06/11/2018
၁။ Website တစ်ခုမှာ ဘာတွေပါဝင်သင့်လည်း…?
အခြေခံအားဖြင့် Website တစ်ခုမှာ Home Page လို့ခေါ်တဲ့ ပင်မစာမျက်နှာဟာ သင့် Website ကို စဝင်ဝင်ချင်းတွေ့ရမှာဖြစ်ပါတယ်။ လာရောက်ကြည့်ရှုသူတွေက သင့်လုပ်ငန်း ဒါမှမဟုတ် ကုမ္ပဏီဟာ ဘာတွေလုပ်လည်း ဘယ်သူတွေပါလည်းဆိုတာ သိချင်ကြပါတယ်။ ဒီအတွက် ပင်မစာမျက်နှာဟာ အရေးကြီးဆုံး အစိတ်အပိုင်းအဖြစ်ပါဝင်ပါတယ်။
နောက်တစ်ခုကတော့ သင့်ကုမ္ပဏီလုပ်ငန်းအကြောင်း အသေးစိတ်ပါဝင်တဲ့ About Us Page ဖြစ်ပါတယ်။ ဒီစာမျက်နှာမှာတော့သင့်လုပ်ငန်းရဲ့ စီးပွားရေး၊ နောက်ခံသမိုင်းကြောင်း၊ ပူးပေါင်းပါဝင်ဆောက်ရွက်ကြသူတွေအကြောင်း အကျယ်တစ်ဝင့်ဖော်ပြရမှာပါ။ တစ်နည်းအား ဖြင့် ဒီစာမျက်နှာဟာ Company Profile Page တစ်ခုဖြစ်တဲ့အတွက် မဖြစ်မနေ ထည့်သွင့်ဖော်ပြပေးရပါမယ်။
နောက်အရေးကြီးတာတစ်ခုက သင့်ကုမ္ပဏီ၊ သင့်လုပ်ငန်းရဲ့ ဝန်ဆောင်မှုနဲ့ ထုတ်ကုန်တွေ အကြောင်းဖော်ပြပေးမယ့် Service Page (or) Product Page ဖြစ်ပါတယ်။ ဒီစာမျက်နှာမှာတော့ သင့်လုပ်ငန်းလိုအပ်ချက်ပေါ်မူတည်ပြီး Single Page လည်းဖြစ်နိုင်သလို Menu နဲ့အတူ Subpages တွေလည်း ပါနိုင်ပါတယ်။ ဒီစာမျက်နှာမှာတော့ သင့်လုပ်ငန်းရဲ့ထုတ်ကုန်တစ်ခုချင်းစီရဲ့ အသေးစိတ်အချက်အလက်တွေ၊ အမျိုးအစားတွေ၊ ဇျေးနှုန်းနဲ့အတူ ဝယ်ယူရရှိနိုင်မယ် နေရာတွေကို Detail ကျကျပြောပြထားသင့်ပါတယ်။ ဝန်ဆောင်မှုပိုင်းဆိုရင်လည်း ဝန်ဆောင်မှုအမျိုးအစားအလိုက် တိတိကျကျ ဖောပြပါရှိရပါမယ်။
နောက်ဆုံးတစ်ခုကတော့ Contact Us ဖြစ်ပါတယ်။ သင့် Website ကို လာရောက်ကြည့်ရှုသူတွေဟာ ဆက်သွယ်လို့ရမယ် Webmail (or) Email၊ ဖုန်းနံပါတ်တွေ၊ လိပ်စာတို့နဲ့ အတူ ရုံးဖွင့်ချိန်၊ရုံးပိတ်ချိန် တွေ စသည်ဖြင့် အသေးစိတ်ဖော်ပြပေးရပါမယ်။ နောက်ပြီး Google Map နဲ့အတူ သင့်ကုမ္ပဏီရဲ့ လူမှုကွန်ယက်စာမျက်တွေဖြစ်တဲ့ Facebook၊ Twitter၊ Instagram၊ Youtube၊ Likedin တို့တိုက်ရိုက်သွားရောက်ကြည့်ရှုနိုင်အောင် လုပ်ထားရမှာပါ။
ဒါကတော့ Website တစ်ခုမှာ မဖြစ်မနေပါဝင်ရမယ့် အခြေခံလုပ်ဆောင်ချက်တွေ ကို ပြောပြတာပါ။ လုပ်ငန်းလိုအပ်ချက်ကို လိုက်ပြီး တစ်ခြားပါဝင်သင့်တာတွေလည်း ရှိပါတယ်။ တစ်ခြားထည့်သွင်းဖော်ပြနိုင်တာတွေကတော့……..
၁။ Event Calendar
၂။ Privacy Policy
၃။ Copyright Information
၎။ Media Information
၅။ News
၆။ Photo Gallary
၇။ Resources/Articles နဲ့
၈။ Site Map တို့ဖြစ်ပါတယ်။
999 Kyan Tine Aung Software Development & Solution Co.,Ltd.
Phone No::+959 44 367 3579
Website::http://kyantineaung999.com/
Address::အမှတ်(၃၄)၊ ကျားကွက်သစ်လမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်။
Smartphones have made deep inroads into our lives. From shopping to reading daily news and entertainment, these devices have become personalized source of information and entertainment for most users. If you want to improve your business and daily life, our company's team develope Android and IOS Ap...