28/05/2026
Sales Representative အလုပ်ခေါ်ယူခြင်း
2 Cents Builds တွင် တာဝန်ထမ်းဆောင်ရန် Custom PC နှင့် Tech Gadgets များအကြောင်း စိတ်ဝင်စားသော အရောင်းဝန်ထမ်း (Sales Representative) ခေါ်ယူနေပါသည်။
𝗝𝗼𝗯 𝗗𝗲𝘀𝗰𝗿𝗶𝗽𝘁𝗶𝗼𝗻
• ဆိုင်သို့ လာရောက်သော (Walk-in) နှင့် အွန်လိုင်းမှ ဆက်သွယ်လာသော Customer များအား နွေးထွေးစွာ ကြိုဆိုဝန်ဆောင်မှုပေးခြင်း။
• Customer ၏ လိုအပ်ချက်နှင့် Budget အပေါ်မူတည်၍ အသင့်တော်ဆုံး Product များကို အကြံပြုပေးခြင်း။
• PC Components နှင့် Tech Gadgets များ၏ အချက်အလက်များကို Customer နားလည်လွယ်အောင် ရှင်းပြ၍ အရောင်းအဝယ်ပြုလုပ်ခြင်း။
• Online Chat များအား အချိန်နှင့်တစ်ပြေးညီ ဖြေကြားပေးခြင်းနှင့် ဈေးနှုန်း တိကျစွာ ပေးပို့ခြင်း။
• ဝယ်ယူပြီးသော Customer များအား Build Status အကြောင်းကြားခြင်းနှင့် Technician နှင့် ညှိနှိုင်း၍ After-sales service များ ဆောင်ရွက်ပေးခြင်း။
2. လိုအပ်သော အရည်အချင်းများ
• ကျား/မ: မရွေးချယ်ပါ။
• ဝင်ငွေရှာရန်သက်သက်မဟုတ်ဘဲ နည်းပညာနှင့် PC Hardware များကို တကယ်ရူးသွပ်သူ၊ အမြဲစူးစမ်းလေ့လာနေသူ ဖြစ်ရမည်။
• ရိုးသားကြိုးစားပြီး အသစ်အဆန်းများကို အမြဲသင်ယူလိုစိတ်ရှိရမည်။
• Tech Industry တွင် အရောင်း (သို့) Customer Service အတွေ့အကြုံ အနည်းဆုံး (၁) နှစ် ရှိရမည်။ (လိုအပ်သော Product Knowledge နှင့် Sales Training များကို 2 Cents Builds မှ စနစ်တကျ သင်ကြားပေးပါမည်။)
• နည်းပညာများကို သာမန် Customer များ နားလည်အောင် စိတ်ရှည်လက်ရှည်နှင့် ဖော်ရွေစွာ ရှင်းပြနိုင်စွမ်း ရှိရမည်။
Salary: 550,000Ks + Performance Incentives (Basic Salary ထက်ပိုသော အရည်အချင်းရှိပါက လစာညှိနှိုင်းပေးပါမည်)
အလုပ်ချိန်: Weekdays: 9:30AM-5:30PM / Weekends 10AM-5PM
နားရက်: တစ်ပတ်တစ်ရက်နားရက်ရှိပါသည်။
တည်နေရာ: 70A, Kabar Aye Pagoda Road, Ko Min Ko Chin WD, Bahan Tsp, Yangon
ဆက်သွယ်ရန်: 09450600669 (Viber available)
Email: [email protected]