20/04/2024
ရန်ကုန်က သူဌေးတစ်ယောက် လွန်ခဲ့တဲ့ ၅ နှစ်က မန္တလေးမှာ မယားငယ်တစ်ယောက် ထားတယ်။
မယားငယ်နေဖို့အတွက် သိန်း 4000 တန် အိမ်တစ်လုံးဝယ်ထားလိုက်တယ်။ မယားငယ်ကို လစဉ် တစ်လ 10 သိန်း ထောက်ပံ့ပါသေးတယ်။
၅နှစ်ပြည့်တော့ မယားငယ်ကို လမ်းခွဲလိုက်တယ်။
အဲ့တာနဲ့ ဝယ်ထားတဲ့အိမ်ကို ပြန်ရောင်းတော့ သိန်းတစ်သောင်းရတယ်။
တွက်ကြည့်လိုက်တော့ မယားငယ်အလကားထားရ၊
လစဉ်ထောက်ပံ့ပေးထားတဲ့ သိန်း 600 ပြန်နှုတ်လိုက်ပြီး သိန်း 5400 အသားတင်မြတ်သွားပါတယ်။
"အိမ်ခြံမြေ အရောင်းအဝယ်ကို သူကျေးဇူးတင်တယ်။ မယားငယ်ဆိုတာ ရင်းနှီးမြုပ်နှံမှုတစ်ခုလို့ " သူကဆိုလာတယ်။
အဲ့လိုပြောတာကို သူဌေးရဲ့ မယားကြီးက ကြားသွားတော့ ပါးကို ဆတ်ခနဲ " ဖြန်း " ရိုက် ပြီးတော့ဆူတယ်။
"ဒီလောက်မြတ်နေတာကို ဘာဖြစ်လို့ မယားငယ်တစ်ယောက်ပဲ ထားခဲ့ရတာလဲ ငတုံးရဲ့ တဲ့ "
CRD