Top One Mobile Shop

Top One Mobile Shop Top One Mobile Handsets & Accessories Mobile Handsets & Accessories

Myanmar Net
19/10/2017

Myanmar Net



01-501688
www.myanmarnet.com

UNICODE
အဝသုံးအင်တာနက်ကြိုတင်မှာယူခြင်း
အလုံမြို့နယ်သူ မြို့နယ်သားတွေအတွက် သတင်းကောင်းလာပါပြီ။
အလုံမြို့နယ်မှာလည်း အမြန်ဆုံး အတန်ဆုံးနဲ့ အဝသုံး မြန်မာနက်အင်တာနက် မကြာမီအသုံးပြုနိုင်ပါတော့မည်။
၁၇.၁၀.၂၀၁၇ ရက်နေ့ကစပြီး Pre-order စတင်လက်ခံမှာမို့ အခုစပြီး ကြိုတင်မှာယူလိုက်ကြပါ။
❆ လစဉ်သုံး အင်တာနက်အစီအစဉ်
၈,၅၀၀ ကျပ်- မြန်နှုန်း 500 Kbps မှ စသော လစဉ်သုံး အင်တာနက် အစီအစဉ်များ
နှစ်သက်ရာ မြန်နှုန်းကို ရွေးချယ်ပြီး ၃ ရက် ၅,ဝဝဝ ကျပ်နဲ့ စမ်းသပ်သုံးစွဲနိုင်ပါတယ်။
❆ ၃၀၀ ဖိုးသုံးတစ်နေ့လုံးအစီအစဉ်
သုံးသမျှသာကုန်ကျ (မြန်နှုန်း 16 Mbps ထိ – 1 MB ၂ ကျပ်)
အိမ်တွင်းလိုင်းဆွဲအားကောင်းစေရန် CPE ဖြင့်တွဲဖက်သုံးပါ။

မြန်မာနက်ဝန်ဆောင်မှုဌာန
01-501688
www.myanmarnet.com

14/10/2016
29/09/2016

လွန်ခဲ့သော ၂ နှစ်လောက်က သူငယ်ချင်းတစ်ယောက်
စုဆောင်းထားတဲ့ ငွေလေးနဲ့ မြန်မာပြည်ပြန်ပြီး
စီးပွားရေးတစ်ခုပြန်လုပ်ပါတယ်။
အခန်းလေးတစ်ခန်းငှား ဆိုင်ကလေးတစ်ခုကို
နိုင်ငံခြားပုံစံလေးပြန်ဖွင့်ပါတယ်။

စေတနာ ၊ နည်းပညာ ၊ နည်းစနစ်လေးပေါင်းဆက်လုပ်ကိုင်လိုက်တော့
အောင်မြင်မှု အတော်အသင့်လေးရလာပါတယ်။
အောင်မြင်တော့မှ ပြသာနာလည်းတက်ရပါတယ်။

အခန်းပိုင်းရှင်က အရမ်းရောင်းကောင်းလာတော့
အခန်းခကို တိုးတောင်းပါတယ်။
နောက်ဆုံး အဆင်မပြေတော့ လုပ်ငန်းကိုရပ် ၊
လုပ်ငန်းသုံးပစ္စည်းတွေကို ရရာဈေးဖြင့်ရောင်းချပြီး
မိသားစုရှိရာတိုင်းပြည်ကိုပြန်သွားပါရပါတယ်။

ယနေ့ထိ မြန်မာပြည်ပြန် စီးပွားရေးလုပ်ချင်တဲ့အသံ
သူ့ဆီမှ လုံးဝမကြားရတော့ဘူး။
မြန်မာပြည်ပြန်ပြီး စီးပွားရေးပြန်လုပ်ဖို့လည်း
ဆွဲဆောင်စည်းရုံးလို့မရတော့ပါဘူး။

တိုင်းပြည်တည်ဆောက်ဖို့
အခွန်ငွေတွေလိုအပ်ပါတယ်။
အခွန်ငွေတွေရဖို့ လူတွေအလုပ် လိုအပ်ပါတယ်။
လူတွေအလုပ်ရဖို့ အလုပ်ရှင်တွေ
များများပေါ်ပေါက်လာဖို့လိုပါတယ်။
ဒါမှ ကျနော်တို့ မျှော်မှန်းတဲ့ အာရှမှာ
ရှေ့ပြေးနိုင်တဲ့ ကျားတစ်ကောင်ဖြစ်လာမှာပါ။

အခုတော့ ..
အမြဲတမ်းပြောနေတဲ့ ယုံကြည်ချက် စကားလုံးတွေလည်း မြန်မာပြည်မှ
အခန်းပိုင်ရှင် ၊ မြေပိုင်ရှင်များကြောင့် စီးပွားရေးလုပ်ချင်စိတ်၊
တိုင်းပြည်ပေါ်ထားသည့် စေတနာများလည်း ပျောက်ဆုံးသွားပါတယ်။

မြန်မာပြည်မှာ ရင်းနှီးမြှပ်နှံမှုတွေမလာအောင် အဓိက ခြိမ်းခြောက်နေတဲ့
ပြသာနာက အလုပ်နေရာအတွက် မြေ ၊ အခန်း ငှားရမ်းမှုတစ်ခုပါ။
ဈေးအရမ်းကြီးတဲ့ မြေ ၊ အခန်းငှားခဟာ စဉ်းစားစရာတစ်ခုဖြစ်သလို
ငှားရမ်းသူ နှင့် သုံးစွဲသူကြားမှာ ရပ်တည်ပေးမည့်
အဖွဲ့အစည်း နှင့် ဥပဒေ အားနည်းနေခြင်းဟာ ရင်းနှီးမြှုပ်နှံ
လုပ်ချင်သူတွေအတွက် ခြောက်လှန့်မှု တစ်ခုဖြစ်နေပါတယ်။

အခြားနိုင်ငံတွေမှာ လုပ်ငန်းအတွက် အခန်းငှားသည့်အခါ
အခန်းခကို သတ်မှတ်ထားသည့် အတိုင်းသာ ပေးချေရပါတယ်။
တစ်ပတ်ခြင်း ၀င်ငွေရရင် တစ်ပတ်ခြင်းပေးချေရပါတယ်။
တစ်လခြင်းဝင်ငွေရရင် တစ်လခြင်းပေးချေရပါတယ်။

ထိုကြောင့် တစ်နှစ်စာ ကြိုတင်ပေးငွေ
မလိုအပ်သည်ကြောင့် အသေးစားလုပ်ငန်းများ
လျင်မြန်စွာအကောင်ထည် ပေါက်ပေါက်လာပါတယ်။
ထို့အပြင် ကြိုတင်ငွေမပေးရသည့်ကြောင့်
ထိုကြိုတင်ငွေကိုလည်း တခြားရင်းနှီးမြုပ်နှံမှုအတွက် အသုံးပြုခွင့်ရပါတယ်။

မြန်မာပြည်မှာတော့ ထိုသို့မဟုတ်ပါ။
အခန်းခအတွက် တစ်နှစ်စာကြိုတင်ပေးရပါတယ်။
အခန်းခဟာ တစ်လကို ၁၀သိန်းဆိုရင်
သိန်း(၁၂၀)ဟာ အခန်းပိုင်ရှင်ကို ကြိုတင်ပေးချေရတဲ့အတွက်
ကိုယ်ပိုင်လုပ်ငန်းလုပ်သူတွေ ၊ အခန်းငှားရမ်းသူတို့အတွက် အရမ်းနစ်နာပါတယ်။
ငွေအရင်းနှီးနည်းပါးသူတို့အတွက် တစ်နှစ်စာ ကြိုတင်ငွေကြောင့်
အသေးစားလုပ်ငန်း အိမ်မက်မက်ခွင့်ကိုလည်း ဆုံးရှုံးရပါတယ်။

လုပ်ငန်းအောင်မြင်လာတဲ့အခါမှာလည်း အခန်းပိုင်ရှင် ၊ မြေပိုင်ရှင်က
ငွေပိုတောင်းခြင်းခံရပါတယ်။ ပိုတောင်းတဲ့ငွေဟာ
အမြတ်ငွေကိုပါထိခိုက်အောင် တောင်းသောကြောင့် အောင်မြင်နေသော
လုပ်ငန်းများ ရပ်ဆိုင်း ၊ ကျရှုံး ထွက်ပြေးရသည့် အခြေအနေကို ရင်ဆိုင်ရပါတယ်။

ထိုပြသာနာများကို တခြားတိုင်းပြည်တွေမှာ
ဥပဒေသတ်မှတ်၍ ဖြေရှင်းပေးကြပါတယ်။
စားသုံးသူကာကွယ်ရေးအသင်းကြီးများဖွဲ့စည်း၍ ထိုအသင်းကြီးမှ
ငှားရမ်းသူ နှင့် သုံးစွဲသူကြားမှာ သမာသမတ်ကျစွာဖြင့်
ဥပဒေနဲ့ ရပ်တည်ပေးပါတယ်။

မြေပိုင်ရှင် ၊ အခန်းပိုင်ရှင်တွေအတွက်
လိုက်နာရမည့် စည်းကမ်းများကို ချမှတ်ပေးပါတယ်။
မြေငှား ၊ အခန်းငှားသူတွေ လိုက်နာရမည့်
စည်းကမ်းများကို ချမှတ်ပေးထားပါတယ်။

အခန်းငှားတဲ့အခါ အခန်းတစ်ခုမှာ
ရှိသင့်ရှိထိုက်သည့် ပုံစံကို သတ်မှတ်ပေးထားပါတယ်။
ဈေးကွက်အရ ငွေပိုတောင်းဖို့လိုအပ်သည့်အခါ
အချိန်ကာလ ကိုသတ်မှတ်ပေးထားပါတယ်။
အနည်းဆုံး ၂ လ ကြိုတင် အကြောင်းကြားရပါတယ်။
သုံးစွဲသူမှ တောင်းသည့်ဈေးကို မကြိုက်လျှင် အခြားနေရာတစ်ခုကို
ရှာဖွေရန် လုံလောက်သည့်အချိန်ပေးရပါတယ်။ တောင်းသည့်အခါ
ဈေးကွက်ပေါက်ကြေးထက်ပိုတောင်းရင် တရားရင်ဆိုင်ရပါတယ်။

ယခု လို စားသုံးသူအသင်းကြီးမှ ၀င်ရောက်ဖြေရှင်းပေးသည့်အတွက်
အိမ်ရှင် အိမ်ငှားကြားမှ အနိုင်ကျင့်မှု ၊ ပြသာနာများ နည်းပါးသွားပါတယ်။
အောင်မြင်နေတဲ့စီးပွားရေးလုပ်ငန်းများလည်း ရပ်တန့်မှု နည်းပါးကြပါတယ်။

မြန်မာပြည်မှာလည်း ရင်းနှီးမြှပ်နှံမှု ၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ၊
အသေးစားလုပ်ငန်းများပြားလာစေရန် ခိုင်မာသည့် ဥပဒေ နှင့်
သမာသမတ်ကြသော အကွာအကွယ်ပေးနိုင်မည့်
စာသုံးသူအသင်းကြီး ပို၍ အားကောင်းမှု အရေးကြီးလိုအပ်နေပါတယ်။

ထိုအသင်းကြီးရဲ့ မြေရှင် ၊ မြေငှားများအတွက်
လုပ်ဆောင်မှုဖြင့်နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများ၊ အသေးစားလုပ်ငန်းရှင်များ
ပိုမို ပေါ်ပေါက်လာနိုင်မည်ဟု ယုံကြည်ပါကြောင်း တင်ပြလိုက်ပါတယ် ……..

Please share ...

Credit ကိုဟန်လင်းထွန်း

09/10/2015
01/10/2015
23/05/2014
အသုံးဝင်တဲ့ Facebook Lock ဖွင့်နည်းလေးပါ :)
01/01/2014

အသုံးဝင်တဲ့ Facebook Lock ဖွင့်နည်းလေးပါ :)

မိတ်ဆွေရဲ့ ထင်မြင်ချက်လေးကို ရေးသွားနိုင်ပါတယ် မိတ်ဆွေ၏ဝေဖန်မှု့သည်ရိုင်းစိုင်းမှု့များမပါလျှင်ဖော်ပြပေးသွားပါမည်

23/12/2013

MEC Tel ဖုန်း ၁ သန်း ထပ်မံရောင်းချမည်

မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) သည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပူးပေါင်း၍ ဒုတိယမြောက်စီမံကိန်းအဖြစ် MEC Tel CDMA 800 မိုဘိုင်းဖုန်းလိုင်း ၁ သန်းကို လာမည့် ဖေဖော်ဝါရီ (သို့မဟုတ်) မတ်လအတွင်း ထပ်မံရောင်းချသွားမည်ဖြစ်ကြောင်း MEC Tel မှ အမည်မဖော်လိုသူ မန်နေဂျာတစ်ဦးကပြောသည်။

“အစ်ကိုတို့ရဲ့ ပထမစီမံကိန်းက အရေအတွက် ၁ သန်းပဲ ချထားပေးမှာ။ အဲဒါက တစ်လ ၃ သိန်းခွဲနဲ့ ၃ လရောင်းပေးခဲ့တာ အရေအတွက်က ကျော်သွားပြီ။ ဒါကိုထပ်ပြီး လိုအပ်နေသေးတော့ ပြန်ပြီးစီစဉ်နေရတယ်။ ဘယ်တော့ ရောင်းဖြစ်မလဲဆိုတာကတော့ အတတ်နိုင်ဆုံး ၂ လပိုင်း ၃ လပိုင်းထဲမှာ ရောင်းနိုင်ဖို့လုပ်နေတယ်” ဟု အထက်ပါ မန်နေဂျာကပြောသည်။

လက်ရှိအချိန်၌ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် GSM ဖုန်းလိုင်းများနှင့် WCDMA ဖုန်းလိုင်းများကို ချထားပေးနေခြင်းဖြစ်ပြီး MEC မှ လုပ်ကိုင်ဆောင်ရွက်သည့် MEC Tel CDMA 800 မိုဘိုင်းဖုန်း လိုင်းချထားပေးမှုကို စီမံကိန်းကာလ ကုန်ဆုံးသွားသည့်နောက်ပိုင်း ရပ်နားထားခဲ့သည်။

အသုံးပြုသူများ၏ ဝယ်လိုအားအရ GSM နှင့် WCDMA ဖုန်းလိုင်းများသည် MEC မှ ထုတ်လုပ်သည့် CDMA 800 မိုဘိုင်းဖုန်းလိုင်းများထက် ပိုမို၍ ဈေးကွက်တည်ရှိနေပြီး ပြင်ပေါက်ဈေးအရ ပြန်လည် ရောင်းချသည့်အခါများ၌လည်း CDMA 800 မိုဘိုင်းဖုန်းလိုင်းများသည် ဈေးနှုန်းအနိမ့်ဆုံးဖြစ်ကြောင်း ရန်ကုန်မြို့ရှိ မိုဘိုင်းဆင်းကတ် ရောင်းဝယ်နေသူများက ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် လက်ရှိကာလ၌ လူဦးရေ ၁၀၀ လျှင် တယ်လီဖုန်း ၇ လုံးခန့်သာ အသုံးပြုနိုင် သေးသော်လည်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနအနေဖြင့် ၂၀၁၅ ခုနှစ်အရောက်၌ နိုင်ငံ၏လူဦးရေတစ်ဝက်ခန့် မိုဘိုင်းဖုန်းလိုင်းအသုံးပြုလာနိုင်မည်ဟု ပြောဆိုခဲ့သည်။

“GSM နဲ့ CDMA ဆိုရင် GSM ပဲရွေးမယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတကာနဲ့ ချိတ်ဆက်လို့ရတာကြောင့် ရွေးတာ။ ကိုယ့်ဖုန်းကRoaming မရဘဲနဲ့ မကိုင်ချင်ဘူး။ CDMA တွေပဲ ပြန်ရောင်းမယ်ဆိုရင် မေးစရာတွေတော့ ရှိလာတယ်။ ပြည်သူတွေအနေနဲ့ ရွေးချယ်စရာမရှိတဲ့ အနေအထားတစ်ခုမှာ အမြတ်ထုတ်သလိုဖြစ်နေတာပေါ့” ဟု Public Relations လုပ်ကိုင်နေသူ ကိုထူးအောင်က ဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် မိုဘိုင်းဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲရန် ပြည်ပမှဆက်သွယ်ရေး အော်ပရေတာနှစ်ခုကို ရွေးချယ်ထားပြီး လုပ်ငန်းလိုင်စင်များ အပ်နှံထားကြောင်း အဆိုပါဆက်သွယ် ရေးအော်ပရေတာများအနေဖြင့် ၂၀၁၄ ခုနှစ် နှစ်ဝက်တာ အတောအတွင်း မိုဘိုင်းဖုန်းလိုင်းများ ချ ထားပေးနိုင်ရန် ပြင်ဆင်နေကြောင်း သိရသည်။ MEC အနေဖြင့် အော်ပရေတာများ၏ ဖုန်းလိုင်းများနှင့် တန်းတူ ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ဆောင်ရွက်နေကြောင်း လက်ရှိအချိန်၌ GSM ဖုန်းလိုင်းများ ချထားပေးနေစဉ် ၎င်းတို့၏ CDMA ကွန်ရက်များကို ထပ်မံချထားပေးနိုင်ရန် ချဲ့ထွင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။ ထို့အတူ နိုင်ငံတော်စီမံကိန်းအရ ၂၀၁၄-၂၀၁၅ ဘဏ္ဍာ ရေးနှစ်အတွင်း မိုဘိုင်းဖုန်းလိုင်း ၁၈ သန်း ချထားပေးမည်ဟု သိရသည်။

13/12/2013

ကျွန်တော်တို့ Top One Mobile Shop ဆိုင်လေးဖွင့်တာ ၁၂.၁၂.၂၀၁၃
ရက်နေ့မှာ (၁)နှစ်ပြည့်ခဲ့ပါပြီ။ ကျွန်တော်တို့ဆိုင်ကနေ၀ယ်ယူအားပေးခဲ့
တဲ့ Customer များကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။ ၁၅.၁၂.၂၀၁၃ ရက်
နေ့မှာ သံဃာတော်များကိုအာရုံဆွမ်းများနဲ့ဆပ်ကပ်လှူဒါန်းမှာဖြစ်ပါတယ်။
ဖုန်းနဲ့ဆက်စပ်ပစ္စည်းများကိုလည်း အထူးလျှော့စျေးများနဲ့ရောင်းချသွားမှာ
ဖြစ်ပါတယ်ခင်ဗျာ :)

14/09/2013

"ဖုန်းအား အမြန်သွင်းနည်း"

မိုဘိုင်းဖုန်း အားသွင်းဖို့ အတွက် သိပ်အချိန်မရတဲ့ အခါတွေ ကြုံတွေ့ကြဖူး မှာပါ။ အဲ့ဒီအချိန်ကျ အချိန်တိုအတွင်း အားမြန်မြန် ဝင်စေမယ့် နည်းလမ်းကို အသုံးပြု နိုင်ပါတယ်။ အဲဒါကတော့ Flight mode/ Airplane mode သို့ ပြောင်းလိုက်ခြင်း ဖြစ်ပါတယ်။ Airplance mode, Flight mode ပြောင်းလိုက်ခြင်းကြောင့် Background မှာ Run နေတဲ့ Application တွေအားလုံးကို ပိတ်ပေး ပါတယ်။ Bluetooth, Wireless, GPS , Mobile Data အစရှိသဖြင့် ဖုန်းအားအသုံးပြု နေတဲ့ Option အားလုံးကို Flight mode က Off လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ အဲ့ဒီ အခါကျရင် အချိန်တိုအတွင်း အားမြန်မြန် ဝင်တာကို တွေ့ ရမှာပါ။ အဲ့လိုမသွင်းခင်မှာလဲ ဖုန်းထဲမှာ Run နေသမျှ App တွေ အားလုံးကို အရင် clear လုပ်ဖို့ လိုပါသေးတယ်။ နောက်ထပ်တစ်နည်းကတော့ ဖုန်းကို ပါဝါပိတ်ပြီး အားသွင်းခြင်း ဖြစ်ပါတယ်။ ဖုန်းကို ပါဝါပိတ်ထားတဲ့အတွက် ဘယ် application မှ အသုံးပြုရခြင်း မရှိ တော့တာမို့ အားသွင်းတာ ပိုလို့တောင် မြန်ဆန် ပါတယ်။ သို့ပေမယ့် Power on/ off အကြိမ်များကြောင့် Data အချို့  ပျောက်ကွယ် နိုင်တာ ကြောင့် flight mode ကိုပဲ ပိုပြီးတော့ Recommend ပေးပါတယ်။ ပြီးတော့ အားအရမ်းလိုနေရင် ကွန်ပြူတာ USB မှတစ်ဆင့် မသွင်းပါနဲ့။ Power Plug ကနေပဲိတိုက်ရိုက်သွင်းရမှာ ဖြစ်ပါတယ်။ အားလုံး မိုဘိုင်း ဖုန်း အားသွင်းဖို့ အဆင်ပြေမယ်လို့ မျှော်လင့် ပါတယ်။

By: ကိုဇော်သွင် နည်းပညာ

12/09/2013

Official page of VELA Myanmar skin & beauty products.

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Top One Mobile Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Top One Mobile Shop:

Share