Y.E.Z Solutions

Y.E.Z Solutions Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Y.E.Z Solutions, Information Technology Company, No 10/12, Room(104)/1st Floor, Corner of Upper Pazundaung Road and Bogyoke Road, Pazundaung Township., Yangon.

မွန်မြတ်တဲ့ အစဉ်အလာ၊ကောင်းမွန်တဲ့ အလေ့အထများရှိတဲ့ သီတင်းကျွတ်အခါသမယလေး ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ဒီသီတင်းကျွတ်အချိန်အခါလေ...
06/10/2025

မွန်မြတ်တဲ့ အစဉ်အလာ၊
ကောင်းမွန်တဲ့ အလေ့အထများရှိတဲ့
သီတင်းကျွတ်အခါသမယလေး ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။

ဒီသီတင်းကျွတ်အချိန်အခါလေးမှာ
လူသားတိုင်း စိတ်၏ချမ်းသာခြင်း
ကိုယ်၏ကျန်းမာခြင်းများနှင့်ပြည့်စုံပြီး
မိသားစုများနဲ့အတူနွေးထွေးစွာနေထိုင်နိုင်ကြ‌စေကြောင်း
ကျနော်တို့ YEZ Solutions မှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်ခင်ဗျာ။

🌍 ကိုယ်ပိုင် website တစ်ခု လုပ်ဖို့ ဘာကြောင့် လိုအပ် သလဲ ?Social Platform တွေမှာ Pages or Channel ရှိရုံနဲ့ သင့်လုပ်ငန်း...
01/10/2025

🌍 ကိုယ်ပိုင် website တစ်ခု လုပ်ဖို့ ဘာကြောင့် လိုအပ် သလဲ ?

Social Platform တွေမှာ Pages or Channel ရှိရုံနဲ့ သင့်လုပ်ငန်းအတွက်ပြည့်စုံပြီထင်ပါသလား...

Website တည်ဆောက်ခြင်း က တစ်နည်း အားဖြင့် Internet ပေါ်မှာ ကိုယ်ပိုင် နေရာ ကိုယ်ပိုင် အိမ် တစ်လုံး တည်ဆောက်လိုက် သလိုပါပဲ။ Facebook ,Youtube စတာတွေပေါ်မှာ သုံးနေရတာ က ကိုယ်ပိုင်နေရာ ကိုယ်ပိုင်အိမ် မဟုတ်ပဲ အငှားနေရသလိုပါပဲ မိမိရဲ့ သုံးစွဲမှုဆိုင်ရာအချက်အလက်တွေကိုလဲ သူတို့ကထိန်းချုပ်နိုင်ပါတယ်။
ဒါကြောင့် မိတ်ဆွေတို့က ကိုယ့်ရဲ့လုပ်ငန်း ၊ ကိုယ့်ရဲ့Company ၊ ကိုယ့်ရဲ့ အချက်အလက်တွေကို ကိုယ်တိုင်ထိန်းချုပ်နိုင်ဖို့နဲ့ ကိုယ့်ရဲ့ကိုယ်ပိုင် အမှတ်တံဆိပ် (Business and Personal Brand) အတွက် website ဆိုတာလည်း မရှိမဖြစ်လိုအပ်ပါတယ်။

ကိုယ်ပိုင် website လိုအပ်ရတဲ့ အဓိက အကြောင်းရင်းတွေ ကတော့ - 👇

🔐 Credibility (ယုံကြည်စိတ်ချ ရမှု)
ကိုယ့်ရဲ business name နဲ့ ကိုယ်ပိုင် domain နဲ့ သုံးရတာဖြစ်တဲ့အတွက် professional ပိုဆန်ပြီး ကိုယ်ပိုင် email တွေကို သင့်လုပ်ငန်း အတွက် professional ကျကျ ဖန်တီးနိုင်မယ်။ [email protected] လို့ သုံးတာက [email protected] ထက် ပိုပြီး အထင်ကြီးစေတဲ့ ယုံကြည် ရတဲ့ အထောက်အထား တစ်ခုပါ။

🛠 Full Customization & control
အခြား Platform တွေမှာ သင့် ရဲ့ page ကို ဒီဇိုင်းဆွဲတဲ့ အခါ သူတို့ရဲ့ template နဲ့ စည်းမျဉ်းတွေ လိုက်နာရပါတယ်။ ကိုယ်ပိုင် website မှာတော့ သင့်စိတ်ကြိုက် ဒီဇိုင်း ဆွဲလို့ ရပါတယ်။ ဘယ် Feature ထည့်မယ် ဘယ်လို ညှိမယ် ဆိုတာ ကိုယ်တိုင်ဆုံဖြတ်နိုင်ပြီး ဘယ်သူ့မှ မမှီခို ရပါဘူး။

⏰ 24/7 service ပေးခြင်း & အချိန်နှင့် တစ်ပြေးညီ လည်ပတ်မှု
ဒါကတော့ သေချာပါတယ်. online ဖြစ်တဲ့အတွက် ပုံမှန်ဆို သင့်ရဲ့ ဆိုင်ကို ဖွင့်ရက် ပိတ်ရက် သတ်မှတ် ရပေမယ့် website မှာတော့ ဘယ်အချိန်ပဲဖြစ်ဖြစ် customers တွေကို သင့်ရဲ့ services နဲ့ product တွေကို ကြည့်ရှုနိုင်အောင် ဝယ်ယူနိုင်အောင် အမြဲဝန်ဆောင်မှုပေးနေမှာ ဖြစ်ပါတယ်။

📊 Data ownership & Analysis
အခြား Platform တွေပေါ်က မိမိရဲ့ Insights (သုံးစွဲမှု ဆိုင်ရာ) အချက်လက် တွေက ကိုယ်သုံးတဲ့ Platform (e.g Facebook)က ပိုင်ပါတယ်။
သူတို့ ပေးတဲ့ အတိုင်း ကန့်သတ်ချက်တွေ နဲ့ ကြည့်ရပါတယ်။ ကိုယ်ပိုင် website မှာဆိုရင်တော့ Google Analytics Tool လို tools သုံးပြီးတော့ ဝင်ကြည့်သူတွေကို အသေးစိတ် ခြေရာခံနိုင်ပါတယ်။ ဒါက ဘယ်နေရာ အကျိုးရှိသလဲ ဆိုတော့ ဒီ data တွေကို analysis လုပ်ပြီး သင့်လုပ်ငန်းကို ပိုမိုကောင်းမွန်အောင် ဆုံးဖြတ်ချက် တွေ ချနိုင်ပါတယ်။

💎 Long-term Asset Building)
ကိုယ်ပိုင် website ဆိုတာက သင့်ရဲ့ ရေရှည် ရင်းနှီးမြှုပ်နှံမှု (Digital Asset) တစ်ခုပဲ ဖြစ်ပါတယ်။ သင့်ရဲ့ အားထုတ်မှုတိုင်း ၊ content တင်တိုင်း ၊ SEO လုပ်တိုင်း က website ရဲ့ တန်ဖိုးကို မြင့်တက်စေပါတယ်။

🚀 Competitive Advantage
သင့်ရဲ့ ပြိုင်ဘက်တွေမှာ website ရှိပြီး သင့်မှာ မရှိရင် သင့်လုပ်ငန်းအပေါ်မှာ ယုံကြည့်စိတ်ချရမှု နည်းပါးပြီး customer တွေရဲ့ ရွေးချယ်မှု မှာ နောက်ကျ ကျန်ရစ်နိုင်ပါတယ်။ ကိုယ်ပိုင် website ရှိခြင်းက ကိုယ့်ရဲ့ လုပ်ငန်း ကို ခေတ်မီစေပြီး ယုံကြည်ရတဲ့အဖွဲ့ အစည်း တစ်ခုအဖြစ် ဖော်ဆောင်ပေးနိုင်ပါတယ်။

🌍 Website နဲ့ ပတ်သက်ပြီး အခမဲ့ တိုင်ပင်ဆွေးနွေးလိုပါက 👇 မှာ

💬 Comment / 📩 Message or
🌍 https://yezsolutions.com
☎️ 09-786473524 ၊ 09-969872954
ကနေ တဆင့် ဆက်သွယ် နိုင်ပါတယ်

Merry Christmas To You All...🎊🎁🎊May the peace and joy of Christmas be with you today and throughout the coming year. Mer...
25/12/2023

Merry Christmas To You All...🎊🎁🎊

May the peace and joy of Christmas be with you today and throughout the coming year.
Merry Christmas!

We delivered Safety and Connectivity to a Group of companies. 🙏🙏𝑻𝒉𝒂𝒏𝒌𝒔 𝒂 𝒍𝒐𝒕 𝑷𝑶𝑺𝒀. 🙏🙏We are offering IT/Technology solut...
19/08/2023

We delivered Safety and Connectivity to a Group of companies.

🙏🙏𝑻𝒉𝒂𝒏𝒌𝒔 𝒂 𝒍𝒐𝒕 𝑷𝑶𝑺𝒀. 🙏🙏

We are offering IT/Technology solutions as per below:
✅𝑾𝒆𝒃/𝑨𝒑𝒑 𝑫𝒆𝒗𝒆𝒍𝒐𝒑𝒎𝒆𝒏𝒕 𝑺𝒐𝒍𝒖𝒕𝒊𝒐𝒏𝒔
✅𝑪𝑪𝑻𝑽 𝑺𝒖𝒓𝒗𝒆𝒊𝒍𝒍𝒂𝒏𝒄𝒆 𝒔𝒐𝒍𝒖𝒕𝒊𝒐𝒏𝒔
✅𝑾𝒊𝒇𝒊/𝑵𝒆𝒕𝒘𝒐𝒓𝒌 𝑺𝒐𝒍𝒖𝒕𝒊𝒐𝒏𝒔
✅𝑷𝑪 𝑺𝒆𝒕𝒖𝒑 𝑪𝒖𝒔𝒕𝒐𝒎𝒊𝒛𝒂𝒕𝒊𝒐𝒏 𝒂𝒏𝒅 𝑯𝒂𝒓𝒅𝒘𝒂𝒓𝒆 𝒔𝒆𝒓𝒗𝒊𝒄𝒆
✅𝑨𝒄𝒄𝒆𝒔𝒔 𝑪𝒐𝒏𝒕𝒓𝒐𝒍𝒔 𝒂𝒏𝒅 𝑷𝑨𝑩𝑿 𝒔𝒚𝒔𝒕𝒆𝒎 𝑺𝒐𝒍𝒖𝒕𝒊𝒐𝒏𝒔

Therefore, feel free to contact us for your IT/Technology related issue or any idea to upgrade your business.

𝗪𝗲 𝗛𝗲𝗹𝗽, 𝗬𝗼𝘂 𝗗𝗼 𝗠𝗼𝗿𝗲

CCTV Installation Service for a Nail Spa (Miss Ma Ma)ကျနော်တို့  Y.E.Z Solutions မှ 48 လမ်း(အလယ်ဘလောက်) ရှိ Miss မားမား ...
05/07/2023

CCTV Installation Service for a Nail Spa (Miss Ma Ma)

ကျနော်တို့ Y.E.Z Solutions မှ 48 လမ်း(အလယ်ဘလောက်) ရှိ Miss မားမား Nail spa တွင် CCTV တပ်ဆင်ပေးဖြစ်တဲ့ ပုံရိပ်လေးတွေဖြစ်ပါတယ်..

ကဲ.. အခုဆိုရင်တော့ဖြင့် Service ကောင်းမွန်တဲ့ Miss Ma Ma Nail spa မှာလုံခြုံစိတ်ချစွာ Nail Spa လုပ်နိုင်ပါပြီမမတို့ ရေ..

စီပွားရေးလုပ်ငန်းရှင်များအနေနှင့် ကျွန်တော်တို့ရဲ့ Service တွေကိုအသုံးပြုချင်ပါက အောက်ပါ ဖုန်းနံပါတ်များကို ဆက်သွယ်နိုင်သလို Page Messenger ကနေလဲ ဆက်သွယ်လို့ရပါတယ်ခင်ဗျ...

ဆက်သွယ်ရန်.. 09 786 473 524 / 09 958 360 595

ကျနော်တို့ 𝐘𝐄𝐙 𝐒𝐨𝐥𝐮𝐭𝐢𝐨𝐧𝐬 ဆိုတာ 𝐓𝐞𝐜𝐡𝐧𝐨𝐥𝐨𝐠𝐲 𝐒𝐨𝐥𝐮𝐭𝐢𝐨𝐧𝐬  တွေကို 𝐎𝐧𝐞-𝐬𝐭𝐨𝐩 𝐬𝐞𝐫𝐯𝐢𝐜𝐞 ပေးနေတဲ့ 𝐋𝐨𝐜𝐚𝐥 𝐜𝐨𝐦𝐩𝐚𝐧𝐲 တစ်ခုပဲဖြစ်ပါတယ်ခင်ဗ...
18/05/2023

ကျနော်တို့ 𝐘𝐄𝐙 𝐒𝐨𝐥𝐮𝐭𝐢𝐨𝐧𝐬 ဆိုတာ 𝐓𝐞𝐜𝐡𝐧𝐨𝐥𝐨𝐠𝐲 𝐒𝐨𝐥𝐮𝐭𝐢𝐨𝐧𝐬 တွေကို 𝐎𝐧𝐞-𝐬𝐭𝐨𝐩 𝐬𝐞𝐫𝐯𝐢𝐜𝐞 ပေးနေတဲ့ 𝐋𝐨𝐜𝐚𝐥 𝐜𝐨𝐦𝐩𝐚𝐧𝐲 တစ်ခုပဲဖြစ်ပါတယ်ခင်ဗျ..
ဒီနေ့မှာကျနော်တို့ ရဲ့ အဓိက 𝐌𝐚𝐢𝐧 𝐬𝐞𝐫𝐯𝐢𝐜𝐞 လေးတွေဖြစ်တဲ့

📌𝐎𝐟𝐟𝐢𝐜𝐞 𝐈𝐓 𝐒𝐨𝐥𝐮𝐭𝐢𝐨𝐧
📌𝐒𝐨𝐟𝐭𝐰𝐚𝐫𝐞 𝐚𝐧𝐝 𝐖𝐞𝐛 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 (Digitalization with YEZ)
📌𝐂𝐂𝐓𝐕 𝐒𝐮𝐫𝐯𝐞𝐢𝐥𝐥𝐚𝐧𝐜𝐞 𝐒𝐲𝐬𝐭𝐞𝐦

အကြောင်းတွေကို ပြောပြသွားမှာဖြစ်ပါတယ်..(အခြားသော Technology solutions များလဲရှိပါသေးတယ်ခင်ဗျ..☺️😊)

ကဲ ပုံလေးတွေကို ထောက်ကြည့်ပြီး လေ့လာကြည့်ရအောင်ဗျ..


𝗖𝗵𝗮𝘁𝗚𝗣𝗧 𝘃𝘀 𝗕𝗮𝗿𝗱 𝗔𝗜 ခြားနားချက်များ..ChatGPT ပြီးတော့ နောက်ထပ် AI generation တစ်ခုဖြစ်တဲ့ Bard AI ထွက်လာပါပြီ..သိပြီးသူတွ...
17/05/2023

𝗖𝗵𝗮𝘁𝗚𝗣𝗧 𝘃𝘀 𝗕𝗮𝗿𝗱 𝗔𝗜 ခြားနားချက်များ..

ChatGPT ပြီးတော့ နောက်ထပ် AI generation တစ်ခုဖြစ်တဲ့ Bard AI ထွက်လာပါပြီ..

သိပြီးသူတွေရှိသလို မသိသေးသူတွေလဲရှိနိုင်သေးတာမို့ ကျနော်တို့ sharing လုပ်ပေးတာဖြစ်ပါတယ်.

ChatGPT ဆိုတာတော့ Microsoft က invest လုပ်ပြီးပူးပေါင်းထားတဲ့ AI ဖြစ်တဲ့အတွက် Microsoft ရဲ့ AI လို့အကြမ်းဖျင်းပြောလို့ရပါတယ်.
အခုထွက်လာတဲ့ Bard AI ကတော့ Google ကထုတ်လုပ်ထားတာဖြစ်ပါတယ်.. ဆရာကြီးများရဲ့အားပြိုင်မှုပါပဲ..🤜🤛

ဒီနေ့မှာပြောပြချင်တာတော့ သူတို့ရဲ့ History တွေမဟုတ်ပါဘူး.. သူတို့ရဲ့ခြားနားချက်တွေကို ကျနော့်အမြင်နဲ့ပြောပြသွားမှာဖြစ်ပါတယ်..

ပထမဆုံး UI (User Interface) အနေနဲ့ကတော့ အများကြီးကွာခြားချက်မရှိ ပြောစရာမရှိပါ သူ့ဟာနဲ့သူအဆင်ပြေပါတယ်..

UX (User Experience) အနေနဲ့ကတော့ ဒီလိုတွေရှိပါတယ်..👇

ChatGPT --> Knowledge Cutoff ရှိတယ် လက်ရှိ free သုံးနေတဲ့သူတွေ အကုန် ChatGPT version 3.5 ကိုအသုံးပြုနိုင်ပြီး ၎င်းရဲ့ Knowledge Cutoff က ၂၀၂၁ ထိပဲရှိသေးတယ်.
Bard --> Knowledge Cutoff ရယ်လို့မရှိဘူး..Google Search Engine နဲ့ချိတ်ဆက်ထားတယ် အဲ့ဒိက data တွေနဲ့ train ထားတယ်..

ChatGPT --> Chat Room တွေ create လုပ်လို့ရတယ်.ဒါကြောင့်မို့လို့ ကိုယ်မေးချင်တဲ့အကြောင်းအရာတွေမတူဘူးသက်သက်စီဖြစ်ချင်တယ်ဆိုရင် Chat room တွေ create လုပ်ပြီးသီးသန့်မေးသွားလို့ရတယ်.
Bard --> Chat Room တွေ create လို့မရဘူး. ဒါကြောင့်မို့လို့ အကြောင်းအရာတွေ သီးသန့်မဖြစ်ဘူး သူ့မှာ reset လုပ်လို့ရတာပဲပါတဲ့အတွက် တစ်ခုမေးပြီးနောက်တစ်ခု သက်သက်မေးချင်ရင် chat ကို resetလုပ်လိုက်ရင် အရင်မေးထားတာတွေအကုန်ပျက်သွားပြီး အသစ်ဖြစ်သွားပါတယ်.

ChatGPT --> Chat History တွေကျန်တယ်. ကိုယ်လုပ်ထားသမျှ chat room တွေကို ပြန်ကြည့်လို့ရတယ် နောက်နှစ်ရက်သုံးရက်နေမှ မေးလက်စပြောလက်စ chat room ထဲပြန်ဝင်ပြီးဆက်မေးလို့ရတယ်.
Bard --> Chat Room တွေလုပ်လို့မရတဲ့အပြင် chat History ပြန်ကြည့်လို့မရ.ဒါပေမယ့် အဲ့ဒါကိုဖြေရှင်းဖို့အတွက် သူ့မှာ Export response ဆိုတာပါတယ် သူနဲ့ပြောထားတာသူပြန်ဖြေထားတာတွေကို သိမ်းချင်ရင် Export Response နှိပ်လိုက်ရင် google doc နဲ့သွားသိမ်းပေးတယ်. google drive ထဲမှာသွာားsave တယ်.

(ဒီအပေါ် နှစ်ချက်မှာ ChatGPT ကိုပိုကြိုက်တယ်..အရမ်းအဆင်ပြေတယ်..)

ChatGPT --> သူပြန်ဖြေတဲ့အဖြေတွေ response တွေကို ဘယ်က reference ယူတယ်ဆိုတာ မပြဘူး. Credit မပေးဘူးပေါ့ဗျာ.
Bard --> Reference ယူထားတဲ့ source တွေကိုပြပေးတယ်..ဉပမာ Wikipidea တို့ Github တို့ စတဲ့ source link တွေပါပြပေးတယ်..

နှစ်ခုလုံးက conversational AI တွေဆိုပေမယ့် Bard ကပိုပြီး conversational ဖြစ်တယ်. ChatGPT ကတော့နည်းနည်း tool ပိုဆန်တယ်.

ဥပမာ.. Bard မှာ "မင်းငါ့ကိုမေးချင်တာရှိလားဆိုရင်" သူကတစ်ခုခုမေးတယ်. "ဘာစာအုပ်တွေဖတ်လဲ/ဘာတွေစိတ်ဝင်စားလဲဆိုတာမျိုး" တွေလျောက်မေးတယ်.
ChatGPT မှာတော့ မေးချင်တာရှိလားမေးရင်..သူက AI language modal ဖြစ်လို့ personal preferences or desires မရှိတဲ့အတွက် မေးဖို့မရှိဘူးလို့ဖြေတယ်. ဒါပေမယ့် တစ်ခုခုတော့မေးပါကွာ ဆိုပြီး အတင်းမေးခိုင်းရင်တော့ မေးခွန်းမေးပေးပါတယ်. 😄😄

ဒါတွေကတော့ အခုလက်ရှိအချိန်ထိရှိနေတဲ့ အဓိက ကွာခြားချက်တွေပဲဖြစ်ပါတယ်.. နောက်ပိုင်းတော့ ဘာတွေဘယ်လိုဆက်ဖြစ်ပြီး ဘယ်သူက ပိုမို positively effective ဖြစ်လာမလဲဆိုတာတော့ ကျနော်တို့အားလုံး အတူတူစောင့်ကြည့်ကြတာပေါ့ခင်ဗျာ...🧐

သိချင်တာ ဆွေးနွေးချင်တာရှိရင်လဲ comment မှာပြောသွားလို့ရပါတယ်..☺️

CCTV system installation and configuration for Food Store at Thar Kay Ta (Man Pyay)ကျနော်တို့ YEZ Solution မှ မုန့်မျိုး...
06/04/2023

CCTV system installation and configuration for Food Store at Thar Kay Ta (Man Pyay)

ကျနော်တို့ YEZ Solution မှ မုန့်မျိုးစုံ လက်လီ လက်ကား အရောင်းဆိုင် အတွက် CCTV System တပ်ဆင်ခြင်းများပြုလုပ်ပေးခဲ့ တဲ့ site လေးဖြစ်ပါတယ် ခင်ဗျာ...
ယုံကြည်စွာ အလုပ်အပ်သော လုပ်ငန်းရှင်များနှင့် Customer များကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ...🙏🙏🙏
🔷Y.E.Z Solutions🔷
💢We Help, You Do More💢


📞Ph - 09 786 473 524 / 09 958 360 595
🏠Address - 10/12, Room(104), Upper Pazundaung Road, Pazundaung Township, Yangon.

Wi-Fi Access Point Installation and Configuration ServiceMDD (Myanmar Double Diamond ) Logistics and Supply Chain Compan...
18/02/2023

Wi-Fi Access Point Installation and Configuration Service

MDD (Myanmar Double Diamond ) Logistics and Supply Chain Company တွင်
ကျွန်တော်တို့ YEZ Solutions မှ Wi-Fi Access Point Installation and Configurationလုပ်ပေးဖြစ်ခဲ့ပါတယ်ခင်ဗျာ...

အားပေးမှုအတွက်ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ..🙏🙏🙏
MDD လုပ်ငန်းများပိုမိုတိုးတက်အောင်မြင်ပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ....🙏🙏🙏


📌Wi-Fi Maintenance Services📌We were provided the migration and maintain the UniFi Wireless Network for an entertainment ...
07/02/2023

📌Wi-Fi Maintenance Services📌

We were provided the migration and maintain the UniFi Wireless Network for an entertainment place.
We were provided the migration and maintain the UniFi Wireless Network for an entertainment place. The included services are installing AP to a new area from the existing one, installing a new AP, configuring by the software controller, and the network cable management.
Thanks a lot for believing in and using our services.🙏🙏🙏

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

ကျနော်တို့ YEZ Solution မှ entertainment လုပ်ငန်းတစ်ခုအတွက် အသုံးပြုလျက်ရှိ သော UniFi Wi-Fi Access Point များကို နေရာပြန်လည်ချထားခြင်း, အသစ်ထပ်ဖြည့်ချင်း နှင့် network cable managing များပြုလုပ်ပေးခဲ့ တဲ့ site လေးဖြစ်ပါတယ် ခင်ဗျာ...

ယုံကြည်စွာ အလုပ်အပ်သော လုပ်ငန်းရှင်များနှင့် Customer များကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ...🙏🙏🙏

🔷Y.E.Z Solutions🔷
💢We Help, You Do More💢



📞Ph - 09 786 473 524 / 09 958 360 595
🏠Address - 10/12, Room(104), Upper Pazundaung Road, Pazundaung Township, Yangon.

Address

No 10/12, Room(104)/1st Floor, Corner Of Upper Pazundaung Road And Bogyoke Road, Pazundaung Township.
Yangon

Website

Alerts

Be the first to know and let us send you an email when Y.E.Z Solutions posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share