Get Digital Store

Get Digital Store Get builds the digital economy infrastructure to bring up the livelihood o

The Omni-Channel Digital Commerce Platform
Get is the digital commerce platform that empowers microentrepreneurs with technology in order to be competitive in the future economy.

မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေရှင်။ မြန်မာပြည်သူ၊ပြည်သားများအားလုံး နှစ်သစ်မှာ ကျန်းမာချမ်းသာရွှင်လန်းပြီး စီးပွားလာဘ်လာဘ...
31/12/2023

မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေရှင်။
မြန်မာပြည်သူ၊ပြည်သားများအားလုံး နှစ်သစ်မှာ ကျန်းမာချမ်းသာရွှင်လန်းပြီး စီးပွားလာဘ်လာဘများကြီးပွားတိုးတက်ပါစေကြောင်း Get မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

မြန်မာပြည်သူပြည်သားများအားလုံး သီတင်းကျွတ် အခါသမယတွင် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း Get မိသားစုမှ ဆုမွန်ကောင်းတောင်းအပ...
29/10/2023

မြန်မာပြည်သူပြည်သားများအားလုံး သီတင်းကျွတ် အခါသမယတွင် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း Get မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ် 🙏

ချစ်ခင်လေးစားအပ်ပါသော Get Digital Store အသုံးပြုသူ မိတ်ဆွေများ၊ လူကြီးမင်းများရှင်...Get Digital Store မှ ဝယ်ယူရရှိနိုင်...
21/09/2021

ချစ်ခင်လေးစားအပ်ပါသော Get Digital Store အသုံးပြုသူ မိတ်ဆွေများ၊ လူကြီးမင်းများရှင်...

Get Digital Store မှ ဝယ်ယူရရှိနိုင်သော ဝန်ဆောင်မှုများအနက်မှ Gift Cards နှင့် Digital Coupons များတွင် အမျိုးအစားအသစ်လေးတွေ ထပ်မံထည့်သွင်းပေးထားကြောင်း အကြောင်းကြားအပ်ပါတယ်ရှင်...
Gift Cards ဝန်ဆောင်မှုမှာ ထပ်တိုးလာတဲ့ အမျိုးအစားလေးတွေကတော့...
Music Card (USD),
Music Card (USD),
Plus Membership Card
Pin Card (MMK) တို့ဖြစ်ကြပြီး
Digital Coupons မှာ ထပ်တိုးရရှိနိုင်မည့် ဝန်ဆောင်မှုလေးကတော့
TV Card ပဲဖြစ်ပါတယ်။
Get Digital Store ၏ မိတ်ဟောင်းမိတ်သစ် လူကြီးမင်းများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။

Cards

  Maintenance Notice !Get Digital Store ကို အသုံးပြုကြသော မိတ်ဖက်အေးဂျင့်ကြီးများ မင်္ဂလာပါရှင့်...=====================...
31/07/2021

Maintenance Notice !

Get Digital Store ကို အသုံးပြုကြသော မိတ်ဖက်အေးဂျင့်ကြီးများ မင်္ဂလာပါရှင့်...
=========================
ပိုမိုကောင်းမွန်သော လုံခြုံရေးစနစ်နှင့် ဝန်ဆောင်မှုများပေးနိုင်ရန်အတွက် System maintenance ပြုလုပ်မည် ဖြစ်ပါသောကြောင့်
ဩဂုတ်လ (၁) ရက် ၂၀၂၁ ခုနှစ် နံနက် ဝဝးဝ၁ နာရီမှ နံနက် ၀၂း၀၀ နာရီအချိန်အထိ
Get Digital Store ၏ ဝန်ဆောင်မှုအားလုံးကို ယာယီပိတ်ထားမည် ဖြစ်ကြောင်းလေးစားစွာဖြင့် အသိပေးအကြောင်းကြားအပ်ပါသည်။
နားလည်ပေးမှုအတွက် အထူးကျေးဇူးတင်ပါတယ်ရှင့်။🤝

လေးစားစွာအသိပေးအကြောင်းကြားခြင်း...Get Digital Store အနေဖြင့် ဒီဇင်ဘာ ၂၀၂၀ မှစ၍ မည်သည့်အနုပညာရှင်နှင့်မျှ Brand Ambassad...
27/07/2021

လေးစားစွာအသိပေးအကြောင်းကြားခြင်း...

Get Digital Store အနေဖြင့် ဒီဇင်ဘာ ၂၀၂၀ မှစ၍ မည်သည့်အနုပညာရှင်နှင့်မျှ Brand Ambassador အဖြစ်လက်တွဲလုပ်ကိုင်နေခြင်းမရှိပါကြောင်း လေးစားချစ်ခင်ရသော Get Digital Store ၏ မိတ်ဖက်လုပ်ငန်းရှင်ကြီးများနှင့် ဝယ်ယူအားပေးကြသော Customers များသို့ အသိပေးအကြောင်းကြားအပ်ပါသည်။ မိတ်ဟောင်းမိတ်သစ်များအားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။

မကြာခဏလက်ဆေးပါ၊
မိမိကိုယ်ကို ကာကွယ်ပါ၊
မိသားစုနှင့်ပတ်ဝန်းကျင်ကို ဂရုစိုက်ကူညီပါ၊
ယခုကျရောက်နေသော ကပ်ဘေးများမှအမြန်ဆုံးကျော်လွှားနိုင်ကြပါစေ။

21/07/2021

Get All Myanmar ရဲ့ CEO ဖြစ်တဲ့ Mr Leon ရဲ့ မြန်မာပြည်သူတွေအတွက် အောက်စီဂျင် နဲ့ အခြားဆေးဝါးအထောက်အပံ့တွေ ထောက်ပံ့နိုင်ဖို့ campaign မှာ ပါဝင်လှူဒါန်းနိုင်ဖို့ ဖိတ်ခေါ်ပါတယ်။ 💕💕💕

မင်္ဂလာပါ။ ကျွန်တော့်နာမည်က Leon ပါ။ ကျွန်တော်ကစင်ကာပူနိုင်ငံသားပါ။ အချိန်ခဏလောက်ပေးပြီး ကျွန်တော် ပြောတာတွေကိုနားထောင်ပြီး GIVE.asia မှာဖော်ပြထားတဲ့ “မြန်မာပြည်သူများအသက်ရှူဖို့ကူညီပေးကြစို့” “Help Myanmar Breathe” ဆိုတဲ့ ရန်ပုံငွေရှာဖွေရေးလှုပ်ရှားမှုမှာ ပါ၀င်လှူဒါန်းကြမယ်လို့ မျှော်လင့်ပါတယ်။ ရရှိသော လှူဒါန်းငွေအကျိုးအမြတ်များသည် ဆင်းရဲနွမ်းပါးသော မြန်မာနိုင်ငံရှိဆင်းရဲနွမ်းပါးသူများအတွက် ဆေးဝါးအထောက်အပံ့များ၊ ဆေးဝါးများ၊ ကိုယ်ပိုင်အောက်စီဂျင်ဘူးများနှင့် အောက်စီဂျင် concentrator စက်များ ဝယ်ယူထောက်ပံ့နိုင်ရန် ဖြစ်ပါတယ်။

စင်ကာပူကဲ့သို့ပင် မြန်မာနိုင်ငံသည် Covid ပြသနာ ကို ရင်ဆိုင်နေရသည်။ နိုင်ငံရေးမငြိမ်မသက်မှုများ၊ အပြည်ပြည်ဆိုင်ရာဒဏ်ခတ်ပိတ်ဆို့မှုများနှင့် ကျန်းမာရေးစောင့်ရှောက်မှုပြိုကျခြင်းတို့နှင့်အတူမြန်မာပြည်သူများသည် နေ့စဉ်နှင့်အမျှ သေဆုံးနေကြသည်။

ဆင်းရဲနွမ်းပါးသူများသည် အသက်ရှင်ရန်မတတ်နိုင်ကြပါ။ အောက်ဆီဂျင်၊ ဆေးဝါးနှင့် မည်သည့်အရာမျှ အထောက်အပံ့မရရှိကြပါ။

သေဆုံးသွားတဲ့ကလေးငယ်တွေရဲ့ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေ၊ ကလေးတွေဆုံးရှုံးခဲ့တဲ့မိဘတွေရဲ့ ပြောပြချက်တွေ ၊ မိဘတွေဆုံးရှုံးခဲ့ရတဲ့ ကလေးတွေရဲ့ပို့စ်ကို ဘာသာပြန်ထားတဲ့မှတ်တမ်းတွေ၊ ချစ်ရသူတွေဆုံးရှုံးခဲ့ရတဲ့ ၀န်ထမ်းတွေ၊ ကွယ်လွန်သောသူတို့ရဲ့ ခန္ဓာရုပ်လောင်းကို သင်္ဂြိုဟ်ရန်တန်းစီ​စောင့်ဆိုင်းနေရတဲ့ ပုံတွေ ၊ အောက်စီဂျင် ရရှိဖို့ တန်းစီစောင့်ဆိုင်းနေရတဲ့ပုံတွေ ၊ ဆေးရုံမှာ တန်းစီစောင့်ဆိုင်းနေရတဲ့ပုံတွေ ၊ ဒါတွေကို ဒီစည်းရုံးလှုံ့ဆော်ရေးနဲ့အတူတကွ ဖော်ပြထားပါတယ်။ သို့သော် ယခုအချိန်တွင်ဖြစ်ပွားနေသော သေခြင်းနှင့်ပျက်စီးခြင်းနှင့်နှိုင်းယှဉ်နိုင်သော အရာမရှိပါ။ ဒါဟာ မြန်မာပြည်သူတို့ရဲ့ တကယ့်အဖြစ်မှန်ပဲ။

အခြေအနေက စိတ်ပျက်စရာကောင်းတယ်။ လူတိုင်းကိုမကယ်တင်နိုင်ပါ။ ဒါပေမဲ့ ဒါက ကျွန်တော်တို့ ဒီတိုင်း ရပ်ကြည့်နေသင့်တယ်လို့ မဆိုလိုပါဘူး။

သင်၏ အာရုံစူးစိုက်မှု၊ ဤလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်အတည်းနှင့် ပတ်သက်၍ သင်၏အသိပညာပေးမှု၊ လှူဒါန်းပါဝင်မှု များသည် တန်ဖိုးရှိသော ရေစက်တစ်စက်ဖြစ်စေပါလိမ့်မည်။ သို့သော်များစွာသော ရေစက်များက သမုဒ္ဒရာကိုဖြစ်စေပါသည်။ သမုဒ္ဒရာတစ်ခုဖြင့် ကျွန်ုပ်တို့သည် ဆင်းရဲသားများအား နောက်ထပ် အသက်ရှင်နေထိုင်ခွင့်နဲ့ နောက်တစ်နေ့တွင် သူတို့ရဲ့ ဘဝကို ရင်ဆိုင်တိုက်ခိုက်နိုင်ရန် ကူညီပေးဖို့ဖြစ်ပါတယ်။

ကျေးဇူးပြုပြီးပါဝင်လှူဒါန်းပေးပါ။

မြန်မာပြည်ကို တစ်ကြိမ်တစ်ခါမျှ ရောက်ခဲ့ဖူးလျှင် လှူဒါန်းပေးပါ။

မြန်မာပြည်မှလူတစ်ဦးသည် သင့်အားကြင်နာစွာနှင့်နွေးထွေးစွာဆက်ဆံခဲ့တယ်ဆိုရင် လှူဒါန်းပေးပါ။

မြန်မာပြည်မှလူတစ်ဦးသည် စင်ကာပူနိုင်ငံတွင် သင့်အား ကြင်နာမှုနှင့်ရက်ရောမှုတို့ဖြင့် ဆက်ဆံခဲ့ဖူးတယ်ဆိုရင် လှူဒါန်းပေးပါ။

လူအများစုက မြန်မာနိုင်ငံကိုစီးပွားရေးလုပ်ရန်နေရာအဖြစ် ရေးသားခဲ့ကြသည်။ ဒါဟာ မှန်ပါတယ်။

ဒါပေမယ့် မြန်မာပြည်ကလူတွေက မင်းရေးခဲ့တဲ့ စီးပွားရေးမဟုတ်ဘူး။

သင့်မှာ လှူဒါန်းနိုင်ဖို့နည်းလမ်းရှိလျှင် ကျေးဇူးပြု၍ လှူဒါန်းပေးပါ။ အကယ်၍ သင့်တွင် ဤအရာကို လှူဒါန်းနိုင်တဲ့သူများကိုသိလျှင် သူတို့ဆီရောက်ရှိရန် ဤပို့စ်ကို မျှဝေရန်နည်းလမ်းရှိပါက ကျေးဇူးပြု၍ မျှဝေပေးပါ။

COVID-19 တိုက်ဖျက်ရေးတွင် မြန်မာနိုင်ငံအတွက် ၅ ဒေါ်လာ ၊ ၂၅ ဒေါ်လာ၊ ၅၀ ဒေါ်လာ၊ သို့မဟုတ် ဒေါ်လာ ၁၀၀ စသဖြင့် လှူဒါန်းပေးပါ။

ရရှိသောရန်ပုံငွေများကို မြန်မာနိုင်ငံရှိ ကျွန်ုပ်တို့၏လုပ်ဖော်ကိုင်ဖက်များ၊ အပြည်ပြည်ဆိုင်ရာနှင့် မြန်မာပြည်ရှိ Mercy Corps၊ Lesswalk.org ကဲ့သို့ ဒေသခံ NGOS များထံသို့ လွဲပြောင်းပေးပို့ပါလိမ့်မယ်။ ၎င်းတို့သည် မြန်မာပြည်သူများအတွက် လိုအပ်သောဆေးဝါးကုသမှုအကူအညီများဖြန့်ဝေရန်နှင့် ဤကင်ပိန်းကို လူအများသိရှိပြီး ယုံကြည်စွာပါဝင်လှူဒါန်းနိုင်ဖို့ ကူညီပါလိမ့်မည်။

လေးစားစွာဖြင့်

Leon

အောက်ဖော်ပြပါ Link သို့ ဝင်ရောက်၍ တိုက်ရိုက် လှူဒါန်းနိုင်ပါသည်။

https://give.asia/campaign/help-myanmar-breathe-9878 #/

********************

English below

********************

Hello, my name is Leon and I am a Singaporean. I would like you to take a moment, to listen to what I have to say, and hopefully donate to a fund raising campaign I have listed on GIVE.asia entitled: Help Myanmar Breathe. Proceeds raised will go to procuring medical aid, medicine, personal oxygen tanks and concentrators to the distraught poor of Myanmar.

Like Singapore, Myanmar is battling a Covid crisis of it’s own. The Delta variant is especially ruthless. Coupled with political upheaval, international sanctions and a healthcare collapse, the people of Myanmar are dropping dead, literally.

The poor cannot afford to stay alive.

No medicine, no oxygen, no support of any kind.

To put this campaign together, I have had to sieve through photos and videos of dead infants, testimonies of parents who have lost their children, translated accounts of children of have lost their parents, employees who have lost loved ones, snapshots of people queuing to enter the hospital or queuing to bury the dead. But nothing to compares to death and destruction that is occurring, right now.

It is a reality, it is their everyday.

The situation is grim. We cannot save everyone. But this does not mean we should watch idle.

Your attention, your awareness of this humanitarian crisis, your donations will just be a drop. But many drops make an ocean, and with an ocean we can give the poor another chance to breathe, another day to fight.

So please donate.

Donate, if you have ever been to Myanmar.

Donate if ever, a person in Myanmar has treated you with kindness and with warmth.

Donate if ever, a person from Myanmar has treated you with kindness and generosity in Singapore.

Many people have written Myanmar off, as a place to do business.
Rightly so.

But people are not businesses you write off.

And if you have the means to give, please give. If you have the means to share this, to someone who can give, please share this.

So help Myanmar, in its struggle against COVID-19 by donating $5, $25, $50 or even $100 today.

The funds raised will go to our partners in Myanmar, International and local NGOS such as Mercy Corps , Lesswalk.org
which will help distribute much needed medical aid and update this campaign
with the trust that comes with the donation.

Leon

Please check and donate directly to the link below.

https://give.asia/campaign/help-myanmar-breathe-9878 #/

ချစ်ခင်လေးစားအပ်ပါသောGet Digital Store အသုံးပြုသူ မိတ်ဆွေများ၊ လူကြီးမင်းများခင်ဗျာGet Digital Store နှင့်ပတ်သက်ပြီး တစ်...
06/07/2021

ချစ်ခင်လေးစားအပ်ပါသော
Get Digital Store အသုံးပြုသူ
မိတ်ဆွေများ၊ လူကြီးမင်းများခင်ဗျာ
Get Digital Store နှင့်ပတ်သက်ပြီး
တစ်စုံတစ်ရာ မေးမြန်းအကြံပြုလိုပါက
ယခင် Call Center နံပါတ် 09952000200 အစား
Hotline နံပါတ် 09251200700 သို့
( 08 - Jul - 2021 ) နေ့မှ စတင်ပြီး
ပြောင်းလဲလိုက်ပါကြောင်း အသိပေးအပ်ပါသည်။
ပြောင်းလဲလိုက်သော 09251200700 သို့ ရုံးဖွင့်ရက် များတွင်
နံနက် ( ၀၉း၃၀ ) နာရီ မှ ညနေ ( ၀၅း၀၀ ) နာရီ
အတွင်းဆက်သွယ်နိုင်ပါသည်။
Get Digital Store ၏
မိတ်ဟောင်း၊ မိတ်သစ် လူကြီးမင်းများအားလုံးကို
ကျေးဇူးအထူးတင်ရှိပါသည်။
digital store
Top Up service

Address

No. 1260, Innwa 3rd Street, Quarter 6, South Okkalapa
Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00

Telephone

+959251200700

Alerts

Be the first to know and let us send you an email when Get Digital Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Get Digital Store:

Share