YK Ko Zaw Tun

YK Ko Zaw Tun Our goal is your Satisfying

18/05/2026

ဗိစ်မိလ္လာဟ်-BSML-CATTLE FARM
# "Alhamdulillah" #‘’ Mashallah" #သန်လျင် #အုပ်ဖိုစုငပလမ်း #0943056267

ကျောက်တစ်လုံးကို ကြည့်ရင် သေသေချာချာကြည့်ပါမျိုးတန်းမရပဲ ဝယ်ပြီး လျှောက်ဖြတ်နေလို့ကတော့ဖြတ်ခုံမှာထားခဲ့ရတာပဲရှိမယ် အသားမ...
27/10/2022

ကျောက်တစ်လုံးကို ကြည့်ရင် သေသေချာချာကြည့်ပါ
မျိုးတန်းမရပဲ ဝယ်ပြီး လျှောက်ဖြတ်နေလို့ကတော့
ဖြတ်ခုံမှာထားခဲ့ရတာပဲရှိမယ်
အသားမရရင်ဘာမှလုပ်လို့မရဘူး
ဘယ်လိုင်းမှာပဲနေနေ ကျောက်မှာ အသားကအဓိက မိန်း ပဲ

ကျောက်မျိုးတန်းရမှ အသားရမှာ
အသားရမှ အရည်ကလည်း လှမှာ
အရည်အသား ကလည်းလှမှ လူကြိုက်များမှာ
လူကြိုက်များမှလည်း ပိုက်ဆံကကောင်းကောင်းရမှာ
ပိုက်ဆံကောင်းကောင်းရမှလည်း ချမ်းသာလာမှာ

Ge Splain အတွက်တော့ ဝါသနာနဲ့အလုပ်လုပ်ပါတယ် ချမ်သာဖို့ဆိုတာထက်☺😊😇

၁။ ယမ်းညီလား ယမ်းမှုံလား ယမ်းကကြမ်းနေလား
ယမ်းစိလား ယမ်းတွေက ဆော့နေလား
ယမ်းတွေကကြည်ပြီးလင်းအားရှိလား ( သေချာကြည့်ပါ )

ယမ်းကဟင်းချိုမှုန့်ထက်ကြီးရင်(မဝယ်နဲ့ပျက်ဖို့ကများတယ်)
ယမ်းတွေက လာရာမတူရင် ( မဝယ်နဲ့ပျက်ဖို့များတယ် )
ယမ်းချောင်းတွေက ကြီးနေရင် ( မဝယ်နဲ့ပျက်ဖို့များတယ်)
ယမ်းတွေ မညီရင် ( မဝယ်နဲ့ပျက်ဖို့ကများတယ် )
ယမ်းတွေက လင်းအားမရှိရင် ( မဝယ်နဲ့ ပျက်ဖို့ကများတယ်)

ရေမစွတ်ခင်ကြည့်ပါ ရေစွတ်လိုက်ရင်
ယမ်းကိုကြည့်ရတာခက်သွားပြီ

၂ ။ အခွံကာလာက မွဲခြောက်နေလား
ဟိုတစ်ကွက်ဒီတကွက်စိုတာလေးပဲရှိနေတာလား
အခွံကြပ်နေလား အခွံရွလား
တစ်တုံးလုံး စိုပြီး ညီနေလား သေချာကြည့်ပါ။

အခွံမွဲခြောက်ပြီးကာလာမညီရင်( မဝယ်နဲ့ပျက်ဖို့ကများတယ်)
အခွံကြပ်နေရင်လည်း ( မဝယ်နဲ့ပျက်ဖို့ဖို့များတယ် )
အခွံကာလာစိုပြီးညီနေတာလေးတွေကိုရွေးပြီးဝယ်ပါ

၃။ ဝိတ်လည်းစီးပြီး အထိုင်လှတာလေးတွေရွေးဝယ်ပါ
၄ထောင့်စက်စက်ကျပြီး အရမ်းလှနေတာမျိုးလည်းမရွေးနဲ့
၂ထောင်ကျတာတွေက ကောင်းတာများတာတွေ့ရတယ်

၄။ မီးထိုးလိုက်ရင် မီးပေါက်တာကို သေသေချာချာကြည့်ပါ
နု လင်းလား ကျဲ လင်းလား ချွဲနေတာလား ကျောက်ဆီရှိလား
ဆန်းပေါက်လား နက်ပေါက်လား မန်းလား သေချာကြည့်ပါ

၅။ မန်းက ဘယ်ကလာတာလည်း ဘယ်ထိသွားမှာလည်း
အရည်မန်းလား အသားမန်းလား ကြည့်တတ်ရပါမယ်

မျိုးလား မျိုးဝါရည်လား ပဲရည်လား ပဲအသားနက်လား
ဇိမ်းရည်လား အဖြောင့်လား အရွှင်အတောက်လား
အဝါရည်လား ဇိမ်းဝါလား လန့်လား ဂျိတ်လား
ဘာကာလာလည်း အသားခံစိမ်းလား အသားခံညစ်လား
ရိပ်လား သေချာကြည့်တတ်ရပါမယ်

(သို့မဟုတ် )ကောက်ရော့
လား အခွံစိမ်းတာလား မောက်ရည်လား သေသေချာချာ
ကြည့်ပါ အသားကျောက်ကိုဝယ်ပြီးအရည်ပါဖို့မမျှော်နဲ့

၆။ဘယ်မှော်ကထွက်တာလည်း မှော်မှာကလည်း
ဖြတ်သင့်တာ မဖြတ်သင့်တာ ဆိုတာ ကလည်း ခရာကျတယ်
မှော်ရဲ့ သန္ဓေ နဲ့လည်းဆိုင်တယ်
သူဇ နဲ့သူလာကြတာ
အထက်မှော်တွေက ကြောက်ရတယ် ကောင်းမှရမှာ
နတ်မှော်လိုမျိုးက ဖြတ်ရင် ပြစ်ရတာကများတယ်
မှော်ဝမ်းကျောက်တွေ မှော်မောင်းလျန် တို့လိုကျောက်တွေ
က ယမ်းလင်းအား မရှိရင်တောင် ဖြတ်လို့ရပေမည့်
မှော်ဆီဆာလိုကျောက်က လင်းအားကောင်းမှ
သေးရင်စွာပြီး ကြီးရင် အသွားပြန်ရော
အရည်ကျောက်ဆိုတာ တော်တော်ကို ရှားတယ်
ခန်းတီးဆိုရင် အနာကအရမ်းများတယ်
ကျောက် ထွက်တဲ့ အကြောနဲ့လည်းဆိုင်တယ်

၇။ ကျောက်ရဲ့အသားတန်းအဆင့် ကိုကြည့်ပြီး
နားလည်ရပါမယ်
အသားတန်း မှာ ကောင်းရင်ကောင်းသလို စျေးရပါမယ်
ငချိတ်မှာလည်း အသားကောင်းရင် စျေးရသလို
မောက်သားမှာလည်း အသားကြည်ပြီးကောင်းရင်စျေးရပါတယ် ပေါလိ မှာလည်း သူအဆင့်နဲ့ သူ ရှိပါတယ်
ဒီတိုင်းပြန်ရောင်းရမလား ဆေးပြီးရောင်းရမလား
ကွမ်ပြီးရောင်းရမလားဖြတ်ပြီးရောင်းရမလား စဥ်းစားပါ
လက်ကောက်လိုင်းရလား အပွင့်လိုင်းရလား
ပုတီးပန်းပုလိုင်းရလား အချပ်လိုင်းရလား
ဘယ်လိုင်းနဲ့ ကိုက်မလည်း အယူအဆက အရေးကြီးပါတယ်
အပွင့်သွေးတာလွယ်ပေမည့် အယူအဆကိုစဥ်းစားရပါမယ်

၈။ ပြချက်တွေကို လည်းသေသေချာချာကြည့်ရပါမယ်
အပြစ်အနာအဆာတွေကို သေသေချာချာကြည့်ရပါမယ်
အပြစ်အနာအဆာများနေရင်
၃မျိုးလောက်ကိုပါနေရင် မဝယ်နဲ့တော့
ရိုက်ပဲ့ဖြစ်ဖြစ် လှိုပဲ့ဖြစ်ဖြစ် ဘာအပဲ့မှ ဖြစ်နိုင်ရင် မဝယ်နဲ့
ရှင်းအောက် မြခိုတယ်ဆိုတာ ရှင်းအောက်မှာရှိနေမှ
ရှင်းပါတိုင်းမြမခိုဘူး ပြစ်ရတာပဲများတာ
ထုံလန်တဲ့ ကျောက်ဆိုတာ မရှိဘူး
ထုံကပန်းပုထုဖို့အတွက် တရုတ်ကပဲဝယ်တယ်

၉။ ဖြတ်နန်း တစ်ချက်ကလည်း အရေးကြီးပါတယ်
ရာကျောက်ကလည်း ဆယ်ကျောက်ဖြစ်သွားနိုင်သလို
ဆယ်ကျောက်ကလည်း ကျပ်ပိုင်းဖြစ်သွားနိုင်ပါတယ်

၁၀။ ရလာတဲ့ တစ်စတို့ အပွင့် တို့ကို ဘယ်ပွဲစားကို
အပ်မလည်း ယုံကြည်စိတ်ချရဖို့လည်း လိုပါတယ်
ဘယ်သူက ဘယ်လိုင်းကိုင်တာလည်း
ကျပ်ပိုင်းကိုတဲ့သူကို ရာပိုင်း အစီး သွားအပ်လို့မရဘူး
ပွဲညွှန့်ခုတ်တာလည်းရှိကြသလို ယူပြေးတာလည်းရှိပါတယ် အဓိက ယုံကြည်စိတ်ချရတဲ့သူဖြစ်ဖို့လိုတယ်
စျေးရအောင် ပွဲတိုက်ပေးတဲ့သူလည်း ဖြစ်ဖို့လိုပါတယ်

၁၁။ ဘယ်လောက်တန်လည်း ဘယ်လောက်ဝယ်ရမလည်း
ဘယ်လောက်ပြန်ရောင်းစားရမလည်း ဆိုတာကို သိဖို့ဆိုတာ
ကလည်း စျေးကွက်ထဲမှာ ရှိနေမှ သိနေမှ ရပါမယ်
မဟုတ်ရင် ဆုံးရှုံး နှစ်နာရပါလိမ့်မယ်
ကိုယ်ရောင်းခဲ့ဘူးတဲ့ ကျောက်တွေနဲ့လည်း ချိန်ထိုးရတာပါ

၁၂။ အဓိက အမြင်အထင်ကို သေသေချာချာကြည့်ပြီးမှ
အာရုံနဲ့ စိတ်တိုင်းကျမှ ဝယ်ရတဲ့မျိုးပါ
အွန်လိုင်းကနေ ဘာကောင်းတယ် ဆိုတဲ့ တစ်သိန်းတန်တဲ့
ကျောက်ကို ဆယ်သိန်းတန် ဖြစ်သွားအောင် ရိုက်ပြလို့
ရတဲ့ ဖုန်း နဲ့ ရိုက်ပြတာကို ဘာမှန်းမသိပဲ မမြင်ရတာကို
အပြောတွေကိုယုံပြီး ဝယ်ရင်တော့အောင်ဖို့ထက်ကုန်ဖို့ပဲ
များမှာပါ

မှတ်ချက် ။ ရေးထားတဲ့ အကြောင်းအရာတွေထဲမှာ
သဘောကျလို့ မှန်နေရင် ကျွန်တော်ဆရာတွေတော်ပြီး
မှားနေရင်လည်း ကျွန်တော် ရဲ့ လေ့လာမှတ်သားထားမှုဟာ
အားနည်းနေသေးလို့ ညံ့ဖျင်းကြောင့်သာ ဖြစ်ပါတယ်😊😊😊

ကျေးဇူးပါ အောင်ကျောက်များ ရ ရှိပိုင်ဆိုင်ကြပါစေ။

21/10/2022

မောစီစာ အကျွတ်လေး တန်တန်လေးရမည် - Sold-Out ❤️ 💗 (၂၀၀ သိန်း) ph: 09440028385

Address

သန်လျှင်-အုတ်ဖိုစု-ငပလမ်း/ရာပြတ်တံတားအနီး
Yangon
11221

Telephone

+95943056267

Website

Alerts

Be the first to know and let us send you an email when YK Ko Zaw Tun posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share