Vonalvixo System Solutions

Vonalvixo System Solutions Vonalvixo System Solutions is an engineering firm at the intersection of enterprise IT, cloud computing, and intelligent robotics.

We deliver scalable network infrastructure, secure cloud solutions, and customized robotic automation for the future.

∆ FYITraining Start Date: August 10, 2026Here is the link below to apply for training;https://docs.google.com/forms/d/e/...
23/07/2026

∆ FYI
Training Start Date: August 10, 2026

Here is the link below to apply for training;
https://docs.google.com/forms/d/e/1FAIpQLScl_SJLgmDwxm8FKDCIwaxifRjislpi74GD_UdKe3dsWWr4QA/viewform?usp=header

👥 Please note: Only 30 physical slots are available. Applications will be reviewed, and shortlisted applicants will be contacted via email and WhatsApp with further instructions.

Stay connected by following our social media pages for updates.

We look forward to welcoming you to the AITech Empowerment Foundation family!

Tech for All, Opportunities for Life.

Fundamentals of Cloud Computing & Usage (Part-1)Cloud Computing ဖြစ်ပေါ်လာဖို့ ပညာရှင် ၂ ယောက်က အယူအဆတွေ ချပြခဲ့ကြတယ်။ 1...
07/07/2026

Fundamentals of Cloud Computing & Usage (Part-1)

Cloud Computing ဖြစ်ပေါ်လာဖို့ ပညာရှင် ၂ ယောက်က အယူအဆတွေ ချပြခဲ့ကြတယ်။ 1960 ပြည့်နှစ်ဝန်းကျင်လောက်မှာ John McCarthy က Computing Power တွေက ရေ၊ မီး၊ ဖုန်းလိုင်းတွေလိုပဲ အများသုံးဝန်ဆောင်မှုအဖြစ် အနာဂတ်မှာ အသုံးပြုကြလိမ့်မယ်လို့ ပထမဆုံး ဟောကိန်းထုတ်ပြီး အယူအဆကို ချပြခဲ့တယ်။ 1969 ပြည့်နှစ်မှာတော့ J.C.R.Licklider က "Intergalactic Computer Network", လို့ခေါ််တဲ့ တကမ္ဘာလုံးက လူကတွေက ကွန်ရက်တစ်ခုတည်းပေါ်က‌နေ ဘယ်နေရာကမဆို Data, Software, Resources တွေ လှမ်းအသုံးပြုနိုင်မယ့် စနစ်ကိုချပြခဲ့ပါတယ်။ ယနေ့ခေတ် Cloud ကို လက်တွေ့ အကောင်အထည်ဖော် မွေးဖွားခဲ့ပေးတဲ့ Company သုံးခု ရှိပါတယ်။ Salesforce Company (1999), Amazon Web Services_AWS (2002 - 2006), Google & Microsoft (2008) တို့ဖြစ်ပါတယ်။ Salesforce Company က ကမ္ဘာ့ပထမဦးဆုံး အကြိမ် Software ‌တွေကို CD နဲ့ဝယ်စရာမလိုဘဲ Internet ရှိရုံနဲ့ Web Browser ကနေတစ်ဆင့် အသုံးပြုဝယ်လို့ရတဲ့ စနစ် Saas - Software as a Service ကို စတင်မိတ်ဆက်ခဲ့ပါတယ်။ AWS Company က သူတို့ရဲ့ Internal Technology တွေကို Upgrade လုပ်နေရင်း EC2 (Elastic Compute Cloud) & S3 (Simple Storage Service) တို့ကို အရောင်းစျေးကွက်ထဲ ချပြခဲ့ပါတယ်။ ဒါဟာလုပ်ငန်းတွေအတွက် Computer, Server, Storage တွေကို Online ကနေ အဌားချပေးတဲ့ ခေတ်သစ် IaaS (Infrastructure as a Service) ကို တရားဝင် မိတ်ဆက်ခဲ့ပါတယ်။ 2008 နောက်ပိုင်းမှာ Google & Microsoft တို့လည်း Cloud Market ထဲဝင်ရောက်လာပြီး ယနေ့ခေတ် Cloud Technology ကို ပိုမိုခေတ်မီအောင် ဆက်လက် ဖွံ့ဖြိုးတိုးတက်စေခဲ့ပါတယ်။

Computing ဆိုတာ Cloud ပေါ်က‌နေတစ်ဆင့် Server, Storage, Database, Network, Software, AI, Analytics စတဲ့ computing resources တွေကို မိမိ လိုအပ်ချက်ပေါ် မူတည်ပြီး အသုံးပြုနိုင်တဲ့ နည်းပညာဖြစ်တယ်။ ယခင်က Traditional Server Farm တွေပေါ်မှာ လုပ်ငန်းအတွက် လိုအပ်တဲ့ resources တွေကို Infra အတွက် လိုအပ်သလို customized လုပ်ပြီး သုံးခဲ့ကြတယ်။ မိမိတို့ လုပ်ငန်းလိုအပ်ချက်ပေါ်မူတည်ပြီး Data Center, Server Room, စတဲ့ Infra တစ်ခုဆောက်ဖို့အတွက် ငွေကုန်ကြေးကျ အရမ်းများပါတယ်။ ပြီးတော့ နေရာဒေသမရွေးကနေ လှမ်းခေါ်ယူ သုံးဖို့အတွက် Infra Network ကိုအသေချာ တည်ဆောက်ရတာမို့လို့ မြန်မြန်ဆန်ဆန်နဲ့ computing resources တွေကို လှမ်းယူသုံးစွဲဖို့ အချိန်အတိုင်းတာ တစ်ခုကို စောင့်ရပါတယ်။ ဒါကြောင့် လုပ်ငန်းတစ်ခုတိုးတက်ဖို့အတွက် နည်းပညာ investment လုပ်ရာမှာ expenditure သက်သာစေဖို့ ယနေ့ခေတ်ပေါ် Cloud Computing Technology ကို အသေးစားလုပ်ငန်းမှ အစ Enterprise Company များအထိ တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပါတယ်။ နေရာ၊ စားရိတ်၊ ထိန်းသိမ်းမှု သက်သာတဲ့အပြင် နေရာဒေသမရွေးကနေ လှမ်းယူသုံးစွဲနိုင်ပါတယ်။ Cloud Computing ကို အမြင်နှစ်မျိုးနဲ့ ခွဲခြားပြီး အသုံးပြုနိုင်ပါတယ်။ 1. Deployment Models, and 2. Service Models ဆိုပြီးရှိတယ်။ Deployment Models မှာ Cloud ကို ဘယ်သူတွေ သုံးခွင့်ရှိလဲ ဘယ်သူတွေ ပိုင်ဆိုင်လဲဆိုတာပေါ်မူတည်ပြီး ခွဲခြားထားပါတယ်။ Service Models ကတော့ Cloud ပေါ်မှာ Administrator ကဘယ်အဆင့်ထိ တာဝန်ယူ စီမံခန့်ခွဲမလဲဆိုတာပေါ် မူတည်ပြီး ခွဲခြားပါတယ်။

!! To Be Continued

Address

No. 900, Thuzitar Road, 2 Ward, North Okkalapa
Yangon
11031

Opening Hours

Monday 08:30 - 17:00
Tuesday 08:30 - 17:00
Wednesday 08:30 - 17:00
Thursday 08:30 - 17:00
Friday 08:30 - 17:00

Website

Alerts

Be the first to know and let us send you an email when Vonalvixo System Solutions posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share