Acer for ALL

Acer for ALL Authorized Distributor of Acer in Myanmar

📚💻 နေ့စဉ်သုံးနှင့် လုပ်ငန်းသုံး အကောင်းဆုံးရွေးချယ်မှုအတွက် Acer Aspire Lite (AL15-47P-R5WV)Assignment တွေလုပ်မယ်၊ Prese...
17/09/2026

📚💻 နေ့စဉ်သုံးနှင့် လုပ်ငန်းသုံး အကောင်းဆုံးရွေးချယ်မှုအတွက် Acer Aspire Lite (AL15-47P-R5WV)

Assignment တွေလုပ်မယ်၊ Presentation ပြင်မယ်၊ Excel / Word နဲ့ ရုံးအလုပ်တွေ လုပ်မယ်ဆိုရင် Acer Aspire Lite (AL15-47P-R5WV) ကို စဉ်းစားလိုက်ပါ ✨

⚡ AMD Ryzen™ 3 5400U Processor နဲ့ နေ့စဉ်သုံး Office Work၊ စာသင်ကြားရေးနဲ့ Multitasking အတွက် အဆင်ပြေစေတဲ့ Performance ကိုရစေမှာပါ။

🖥️ 15.6" Full HD IPS Display 1920×1080 Resolution နဲ့ မျက်နှာပြင်ကျယ်ကျယ်၊ ရှင်းလင်းပြတ်သားစွာ အသုံးပြုနိုင်မှာဖြစ်လို့ အကြိုက်တွေ့စေမှာပါ။

🚀 8GB DDR4 RAM + 512GB NVMe SSD ကနေ့စဉ်အသုံးပြုမှုတွေအတွက် မြန်ဆန်ချောမွေ့ပြီး Storage လည်း လုံလောက်လို့ Data တွေစိတ်ကြိုက်သိမ်းဆည်းထားလို့ရပါတယ်။

🎒 1.79kg နဲ့ ပေါ့ပါးတဲ့ Design ဖြစ်တာကြောင့် ကျောင်းသွား၊ ရုံးတက်၊ အပြင်သွားတဲ့အခါ သယ်ဆောင်ရလွယ်ကူပါတယ်။

✨ စာသင်ဖို့ပဲဖြစ်ဖြစ်၊ ရုံးအလုပ်လုပ်ဖို့ပဲဖြစ်ဖြစ် နေ့စဉ်အသုံးပြုဖို့ Laptop တစ်လုံးရှာနေတယ်ဆိုရင် Acer Aspire Lite ကို ရွေးချယ်ကြည့်လိုက်ပါ။

CPU and Chipset: AMD Ryzen™ 3 5400U processor
Graphic: AMD Radeon™ Graphics
Memory: 8GB DDR4 3200 (1 slot free)
Storage: 512GB PCIe NVMe SSD (No slot free, Can be upgraded up to 1TB)
Display: 15.6" Full HD (1920x1080) IPS SlimBezel
We**am: Video conferencing CameraFHDCameraMISC2MFHDCamera_CTE
Wireless and Networking: Wi-Fi 6 + BT
Battery: 53WH Battery
Colour: Lunar Gray
Weight: 1.79kg (3.3 lbs.)
Operation System: Windows 11 Home (64-bit)

💻 လေးလံနေတဲ့ Laptopဟောင်းကြီးနဲ့ ရုန်းကန်နေရတုန်းလား? မျက်နှာပြင်လည်းကျယ်၊ အလုပ်လည်းတွင်မယ့် Acer Aspire Lite ကို ပြောင်...
11/09/2026

💻 လေးလံနေတဲ့ Laptopဟောင်းကြီးနဲ့ ရုန်းကန်နေရတုန်းလား? မျက်နှာပြင်လည်းကျယ်၊ အလုပ်လည်းတွင်မယ့် Acer Aspire Lite ကို ပြောင်းလဲလိုက်ပါ!

🤩နေ့စဉ်ရုံးသုံးလုပ်ငန်းတွေ၊ Online Classes တွေနဲ့ Daily Tasks တွေကို အနှောင့်အယှက်ကင်းကင်း လုပ်ဆောင်ချင်သူတွေအတွက် တန်ဖိုးအရှိဆုံး Acer Aspire Lite (AL15-32P-C5CE) ကို မိတ်ဆက်ပေးပါရစေ...

✨Intel® Celeron® N4500 Processorက နေ့စဉ်လုပ်ငန်းဆောင်တာများကို သွက်လက်ချောမွေ့စွာ အသုံးပြုနိုင်မှာပါ။

👨‍💻15.6” Full HD IPS SlimBezel Displayမျက်နှာပြင်ကျယ်ကျယ်ဖြင့် ကြည်လင်ပြတ်သားစွာ ကြည့်ရှုအလုပ်လုပ်နိုင်ပါတယ်။

✅8GB RAM & 512GB PCIe NVMe SSD နဲ့ Data များကို လျင်မြန်စွာ သိမ်းဆည်းနိုင်ပြီး RAM Slot တစ်ခု အလွတ်ပါရှိလို့ ထပ်မံတိုးမြှင့်နိုင်သလို၊ SSD ကိုလည်း လိုအပ်သလို Upgrade ပြုလုပ်နိုင်ပါတယ်။

🚀မြန်ဆန်တဲ့ အင်တာနက်ချိတ်ဆက်မှု Wi-Fi 6 နဲ့ လုံခြုံရေးအတွက် ကင်မရာကို ပိတ်ထားနိုင်တဲ့ Privacy Shutter ပါဝင်ပါတယ်။

💁‍♂️အလေးချိန်အနေနဲ့လည်း 1.59kgသာ ရှိတာမို့ သယ်ယူရလွယ်ကူပြီး သက်သောင့်သက်သာရှိစေမှာပါနော် ။

💥Specification💥
CPU and Chipset: Intel® Celeron N4500 (Dual-core, base clock 1.10 GHz up to 2.80 GHz turbo)
Graphic: Intel® UHD Graphics
Memory: 8GB DDR4 3200 DDR4 (1 slot free)
Storage: 512GB PCIe NVMe SSD (No slot free, Can be removed & upgraded)
Display: 15.6-inch Full HD (1920 x 1080) IPS SlimBezel Display
We**am: Video conferencing Camera FHD Camera MISC2MFHDCamera_CTE
Wireless and Networking: Wi-Fi 6 + BT
Battery: 45Wh Battery
Colour: Silver
Weight: 1.59kg
Operation System: None

🤔ဖုန်းတွေမှာ Copy တွေ အများကြီး မှတ်ထားလို့ရသလို လက်တော့မှာရော တစ်ခါတည်းနဲ့ စာသားအများကြီး Copy ကူးထားလို့ရတယ်ဆိုတာ သိပြ...
24/08/2026

🤔ဖုန်းတွေမှာ Copy တွေ အများကြီး မှတ်ထားလို့ရသလို လက်တော့မှာရော တစ်ခါတည်းနဲ့ စာသားအများကြီး Copy ကူးထားလို့ရတယ်ဆိုတာ သိပြီးကြပြီလား? 📋✨

✅အလုပ်လုပ်တဲ့အခါ၊ Chat Reply ပြန်တဲ့အခါ သို့မဟုတ် စာရိုက်တဲ့အခါ တစ်ခုပြီးမှ တစ်ခု အမြဲပြန်ကူးနေရလို့ အချိန်ကုန်နေတဲ့သူတွေအတွက် အလွန်အသုံးဝင်မယ့် 'Clipboard History' Tip လေးကို မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။

🤷‍♂️ဘယ်လိုသုံးရမလဲ?
✅ပထမဆုံးအကြိမ် သုံးမယ်ဆိုရင် Windows + V ကို နှိပ်ပေးလိုက်ပါ။ ပြီးရင်တော့ ကိုယ်ကူးချင်တဲ့ စာသားတွေ၊ Link တွေကို ပုံမှန်အတိုင်း Ctrl + C နဲ့ ဆက်တိုက် Copy ကူးသွားလို့ရပါပြီ။

✅လိုအပ်တဲ့အချိန်မှာ Windows + V ကို ပြန်နှိပ်လိုက်ရုံပါပဲ။ ကိုယ်အရင်က Copy ကူးထားတာတွေကို List အနေနဲ့ ပြန်မြင်ရမှာဖြစ်ပြီး လိုချင်တဲ့စာသားကို တစ်ချက်နှိပ်လိုက်ရုံနဲ့ Paste လုပ်နိုင်ပါတယ်။

📌 ဒါ့အပြင် မကြာခဏအသုံးပြုရမယ့် အရေးကြီးတဲ့စာသားတွေကို Clipboard ထဲမှာ Pin လုပ်ထားလို့လည်း ရပါတယ်။ ဒါဆို Clipboard History ရှင်းသွားတဲ့အခါမှာတောင် Pinned Items တွေကို ဆက်ထားနိုင်ပါတယ်။

💡 ဒီ Shortcut လေးက အလုပ်လုပ်တဲ့အခါ အချိန်ကုန်သက်သာစေပြီး Copy/Paste လုပ်ရတာကိုလည်း ပိုမိုလွယ်ကူစေမှာပါ။

ဒီ Shortcut လေးကို ဘယ်သူတွေ အရင်ကတည်းက သုံးဖူးကြလဲ? 👀
မသိသေးတဲ့ သူငယ်ချင်းတွေ သိရအောင် Share လေးလုပ်ပေးသွားပါဦးနော်။ 🤝💻

2TB HDD (vs) 500GB NVMe SSD : ဘယ် Team ကလဲ‌?👀
21/08/2026

2TB HDD (vs) 500GB NVMe SSD : ဘယ် Team ကလဲ‌?👀

⛈️မိုးရာသီလည်း ရောက်လာပြီဆိုတော့ အပြင်သွားရင်း မိုးမိလို့ပဲဖြစ်ဖြစ်၊ ရုံးမှာ/အိမ်မှာ အလုပ်လုပ်ရင်း သောက်စရာ တစ်ခုခု မတော...
15/08/2026

⛈️မိုးရာသီလည်း ရောက်လာပြီဆိုတော့ အပြင်သွားရင်း မိုးမိလို့ပဲဖြစ်ဖြစ်၊ ရုံးမှာ/အိမ်မှာ အလုပ်လုပ်ရင်း သောက်စရာ တစ်ခုခု မတော်တဆ ဖိတ်ကျလို့ပဲဖြစ်ဖြစ် မိမိတို့ရဲ့ တန်ဖိုးကြီး Laptop တွေ ရေစိုတာမျိုး ကြုံဖူးကြပါလိမ့်မယ်။

🤔ဒီလိုအရေးပေါ်အခြေအနေမျိုးမှာ ထိတ်လန့်ပြီး ဘာလုပ်ရမှန်းမသိဖြစ်တာ၊ အချိန်မီ မှန်ကန်စွာ မလုပ်ဆောင်မိတာနဲ့ Motherboard နဲ့ အခြား အစိတ်အပိုင်းတွေ ပျက်စီးပြီး ကုန်ကျစရိတ်ကြီးမားသွားနိုင်ပါတယ်။ ဒါကြောင့် အောက်ပါအချက်တွေကို ချက်ချင်းလုပ်ဆောင်သင့်ပါတယ်နော် -

၁။ ချက်ချင်း Power ပိတ်ပြီး Battery ဖြုတ်ပါ
Laptop ကို ချက်ချင်း Power ပိတ်ပြီး Charger ဖြုတ်ပါ။ ဖြုတ်လို့လွယ်တဲ့ Removable Battery ဖြစ်ပါက Battery ကိုလည်း ချက်ချင်းဖြုတ်ထားပါ။ Built-in Battery ဖြစ်ပြီး ကိုယ်တိုင်ဖြုတ်ဖို့ မသေချာပါက Laptop ကို ဖွင့်ပြီး Battery ဖြုတ်ဖို့ မကြိုးစားဘဲ Power ပိတ်ထားသင့်ပါတယ်။

၂။ ရေစစ်ထုတ်ရန် ဇောက်ထိုး / ဘေးစောင်းထားပါ
Laptop ကို ဘေးတစောင်း (သို့) ဇောက်ထိုးအနေအထား (V-Shape ပုံစံ) နဲ့ ခဏထောင်ထားပြီး အထဲက ရေတွေ စီးကျထွက်သွားအောင် ပြုလုပ်ပေးပါ။ ဒီအချိန်မှာ စက်ကို လှုပ်ခါတာ၊ အားနဲ့ခါတာမျိုး မလုပ်ပါနဲ့နော်။

၃။ ❌ Hair Dryer လုံးဝ မသုံးပါနဲ့
အများစု မှားတတ်တာက Hair Dryer နဲ့ မှုတ်တာပါပဲ။ အပူချိန်လွန်ကဲသွားတဲ့အခါ Motherboard၊ Battery နဲ့ အခြားအစိတ်အပိုင်းတွေ ပျက်စီးနိုင်ပြီး စက်ရဲ့ လုပ်ဆောင်စွမ်းတွေ သိသိသာသာ ကျဆင်းသွားစေနိုင်ပြီး နောက်ဆက်တွဲ ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။

🛠️ အကယ်၍ အထဲအထိ ရေဝင်သွားလို့ စိတ်မချရဘူးဆိုရင် ကိုယ်တိုင် ဆက်မပြင်တော့ပဲ နီးစပ်ရာ Service Center ဆီ အမြန်ဆုံးသွားပြီး ကျွမ်းကျင်ပညာရှင်များနဲ့ စစ်ဆေးပြင်ဆင်လိုက်တာက အကောင်းဆုံးဖြစ်ပါတယ်ခင်ဗျာ။

🩷Laptop သုံးစွဲသူတိုင်း ဒါလေးတွေတော့သိထားရမယ်နော်🌟Battery ကို စနစ်တကျ အသုံးပြုခြင်း• အမြဲတမ်းအားသွင်းထားတာ ရှောင်ပါ၊ အား...
07/08/2026

🩷Laptop သုံးစွဲသူတိုင်း ဒါလေးတွေတော့သိထားရမယ်နော်

🌟Battery ကို စနစ်တကျ အသုံးပြုခြင်း

• အမြဲတမ်းအားသွင်းထားတာ ရှောင်ပါ၊ အားကုန်အောင်လည်း မသုံးပါနဲ့။ Lithium-ion battery တွေဟာ အား 20% ကနေ 80% ကြားမှာရှိနေတဲ့အချိန် အကောင်းဆုံး အလုပ်လုပ်ပါတယ်။ အား 100% ပြည့်ပြီး အားသွင်းကြိုးကို ဆက်တပ်ထားတာက ရေရှည်မှာ ဘက်ထရီအတွက် မကောင်းပါဘူး။ ဘက်ထရီ ၁၀၀% အပြည့်အနီးကပ်မသုံးပါနဲ့ (၈၀-၉၀% အတွင်းထားပါ) အကြာကြီး Adapter နဲ့ချိတ်သုံးနေရင် Battery Limit Setting (သို့) Charge Threshold ကို ၆၀-၈၀% ထားပါ။ တစ်ပတ်တစ်ခါ ဘက်ထရီကို ၂၀% အောက်မရောက်အောင် Discharge/Recharge ပြုလုပ်ပေးပါ။
• အားသွင်းစဉ်မှာ သုံးတာကို လျှော့ပါ။ အားသွင်းနေတုန်း Laptop ကို လေးလံတဲ့အလုပ်တွေ (ဥပမာ- ဂိမ်းကစားတာ၊ ဗီဒီယို editing လုပ်တာ) သုံးရင် ဘက်ထရီနဲ့ Laptop ပိုပူလာပြီး ဘက်ထရီသက်တမ်းကို လျှော့ချနိုင်ပါတယ်။
________________________________________
🌟Laptop အတွင်းပစ္စည်းများကို အပူလွန်ကဲမှုမှ ကာကွယ်ခြင်း

• လေဝင်လေထွက်ကောင်းတဲ့ နေရာမှာထားပါ။
• Cooling Pad အသုံးပြုပါ။ ဂိမ်းဆော့တာတို့၊ တစ်နေကုန် အလုပ်လုပ်ရတာမျိုးတို့ဆိုရင် Laptop Cooling Pad တစ်ခုခုကို အသုံးပြုတာက အပူလွန်ကဲမှုကို ကာကွယ်ပေးနိုင်ပါတယ်။
• ပုံမှန်ဖုန်သန့်ရှင်းရေး လုပ်ပါ။ Laptop ရဲ့ လေဝင်ပေါက်တွေမှာ ဖုန်တွေပိတ်နေတာက အပူလွန်ကဲမှုရဲ့ အဓိကအကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။ တစ်နှစ်တစ်ခါလောက် အတွင်းပိုင်းသန့်ရှင်းရေး လုပ်ပေးနိုင်ရင် ပိုကောင်းပါတယ်။ ကိုယ်တိုင်မလုပ်တတ်ရင် Authorized Service Center ကိုပဲသွားတာ အကောင်းဆုံးပါပဲ။
________________________________________
🌟Hard Drive နဲ့ Software ပိုင်းဆိုင်ရာ ထိန်းသိမ်းနည်း

• Disk ကို ပုံမှန် Defragment လုပ်ပါ။ (SSD တွေအတွက်မလိုပါ။) - Performance ပိုင်း အတွက် SSD သုံးထားရင် space ကို ၁၀-၂၀% လောက် ချန်ထားပါ
• Hard Drive ကို ပုံမှန် Defragment လုပ်ပေးတာက Hard Drive ရဲ့ အလုပ်လုပ်နှုန်းကို မြန်ဆန်စေပြီး သက်တမ်းလည်း ရှည်စေပါတယ်။
• မလိုအပ်တဲ့ Software တွေကို ဖြုတ်ပါ။ မလိုအပ်ဘဲ install လုပ်ထားတဲ့ Software တွေက Laptop ကို နှေးကွေးစေပြီး အလုပ်လုပ်နှုန်းကို ကျစေပါတယ်။
• Antivirus Software ထည့်သွင်းပါ။ Virus ဒါမှမဟုတ် Malware တွေ ဝင်ရောက်တာကို ကာကွယ်ဖို့အတွက် နာမည်ကြီးပြီး ယုံကြည်ရတဲ့ Antivirus Software တစ်ခုခုကို အသုံးပြုပါ။
________________________________________
🌟Laptop ကို သယ်ဆောင်ရာတွင် သတိထားရမည့်အချက်များ

• Laptop Bag/Sleeve ကို အသုံးပြုပါ။ Laptop ကို ဘေးကင်းလုံခြုံတဲ့ Bag ဒါမှမဟုတ် Case ထဲထည့်ပြီးမှ သယ်ဆောင်ပါ။
• တိုက်မိခိုက်မိတာမျိုး ရှောင်ပါ။ Laptop ကို ချော်ကျတာ၊ ခိုက်မိတာမျိုး မဖြစ်အောင် သတိထားပါ။ ဒါတွေက အတွင်းပိုင်းက ပစ္စည်းတွေကို ထိခိုက်စေပြီး Laptop ကို အလုပ်မလုပ်နိုင်အောင် ဖြစ်စေနိုင်ပါတယ်။
________________________________________
🌟အခြား လုပ်ဆောင်သင့်သည့်အချက်များ

• Laptop ပိတ်တဲ့အခါ Screen & Keyboard ကြား အမှိုက်မဝင်အောင် Keyboard Cover ခံသုံးလျင် ပိုအဆင်ပြေပါတယ်။
• ဖြစ်နိုင်လျင် Original Charger ပဲသုံးပါ။ အားပြည့်နေရင် Adapter ကို ချက်ချင်းဖြုတ်ပါ (Overcharging က ဘက်ထရီကို ပျက်စီးစေနိုင်ပါတယ်)။
• ခဏမသုံးပဲထားတာဆိုရင် **Sleep Mode On ထားပါ၊
• ညဘက်‌တွေ မသုံးတော့ရင်တော့ Shut Down (သို့) *Hibernate လုပ်ပါ။
• ကြာရှည်အသုံးခံဖို့ ၂-၃ နှစ်တစ်ခါ Thermal Paste လဲပေးပါ။ ဘက်ထရီအားနည်းလာရင် Manufacturer ဆီက Official Battery နဲ့အစားထိုးပါ။

💁ဒီအချက်တွေကို လိုက်နာမယ်ဆိုရင်တော့ သင့်ရဲ့ Laptop ကို အချိန်ကြာကြာ အကောင်းဆုံး အခြေအနေမှာ သုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်💚

🌕 ဝါဆိုလပြည့်နေ့ အခါသမယတွင်ကုသိုလ်တရားများ တိုးပွား၍ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး မိသားစုတိုင်း ဘေးရန်ကင်းရှင်းကာ မင်္ဂ...
29/07/2026

🌕 ဝါဆိုလပြည့်နေ့ အခါသမယတွင်

ကုသိုလ်တရားများ တိုးပွား၍ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး မိသားစုတိုင်း ဘေးရန်ကင်းရှင်းကာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း Acer For ALL မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

🙏 မင်္ဂလာရှိသော ဝါဆိုလပြည့်နေ့ ဖြစ်ပါစေ။

🧑‍💻 စားပွဲပေါ် နေရာသက်သာပြီး လုပ်ငန်းသုံးအတွက် စွမ်းဆောင်ရည်အပြည့်နဲ့ အသုံးပြုနိုင်မယ့် Acer Aspire C24-1800 All-in-One ...
21/07/2026

🧑‍💻 စားပွဲပေါ် နေရာသက်သာပြီး လုပ်ငန်းသုံးအတွက် စွမ်းဆောင်ရည်အပြည့်နဲ့ အသုံးပြုနိုင်မယ့် Acer Aspire C24-1800 All-in-One PC!

💞စားပွဲပေါ်မှာ ကြိုးတွေရှုပ်ပွပြီး အလုပ်လုပ်ရတာ စိတ်အနှောင့်အယှက်ဖြစ်နေပြီလား? Acer Aspire C24-1800 နဲ့ Workspace ကို သပ်ရပ်လှပအောင် ပြောင်းလဲလိုက်ပါ။

✅Intel Core i5-1334U (Up to 4.50GHz) ပါဝင်တဲ့အတွက် ရုံးသုံး Software တွေ၊ Excel စာရင်းဇယားတွေနဲ့ လုပ်ငန်းသုံး App တွေကိုချောချောမွေ့မွေ့ နဲ့ လျင်မြန်စွာ လုပ်ဆောင်နိုင်မှာပါ။

✅16GB RAM နဲ့ 512GB PCIe SSD ပါဝင်လို့ Tab တွေ အများကြီးဖွင့်သုံးတာ၊ Software တွေ တပြိုင်နက်တည်း ဖွင့်တာတွေလုပ်ရင်တောင် ကွန်ပျူတာလေးခြင်း၊ နှေးခြင်း လုံးဝမရှိပါဘူး။

✅23.8" FHD (1080P) Display နဲ့ မျက်နှာပြင်ကျယ်ကြီး ပါရှိတဲ့အတွက် အလုပ်လုပ်တဲ့အခါ အာရုံအရမ်းစိုက်စရာမလိုပဲ ရှင်းလင်းပြတ်သားတဲ့ ရုပ်ပုံများကို မြင်တွေ့ရစေပါတယ်။

✅လုံခြုံရေးအတွက် Privacy Shutter ပါတဲ့ 5MP We**am, Wireless Copilot Keyboard & Mouse နဲ့ အသံထွက်ကောင်းမွန်တဲ့ Internal Speaker များ အစုံအလင် ပါပြီးသားဖြစ်လို့ ချက်ချင်း အဆင်ပြေပြေ အသုံးပြုနိုင်မှာပါနော်။

✨Specification✨
Intel Core i5 - 1334U Processor ( 5 Cores ( 1P+4E ) , 6 Threads ) ( 10MB Smart Cache, up to 4.50GHz )
Intel UHD Graphics
16GB DDR4 3200 MHz Memory , 512GB PCIE SSD
: 23.8"FHD Monitor FHD 1080P
USB 2.0,3.0, HDMI, Card Reader, GBLAN
5MP FHD We**am with privacy shutter
Wireless Copilot Keyboard , Wireless Mouse and Internal Speaker

🌧️ မိုးတွင်းမှာ Computer တွေကို ဘယ်လိုထိန်းသိမ်းသင့်လဲ? 💻မိုးရာသီမှာ စိုထိုင်းဆနဲ့ လျှပ်စစ်မီးအား မတည်ငြိမ်မှုတွေ ကြောင့...
17/07/2026

🌧️ မိုးတွင်းမှာ Computer တွေကို ဘယ်လိုထိန်းသိမ်းသင့်လဲ? 💻

မိုးရာသီမှာ စိုထိုင်းဆနဲ့ လျှပ်စစ်မီးအား မတည်ငြိမ်မှုတွေ ကြောင့် Computer နဲ့ Laptop တွေဟာ မမြင်ရတဲ့ ထိခိုက်မှုတွေ ကြုံရနိုင်ပါတယ်။ အောက်ပါအချက်လေးတွေကို ဂရုစိုက်ပေးရုံနဲ့ သင့်စက်ရဲ့ စွမ်းဆောင်ရည်နဲ့ သက်တမ်းကို ပိုမိုကြာရှည်စေနိုင်ပါတယ်။

🔹 စိုထိုင်းဆများတဲ့နေရာကို ရှောင်ပါ
ပြတင်းပေါက်နား၊ နံရံစိုတဲ့နေရာတွေမှာ ပေါ့ပေါ့တန်တန်မထားသင့်ပါဘူး။ အစိုဓာတ်ကြောင့် Hardware အစိတ်အပိုင်းတွေ ပျက်စီးနိုင်ပါတယ်။

🔹 Surge Protector (သို့) UPS အသုံးပြုပါ
မိုးကြိုးပစ်ခြင်းနဲ့ လျှပ်စစ်မီးအား မတည်ငြိမ်မှုကြောင့် ဖြစ်လာနိုင်တဲ့ Hardware ပျက်စီးမှုကို လျှော့ချပေးနိုင်ပါတယ်။

🔹 လေဝင်လေထွက်ကောင်းအောင်ထားပါ
Computer ရဲ့ လေထွက်ပေါက်တွေကို မပိတ်စေဘဲ လေဝင်လေထွက်ကောင်းတဲ့ နေရာမှာ အသုံးပြုပါ။

🔹 အရည်များကို Computer အနီးမှာ မထားပါနဲ့
ရေ၊ ကော်ဖီ၊ လက်ဖက်ရည် စတဲ့ အရည်တွေ ဖိတ်ကျရင် Keyboard နဲ့ Mainboard ထိခိုက်နိုင်ပါတယ်။

🔹 ရေစိုနေတဲ့လက်နဲ့ မကိုင်တွယ်ပါနဲ့ လက်ကို အရင်ခြောက်အောင် သုတ်ပြီးမှ Keyboard၊ Mouse နဲ့ Power Button တွေကို ကိုင်တွယ်ပါ။

🔹 ဖုန်နဲ့ အစိုဓာတ်တွေ မစုအောင် သန့်ရှင်းရေးလုပ်ပါ
Cooling Fan နဲ့ Air Vent တွေမှာ ဖုန်များလာရင် အပူချိန်မြင့်တက်ပြီး စက်ရဲ့ စွမ်းဆောင်ရည် ကို ထိခိုက်စေနိုင်ပါတယ်။

🔹 Backup ကို ပုံမှန်လုပ်ထားပါ
အရေးကြီးတဲ့ ဖိုင်တွေကို Cloud Storage (သို့) External Drive ထဲမှာ ပုံမှန် Backup ထားပေးတာက မမျှော်လင့်ထားတဲ့ ပြဿနာတွေ ကြုံလာရင် Data ဆုံးရှုံးမှုကို လျှော့ချပေးနိုင်ပါတယ်။

✅ Computer ကို မိုးရာသီမဟုတ်တဲ့အချိန်မှာပဲ ဂရုစိုက်ရမှာ မဟုတ်ပါဘူး။ မိုးတွင်းမှာ Computer ကို ပုံမှန်ထက်ပိုပြီးထိန်းသိမ်းပေးတာက ပြုပြင်စရိတ်ကို လျှော့ချနိုင်သလို စက်ရဲ့ စွမ်းဆောင်ရည်နဲ့ အသုံးခံသက်တမ်းကိုလည်း ပိုမိုကြာရှည်စေပါတယ်။

🤔 မိုးတွင်းမှာ သင်အမြဲလုပ်ဖြစ်တဲ့ Computer Care Tip တစ်ခုရှိရင် Comment မှာ မျှဝေပေးခဲ့ပါဦးနော် ။

🤔Intel လား၊ AMD လား? သင့်အတွက် အကောင်းဆုံးကို ဒီလိုခွဲခြားပြီး ရွေးချယ်ပါ!CPU ဝယ်တော့မယ်ဆိုရင် လူအများဆုံးမေးတဲ့ မေးခွန်...
13/07/2026

🤔Intel လား၊ AMD လား? သင့်အတွက် အကောင်းဆုံးကို ဒီလိုခွဲခြားပြီး ရွေးချယ်ပါ!

CPU ဝယ်တော့မယ်ဆိုရင် လူအများဆုံးမေးတဲ့ မေးခွန်းကတော့...

💙 Intel လား?
❤️ AMDလား? ဆိုတာပါပဲ။

အဖြေကတော့ "သင်ဘာအတွက် အသုံးပြုမလဲ?"ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။

💙 Intel ကိုရွေးသင့်တဲ့သူ

✅ Office / Business အသုံးပြုသူများ
✅ Adobe Premiere Pro နဲ့ Video Editing လုပ်သူများ (Intel Quick Sync ကို အသုံးချနိုင်သူများ)
✅ Compatibility ကောင်းပြီး နေ့စဉ်အသုံးပြုမှုမှာ မြန်ဆန်တဲ့ Response ကို လိုချင်သူများ
✅ Everyday Use နဲ့ Productivity ကို မြန်ဆန်စွာ အသုံးပြုလိုသူများ

❤️ AMD ကိုရွေးသင့်တဲ့သူ

✅ Budget အလိုက် Gaming Performance ကောင်းတဲ့ CPU ကို ရှာဖွေနေသူများ
✅ Multi-Core Performance လိုအပ်တဲ့ Video Editing၊ 3D Rendering နဲ့ Content Creation Workflow များကို အဓိကလုပ်ဆောင်သူများ
✅ Multitasking (Application အများကြီး တစ်ပြိုင်နက်တည်း အသုံးပြုသူများ)
✅ Price-to-Performance ကောင်းတဲ့ CPU ကို ရှာဖွေနေသူများ

💡 သိထားသင့်တဲ့အချက်

❌ Intel က Video Editing ပဲကောင်းတယ် လို့ မဟုတ်ပါဘူး။
❌ AMD က Rendering ပဲကောင်းတယ် လို့လည်း မဟုတ်ပါဘူး။

ယနေ့ခေတ် Intel နဲ့ AMD CPU နှစ်မျိုးလုံးက Gaming၊ Video Editing နဲ့ Content Creation တွေမှာ စွမ်းဆောင်ရည်ကောင်းမွန်ပါတယ်။

ကွာခြားချက်ကတော့
💙 Intel → Quick Sync ပါဝင်တဲ့ Model များမှာ Video Export နဲ့ Streaming Workflow တချို့အတွက် အချိန်သက်သာစေနိုင်ပါတယ်။
❤️ AMD → Core/Thread များသော Ryzen Processor အချို့က Rendering နဲ့ Multitasking မှာ အားသာနိုင်ပါတယ်။

📌 နောက်ဆုံးအကြံပြုချက်အနေနဲ့
CPU ရွေးတဲ့အခါ Brand ထက် Generation နဲ့ Model ကို ပိုအရေးကြီးစဉ်းစားပါ။
✅ Office / Business → Intel နဲ့ AMD နှစ်မျိုးလုံး အဆင်ပြေပါတယ်။ (Software နဲ့ Budget အလိုက် ရွေးချယ်ပါ)
✅ Video Editing → Intel Quick Sync အသုံးချနိုင်တဲ့ Workflow တွေအတွက် Intel က အားသာနိုင်ပြီး၊ Rendering အလုပ်များတဲ့ Workflow တွေမှာ AMD Ryzen Model အချို့ကလည်း အလွန်ကောင်းပါတယ်။
✅ Gaming → Gaming Performance ကို CPU တစ်ခုတည်းက မဆုံးဖြတ်ပါဘူး။ GPU၊ RAM နဲ့ SSD တို့ကိုလည်း တွဲဖက်စဉ်းစားသင့်ပါတယ်။

သင်ဆိုရင် Intel 💙 လား? AMD ❤️ လား?

ရွေးချယ်ရတဲ့ အကြောင်းရင်းကို Comment မှာ မျှဝေပေးခဲ့ပါဦးနော်။

Address

No(200, 208), Room No(002) 35th Street (Upper Block) Kyauktada Township
Yangon

Alerts

Be the first to know and let us send you an email when Acer for ALL posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share