21/05/2023
ဒီအပတ်ရဲ့ Knowledge Sharing အနေနဲ့ကတော့ Equalizer ပဲဖြစ်ပါတယ်။ 🤩
အတိုကောက် EQ လို့ခေါ်ပါတယ်။
MG series နဲ့ MGP series တွေမှာပါတဲ့ Low, Mid, High (Fixed EQ) ကိုသုံးပြီး Live Sound မှာ အသုံးဝင်စေမည့် အချက်လေးတွေကို Sharing လုပ်ပေးချင်ပါတယ်။
‼ Instrument တစ်ခုနှင့်တစ်ခုက Frency Range မတူကြပါဘူး.......
ဥပမာအားဖြင့်
Vocal ကို Mid-Range ပိုတင်လိုက်တဲ့အခါမှာ Mid, High Tone လေးတွေက အထူးသဖြင့် ရှင်းပြီးတော့ ရှေ့ပိုထွက်လာပါတယ်။ အဆိုလိုင်းတွေဆိုရင် ပိုသိသာပါတယ်။
အကယ်၍ Low-Range ကိုတင်လိုက်မယ်ဆိုရင် အခြား Low-Range ရှိတဲ့ instrument ကို ဖုံးသွားပြီးတော့ ရှင်းလင်းပြတ်သားတဲ့ အရသာကို မရနိုင်တော့ပါဘူး........
Low Range ကို လိုအပ်တဲ့အတိုင်းအတာထက် ပိုလျော့တဲ့အခါမှာလည်း တခြား instrument တွေက ကြည်လင်ရှင်းတောက်လာပြီး
ယေဘုယျအားဖြင့် အားလုံးခြုံ၍ နားထောင်သည့်အခါ ပိုမိုရှင်းလင်းပြီး နားထောင်လို့ ပိုကောင်းစေပါတယ်။
‼ တစ်ချို့ တူရိယာတွေက သူ့ရဲ့ တိကျသေသပ် , သတ်မှတ်ထားတဲ့ Frequency Range အတွင်းမှာရှိပါတယ်။
တစ်ခု နှင့် တစ်ခုက Frequcy Range တွေမတူညီပဲရှိတဲ့အတွက် Band , Group လိုက်တီးကြတဲ့ Music အမျိုးအစားတွေ ပေါ်လာခြင်းဖြစ်ပါတယ်။
💯 ကျွန်တော်တို့ Audio Engineer တွေရဲ့ အလုပ်က အဲ့တာတွေကို Balance ဖြစ်အောင်လုပ်ပေးရပါတယ်။
နောက်ဆုံးအချက်အနေနဲ့ မှာချင်တာကတော့ EQ ကို Boost လုပ်တာထက် မလိုအပ်တဲ့အရာတွေကို Cut လုပ်ပြီးတော့ အသုံးပြုခြင်းက မှန်ကန်တဲ့နည်းလမ်းပဲဖြစ်ပါတယ်။
ပုံမှာပြထားတဲ့ဇယားအတိုင်း တကယ်လို့ EQ တွေကို Boost တဲ့အခါမှာ ဘာဖြစ်သွားနိုင်လဲ, Cut လုပ်တဲ့အခါ ဘာဖြစ်သွားနိုင်လဲ………?
ဥမာအားဖြင့် High Frequency ကို Boost လိုက်တဲ့အခါမှာ Live ရဲ့အရသာဖြစ်တဲ့ High သံများတယ်ဆိုတဲ့ဟာလေးက ထွက်လာပါတယ်။
တကယ်လို့ Cut လုပ်တဲ့အခါကျရင် Mix တစ်ခုရဲ့ , Band တစ်ခုရဲ့ အရသာမှာ ဘယ်သူတွေက High မှာလိုအပ်နေသလဲဆိုတာကို ပိုပြီးထင်ပေါ်စေပါတယ်.......
Mix ကိုတင်လိုက်တဲ့အခါဆိုရင်လည်း အရှေ့မှာပြောခဲ့သလို Vocal ဆိုရင် အရှေ့ကိုပိုထွက်လာတယ်။
တကယ်လို့ Cut လုပ်မယ်ဆိုရင် သူ့ရဲ့ Tone က ငြိမ်ပြီးတော့ နားထောင်ရပိုကောင်းစေတယ်။
Cut နဲ့ Boost က အမြဲတမ်းလုပ်ရမယ်ဆိုပြီး မရှိပါဘူး
Cut လုပ်ရမည့်အချိန်လည်းရှိသလို Boost လုပ်ရမည့်အချိန်တွေလည်းရှိပါတယ်။ 🙂