SanPya

SanPya ဘဝ အတွက် စိတ် အမောပြေရန်

မန်ယူ မှာ ဒီ မအေဘေး ပြန်ရောက်လာ တကယ်က နိုင်ပွဲကိုပျောက်နေတာ မော်ရင်ဟို ပြောတဲ့ တကယ့် virus ကောင် အသင်းမှာ စည်းလုံးမှုပါ ...
20/09/2026

မန်ယူ မှာ ဒီ မအေဘေး ပြန်ရောက်လာ တကယ်က နိုင်ပွဲကိုပျောက်နေတာ မော်ရင်ဟို ပြောတဲ့ တကယ့် virus ကောင် အသင်းမှာ စည်းလုံးမှုပါ ပျက်စီးနေ



အခြေခံ လျှပ်စစ် သွယ်တန်း နည်းများ  #လျှပ်စစ်ပညာ
30/08/2026

အခြေခံ လျှပ်စစ် သွယ်တန်း နည်းများ


#လျှပ်စစ်ပညာ

30/08/2026
မြန်မာပြည်မှာ LGBT အကြောင်း ဝတ္တု ရေးသားပါက ဖမ်းခံ ရနိုင်     #လိင်တူချစ်သူများ #လူ့အခွင့်အရေး
30/08/2026

မြန်မာပြည်မှာ LGBT အကြောင်း ဝတ္တု ရေးသားပါက ဖမ်းခံ ရနိုင်



#လိင်တူချစ်သူများ
#လူ့အခွင့်အရေး

ဒီ အန်တီ က ၁၀ မျဉ်းစောင်း ထင်တယ် 😛သိသိသာသာလေး #၁၀မျဉ်းစောင်း #မော်လမြိုင်
29/08/2026

ဒီ အန်တီ က ၁၀ မျဉ်းစောင်း ထင်တယ် 😛
သိသိသာသာလေး

#၁၀မျဉ်းစောင်း
#မော်လမြိုင်

29/08/2026

သူတို့နိုင်ငံက အင်ဂျင်နီယာ တွေ တော်လိုက်ကြတာ
လုံးဝ ကို ဘာမှ မဖစ်ဘူး

#နီပေါ

#ရေကြီးမှု
#အင်ဂျင်နီယာ

တကယ်အမှန်ဆိုရင်တော့ရှေ့ဆက်မလွယ်တော့ဘူးနော် မအလ တကောင်ရဲ့ပေးသော ပြသာနာများပြည်ပရောက် မြန်မာများက KBZ-Pay၊ Wave Money ၊ AY...
27/08/2026

တကယ်အမှန်ဆိုရင်တော့ရှေ့ဆက်မလွယ်တော့ဘူးနော် မအလ တကောင်ရဲ့ပေးသော ပြသာနာများ

ပြည်ပရောက် မြန်မာများက KBZ-Pay၊ Wave Money ၊ AYA Pay၊ CB Pay၊ Mobile Banking အသုံးပြု၍ ငွေလွှဲ၊ ငွေယူမှုများကို ဩဂုတ် 28 ရက်နေ့ နောက်ဆုံးထား ပိတ်ပင်ရန် စစ်တပ်ဗဟိုဘဏ် ညွှန်ကြား

ဩဂုတ် 27

ပြည်ပနိုင်ငံများတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် K-Pay၊ Wave၊ AYA Pay၊ CB Pay၊ Mobile Banking အပါအဝင် ပြည်တွင်းပုဂ္ဂလိကဘဏ်များ၏ ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်များကို အသုံးပြု၍ ငွေလွှဲခြင်း၊ ငွေလက်ခံခြင်းနှင့် ငွေကြေးဝန်ဆောင်မှုများ ရယူနေမှုများကို ဩဂုတ်လ 28 ရက်နေ့ နောက်ဆုံးထား ကန့်သတ်ပိတ်ပင်ရန် စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ပြည်တွင်းပုဂ္ဂလိကဘဏ်များထံ အရေးပေါ်ညွှန်ကြားထားကြောင်း သိရသည်။

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်၏ ညွှန်ကြားချက်တွင် ပြည်တွင်း၌ အသုံးပြုလျက်ရှိသော ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်များကို ပြည်ပနိုင်ငံများမှ ဝင်ရောက်အသုံးပြု၍ မရရှိနိုင်စေရေးအတွက် Geo-blocking၊ Location-based Restriction နှင့် IP-based Restriction များအပါအဝင် နည်းပညာနှင့် လုံခြုံရေးဆိုင်ရာ အစီအမံများကို စနစ်တကျ အကောင်အထည်ဖော်ရန် ပြည်တွင်းပုဂ္ဂလိကဘဏ်များအားလုံးကို ညွှန်ကြားထားခြင်းဖြစ်သည်။

ပုဂ္ဂလိကဘဏ်များအနေဖြင့် ပြည်ပမှ အသုံးပြုဆောင်ရွက်မှုများကို ကန့်သတ်ပိတ်ပင်ပြီးစီးသည့် အခြေအနေကို ဩဂုတ်လ 28 ရက်နေ့ထက် နောက်မကျဘဲ ဗဟိုဘဏ်ထံ ပြန်လည်တင်ပြရန်လည်း ညွှန်ကြားထားကြောင်း သိရသည်။

ထို့အပြင် လက်ရှိတွင် ပြည်ပနိုင်ငံများမှ အသုံးပြုသူများက အဆိုပါ ဒစ်ဂျစ်တယ်ငွေပေး ချေမှုစနစ်များကို ဝင်ရောက်အသုံးပြုနေခြင်း ရှိ၊ မရှိကို စနစ်တကျ စိစစ်စောင့်ကြည့်ရန်၊ အသုံးပြုမှုပုံစံများနှင့် တွေ့ရှိချက်များကို မှတ်တမ်းတင်ရန်နှင့် တွေ့ရှိပါက အရေးယူဆောင်ရွက်ထားမှုများကိုပါ အစီရင်ခံစာဖြင့် ပူးတွဲတင်ပြရန် ဗဟိုဘဏ်က ဆက်လက်ညွှန်ကြားထားသည်။

ထို့ကြောင့် ပြည်တွင်းပုဂ္ဂလိကဘဏ်များ၊ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများနှင့် ရောင်းချသူများကိုယ်စား ငွေကောက်ခံရှင်းလင်းပေးသည့် ဝန်ဆောင်မှုလုပ်ငန်းများအနေဖြင့် ဗဟိုဘဏ်က ချမှတ်ထားသည့် ဥပဒေ၊ စည်းမျဉ်း၊ အမိန့်နှင့် ညွှန်ကြားချက်များအတိုင်း တိကျစွာလိုက်နာဆောင်ရွက်ရန်လည်း ညွှန်ကြားထားသည်။

ယခုညွှန်ကြားချက်ကြောင့် ပြည်ပရောက်မြန်မာများအနေဖြင့် မိသားစုများထံ ငွေလွှဲပေးခြင်း၊ ပြည်တွင်းရှိ ကိုယ်ပိုင်ဘဏ်အကောင့်များကို ပြည်ပမှ Mobile Banking ဖြင့် စီမံခန့်ခွဲခြင်း၊ Payment Account များမှတစ်ဆင့် ငွေပေးချေခြင်းများတွင် အခက်အခဲများ ဖြစ်ပေါ်လာနိုင်ကြောင်း ပြည်ပရောက်မြန်မာများအကြား စိုးရိမ်မှုများ မြင့်တက်နေသည်။

အထူးသဖြင့် ပြည်ပတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာများ၊ သင်္ဘောသားများနှင့် နိုင်ငံခြားရောက်နေသူများအနေဖြင့် ပြည်တွင်းရှိ မိသားစုဝင်များထံ ငွေကြေးပို့ဆောင်ရာတွင် ပြည်တွင်း Payment System များကို အသုံးပြုနေကြသဖြင့် ယင်းဝန်ဆောင်မှုများကို ပြည်ပမှ အသုံးပြု၍မရတော့ပါက ငွေလွှဲပို့မှုများအပေါ် တိုက်ရိုက်သက်ရောက်နိုင်သည်။

ယခင်ကလည်း ပြည်ပရောက်မြန်မာများသည် နိုင်ငံခြားမှ AYA Pay၊ KBZ Pay၊ CB Pay၊ Wave Money နှင့် Mobile Banking စနစ်များကို အသုံးပြု၍ ပြည်တွင်းမိသားစုများထံ ငွေလွှဲပို့ခြင်းများ ပြုလုပ်ခဲ့ကြသည်။

ပြည်ပရောက်မြန်မာအသိုင်းအဝိုင်းများအကြားတွင်လည်း “ဒီနေ့ကစပြီး ပြည်ပကနေ Banking သုံးခွင့် လုံးဝပိတ်လိုက်ပြီ” ဆိုသည့် သတင်းစကားများကို မျှဝေနေကြပြီး လက် ရှိညွှန်ကြားချက်အရ တစ်ကြိမ်တည်း အပြီးပိတ်ပင်ခြင်းထက် ပြည်ပမှ အသုံးပြု၍မရစေရန် နည်းပညာပိုင်းဆိုင်ရာ အဆင့်ဆင့် ကန့်သတ်လာနိုင်သည့် အခြေအနေဖြစ်သည်ဟု သုံးသပ်မှုများရှိနေသည်။

ပထမအဆင့်အနေဖြင့် IP Address အခြေပြု ကန့်သတ်မှု ပြုလုပ်နိုင်ပြီး မြန်မာနိုင်ငံပြင်ပ IP Address များဖြင့် ဝင်ရောက်အသုံးပြုပါက “Network Error”၊ “Connection Failed” စသည့် အမှားပြစာများ ပြသခြင်းမျိုး ဖြစ်လာနိုင်ကြောင်း နည်းပညာကျွမ်းကျင်သူများက​ပြောဆိုသည်။

ထို့နောက် VPN ဖြင့် မြန်မာနိုင်ငံ၏ IP Address အဖြစ် ပြောင်းလဲအသုံးပြုရန် ကြိုးစားပါက လူသုံးများသည့် VPN ဝန်ဆောင်မှုများနှင့် IP Address များကို ထပ်မံပိတ်ပင်ခြင်းမျိုးလည်း ဖြစ်လာနိုင်ကြောင်း သတိပေးသည်။

အခြားတစ်ဖက်တွင် OTP Code သည်လည်း အရေးကြီးသည့် အချက်တစ်ခုဖြစ်ပြီး ပြည်ပရောက်မြန်မာများအသုံးပြုသည့် SIM Card များထံ OTP Code မရောက်ရှိအောင် ကန့် သတ်ခြင်း သို့မဟုတ် OTP အတည်ပြုမှုကို ပြည်တွင်းဖုန်းနံပါတ်များနှင့်သာ ချိတ်ဆက်ခြင်းများ ပြုလုပ်လာပါက ပြည်ပမှ Banking Application များ ဆက်လက်အသုံးပြုရန် အခက်အခဲများ ဖြစ်လာနိုင်သည်ဟု ဆိုကြသည်။

ထို့အပြင် လက်ရှိအသုံးပြုနေသည့် ဖုန်း၊ Tablet နှင့် အခြား Device များကို Security အကြောင်းပြချက်ဖြင့် ပြန်လည်အတည်ပြုခိုင်းခြင်း၊ Device အသစ်များမှ ဝင်ရောက်အသုံးပြုမှုကို ကန့်သတ်ခြင်းများ ပြုလုပ်လာပါကလည်း ပြည်ပရောက်သူများအနေဖြင့် Banking Account များကို ဆက် လက်အသုံးပြုရန် ပိုမိုခက်ခဲလာနိုင်ကြောင်း သိရှိရသည်။

ထို့ကြောင့် လာမည့်ရက်ပိုင်းအတွင်း IP ကန့်သတ်မှု၊ VPN ကန့်သတ်မှု၊ OTP ပြဿနာများနှင့် Device အတည်ပြုမှုများ ပေါ်ပေါက်လာခြင်းရှိ၊ မရှိသည် ပြည်ပရောက်မြန်မာများအတွက် အဓိကစောင့်ကြည့်ရမည့် အခြေအနေဖြစ်လာနေကြောင်း သိရှိရသည်။

#ထိုင်းရောက်မြန်မာ
#ထိုင်းသတင်း


#ဆိုက်ဘာတိုက်ခိုက်ခံရမှု

အခုချိန် ပြန်လက်ခံရင် မှီနိုင်သေးလား ဗျ 😂ငယ်ငယ် က ဒီလောက်လှလိမ့်မယ်မထင်လို့
27/08/2026

အခုချိန် ပြန်လက်ခံရင် မှီနိုင်သေးလား ဗျ 😂
ငယ်ငယ် က ဒီလောက်လှလိမ့်မယ်မထင်လို့

⛔️AYA Bank / KBZ Bank အသုံးပြုသူအချို့၏ အချက်အလက် တစ်ချို့ ခိုးယူခဲ့ကြောင်း "The Crew" က ထုတ်ပြန်အဆင့်မြင့် ဆိုက်ဘာရာဇဝတ...
26/08/2026

⛔️AYA Bank / KBZ Bank အသုံးပြုသူအချို့၏ အချက်အလက် တစ်ချို့ ခိုးယူခဲ့ကြောင်း "The Crew" က ထုတ်ပြန်

အဆင့်မြင့် ဆိုက်ဘာရာဇဝတ်ဂိုဏ်းတခုဖြစ်သည့်"The Crew က မြန်မာနိုင်ငံ၏ အကြီးဆုံး ပုဂ္ဂလိကဘဏ် KBZ Bank နှင့် AYA Bank တို့၏ အသုံးပြုသူအကောင့်ဒေတာအချို့ကို ခိုးယူပြီးဖြစ်ကြောင်း ဩဂုတ် ၂၄ရက်က ကြေညာခဲ့သည်။

အဆိုပါအဖွဲ့၏ website site ပေါ်တွင် ပြသထားသော နမူနာများအရ အသုံးပြုသူဘဏ်အကောင့် ၁၀ ခုနှင့် iBanking အကောင့် အနည်းငယ်သာ ပါဝင်ပြီး၊ အီးမေးလ်လိပ်စာများနှင့် password အချို့ကို ဖော်ပြထားသည်။

သို့သော် ၎င်းတို့ ဖော်ပြထားသော နမူနာအချက်အလက်များတွင် အသုံးပြုသူ User များ၏ Password အများစု တူညီနေခြင်းနှင့် ဒေတာပမာဏ သေးငယ်ခြင်းတို့ကြောင့် ယုံကြည်ရမှုအပေါ် မေးခွန်းထုတ်စရာ ဖြစ်နေသည်။လုံခြုံရေးစောင့်ကြည့်အဖွဲ့များက ဤကြေညာချက်ကို “အတည်မပြုရသေးသော အဆို” ဟု သတ်မှတ်ထားပြီး၊ ဘဏ်၏ core စနစ် ထိခိုက်မှုရှိမရှိကို လွတ်လပ်သော အတည်ပြုချက် မရရှိသေးကြောင်း သိရသည်။

အသုံးပြုသူကာစတန်မာများ၏ အချက်အလက်များ ပေါက်ကြားမှုအပေါ် KBZ Bank ဘက်မှ တရားဝင် တုံ့ပြန်ချက် မထွက်ပေါ်သေးသော်လည်း အသုံးပြုသူများအနေဖြင့် password ပြောင်းလဲရန်နှင့် နှစ်ဆင့်လုံခြုံရေး (2FA) ဖွင့်ထားရန်အတွက် လိုအပ်သည်ဟု ဆိုက်ဘာ လုံခြုံရေးစောင့်ကြည့်သည့်အဖွဲ့များက အကြံပြုထားသည်။

"The Crew" သည် အဆင့်မြင့် ဆိုက်ဘာရာဇဝတ်ဂိုဏ်း တစ်ခုဖြစ်ပြီး Ransomware-as-a-Service (RaaS) ပုံစံဖြင့် လှုပ်ရှားလေ့ရှိသော ဟက်ကာအဖွဲ့တစ်ဖွဲ့ဖြစ်သည်။ ၎င်းတို့သည် ပစ်မှတ်ထားသည့် အဖွဲ့အစည်းများ၏ ကွန်ရက်အတွင်းသို့ တရားမဝင် ထိုးဖောက်ဝင်ရောက်ကာ ထိလွယ်ရှလွယ်ရှိသော အချက်အလက်များကို ခိုးယူ လေ့ရှိသည်။ ထို့နောက် စနစ်တစ်ခုလုံးကို Encryption စနစ်ဖြင့်ပိတ်ဆို့ပီး အချက်အလက်များ ပြန်ရချင်ပါက သို့မဟုတ် လျှို့ဝှက်ချက်များ အွန်လိုင်းတွင် မပေါက်ကြားစေချင်ပါက ငွေကြေး တောင်းခံလေ့ရှိသည်။

၎င်းတို့သည် ဘဏ်နှင့် ဘဏ္ဍာရေး ဝန်ဆောင်မှုလုပ်ငန်းများ၊ အစိုးရနှင့် ကာကွယ်ရေးစနစ်များ၊ ခရီးသွား/ဧည့်ဝန်ဆောင်မှု နှင့် ပညာရေးကဏ္ဍ အစရှိသော အရေးပါသည့် အဖွဲ့အစည်းများကို အဓိက ပစ်မှတ်ထားတိုက်ခိုက်ပြီး ငွေညှစ်လေ့ရှိသည့်အဖွဲ့ဖြစ်သည်။

#ဟက်ကာ #ဆိုက်ဘာတိုက်ခိုက်ခံရမှု

25/08/2026

#ကိုင်ဇာ
#မေဆွိ

#လွမ်းဆွတ်တမ်းတချင်း

Address

Yangon
15033

Alerts

Be the first to know and let us send you an email when SanPya posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to SanPya:

Shortcuts

Share