lbet789 Company Limited

lbet789 Company Limited 𝐈𝐛𝐞𝐭𝟕𝟖𝟗 𝟏 𝐮𝐧𝐢𝐭𝐬 𝟏 𝐤𝐲𝐚𝐭𝐬
𝐍𝐞𝐰 𝐌𝐞𝐦𝐛𝐞𝐫 𝟏𝟎% 𝐁𝐨𝐧𝐮𝐬

နယ်သာလန်တောင်ပံကစားသမား ဒီပေးဟာ ဘာစီလိုနာအသင်းဖော်ဟောင်း ဒန်နီအဲဗက်စ်အတွက် အာမခံကြေး ယူရို၁သန်း ထောက်ပံ့ပြီး ထောင်ထဲကနေ ...
26/03/2024

နယ်သာလန်တောင်ပံကစားသမား ဒီပေးဟာ ဘာစီလိုနာအသင်းဖော်ဟောင်း ဒန်နီအဲဗက်စ်အတွက် အာမခံကြေး ယူရို၁သန်း ထောက်ပံ့ပြီး ထောင်ထဲကနေ လွတ်စေခဲ့ပါတယ်။
ဒန်နီအဲဗက်စ်ဟာ လိင်အကြမ်းဖက်မှုကြောင့် ထောင်ဒဏ်၄နှစ်ခွဲကျခံခဲ့ရတာဖြစ်ပြီး အာမခံကြေးမပေးနိုင်ရင် ထောင်တကယ်ကျမယ့်အရေးနဲ့ ရင်ဆိုင်နေခဲ့ရတာဖြစ်ပါတယ်။
ကနဦးမှာ နေမာရဲ့ဖခင်က ကူညီလိုက်တယ်ဆိုပြီး သတင်းထွက်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ ဒီပေးက သူ့ရဲ့ဘော်ဒါလိုဖြစ်နေတဲ့ အဲဗက်စ်အတွက် ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

ဗီလာရီးရဲလ်ကို အိမ်ကွင်းမှာပဲ ၃-၅ နဲ့ ရှုံးပြီးနောက် ဘာကာနည်းပြဇာဗီက ရာသီကုန်ရင် အသင်းကနေ ထွက်ခွာတော့မယ်လို့ ကြေညာလိုက်ပ...
28/01/2024

ဗီလာရီးရဲလ်ကို အိမ်ကွင်းမှာပဲ ၃-၅ နဲ့ ရှုံးပြီးနောက် ဘာကာနည်းပြဇာဗီက ရာသီကုန်ရင် အသင်းကနေ ထွက်ခွာတော့မယ်လို့ ကြေညာလိုက်ပါပြီ။ အသင်းရဲ့ လက်ရှိအနေအထားတွေအပေါ် ဇာဗီ စိတ်ပျက်သွားပုံရပြီး သူ ပြောခဲ့ဖူးတဲ့ ကစားသမားတွေက သူ့ဘက်မှာမရှိရင် အထုပ်ဆွဲပြီး အိမ်ပြန်မယ်ဆိုတဲ့အတိုင်း လုပ်သွားခဲ့ပါပြီ။

ညက ဘာကာအဖြစ်ကလည်း တကယ်နာကျင်စရာပါ။ ၂-၀နဲ့ အရေးနိမ့်နေရာကနေ ၃-၂ ဖြစ်အောင် ပြန်ကစားနိုင်ခဲ့ပေမယ့် ၃ဂိုးဆက်တိုက် ပြန်ပေးရလို့ ၃-၅ နဲ့ အရေးနိမ့်သွားခဲ့တာပါ။ ဇာဗီကိုယ်တိုင်လည်း ကွင်းဘေးမှာ ပေါက်ကွဲနေခဲ့ပြီး ဒေါသတွေထွက်နေခဲ့ပါတယ်။

ကစားသမားတွေနဲ့ သူ့ကြားမှာ အဆင်မပြေမှုတွေရှိတယ်ဆို‌ပြီး သတင်းထွက်တာကတော့ ကြာပါပြီ။ အခုတော့ ဟန်ဆောင်မရအောင်ကို အထုပ်ပြေသွားတာဖြစ်ပြီး ဇာဗီကတော့ သူ လက်မြှောက်အရှုံးပေးပြီလို့ ပြောသွားခဲ့ပါတယ်။ ရာသီကုန်အထိတော့ သူ ရှိနေမှာဖြစ်လို့ ဘာကာအတွက် နည်းပြသစ်ရှာဖို့ အချိန်တော့ရပါသေးတယ်။

မိသားစုအတွက် အရေးပါတဲ့သူတဦးဖြစ်ခဲ့တဲ့ ရော်နယ်ဒိုက အကိုဖြစ်သူ ဟူဂိုနဲ့လည်း သံယောဇဉ်ကြီးမားသူပါ။ ရော်နယ်ဒိုက ဟူဂိုရဲ့ အသက်...
27/01/2024

မိသားစုအတွက် အရေးပါတဲ့သူတဦးဖြစ်ခဲ့တဲ့ ရော်နယ်ဒိုက အကိုဖြစ်သူ ဟူဂိုနဲ့လည်း သံယောဇဉ်ကြီးမားသူပါ။ ရော်နယ်ဒိုက ဟူဂိုရဲ့ အသက်နဲ့ ဘ၀ကိုတောင်မှ ကယ်တင်ပေးခဲ့သူဆိုရင်လည်း မမှားပါဘူး။

၂၀၁၄ ခုနှစ်အတွင်းမှာ ဟူဂိုက ခက်ခဲတဲ့အချိန်ကာလတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ သူ့ဘ၀က ချောက်ကမ်းပါးအစွန်းကိုတောင်မှ ရောက်နေပြီလို့ ဆိုရမှာပါ။ အရက်နဲ့ မူးယစ်ဆေးက သူ့ရဲ့နေ့စဉ်ဘ၀ဖြစ်ပြီး ကြီးမားတဲ့အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရချိန်လည်းဖြစ်ပါတယ်။

အကိုဖြစ်သူ ဒီလိုဖြစ်နေတာကို မကြည့်ချင်တော့တဲ့နောက်မှာ ရော်နယ်ဒိုက တခုခုလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အကိုဖြစ်သူနဲ့ စကားပြောဆိုခဲ့ပြီး သူက ချန်ပီယံလိဂ်ဖလားရအောင်ယူနိုင်ခဲ့ရင် အကိုဖြစ်သူက အရက်နဲ့ မူးယစ်ဆေးကို စွန့်လွှတ်ဖို့အတွက် အပေးအယူလုပ်ခဲ့တာပါ။ ဟူဂိုကလည်း သဘောတူခဲ့ပြီး ရော်နယ်ဒိုအတွက်တော့ ဒါက ပိုပြီးတော့ ဖိအားတွေရှိလာခဲ့ရပါတယ်။ သူ့အတွက်လည်း အောင်မြင်မှုရအောင် ယူရမှာဖြစ်သလိုအကိုဖြစ်သူကိုလည်း ကယ်တင်ပေးရမှာမို့ပါ။

ဒီဖိအားတွေကပဲ ရော်နယ်ဒိုကို စိတ်အားတက်ကြွအောင် ပြောင်းလဲလှုံ့ဆော်ပေးခဲ့ပါတယ်။ အဲဒီနှစ်မှာ ရီးရဲလ်မက်ဒရစ်နဲ့အတူ အက်သလက်တီကိုကို အနိုင်ယူပြီး ရော်နယ်ဒိုက ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ပွဲအပီးမှာတော့ ရော်နယ်ဒို သူ့အကိုရှိရာဆီသွားပြီး ပွေ့ဖက်ခဲ့ကာ "အခုတော့ အကို ပြောင်းလဲရတော့မယ့် အလှည့်ပဲ" လို့ ပြောဆိုခဲ့ပါတယ်။ ဟူဂိုကလည်း သူ့ကတိအတိုင်း အရက်နဲ့မူးယစ်ဆေးကို ဖြတ်ပစ်ခဲ့ပြီး အခုဆိုရင် သူ့ရဲ့ညီ ရော်နယ်ဒိုက သူ့အတွက်တော့ Inspiration ယူစရာ ပုဂ္ဂိုလ်တဦးအဖြစ်ရှိနေခဲ့ပါတော့တယ်။

"အိုမာက မန်စီးတီးရဲ့ အပြောင်းအရွှေ့လျှို့ဝှက်ချက်ကို ယူသွားလားလို့ ခင်ဗျားမေးချင်တာမို့လား၊ မန်စီးတီးကစားသမားတဦးက အသင်းက...
26/01/2024

"အိုမာက မန်စီးတီးရဲ့ အပြောင်းအရွှေ့လျှို့ဝှက်ချက်ကို ယူသွားလားလို့ ခင်ဗျားမေးချင်တာမို့လား၊ မန်စီးတီးကစားသမားတဦးက အသင်းကနေ ထွက်ချင်တယ်၊ ပြောင်းရွှေ့ကြေးကလည်း သင့်တော်တယ်ဆိုရင် အသင်းပြောင်းဖို့က ဘာလို့မဖြစ်နိုင်ရမှာလဲ၊ ဒါပေမယ့် အခုထိ ဒီဘရိုင်းက မန်စီးတီးမှာပါ၊ ဟာလန်းကလည်း ဒီမှာပဲ ကစားဦးမှာပါ"

"သူ့ကြောင့် ယူနိုက်တက်က အရာအားလုံးအဆင်ပြေသွားမယ်လို့ ထင်ရင်လည်းထင်ကြမှာပေါ့၊ အဲလောက်ထိ လွယ်မလားတော့ ကျနော်မသိဘူး၊ ဒါပေမယ့် သူက အရမ်းတော်တဲ့သူတယောက်ပါ၊ ခင်မင်ဖို့လည်း ကောင်းတယ်၊ သူ မသွားခင် ကျနော်တို့ ဖက်ပြီးတော့ နှုတ်ဆက်စကားပြောခဲ့သေးတယ်၊ သူ အကောင်းဆုံးဖြစ်ပါစေလို့လည်း ဆုတောင်းပေးပါတယ်"

"ယူနိုက်တက်က သူ့ကြောင့် အရာအားလုံးပြောင်းလဲသွားရင် သူ့အတွက် ကွင်းထဲမှာ၊ ပွဲကြည့်စင်ပေါ်မှာ သူ့နာမည်ထည့်သွင်းပြီး ဂုဏ်ပြုပေးသင့်ပါတယ်"

- ဂွါဒီယိုလာ

သူ့ကို ပေါင် ၇ သန်းနဲ့ ဖာဂူဆန်က မက္ကဆီကိုကလပ်ချီးဗက်ဇ်ကနေ  ခေါ်တုန်းက သူက ဘယ်သူလဲဆိုတာ မသိခဲ့ကြဘူး။ နာမည်တောင်မှ အခုမှကြ...
25/01/2024

သူ့ကို ပေါင် ၇ သန်းနဲ့ ဖာဂူဆန်က မက္ကဆီကိုကလပ်ချီးဗက်ဇ်ကနေ ခေါ်တုန်းက သူက ဘယ်သူလဲဆိုတာ မသိခဲ့ကြဘူး။ နာမည်တောင်မှ အခုမှကြားဖူးတာဆိုပြီး ပရိသတ်တွေဖြစ်ခဲ့တာပါ။ ဒီကောင်လေးက ဘာလဲပေါ့လေဆိုပြီး ဖြစ်ခဲ့ကြတာပါ။ နောက်တော့ သူ့နာမည်က ဂျာဗီယာဟာနန်ဒက်ဇ်၊ ဂျာစီပေါ်မှာကျ ချီချာရီတို။ အဓိပ္ပာယ်က ပဲစေ့လေးတဲ့။ လူနဲ့ နာမည်ပြောင်နဲ့လည်း လိုက်ပါတယ်။ လူကောင်လေးသေးပြီး ကလေးမျက်နှာပေါက်နဲ့။

အိုးထရက်ဖို့ဒ်မှာ တဖြည်းဖြည်းနဲ့ ခြေစွမ်းပြလာတော့ သူ့ကို ကလေးမျက်နှာနဲ့ လူသတ်သမားလက်သစ်ဆိုပြီး ချီးကျူးကြတော့တာပဲ။ ဆိုးလ်ရှားလိုပဲ ဘယ်တော့မှ အသက်ကြီးလာတဲ့ရုပ်မပေါက်လို့ပါ။ အဲဒါကလည်း အခုထိပါပဲ။ ဟာနန်ဒက်ဇ်က ဘောလုံးအကျနေရာယူတာကောင်းတယ်၊ ကြုံသလိုသွင်းတတ်တယ်။ ချယ်လ်ဆီးကတော့ သူ့အကြိုက်ဆုံးအသင်းဖြစ်မယ်။ ချယ်လ်ဆီးနဲ့တွေ့တဲ့ ပွဲတိုင်းနီးပါးကို သူ ဂိုးတွေသွင်းတာကိုး။ ဘယ်လောက်ထိလဲဆိုရင် ကန်သွင်းဖို့လုပ်ရင်း ချော်လဲတာတောင် ဘောလုံးက သူ့မျက်နှာလာမှန်ပြီးတော့ ဂိုးထဲဝင်သွားတဲ့အထိ။ ဒေးဗစ်လုဇ်ရဲ့ Not Me! Not Me! ဆိုပြီး သူ့ကြောင့်မဟုတ်ဘူးငြင်းတဲ့ ဂိုးဆိုလည်း တော်တော်လေးရေပန်းစားခဲ့သေးတယ်။

အသင်းကြီးတွေကိုဆိုလည်း သူ ဂိုးတော်တော်သွင်းနိုင်ခဲ့တယ်။ လီဗာပူးလ်နဲ့ပွဲမှာဆို ထောင့်ကန်ဘောက ကျလာတဲ့ဘောလုံးကို လေထဲခုန်ပြီး အသင့်ပိတ်သွားတာက တော်တော်လေးလှတယ်။ ပြောမယ်ဆိုရင် ယူနိုက်တက်မှာ သူက အဓိကတိုက်စစ်မှူးမဟုတ်ပေမယ့် ကြက်ရေးငှက်ရေးဆိုရင် အားကိုးရတဲ့သူဖြစ်ခဲ့တယ်။ ပရိသတ်လည်း ကြိုက်ခဲ့တယ်။ ဗန်ဂါးလ်ရောက်လာပြီးနောက် သူလည်း အသင်းကထွက်ခဲ့ရတာပဲ။ ရီးရဲလ်မက်ဒရစ်မှာတောင် သွားကစားခဲ့သေးတယ်။ ဝက်စ်ဟမ်း၊ လေဗာကူဆင်တို့မှာလည်း ကစားခဲ့ပြီး အခုတော့ သူက LA Galaxy နဲ့လမ်းခွဲပြီး အသင်းဟောင်း ချီးဗက်ဇ်ကို ပြန်ပြောင်းခဲ့ပါပြီ။

"ဒီဆုတွေက ခေတ်မမီတော့ဘူး၊ ဒိတ်အောက်သွားပြီလို့ ရော်နယ်ဒိုပြောတာက ဆံပင်ညှပ်ဆိုင်တွေက ခေတ်မမီတော့ဘူးလို့ ပီပီက ပြောတာနဲ့ အ...
24/01/2024

"ဒီဆုတွေက ခေတ်မမီတော့ဘူး၊ ဒိတ်အောက်သွားပြီလို့ ရော်နယ်ဒိုပြောတာက ဆံပင်ညှပ်ဆိုင်တွေက ခေတ်မမီတော့ဘူးလို့ ပီပီက ပြောတာနဲ့ အတူတူပါပဲ၊ ဒီဆုတွေကို သူ မရတာလည်း နှစ်တွေကြာပြီလေဗျာ"

- လီအန်ဒရိုပါရီဒက်စ်

ဒီမနက် အင်တာမိုင်ယာမီရဲ့ ဒုတိယမြောက်ခြေစမ်းပွဲကတော့ ၁-၀ နဲ့ အရေးနိမ့်သွားပါတယ်။ ပထမပွဲမှာ ၀-၀ ပဲ ကစားနိုင်ခဲ့တဲ့ မက်ဆီတိ...
23/01/2024

ဒီမနက် အင်တာမိုင်ယာမီရဲ့ ဒုတိယမြောက်ခြေစမ်းပွဲကတော့ ၁-၀ နဲ့ အရေးနိမ့်သွားပါတယ်။ ပထမပွဲမှာ ၀-၀ ပဲ ကစားနိုင်ခဲ့တဲ့ မက်ဆီတို့ ဒီမနက်လည်း ဂိုးမသွင်းနိုင်ဘဲ ရှုံးတာပါ။ မက်ဆီနဲ့ ဆွာရက်ဇ်အတွဲလာရင် ပွဲကြမ်းတော့မှာပဲလို့ ထင်ခဲ့သမျှလည်း အကုန်လွဲနေပါတယ်။ နှစ်ယောက်ပေါင်းပြီး တဂိုးတောင် မရသေးဘဲဖြစ်နေပါတယ်။

သူတို့ကို ကောင်းကောင်းထောက်ပံ့ပေးနိုင်မယ့် ကစားသမားမရှိဘဲ ကိုယ်တိုင်ဖန်တီးယူပြီး ကစားကွက်ကို ဦးဆောင်နေရလို့ နှစ်ယောက်စလုံးတိုင်ပတ်နေပါတယ်။ ဒီပုံစံအတိုင်းနဲ့တော့ လာမယ့်မေဂျာလိဂ်မှာ သူတို့ မလွယ်လောက်ပါဘူး။ မက်ဆီ၊ဆွာရက်ဇ်အရှိန်ကြောင့်သာ သူတို့ကို ရှိန်နေရတာပါ။

တကယ်ကစားချိန်မှာ ဘာမှမဟုတ်တာကို သိတဲ့အချိန် အနိုင်ယူဖို့က လွယ်တယ်လို့ တခြားအသင်းတွေ ထင်သွားမယ့် အနေအထားပါပဲ။ ၂ပွဲဆက်တိုက် ဂိုးမရတဲ့ပြသနာက နည်းပြမာတီနိုကိုပါ ဖိအားတွေ ဝင်စေခဲ့မှာ သေချာပါတယ်။ မက်ဆီရော၊ ဆွာရက်ဇ်ပါ စိတ်ပျက်လက်ပျက်ဖြစ်နေတာကိုလည်း မြင်ခဲ့ရပါတယ်။

Globe Soccer Award ဆုပေးပွဲမှာ တနှစ်တာအကောင်းဆုံးကစားသမားဆုကို ကြေညာနေတဲ့အချိန် ရော်နယ်ဒိုက ဟာလန်းပဲ ရရှိသင့်တယ်လို့ လက်...
20/01/2024

Globe Soccer Award ဆုပေးပွဲမှာ တနှစ်တာအကောင်းဆုံးကစားသမားဆုကို ကြေညာနေတဲ့အချိန် ရော်နယ်ဒိုက ဟာလန်းပဲ ရရှိသင့်တယ်လို့ လက်ဟန်အမူအယာနဲ့ ပြသနေခဲ့တာပါ။ အမှန်တကယ်လည်းပဲ အဆိုပါဆုကို ဟာလန်းက ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ရော်နယ်ဒိုကတော့ ဂိုးသွင်းအများဆုံးကစားသမားဖြစ်ခဲ့လို့ မာရာဒိုနာဆု၊ ပရိသတ်တွေအကြိုက်နှစ်သက်ဆုံး ကစားသမားဆုတွေကို ရယူနိုင်ခဲ့ပါတယ်။ သူ့ရဲ့ ဆုကို လက်ခံရယူချိန်မှာ ရော်နယ်ဒိုက ဂိုးသွင်းအများဆုံးဆုကို ဟာလန်းလို ကစားသမားကို ကျော်ဖြတ်နိုင်ခဲ့လို့ သူ ဂုဏ်ယူမိတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

"ဟာလန်းလို သားရဲကြီးတကောင်ကို ကျော်ဖြတ်ပြီး အနိုင်ရခဲ့တယ်လို့တွေးကြည့်စမ်းပါ၊ ကျနော် အရမ်းဂုဏ်ယူမိပါတယ်၊ မကြာခင် ကျနော့်အသက်က ၃၉ နှစ်ပြည့်တော့မှာပါ" လို့ ပြောဆိုရင်း ဟာလန်းကိုပါ ဂုဏ်တင်ပေးသွားခဲ့ပါတယ်။

ဝိန်းရွန်နီလက်အောက်မှာ ဘာမင်ဂမ်ဟာ ၁၅ပွဲကစားပြီး ၉ ပွဲအထိ အရေးနိမ့်ခဲ့ပါတယ်။ အခု ရွန်နီကို ထုတ်ပယ်ပြီးနောက်မှာ သူတို့က ၃ပ...
18/01/2024

ဝိန်းရွန်နီလက်အောက်မှာ ဘာမင်ဂမ်ဟာ ၁၅ပွဲကစားပြီး ၉ ပွဲအထိ အရေးနိမ့်ခဲ့ပါတယ်။

အခု ရွန်နီကို ထုတ်ပယ်ပြီးနောက်မှာ သူတို့က ၃ပွဲဆက်တိုက်ရှုံးပွဲမရှိအောင် ကစားနိုင်ခဲ့ပါတယ်။

ညကလည်း အက်ဖ်အေဖလားပြန်ကန်ပွဲမှာ ဟူးလ်စီးတီးကိုအနိုင်ရခဲ့ပြီး နောက်တဆင့်ကို တက်ရောက်နိုင်ခဲ့ပါပြီ။

စီးရီးအေမှာ ဂျူဗင်တပ်စ်တို့ ရှုံးပွဲမရှိတာ ၁၅ ပွဲအထိ ရှိလာပါပြီ။ နည်းပြအပြောင်းအလဲတွေလုပ်၊ ကစားသမားသစ်ခေါ်ယူမှုအပိုင်းမှ...
17/01/2024

စီးရီးအေမှာ ဂျူဗင်တပ်စ်တို့ ရှုံးပွဲမရှိတာ ၁၅ ပွဲအထိ ရှိလာပါပြီ။ နည်းပြအပြောင်းအလဲတွေလုပ်၊ ကစားသမားသစ်ခေါ်ယူမှုအပိုင်းမှာလည်း အားနည်း၊ အမှတ်တွေအလျှော့ခံရလိုက်၊ ပြန်အဆင်ပြေလိုက်နဲ့ လုံးလည်ချာလည်လိုက်နေတဲ့ ဒီအသင်းက အံ့အားသင့်ဖွယ်စွမ်းဆောင်ရည်ကို ပြသနေတာပါ။

ဆက်တိုက်ကို နိုင်ပွဲဆက်နေပြီး အခုဆို စီးရီးအေအမှတ်ပေးဖလားအတွက် အင်တာမီလန်နဲ့ပါ အပြိုင်ဖြစ်နေပါပြီ။ အင်တာနဲ့ ၂ မှတ်ပဲ ကွာဟပါတော့တယ်။ ပြီးတော့ ဒီရာသီမှာ ဂျူဗီက ၁ပွဲတည်းသာရှုံးထားပြီး ဒါဟာ အင်တာမီလန်နဲ့အတူတူပါပဲ။ ဂျူဗီတို့ ဒီလောက်ထိ လုပ်ပြလာနိုင်မယ်၊ ခေါင်းထောင်လာမယ်လို့ ဘယ်သူကမှ ထင်ခဲ့တာမဟုတ်ပါဘူး။

ဒီမာရီယာထွက်သွားတယ်၊ ပေါ့ဂ်ဘာကလည်း ပြသနာတွေနဲ့။ အသင်းမှာ နာမည်ကျော်ကစားသမားက နည်းနည်းလာတယ်။ ဒါပေမယ့် ဒန်နီလို၊ ရာဘီယော့၊ ဗလာဟိုဗစ်၊ ဆန်ဒရို၊ ချီယေဆာတို့နဲ့အတူ လူငယ်ကြယ်ပွင့်တွေကို ပေါင်းစပ်ပြီး အယ်လီဂရီက အကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ်။ လက်ရှိ သူတို့ရလဒ်တွေက တကယ် အံ့အားသင့်စရာဖြစ်နေတာ အမှန်ပါပဲ။

မော်ရင်ဟို ထုတ်ပယ်ခံရမှုမှာ အဓိကအကြောင်းရင်းကတော့ အသင်းအတွက် ကစားသမားသစ်တွေ ခေါ်ယူပေးဖို့ရာ မလုပ်ပေးလို့ အဆင်မပြေမှုတွေက...
16/01/2024

မော်ရင်ဟို ထုတ်ပယ်ခံရမှုမှာ အဓိကအကြောင်းရင်းကတော့ အသင်းအတွက် ကစားသမားသစ်တွေ ခေါ်ယူပေးဖို့ရာ မလုပ်ပေးလို့ အဆင်မပြေမှုတွေက အဓိကအချက်လို့ ထင်ပါတယ်။ သူ သတင်းစာရှင်းလင်းပွဲတွေမှာ သူ့အတွက် ကစားသမားတွေ လိုအပ်တယ်ဆိုတာကို ခဏခဏပြောလေ့ရှိပြီး တခြားအသင်တွေနဲ့ ခိုင်းနှိုင်းပြောလေ့ရှိပါတယ်။

ဂွာဒီယိုလာက အရန်ခုံတန်းမှာ တန်ဖိုးကြီးကစားသမားတွေကို ထားထားနိုင်ပြီး ပြန်ရောင်းဖို့တောင် လုပ်နေချိန် သူတို့မှာ မဝယ်နိုင်ဘူးလို့ ပြောဖူးပါတယ်။ ဒါကလည်း အမှန်တရားပါ။ ဒီဘာလာကိုဆိုရင် အလွတ်ခေါ်ယူခဲ့တာဖြစ်ပြီး လူကာကူကလည်း အငှားပါ။ အသင်းအတွက် နာမည်ကျော်ကစားသမား၊ ထိပ်တန်းအဆင့်‌ ကစားသမားတွေ ရိုးမားဘကက် မခေါ်ယူပေးခဲ့ပါဘူး။

အဲဒီကနေ အစပြုပြီး နှစ်ဦးနှစ်ဖက်ကြား အဆင်မပြေမှုတွေ ရှိခဲ့ပြီး လူသိရှင်ကြားသာ မထွက်ပေါ်လာခဲ့တာပါ။ အခု ရလဒ်တွေဆိုးရွားလာခဲ့ပြီးနောက် ဆက်ဆံရေးလည်း ပိုအဆင်မပြေဖြစ်လာပါတယ်။ ဒီနောက် အသင်းပိုင်ရှင်မိသားစုကနေ ထုတ်ပယ်တဲ့ သတင်းထွက်လာခဲ့တာပါ။ မော်ရင်ဟိုကို အလိုရှိနေတဲ့ ဆော်ဒီကလပ်တွေအတွက်တော့ ဒါက သတင်းကောင်းဖြစ်နေမှာ သေချာပါတယ်။

အခုလောက်ဆိုရင်တောင် သူတို့ဘက်က ဆက်သွယ်နေလောက်ပါပြီ။

ဘောလုံးရာသီရဲ့ အရေးကြီးတဲ့ အခိုက်အတန့်မှာပဲ ကျနော့်အဖေက မကျန်းမမာဖြစ်လာတယ်၊ ကျနော်လည်း ဆာအဲလက်စ်ကို "ဘော့စ်၊ ကျနော် နေလိ...
15/01/2024

ဘောလုံးရာသီရဲ့ အရေးကြီးတဲ့ အခိုက်အတန့်မှာပဲ ကျနော့်အဖေက မကျန်းမမာဖြစ်လာတယ်၊ ကျနော်လည်း ဆာအဲလက်စ်ကို "ဘော့စ်၊ ကျနော် နေလို့ထိုင်လို့အဆင်မပြေတော့ဘူး၊ ကျနော် ပေါ်တူဂီပြန်ပြီး အဖေ့ကို သွားကြည့်ချင်တယ်" လို့ ပြောခဲ့လိုက်တယ်။

ဆာအဲလက်စ်ကလည်း "ခရစ္စတီယာနို၊ မင်း ၁ ရက်၊ ၂ရက်၊ ၁ပတ်လောက်အထိ သွားလို့ရတယ်" ဆိုပြီး ကျနော့်ကို ခွင့်ပေးခဲ့ပါတယ်။ ဆာအဲလက်စ်က မယုံနိုင်စရာကောင်းလောက်တဲ့ လူတဦးပါ၊ ကျနော့်အတွက်လည်း သူက ဘောလုံးဖခင်ဖြစ်ခဲ့ပါတယ်။

- ရော်နယ်ဒို

Address

Yangon
11211

Website

Alerts

Be the first to know and let us send you an email when lbet789 Company Limited posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share