင်ဆုံး စမ်းသပ်စေချင်ပါတယ်။

တကယ်ဆိုရင် ခဲဖျက်တခုပဲ လိုတယ် 🤔
05/06/2024

တကယ်ဆိုရင် ခဲဖျက်တခုပဲ လိုတယ် 🤔


ရာသီဥတုအခြေအနေများကို စောင့်ကြည့်လို့ရနိုင်မယ့် website များ  နောက်လဆို မိုးရာသီလည်း ရောက်တော့မှာဖြစ်တဲ့အပြင် အခုရက်ပိုင...
02/06/2024

ရာသီဥတုအခြေအနေများကို စောင့်ကြည့်လို့ရနိုင်မယ့် website များ

နောက်လဆို မိုးရာသီလည်း ရောက်တော့မှာဖြစ်တဲ့အပြင် အခုရက်ပိုင်းမှာလည်း နေရာတော်တော်များများမှာ မိုးတွေ ရွာလာပြီဆိုတော့ မိုးရာသီဆို ဖြစ်တတ်တဲ့ မုန်တိုင်းအခြေအနေတွေနဲ့ အခြားသော ရာသီဥတုအချက်အလက်များဖြစ်တဲ့ ရေဘေး၊ ငလျင်တို့ကိုလည်း စောင့်ကြည့်နိုင်ဖို့ website တွေကို ဖော်ပြပေးလိုက်ပါတယ်။

1. Windy

မိုးလေဝသပညာရှင်အချို့တောင် အသုံးပြုကြတဲ့ Windy ကတော့ မြန်မာမှာတောင် မနှစ်က မိုခါမုန်တိုင်းဖြစ်ပြီးနောက်ပိုင်း အတော်လေးလူသုံးများလာတဲ့ Source တစ်ခုပါ။ မုန်တိုင်းအပြင် ရာသီဥတုအပူချိန်၊ မိုးရွာမှုနှုန်းတွေ၊ ပင်လယ်ရေလှိုင်းအမြင့်တွေနဲ့ UV Index စတဲ့ အချက်အလက်အစုံကို အခမဲ့ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

2. LastQuake

အခုနောက်ပိုင်း ငလျင်တွေ ခဏခဏဆိုသလို လှုပ်နေတာကို သတိထားမိမှာပါ။ ကိုယ်တွေ မြန်မာအပါအဝင် အခြားနိုင်ငံရပ်ခြား အိမ်နီးချင်းနိုင်ငံများမှာပါ တော်တော်လေးအဖြစ်များနေတာပါ။ ဒီ App လေးကတော့ ကိုယ်နဲ့အနီးဆုံးနေရာမှာ ငလျင်လှုပ်ခတ်တော့မယ်ဆိုရင် အရေးပေါ်သတိပေးချက်တွေ ပို့ပေးပြီး ဘယ်လိိုကာကွယ်နေထိုင်ရမလဲဆိုတဲ့ အချက်တွေကိုပါ ပြပေးမှာဖြစ်ပါတယ်။ ကမ္ဘာပေါ်က ငလျင်လှုပ်မှုတွေကို အချိန်တပြေးညီ up to date သိနိုင်မှာဖြစ်ပြီး ငလျင်ပြင်းအားနဲ့ တည်နေရာတွေကအစ အသေးစိတ်ဖော်ပြပေးပါတယ်။

3. Weather Underground

ရာသီဥတုနဲ့ မုန်တိုင်းအခြေအနေများကို မိုးလေဝသစခန်းပေါင်း 250,000 ကျော်မှ ရလဒ်များကို အတိကျဆုံးနဲ့ အမြန်ဆုံးပြသပေးမယ့် Source တစ်ခုပါ။ မိုးလေဝသသတင်းတွေကို နိုင်ငံအလိုက်ရှာဖွေနိုင်တဲ့အပြင် မြေပုံ, rader တွေနဲ့ပါ ကြည့်ရှုနိင်မှာဖြစ်ပါတယ်။

4. Flood Map

မိုးတွင်းရောက်ပြီဆိုတာနဲ့ ရေကြီးမှာက နောက်ဆက်တွဲလိုက်လာာပါပဲ။ Flood Map ကတော့ အန္တရာယ်ရှိလောက်တဲ့ ရေကြီးမယ့်နေရာတွေကို ခန့်မှန်းချက်တွေ ထုတ်ပြန်ပေးတဲ့ website တစ်ခုပါ။ ရေကြီးတဲ့နေရာတွေအပြင် မုန်တိုင်းဖြစ်မယ့်နေရာတွေကိုပါ သတိထားနိုင်ဖို့ အချက်အလက်တွေပြသပေးပါတယ်။

5. OpenSummit

Hiking သမားတွေအတွက် တကယ်လိုအပ်တဲ့ App တစ်ခုပါ။ မိုးတွင်းမှာသာမကပဲ ဘယ်ရာသီပဲဖြစ်ဖြစ် တောင်တက်တဲ့အခါ ရာသီဥတုအခြေအနေကို သိထားဖို့လိုအပ်ပါတယ်။ မိုးရွာသွန်းမှု၊ အပူချိန်တွေကို ကိုယ်သွားမယ့် တည်နေရာ၊ မြေပုံနဲ့ ရှာကြည့်နိုင်ပါတယ်။
ဖုန်းတိုင်းမှာ weather app တွေ built-in ပါဝင်ပေမဲ့ ဒီ website တွေကို သိထားရင်လည်း တစ်ခါတစ်လေမှာ အထောက်အကူဖြစ်စေနိုင်ပါတယ်။ အခုဖော်ပြပေးခဲ့တဲ့ website / App တွေအားလုံးကတော့ အခမဲ့ရော ပိုက်ဆံပေးပြီးပါ ကြည့်ရှုနိုင်ပါတယ်။


ဪ...ဟုတ်ကဲ့
29/05/2024

ဪ...ဟုတ်ကဲ့


ဖုန်းက internet ကို desktop မှာ ဘယ်လိုသုံးမလဲ ?Mobile က data ကို desktop နဲ့ သုံးလို့ရတဲ့ နည်းကwireless & USB ဆိုပြီး ရှ...
26/05/2024

ဖုန်းက internet ကို desktop မှာ ဘယ်လိုသုံးမလဲ ?

Mobile က data ကို desktop နဲ့ သုံးလို့ရတဲ့ နည်းက
wireless & USB ဆိုပြီး ရှိပါတယ်။ ခုနည်းက wireless connection ဘာမှ မရှိတဲ့ သူတွေ အတွက်ပါ။ ဖုန်းရှိရင် ဖုန်းအားသွင်းကြိုးတော့ လူတိုင်းမှာ ရှိပါတယ်။ USB ကြိုးနဲ့ desktop မှာတပ်ပြီး internet သုံးလို့ရပါတယ်။ ဘယ်လိုသုံးရမလဲ ဆိုတာကို တစ်ပုံခြင်းပြထားပေးပါတယ်။

နတ်ပြည်က ကျလာတဲ့ အပ်တချောင်းနဲ့ လူ့ပြည်မှာ ရှိတဲ့ အပ်တချောင်း မဆုံရင်သာနေမယ် ဒါမျိုးကတော့ ခဏခဏဖြစ်
22/05/2024

နတ်ပြည်က ကျလာတဲ့ အပ်တချောင်းနဲ့ လူ့ပြည်မှာ ရှိတဲ့ အပ်တချောင်း မဆုံရင်သာနေမယ် ဒါမျိုးကတော့ ခဏခဏဖြစ်


Bluescreen ပေါ်လာခဲ့ရင် အကျိုးအကြောင်းသိအောင်လုပ်ပြီး ဖြေရှင်းနည်းBluescreen error ဆိုတာ desktop/laptop မှာ hardware ပို...
19/05/2024

Bluescreen ပေါ်လာခဲ့ရင် အကျိုးအကြောင်းသိအောင်လုပ်ပြီး ဖြေရှင်းနည်း

Bluescreen error ဆိုတာ desktop/laptop မှာ hardware ပိုင်းဖြစ်စေ software ပိုင်းဖြစ်စေ အလုပ်လုပ်လို့မရတော့တဲ့အထိ အပြစ်တစ်ခုရှိနေလို့ ပေါ်လာတာပါ။ ဘာအပြစ်လဲဆိုတာ သိအောင် ဖြစ်နေကျ error တစ်ချို့ကို ပြောပြပါမယ်။ ဒီထဲကမဟုတ်တဲ့ error ဆိုရင်တော့ စက် မ ပြီး ဆိုင်သာပြေးသွားလိုက်တော့။

Bluescreen ပေါ်လာခဲ့ရင် error messages/stop code တွေကြည့်လိုက်ရင် ဘာဖြစ်တာလဲသိနိုင်ပါတယ်။

1. INACCESSIBLE_BOOT_DEVICE ဆို driver လိုအပ်နေတာဖြစ်ပြီးတော့ update/install လုပ်လိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။

2. DATA_BUS_ERROR ဆို memory failure ဖြစ်တာဖြစ်ပြီးတော့ မိမိ RAM ပုံမှန်အလုပ်လုပ်ရဲ့လား memtest လိုကောင်မျိုးနဲ့ပြန်စစ်တာပဲဖြစ်ဖြစ် RAM အစားထိုးလဲလိုက်တာပဲဖြစ်ဖြစ် လုပ်နိုင်ပါတယ်။

3. UNEXPECTED_KERNEL_MODE_TRAP ဆို hardware error ဖြစ်တာဖြစ်ပြီး နောက်ဆုံးတပ်ဆင်ခဲ့တဲ့ လဲလှယ်ခဲ့တဲ့ hardware တွေရဲ့ driver တွေကို uninstall လုပ်ပြီး install လုပ်ကြည့်လို့ရပါတယ်။ (သို့မဟုတ်) temperature အရမ်းမြင့်နေတာလဲဖြစ်နိုင်ပြီး fan performance ကို စစ်တာမျိုး၊ PC သန့်ရှင်းရေးလုပ်တာမျိုးလုပ်လို့ရပါတယ်။

4. NTFS_FILE_SYSTEM ဆိုရင် CPU memory အသုံးပြုတာ လိုတာထက်များနေပြီး task manager ထဲက CPU အရမ်းစားနေတဲ့ software တွေကို မလိုအပ်ရင် ဖျက်ပစ်တာမျိုး၊ လိုအပ်နေရင်လဲ ဖျက်ပြီးအသစ်ပြန်ထည့်တာမျိုး လုပ်ပေးနိုင်ပါတယ်။ (Potato တွေကတော့ upgrade လိုက်ပါ)

5. IRQL_NOT_LESS_OR_EQUAL ဆို compatible မဖြစ်တဲ့ driver (သို့) အရမ်းဟောင်းနေတဲ့ driver အသုံးပြုနေဆဲဖြစ်လို့ အသစ်တပ်ထားတဲ့ Hardware ဆိုလဲ driver အသစ်ထည့်လိုက်ရင်ပြီးပါပြီ။

6. BAD_POOL_CALLER ဆို နောက်ဆုံးတပ်ထားတဲ့ hardware က မလိုအပ်ပဲ memory အတင်းယူသုံးလိုက်လို့ဖြစ်လာတာပါ။ အဲ့ hardware ရဲ့ ထုတ်လုပ်သူ manufacturer website ကနေ latest driver ကိုသွား download ဆွဲပြီး manual install လုပ်ပေးပါ။

7. OUT_OF_MEMORY နဲ့ PAGE_FAULT_IN_NON_PAGE_AREA ဆိုရင် နံပါတ် ၂နဲ့အတူတူပါပဲ။

8. UNABLE_TO_LOAD_DEVICE_DRIVER ဆို လုံးဝအလုပ်မလုပ်တဲ့ driver တစ်ခု့ပါနေလို့ဖြစ်ပြီး သူလဲ manufacturer website ကနေ manual install လုပ်ပေးရပါမယ်။

9. KMODE_EXCEPTION_NOT_HANDLED ဆိုရင် ထည့်ထားတဲ့ software တွေထဲက တစ်ခု့က ထကြောင်တာဖြစ်ပြီးတော့ နောက်ဆုံးအသုံးပြု့ခဲ့တဲ့ (သို့) install ခဲ့တဲ့ software ကို မိမိ system, OS နဲ့ပိုအဆင်ပြေစေမဲ့ version ပြောင်းလဲ install အသုံးပြု့ပါ။

bluescreen error များသည် ဒီ့ထက်မက error ပေါင်းများစွာရှိပြီး
ယခု့ဖော်ပြထားသောနည်းလမ်းများသည် မဖြစ်သင့်ပဲ ဖြစ်နေတဲ့ Desktop/laptop များအတွက် ကု့စားရန်သာ၊ မိမိ desktop/laptop အလွန်ဟောင်းပြီး spec နှိမ့်နေတာမျိုးဖြစ်နေလျှင် upgrade လုပ်တာကလွဲလို့ မည်သည့် နည်းလမ်းမှ ထိရောက်မည်မဟုတ်ပါ။
အဘယ်ကြောင့်ဆိုသော် Bluescreen error များသည် driver များကြောင့် အဖြစ်များတတ်ပြီး Desktop အစိတ်အပိုင်းဟောင်းများ နှင့် Laptop အဟောင်းများ driver support ရပ်သွားတတ်သောကြောင့် ဤသို့ တစ်ခု့မဟုတ် တစ်ခု့ ပြဿနာများမကြုံချင် မိမိ သုံးမည့် PC အား သေချာ စုံစမ်းလေ့လာ၊ အမှန်တကယ် ကျွမ်းကျင်သူများနှင့်ဆွေးနွေးပြီးမှ ဝယ်သင့်ပါသည်။


သတိ နတ်ကြီးသည် မထိရ, မရွှေ့ရ, ကြိုးများမဖြုတ်ရ။
15/05/2024

သတိ နတ်ကြီးသည် မထိရ, မရွှေ့ရ, ကြိုးများမဖြုတ်ရ။


Website တွေမှာ တွေ့ရတတ်တဲ့ Cookies တွေက အန္တရာယ်ရှိနိုင်လား  ...အခုလို နည်းပညာတိုးတက်လာတာနဲ့အမျှ ကျွန်တော်တို့ နေ့စဉ်ဘဝမ...
12/05/2024

Website တွေမှာ တွေ့ရတတ်တဲ့ Cookies တွေက အန္တရာယ်ရှိနိုင်လား ...

အခုလို နည်းပညာတိုးတက်လာတာနဲ့အမျှ ကျွန်တော်တို့ နေ့စဉ်ဘဝမှာ internet အသုံးပြုမှုပမာဏဟာ တစ်ရက်တာရဲ့ ၃ ပုံမှာ ၂ ပုံအထိရှိနေတတ်ပါတယ်။
internet အသုံးပြုတဲ့အခါတွေမှာ တော်တော်များများဟာ website တွေကို ဝင်ရောက်ကြည့်ရှုပြီး သတင်းအချက်အလက်တွေ၊ နည်းပညာတွေ၊ သင်ခန်းစာတွေကို လေ့လာဖတ်ရှုကြပါတယ်။ အဲ့ဒီလို website တွေကို ဝင်ရောက်တဲ့အခါတိုင်းမှာ သင်အသုံးပြုနေတဲ့ Device Screen ပေါ်ကို အမြဲလိုလိုပေါ်လာတတ်တဲ့ Noti လေးတစ်ခုကို သတိထားမိကြမှာပါ။
အဲ့ဒါကတော့ Cookies တွေကို လက်ခံခိုင်းတဲ့ Noti လေးတစ်ခုပါ။ အဲ့ Cookies တွေက ဘာလဲ? လက်ခံလိုက်ရင်ဖြစ်ဖြစ် cancel လုပ်လိုက်ရင်ဖြစ်ဖြစ် အန္တရာယ်ရှိနိုင်လား?
အရင်ဦးဆုံး Cookies ဆိုတာဘာလဲဆိုရင်တော့ မြင်သာအောင် ဥပမာပေးပြောရမယ်ဆိုရင် သင်က မိုဘိုင်းဖုန်းနဲ့ပတ်သက်တဲ့ website တစ်ခုကို ဝင်ကြည့်တယ်ဆိုပါစို့။ Cookies က သင်ဘယ်လို အကြောင်းအရာတွေကို စိတ်ဝင်စားလဲဆိုတာကို မှတ်သားထားပြီး ဦးစားပေးဖော်ပြပေးသွားတာမျိုးပဲဖြစ်ပါတယ်။
website အများစုမှာ တွေ့ရတတ်တဲ့ Cookies တွေကတော့ Session cookies, Persistent Cookies, First party and third-party cookies, Super cookies, Flash Cookies တွေပဲဖြစ်ပါတယ်။ Cookies တွေဟာ အမျိုးအစားအလိုက်လည်း ကွဲပြားမှုတွေရှိပါတယ်။ Session Cookies ဆိုရင် website ထဲဝင်သုံးနေချိန်သာ သတင်းအချက်အလက်တွေ ဖော်ပြပေးပြီး website ပိတ်လိုက်တဲ့အချိန်မှာတော့ Cookies ကို ဖျက်လိုက်တာမျိုးရှိပါတယ်။
ဒါဆို Cookies တွေက အန္တရာယ်ဖြစ်စေနိုင်လားလို့ဆိုရင်တော့ Cookies တွေက Virus တွေ၊ Malware တွေကို ဖြန့်ချိသယ်ဆောင်နိုင်ခြင်းတော့မရှိပါဘူး။ ဒါပေမဲ့ Cookies ကို အသုံးပြုပြီး အချို့ Data ကူးယူမှုဖြစ်ရပ်တွေတော့ ရှိခဲ့ဖူးပါတယ်။ ဒါကြောင့် ဖြစ်နိုင်ချေ နည်းလွန်းတယ်ဆိုပေမဲ့လည်း အသုံးပြုသူတွေအနေနဲ့ Noti တက်လာတဲ့အခါမှာ သေချာဖတ်ရှုပြီးမှ Accept လုပ်တာက ပိုပြီးတော့ စိတ်ချရမှာပါ။
Cookies နဲ့ ပတ်သတ်ပြီး အသုံးပြုသူတွေရဲ့ ခွင့်ပြုချက်ရမှ လုပ်ဆောင်နိုင်မယ့် DNT (Do Not Track) ကိုတော့ Mozilla FireFox, Internet Explorer, Safari, Opera, Google Chrome တို့မှာ ထည့်သွင်းပေးထားပါတယ်။


08/05/2024

password ရိုက်ရတာ ကုလားကား ကြည့်နေရသလိုပဲ 🤨


Address

South Okkalapa
Yangon
11091

Website

Alerts

Be the first to know and let us send you an email when Info Tech posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share