02/09/2020
ချောမွေ့ပြေပြစ်တဲ့ Email ဖြစ်ဖို့ ဒီအချက်လေးတွေကို မှတ်ထားနော်
-------------------
Email ပေးပို့တဲ့အခါမှာ မိတ်ဆွေအချင်းချင်းဆိုရင်တော့ ကိစ္စမရှိပေမယ့် လုပ်ငန်းသဘောသဘာဝအရ ပို့ရတော့မယ်ဆိုရင်တော့ ချောမွေ့ပြေပြစ်တဲ့ အရေးအသားမျိုး ဖြစ်ဖို့လိုပါတယ်။
ဘာလို့လဲဆိုရင် Emails ကိုဖတ်သူဟာ ကိုယ်ရေးသားတဲ့ အကြောင်းအရာနဲ့ စာအသွားအလာ ၊ သဘောထားကိုကြည့်ပြီး ကောက်ချက်ချနိုင်လို့ပဲ ဖြစ်တယ်။
ဒါကြောင့် Email ရေးသားတဲ့အခါမှာ သုံးရမယ့် စကားလုံးတွေ၊ မသုံးသင့်တဲ့ စကားလုံးတွေနဲ့ လိုအပ်တဲ့ ရေးသားနည်းတွေကို Dear Office ကနေ အကြံပြု ပြောပြပေးချင်ပါတယ်။ 💚💙💜
(၁) Subject နေရာမှာ အီးမေးလ်ပို့ရခြင်း အကြောင်းအရင်းကို အတိုချုပ်နဲ့ ရှင်းလင်းစွာ ရေးသားရပါမယ်။
☑ အကယ်၍ Subject မှာ ဘာမှ မရေးသားခဲ့ရင် လက်ခံသူဖက်က ဖတ်လိုစိတ် လျော့နည်းတာမျိုး၊ လုံးဝ ဝင်မဖတ်တာမျိုး ဖြစ်တတ်ပါတယ်။
ဥပမာ- Request to set up a meeting, Appointment date changed, Suggestion for your presentation, etc.,
(၂) စာကိုယ်ရဲ့ အစမှာ အမြဲတမ်း နှုတ်ဆက်စကား ဆိုပေးရပါမယ်။
☑ နှုတ်ဆက်စကားမပါပဲ ဒီတိုင်းပို့လိုက်မယ်ဆိုရင်တော့ လက်ခံသူဖက်မှ ရိုင်းစိုင်းတယ်ဆိုမျိုး ရှုံ့ချနိုင်ပါတယ်။
ဥပမာ- Hi, Hello, Dear, etc.,
(၃) ပို့မည့်စာသည် အချိန်တိုအတွင်း နားလည်လွယ်လောက်သည့် လိုရင်းတိုရှင်း အရေးအသားမျိုး ဖြစ်ရပါမယ်။
☑ စာပိုဒ်တွေဟာ မလိုအပ်ဘဲ ရှည်လျားနေမယ်ဆိုရင် ဖတ်ရသူက ငြီးငွေ့စိတ်ပျက်သွားနိုင်ပါတယ်။
ဥပမာ- ရိုးရှင်းသော grammar အသုံးပြုတာမျိုး၊ အရေးကြီးတဲ့ အချက်များကို bullet points များဖြင့် ရေးသားဖော်ပြတာမျိုး စသဖြင့်
(၄) Email ရေးသားတဲ့အခါမှာ မသုံးသင့်တဲ့ အရာတွေက
* Capital letters များဖြင့်ရေးခြင်း
* အတိုကောက်စာလုံးများ
* Emoji များ
☑ ဒါတွေကို Social Media တွေကို အသုံးပြုနိုင်ပေမယ့် Email မှာတော့ ရိုင်းစိုင်းပြီး မရင့်ကျက်သည့် အဓိပ္ပါယ်မျိုး ဖြစ်စေနိုင်ပါတယ်။
(၅) အကြောင်းအရာတွေ ရေးသားလို့ အပြီးမှာတော့ နှုတ်ဆက်စကားအမြဲရေးပေးပါ။
☑ အဆုံးသတ်မှာ တစ်ဖက်လူ ပြုံးသွားစေဖို့ ကောင်းမွန်တဲ့ နှုတ်ဆက်စကားမျိုး ထည့်ရေးသင့်ပါတယ်။
ဥပမာ - Best regards , Have a nice day, Thanks for your time, etc.,
(၆) နှုတ်ဆက်စကားအပြီးမှာတော့ ကိုယ့်ကို ဆက်သွယ်ရမယ့် အရာလေးတွေကို ထည့်ရေးပါ။
☑ ဥပမာ - နာမည်အပြည့်အစုံ၊ အီးမေးလ် လိပ်စာ၊ ဖုန်းနံပါတ်၊ ကုမ္ပဏီ ဝက်ဘ်ဆိုက် စသဖြင့်
(၇) စာအရေးအသားအားလုံးပြီးသွားတိုင်း အစအဆုံး (၃)ခေါက် ပြန်စစ်ပေးပါ။
☑ မစစ်ဘဲ ပို့လိုက်မိရင် စာလုံးပေါင်းမှားနေတာ၊ စာကျန်ခဲ့တာ၊ ခေါင်းစဉ်မတပ်မိတာတို့ ဖြစ်တတ်လို့ ပြန်ကို စစ်ပေးသင့်ပါတယ်
(၈) အားလုံးပြန်စစ်ပြီးလို့ ပို့တော့မယ်ဆိုတာနဲ့ To နေရာမှာ အဓိက ကိုယ်ပို့ချင်တဲ့သူတွေရဲ့ Email လိပ်စာကို ထည့်ရပါမယ်။
* To ရဲ့ ဘေးနားက Cc (Carbon Copy) ဆိုတာ - အချက်အလက်မျှဝေပေးပို့ချင်တဲ့သူကို ထည့်ရပါမယ်။
* Bcc နေရာမှာတော့ တစ်ခြားသူတွေကို မမြင်စေချင်တဲ့သူ ထည့်ရပါမယ်။
☑ To, Cc, Bcc တို့ကို အဆင့်ဆင့်ခွဲခြားထားရတဲ့အကြောင်းရင်းကတော့ ကုမ္ပဏီ တစ်ခုလုံးမှာ Role အဆင့်ဆင့် ခွဲထားတဲ့အတွက် Role တစ်ခုချင်းဆီအလိုက်ခွဲခြားပြီး ပို့နိုင်အောင်လို့ပါ။
ဥပမာ - [email protected], [email protected]
|
ဒီအချက်လေးတွေကို သေချာလိုက်နာပြီး ရေးမယ်ဆိုရင်တော့ ချောမွေ့ပြေပြစ်တဲ့ အီးမေးလ်တစ်စောင်ကို ရရှိမှာမို့ ကြိုက်နှစ်သက်တယ်ဆို သူငယ်ချင်းတွေလည်း သိရအောင် Share လေး ဝေမျှပေးသွားပါဦးနော်...
တကယ်လို့ အကြောင်းအရာတစ်ခုထဲအတွက် အီးမေးလ်တွေ ခနခန မရေးချင်ဘူး အချိန်ကုန်တယ်ဆိုတဲ့ သူများအတွက်တော့ Dear Office ကို အသုံးပြုဖို့ အကြံပေးချင်ပါတယ်။
Dear Office ရဲ့ Just Click Email နဲ့သာဆို Email တွေ ခနခန ပြန်ရေးနေစရာမလိုဘဲ တစ်ခါမှ Email မပို့ဖူးတဲ့သူအတွက်တောင် စက္ကန့်ပိုင်းအတွင်း ပေးပို့နိုင်လို့ လုပ်ငန်း Impression လည်းတိုးလာစေမှာ အသေအချာပါ။
|
''Dear Office'' ရဲ့ လုပ်ဆောင်ချက်များကို Dear Office Youtube Channel (https://www.youtube.com/…/UCvQs_Ino1Kdo74jZARDQdpg/playlists) မှာ ဝင်ရောက် လေ့လာနိုင်သလို
ကိုယ်တိုင် စမ်းသပ်အသုံးပြုလိုသူများအတွက် (၇)ရက် "အခမဲ့" စမ်းသုံးခွင့်ပေးထားလို့ စိတ်ဝင်စားသူများအနေဖြင့် (https://www.dearoffice.com) ကိုနှိပ်၍ Form ဖြည့်စွက်ကာ အခုပဲ လျှောက်ထားလိုက်ပါ။
☎ --- 09-431-33843, 09-431-44962, 0997-289-6677
📧 --- [email protected]
🌏 --- https://www.myanmarwebdesigner.com, https://www.dearoffice.com
🏢 --- 367, 4th Floor, Lower Kyeemyindaing Road, Near Sin Min Zay Bus Stop, Ahlone Township, Yangon.
📍 --- https://goo.gl/VKP6TT