ROYAL HTOO

ROYAL HTOO 😍😍😍

25/12/2025

Celebrating my 12th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

08/03/2025

မိန်းထဲ လမ်း 69 / 38 လမ်း coco မှာHonda Cilck 2017 (MDY-61W 16284)အမဲလေး ခိုးခံရလို့ပါ8.3.2025 1:45 လောက်တွင်း ခိုးခံရလို့ပါလာရောင်းသည်ဖစ်စေ တွေ့သည် ဖစ်စေ အကြောင်းကြာပါအုံး ပြန်ဝယ်ပမယ်ဖုန်း0978779700509400890980

08/03/2025

တောင်ဒဂုံ ၇၁ မှာ ပြန်ပေးဆွဲမှု ဖြစ်ပွား !!!

March 7 ရက်နေ့ မနက် ၁၀ နာရီလောက်မှာ ပုံပါအမျိုးသမီးသည် ၇၁ ရပ်ကွက်ရှိ ကျွန်တော်တို့ အဖွားနေအိမ်သို့ လူငယ်တွေ မရှိခင် ရောက်လာပြီး “ အဖွားကြည့်ရတာ နေမကောင်းဖြစ်နေသလိုပဲ အဖွားကို ဆေးကုပေးမယ် ကျန်းမာရေးဌာနက လာတာပါ”ဆိုပြီး အိမ်ပေါ်ထိ တက်ခေါ်သွားခဲ့ပါတယ်။
( အဖွားက ကျန်းမာရေးမကောင်းတဲ့သူပါ အသက် ၇၀ လောက်လဲရှိပါပြီ။)

ဒီလို နဲ့ ထိုအမျိုးသမီး နဲ့ အဖွားနဲ့ ၇၁စျေးကနေ ၇၀ကျောင်းလမ်းမှတ်တိုင် ထိ ၃ဘီး ငှားစီးသွားပါတယ်။
ကျောင်းလမ်းမှတ်တိုင် ကနေ ကားကြီးဂိတ်ထိ လမ်းလျောက်ကြပြီး ကားကြီးဂိတ်လဲ ‌ရောက်‌ရော အဖွားကမောနေပါပြီ...ထိုအမျိုးသမီးက “ အဖွား မောနေပြီ ကျန်းမာရေး ဌာနကလာတဲ့ ဆိုက်ကယ် ကိုစောင့်ကြမယ်....ဒီမှာ နေပူတယ် အအေးဆိုင်ထဲမှာ စောင့်မယ်...” ဆိုပြီး အဖွားကို ကားကြီးဂိတ်မှတ်တိုင် အနီးမှာ ရှိတဲ့ Guest House ထဲကို ခေါ်သွားပါတယ်။ အဖွားကလဲ ယောင်လည်လည်နဲ့ လိုက်သွားပြီး အခန်းထဲရောက်တော့ အိပ်ယာပေါ် တွန်းလှဲပြီး နားကပ် ကို ချွတ်ခိုင်းပါတယ်။ အဖွားက မချွတ်ပေးတော့ ခေါင်းအုံးနဲ့ ဖိပါတယ်။ အဲ့လိုနဲ့ အဖွားက” အမေ့ကို ပြန်လွှတ်ပေးပါ ဘယ်သူကိုမှ သမီးအကြောင်းကိုမပြောပါဘူး”လို့ ပြောပြီး နားကပ်ချွတ်ပေးလိုက်ရပါတယ် ။

ခနနေတော့ ထိုအမျိုးသမီး တံခါးဖွင့်တဲ့ အချိန် အဖွားက အတင်းတိုးပြေးပြီး အကူညီအော်တောင်းပါတယ်။ အဲ့တာနဲ့ ဝန်းထမ်း တွေရောက်လာပြီး အဲ့ အမျိုးသမီးကို ဝိုင်းဖမ်းလိုက်ကြပါတယ်။
ဝန်းထမ်းတွေ က အဖွားကို နားကပ်ပြန်တောင်းပေးပြီး ဆိုက်တွဲပေါ် တင်ပေးလိုက်ကြပါတယ်။

ဒီ post ကိုတင် ရတဲ့ ရည်ရွယ်ချက်က ဒီလို ခောတ်ပျက်ကြီးထဲမှာ နောက်လူတွေမခံရအောင်ပါဗျာ။
ဂရုစိုက်ကြပါ ခင်ဗျာ။

05/03/2025

ခွေးလေးကို ထု-သက်တဲ့သူတွေ 😭😭😭

02/03/2025

ပွဲ

29/07/2020

ကားအမည်ပြောင်း လျှောက်မယ်ဆိုဘာတွေလိုအပ်မလဲ

သိပြီးသောသူများ အတွက်မဟုတ်ပါ။ စမ်းတဝါးဝါးဖြင့် ဘယ်သွားပြီး ဘာလုပ်ရမလဲဟု သိချင်နေသူများအတွက်သာဖြစ်သည်။

မိမိကား အမည်ဖောက်လုပ်ရန်အတွက် အရင်ဆုံး မိမိနေထိုင်ရာ မြို့နယ် အခွန်ရုံးသို့ အောက်ပါစာရွက်စာတမ်းများနှင့်အတူ သွားရောက် လျှောက်ထားရပါမည်။



1 - သန်းခေါင်စာရင်း (မူရင်း၊ မိတ္တူ)

2 - မှတ်ပုံတင် (မူရင်း၊ မိတ္တူ)

3 - Owner book (မူရင်း၊ မိတ္တူ)

4 - Wheel tax (မူရင်း၊ မိတ္တူ)

5 - အရောင်းအဝယ်စာချုပ် (မူရင်း၊ မိတ္တူ) (အရောင်းအဝယ်စာချုပ်သည် အမည်ပေါက်နှင့် မိမိ တိုက်ရိုက်ချုပ်ဆိုထားသော စာချုပ်ဖြစ်ရပါမည်။)

6 - ကားဓာတ်ပုံ ( ရှေ့ပုံ၊ အနောက်ပုံ၊ ဘေးတိုက်ပုံ အားလုံးပေါင်း ၃ ပုံ။ ဓာတ်ပုံကို မိမိကိုယ်တိုင် ဖုန်းဖြင့်ရိုက်၍ ဓာတ်ပုံဆိုင်မှာ သွားကူးပါ။)
ထပ်ဖြည့်ပါရစေ...ဘေးပုံဆိုသည်မှာ စတီယာတိုင်ရှိတဲ့ဘက်အခြမ်းကိုပြောတာပါ။

(ကားဓာတ်ပုံမှအပ ကျန်စာရွက်စာတမ်းများအား မိတ္တူ ၂ စုံ ကူးပါ။ အခွန်ရုံးအတွက် တစ်စုံ၊ ကညန ရုံးအတွက်တစ်စုံ)



အထက်ဖော်ပြပါ စာရွက်စာတမ်းများ ပြည့်စုံပါက အခွန်ရုံးရှိ မိမိရပ်ကွက်ကို ကိုင်သော စာရေးထံတွင်တင်ရပါမည်။ စာရေးမှ မိမိကားအား ရာဖြတ်မှ သတ်မှတ်ပေးထါးသော ဇယားတွင် တန်ဖိုးကို ကြည့်၍ ၃ ရာခိုင်နှုန်းတွက်ချက်ပါသည်။



ထို့နောက် ဘဏ်သို့ ငွေသွင်း ချလန် ရရှိရန် စောင့်ရပါသည်။ ချလန် ရရှိပါက မြန်မာ့စီးပွားရေးဘဏ်တွင် ငွေသွားသွင်းရပါသည်။ (သက်ဆိုင်ရာမြို့နယ်မြန်မာ့စီးပွါးရေးဘဏ်မှာငွေသွင်းရပါမယ် )

(ဘဏ်ငွေသွင်းရာတွင် ငွေသွင်းချလန်စာရွက်၏ နောက်ကျောတွင် သွင်းမည့်ငွေတွင် ၅၀၀၀ တန် ဘယ်နရွက်၊ တစ်သောင်းတန် ဘယ်နရွက် စသဖြင့် အတိအကျရေးထားပေးပါ။)



ဘဏ်တွင် ငွေသွင်းပြီးပါက ငွေသွင်းပြေစာကို မိတ္တူတစ်ရွက်ကူး၍ အခွန်ရုံးစာရေးထံသို့တခါ သွားရောက်ပေးအပ်ရပါမည်။ အခွန်ရုံးမှ အခွန်စိမ်းစာရွက် ၂ ရွက် ထုတ်ပေးပါမည်။

မူရင်းဟု ရေးထားသောစာရွက်မှာ ကညန ရုံးသို့ ပေးရပါမည်။ ပ-မူရင်းဟု ရေးထားသောစာရွက်နှင့် ဘဏ်ငွေသွင်းချလန်မှာ မိမိသိမ်းထားရပါမည်။ တစ်ရက်ကုန်သွားပါမည်။ (စောစောပြီးသူများပင် နေ့ခင်း ၁နာရီခန့်မှ ပြီးပါသည်။)

(အခွန်စိမ်းစာရွက်သည် ကားပြန်ရောင်းသည့်အခါ ထည့်မပေးရပါ။ မိမိကိုယ်တိုင် အခွန်ဆောင်ထားသော စာရွက်ဖြစ်သဖြင့် မိမိနှင့်သာ သက်ဆိုင်သည်။)

နောက်တစ်နေ့တွင် သင်၏ကား ယခင်သက်တမ်းတိုးခဲ့ဖူးသော ကညန ရုံးသို့ စာရင်း အထွက်သွားလုပ်ပါ။ (ဥပမာ ယခင်အမည်ပေါက်သူသည် လှိုင်မြို့နယ်လိပ်စာဖြစ်ပါက အင်းစိန် ကညန သို့သွားရပါမည်။ )



အောက်ပါစာရွက်စာတမ်းများ လိုအပ်ပါသည်။

- သန်းခေါင်စာရင်း (မူရင်း၊ မိတ္တူ)

- မှတ်ပုံတင် (မူရင်း၊ မိတ္တူ)

- Owner book (မူရင်း၊ မိတ္တူ)

- Wheel tax (မူရင်း၊ မိတ္တူ)

- အရောင်းအဝယ်စာချုပ် (မူရင်း၊ မိတ္တူ)

- အခွန်ရုံးကထုတ်ပေးလိုက်သော မူရင်း ဟုရေးထားသော အခွန်စိမ်းစာရွက် (မူရင်း)

- မူရင်းများကို တောင်းကြည့်မှ ထုတ်ပြပါ။

ယာဉ်အား စစ်ဆေးမည်မဟုတ်ပါ။ ကားကို မယူသွားလဲရပါသည်။(ထပ်ဖြည့်ပါမည် ကားလိုင်စင်သက်တမ်းရှိလျင်မလိုအပ်၍သက်တမ်းတိုးအမည်ပြောင်းလျင်လိုအပ်ပါသည်။)

Owner book နှင့် wheel tax တွင် ပိုင်ရှင် အမည်နှင့် နေရပ်လိပ်စာပြောင်းပေးရုံသာဖြစ်သည်။ Wheel Tax အသစ် ထုတ်ပေးပါသည်။



ကညန ရုံးတွင်

- ကားအမည်ပြောင်းအတွက် ဟုပြောကာ ဖောင်ထုတ်ယူပါ။

- ဖောင်ဖြည့်ပြီး Computer ဌာနတွင် စစ်ပါ။

- ထို့နောက် ခရိုင်ဦးစီးမှူးနှင့် ဝင်တွေ့ပါ။ တန်းစီစောင့်ရသည်။ လူများလျှင် အတော်ကြာကြာ စောင့်ရပါသည်။

- ထို့နောက် ငွေတွက်ကောင်တာတွင် သွင်းရမည့်ငွေကို တွက်ပါ။ (ကောင်တာများတွင် ကားနံပါတ် ရှေ့အက္ခရာများ ရေးထားပါသည်။ မိမိကားနံပါတ်အက္ခရာရှိသော ကောင်တာသို့ သွားပါ။)

- ငွေသွင်းကောင်တာတွင် ငွေသွင်းပါ။ ပြေစာရမည်။

- ငွေတွက်ခဲ့သော ကောင်တာသို့ ပြန်သွားတင်ပါ။

- တော်ကြာကြာစောင့်ပြီးနောက် owner book (အတွင်းစာမျက်နှာတွင် သင်၏ အမည်ပါပြီး) ၊



Wheel tax အသစ်(သင်၏ အမည်ဖြင့်) ၊ အထွက်စာ ၂ စောင် တို့ကို ထုတ်ပေးပါသည်။

- ဝင်စာထွက်စာ ကောင်တာသို့သွားပါ။ မှတ်တမ်း စာအုပ်တွင် စာရင်းသွင်းပြီး အထွက်စာ တစ်စောင်ကို သိမ်းယူခဲ့ကာ ကျန်တစ်စောင်ကို စာအိတ်ဖြင့် တုံးထုပိတ်ပြီး ပြန်ပေးပါသည်။

- ငွေတွက်ခဲ့သော ကောင်တာသို့ ပြန်သွားပါ။ သူတို့စီစစ် စာရင်းသွင်းပြီးပါက အထွက်ကိစ္စပြီးပါပြီ။ owner book ၊ wheel tax အသစ်နှင့် စာအိတ်ထဲထည့်ထားသော အထွက်စာ၊ ကညန ငွေသွင်းချလန်တို့ကို ပြန်ပေးပါသည်။

- တစ်နေ့ကုန်သွားပါသည်။



နောက်တစ်နေ့တွင် သင်နေထိုင်ရာ လိပ်စာ၏ အပိုင် ကညနရုံးသို့ အထွက်ရုံးကပေးလိုက်သော စာရွက်စာတမ်းများဖြင့်သွားကာ အဝင်စာရင်းသွင်းရပါသည်။ လက်ရှိ လုပ်ထုံးလုပ်နည်းများနှင့် ကိုယ်တိုင်ကြုံတွေ့ သိရှိလာရသည်များကို မျှဝေခြင်းသာ ဖြစ်ပါသည်။ အားလုံး အဆင်ပြေနိုင်ကြပါစေ။

Credit; Original Writer

 #လိုအပ်ရင်သုံးလို့ရအောင်👇Friendsဖျောက်နည်းhttps://www.facebook.com/103618318025044/posts/103624634691079/Messengerမီမ်း...
24/07/2020

#လိုအပ်ရင်သုံးလို့ရအောင်👇
Friendsဖျောက်နည်း
https://www.facebook.com/103618318025044/posts/103624634691079/
Messengerမီမ်းဖျောက်နည်း
https://www.facebook.com/103618318025044/posts/103649448021931/
Facebookအကောင့်အပြီးဖျတ်နည်း
https://www.facebook.com/103618318025044/posts/105363511183858/
Facebook.Passwordပြောင်းနည်း
https://www.facebook.com/103618318025044/posts/105396174513925/
ကိုတင်တဲ့ပို့စ်တွေကိုဘယ်သူတွေကိုပေးမြင်ချင်လဲ
https://www.facebook.com/103618318025044/posts/105837064469836/
Pageထောင်နည်း
https://www.facebook.com/103618318025044/posts/105887271131482/
Pageဖျတ်နည်း
https://www.facebook.com/103618318025044/posts/106640851056124/
Facebookပေါင်းချုပ်
https://www.facebook.com/103618318025044/posts/113044807082395/
Facebookမီးစိမ်းဖျောက်နည်း
https://www.facebook.com/103618318025044/posts/114025350317674/
ကိုနဲ့အသိရင်Addလို့မရတဲ့နည်း
https://www.facebook.com/103618318025044/posts/115872263466316/
ကို့ရဲ့accကိုဘယ်သူမှရှာမရအောင်လုတ်နည်း
https://www.facebook.com/103618318025044/posts/117817139938495/
FacebookမှာVideoတွေကြိနေရင်ကျော်ငြာတွေမတက်အောင်ပိတ်နည်း
https://www.facebook.com/103618318025044/posts/117829806603895/
ကို့ကိုဘယ်သူတွေfollowလုတ်ထားလဲကြည့်နည်း
https://www.facebook.com/103618318025044/posts/118417849878424/
Facebookကိုကြိုက်တဲ့ကာလာနဲ့ကြည့်နည်း
https://www.facebook.com/103618318025044/posts/118526569867552/
Facebook.Videoတွေautoမပွင့်အောင်ပိတ်နည်း
https://www.facebook.com/103618318025044/posts/120419233011619/
Facebook.Passwordပြန်ကြိနည်း
https://www.facebook.com/103618318025044/posts/120770576309818/
Messengerယာရီပိတ်ထားနည်း
https://www.facebook.com/103618318025044/posts/123311246055751/
Friendsမဟုတ်သူတွေကို့Wallကိုဝင်ကြိရင်ဘာမှမမြင်အောင်ပိတ်နည်း
https://www.facebook.com/103618318025044/posts/126209265765949/
ကို့accကိုခနခနဝင်ကြိနေတာဘသူလဲကြည့်နည်း
https://www.facebook.com/103618318025044/posts/126746005712275/
Messengerမှာကိုမပြေားချင်တဲ့သူကိုBlockစရာမလိုပဲစာဝင်မလာအောင်လုတ်နည်း
https://www.facebook.com/103618318025044/posts/126881009032108/
Facebookမှာကို့ကိုTagတွဲးမရအောင်လုတ်နည်း
https://www.facebook.com/103618318025044/posts/127297222323820/
ကို့ရဲ့ပို့စ်အောက်မှာCommentဝင်ရေးမအောင်လုတ်နည်း
https://www.facebook.com/103618318025044/posts/127864405600435/
Accနှစ်ခုသုံးချင်သူတွေ
https://www.facebook.com/103618318025044/posts/128982662155276/
Facebook.ဘားတန်းပေါ်ကအသုံးမလိုတာတွေပိတ်နည်း
https://www.facebook.com/103618318025044/posts/130722088648000/
ဖုန်းနံပက်မလိုgmailမလိုပဲFacebookအကောင့်ဖွင့်နည်း
https://www.facebook.com/103618318025044/posts/131013065285569/
ကိုLike.Commentလုတ်ခဲ့တာတွေပြန်ကြည့်နည်း
https://www.facebook.com/103618318025044/posts/131631478557061/
ဘေးလူကကို့ရဲ့facebook.Passwordသိရင်တောင်ဝင်လို့မရအောင်လုတ်နည်း
https://www.facebook.com/103618318025044/posts/132092318510977/
Facebook.Passwordမေ့ရင်အသစ်ပြန်ယူနည်း
https://www.facebook.com/103618318025044/posts/132248928495316/
Messengerလို့ဝက်စာပို့နည်း
https://www.facebook.com/103618318025044/posts/132542651799277/
Followerဖွင့်နည်း
https://m.facebook.com/story.php?story_fbid=132842898435919&id=103618318025044
Messengerမှာစာကိုအချိန်ကန့်သက်ပြီးပို့နည်း
https://www.facebook.com/103618318025044/posts/133035968416612/
Facebook.IDတင်နည်း
https://m.facebook.com/story.php?story_fbid=133109731742569&id=103618318025044
Facebook.accယာရီပိတ်နည်း
https://www.facebook.com/103618318025044/posts/133455441707998/
ကို့ရဲ့ပို့စ်ကိုလူကြိများအောင်လုတ်နည်း
https://www.facebook.com/103618318025044/posts/133838535003022/
ထဲ့နည်း
https://m.facebook.com/story.php?story_fbid=134017208318488&id=103618318025044
ကို့wallထဲဝင်ကြိသွားသူကိုပြန်ကြည့်နည်း
https://www.facebook.com/103618318025044/posts/134384188281790/
Miဖုန်းတွေPlay Storeထဲ့နည်း
https://m.facebook.com/story.php?story_fbid=134426761610866&id=103618318025044
Messengerမှာဖျတ်မိတဲ့ပုံတွေVideoတွေပြန်ယူနည်း
https://www.facebook.com/103618318025044/posts/134637334923142/
ကို့ရဲ့ပို့စ်ကိုမမြင်စေချင်တဲ့သူဆီမရောက်အောင်လုတ်နည်း
https://www.facebook.com/103618318025044/posts/134962474890628/
သင့်ရဲ့facebookအချက်လက်တွေဘေးလူမမြင်အောင်ပိတ်နည်း
https://www.facebook.com/103618318025044/posts/135026958217513/
Messengerမှာစာပို့ပြီးဖျတ်သွားတဲ့စာပြန်ကြိနည်း
https://www.facebook.com/103618318025044/posts/135396798180529/
Appsတွေကိုဝင်ရင်တက်တဲ့ကြော်ငြာတွေပိတ်နည်း
https://www.facebook.com/103618318025044/posts/135421901511352/
Rpထုနည်း
https://www.facebook.com/103618318025044/posts/135763004810575/
ကိုBlockထားသူကိုပြန်ဖြေနည်း
https://m.facebook.com/story.php?story_fbid=136177928102416&id=103618318025044
ကိုတင်ထားတဲ့ပို့စ်တွေတစ်ချက်တဲနဲ့ဖျတ်နည်း
https://www.facebook.com/103618318025044/posts/136256311427911/
FacebookမှာပုံတွေVideoတွေကိုHDဖြင့်တင်နည်း
https://www.facebook.com/103618318025044/posts/136350078085201/

Crd~

   သုံးသူတိုင်း မနှိပ်မဖြစ် နှိပ်ဖူးကြတဲ  Ctrl + C , Ctrl + V ၊ Copy , Paste , Cut နည်းပညာကိုတီထွင်ခဲ့တဲ့  ကွန်ပျုတာ သိပ...
20/02/2020

သုံးသူတိုင်း မနှိပ်မဖြစ် နှိပ်ဖူးကြတဲ Ctrl + C , Ctrl + V ၊ Copy , Paste , Cut နည်းပညာကိုတီထွင်ခဲ့တဲ့ ကွန်ပျုတာ သိပ္ပံပညာရှင် Larry Tesler တစ်ယောက် ဒီနေ့ပဲ ကွယ်လွန်သွားခဲ့ပါတယ်။

#သူ့ရဲ့ ဆန်းသစ်တဲ့ အိုင်ဒီယာတွေနဲ့ တီထွင်မှုကြောင့် ကျနော်တို့ရဲ့ နေ့စဉ်အလုပ်တွေ ပိုမိုလွယ်ကူစေခဲ့တယ်ဆိုရင်လည်းမမှားပါဘူး။

in Peace Sir.

MYANMAR ICT ACADEMY

ဖုန်းကိုအားကုန်အောင်သုံးခြင်းကြောင့် ဖြစ်တက်သောပြဿနာနဲ့ ဖြေရှင်းနည်း==========ဖုန်းတစ်လုံးက အနည်းဆုံး ၃.၇ ဗို့ရှိမှ ပါဝ...
27/02/2017

ဖုန်းကိုအားကုန်အောင်သုံးခြင်းကြောင့် ဖြစ်တက်သောပြဿနာနဲ့ ဖြေရှင်းနည်း==========

ဖုန်းတစ်လုံးက အနည်းဆုံး ၃.၇ ဗို့ရှိမှ ပါဝါတက်ပါမယ် ။ ၃.၇ ဗို့ထက်နည်းပါက ဖုန်းပေါ်မူတည်ပြီးပြဿနာအမျိုးမျိုး ဖြစ်ပါတယ်

၁။ လိုဂို ရပ်ခြင်း
၂။ လိုဂို ပဲတက်ပြီး ပြန်ကျခြင်း
၃။ အားသွင်းပုံ ပြ သော်လည်း အားမ၀င် ခြင်း
၎။ ကြိုးထိုး ထားမှ ပါဝါ ဖွင့် ရခြင်း
၅။ အားသွင်းပုံ မပြ ပဲ လုံးဝ ပါဝါ ပျောက် ခြင်း

ဓာတ်ခဲတွေက 3.7 ဗို့ မှ 4.2 ဗို့ ကြားထဲ ရှိရပါမယ် ။ 3.7v ထက် လျော့ ပါ က အထက်ပါ error များကြုံတွေ့နိုင်ပါတယ် ။

ဘာကြောင့် 3.7 ဗို့ အောက်လျော့ကျသလဲ ??

အကြောင်းအမျိုးမျိုးရှိပါတယ် ။ အဓိကအဖြစ်များတာက တရုတ်ဓာတ်ခဲတွေကြောင့်ပါ ။ ဓာတ်ခဲသုံးတာကြာရင်လဲဖြစ်တက်ပါတယ် ။ ဖုန်း ic တစ်လုံးလုံး မကောင်းတော့ရင်လဲ လိုတာထက် ပိုပြီး အန်ပီယာဆွဲတဲ့အတွက်ဖြစ်ပါတယ် ။

ဘယ်လို ဖြေရှင်း မလဲ ???

ပုံမှန် ဓာတ်ခဲ ထုတ်လို့ရတဲ့ဖုန်းတွေကတော့ ဓာတ်ခဲထုတ်ပြီး ညှပ် ခွက် ( ဖားပါးစပ် ) နဲ့ အားသွင်းကြည့်ပါ ။ 3.0 မှ 3.6 ဗို့အတွင်း လက်ကျန်ရှိပါက ပြန်သွင်းလို့အဆင်ပြေနိုင်ပါတယ် ။ဒါပေမယ့် အားကုန်အောင် သုံးတိုင်းပြန်ဖြစ်နေပါမယ် ။ 3.0V အောက်ရောက်ပါ ဆိုင်မှာပဲ ပြုပြင်နိုင်ပါတော့မယ် ။ အကောင်းဆုံးကတော့ ဓာတ်ခဲ လဲလိုက်ပါ ။

အထူးသဖြင့် ဓာတ်ခဲ အသေဖုန်းတွေမှာ အတက်နိုင်ဆုံးသတိထားသုံးကြပါ ။ ဥပမာ iphone ၊ Tablet စတာတွေဖြစ်ပါတယ် ။

အဲ့ ဓာတ်ခဲ အသေဖြစ်တဲ့အတွက် ကိုယ်တိုင်လုပ်ဖို့ခက်ခဲတဲ့အတွက်ဆိုင်သွားရပါမယ် ။စက်ဖြုတ်ရတဲ့အတွက် ၂၀၀၀ ၊ ၃၀၀၀ လောက်တော့ပေးရမှာပါ ။ iPhone တွေကို တော့ iPad အားသွင်း ခေါင်းနှင့်ကြိုးကို အသုံးပြုပြီး ပြန်လည်သွင်းနိုင်ပါတယ် ။ ကဲ သူငယ်ချင်းတို့လဲ ဖုန်းကို Battery Low ပေါ်ရင်ဖုန်းပြောခြင်း ၊ သီချင်း နားထောင်ခြင်း ၊ Game ဆော့ ခြင်းများ မပြုလုပ်ခြင်းဖြင့်ရှောင်ရှား နိုင်ပါတယ် ။ အကောင်းဆုံးက ဖုန်း 5% ရောက်ပြီဆိုရင် ပိတ်ထားလိုက်ပါ ။

Credit အင်းရွာကြီးသားလေးငြိမ်းချမ်းနည်းပညာ

Address

Yangon

Website

Alerts

Be the first to know and let us send you an email when ROYAL HTOO posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share