LogicUnion

LogicUnion As a full-service IT company with more than 8 years of experience providing managed services in Myanmar.
(269)

Our process-driven, customer-centric approach to technology is what sets us apart from other IT companies.

အခြေခံလည်းခိုင်ရမယ်၊ AI လည်းပိုင်ရမယ် - Full Stack Development Course 🚀Software Developer တစ်ယောက်ဖြစ်ဖို့ ဝေးဝေးလံလံ စဉ...
16/03/2026

အခြေခံလည်းခိုင်ရမယ်၊ AI လည်းပိုင်ရမယ် - Full Stack Development Course 🚀

Software Developer တစ်ယောက်ဖြစ်ဖို့ ဝေးဝေးလံလံ စဉ်းစားမနေပါနဲ့တော့။ Programming background မရှိလို့ စိုးရိမ်နေသလား? Coding ကို ဘယ်ကစရမှန်းမသိ ဖြစ်နေလား?

ဒီသင်တန်းက Computer အခြေခံတတ်ရုံနဲ့ စတင်တက်ရောက်နိုင်ပြီး "Zero ကနေ Hero" ဖြစ်အောင် လေ့ကျင့်ပေးမယ့် သင်တန်းပါ။

ဘာကြောင့် "အခြေခံ" က အရေးကြီးတာလဲ? 🤔
AI ခေတ်မှာ code တွေက AI ဆီကနေ အလွယ်တကူရနိုင်ပါတယ်။ ဒါပေမဲ့ အခြေခံ Structure ကို နားမလည်ရင် AI က မှားပေးတဲ့အခါ ပြန်မပြင်တတ်တော့ဘူး။ ဒါကြောင့် ကျွန်တော်တို့က Coding အခြေခံကစပြီး logic စဉ်းစားနည်းတွေကို အသေအချာ သင်ကြားပေးမှာပါ။

သင်တန်းမှာ ဘာတွေ ထူးထူးခြားခြား ပါမလဲ?
✅ Coding Fundamentals: ပထမဆုံးရက်ကစပြီး Coding ရဲ့ အခြေခံ သဘောတရားတွေကို အရိုးရှင်းဆုံး နည်းလမ်းနဲ့ စသင်ပေးမယ်။
✅ In-depth Database: Database ဆိုတာ Software တစ်ခုရဲ့ နှလုံးသားပါ။ MySQL ကို Table structure ဆွဲတာကအစ၊ Relationship တွေ ချိတ်ဆက်တာအထိ အသေးစိတ် (Step-by-Step) သင်ပေးမှာပါ။
✅ Full Stack Experience: Next.js (Web + Backend), React နဲ့ React Native (Mobile) ကို သုံးပြီး Platform အစုံမှာ အလုပ်လုပ်တတ်အောင် သင်ပေးမှာပါ။။
✅ Vibe Coding Mastery: AI ကို အသုံးချပြီး ကိုယ့်ရဲ့ Idea ကို Software Product တစ်ခုအဖြစ် အမြန်ဆုံး ပြောင်းလဲနည်းကို သင်ပေးမှာပါ။

သင်တန်းပုံစံနှင့် စည်းကမ်းများ 📝
Zoom Live Class: ဆရာနဲ့ တိုက်ရိုက်မေးမြန်း ဆွေးနွေးနိုင်မယ့် Live Class။
Daily Tasks: သင်တန်းပြီးရင် ဘာမှမတတ်တာမျိုး မဖြစ်စေရဘူး။ နေ့စဉ် Task လေးတွေ ပေးသွားမှာ ဖြစ်လို့ လက်တွေ့ကျကျ လေ့ကျင့်ရပါမယ်။
Class Records: အလုပ်ကိစ္စကြောင့် မမှီလိုက်ရင်လည်း သင်ခန်းစာတိုင်းကို Video Record ပြန်တင်ပေးထားမှာ ဖြစ်လို့ စိတ်ပူစရာမလိုပါဘူး။

Future Roadmap (အနာဂတ်လမ်းကြောင်း) 🛤️
သင်တန်းပြီးသွားရုံနဲ့ ကျွန်တော်တို့ တာဝန်မပြီးသေးပါဘူး။ ဒီသင်တန်းကနေတစ်ဆင့် ပိုမိုမြင့်မားတဲ့ Professional လောကထဲ ခြေလှမ်းလှမ်းနိုင်ဖို့ ဘယ်လိုတွေ ဆက်လေ့လာရမလဲဆိုတဲ့ Roadmap တွေ၊ လမ်းကြောင်းကောင်းတွေကိုပါ တစ်ပါတည်း လမ်းညွှန်ပေးသွားမှာ ဖြစ်ပါတယ်။

💡 "AI ကို အစေခံလို ခိုင်းတတ်ဖို့ဆိုရင် သင်ကိုယ်တိုင်က အခြေခံခိုင်မာတဲ့ သခင်တစ်ယောက် ဖြစ်ဖို့ လိုပါတယ်။"

ကွန်ပျူတာ အခြေခံရှိရုံနဲ့ အနာဂတ်ရဲ့ Full Stack Developer တစ်ယောက်ဖြစ်ဖို့ ခုပဲ ခြေလှမ်းစလိုက်ပါ။

[သင်တန်းအသေးစိတ် သိရှိလိုပါက Messenger တွင် ဆက်သွယ်စုံစမ်းနိုင်ပါသည်]
📅 သင်တန်းကာလ: ၂ လ (တစ်ပတ် ၃ ရက်) (Sat,Sun,Mon)
📅 သင်တန်းအချိန်: 7:30 PM - 8:45 PM
📅 သင်တန်းစမည့်နေ့: 28.3.2026
💰 သင်တန်းကြေး: 400,000 ကျပ်

Programming စာအုပ်တွေ လိုအပ်တဲ့သူ လာယူပါ. အလကားပေးတာပါ . တစ်ယောက် နည်းနည်းစီ ရပါမယ်. ၁၆ရက်နေ့အထိပဲ ရပါမယ်. 09765149466သမ...
13/03/2025

Programming စာအုပ်တွေ လိုအပ်တဲ့သူ လာယူပါ. အလကားပေးတာပါ . တစ်ယောက် နည်းနည်းစီ ရပါမယ်.
၁၆ရက်နေ့အထိပဲ ရပါမယ်.

09765149466
သမိုင်းလမ်းဆုံမီးပွိုင့်ထောင့် . မရမ်းကုန်း

29/10/2023

သီတင်းကျွတ်လပြည့်နေ့ အခါသမယမှာ မိဘပြည်သူများအားလုံး ကျန်းမာချမ်းသာကြပါစေလို့ LogicUnion မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ ။✨

📣  LogicUnion ရဲ့ Flutter Class အတွက် သင်တန်းသားများစတင်လက်ခံနေပါပြီ 📣🔰 သင်တန်းသားများအတွက် သင်တန်းပြီးဆုံးသည့်အခါ OJT အ...
25/10/2023

📣 LogicUnion ရဲ့ Flutter Class အတွက် သင်တန်းသားများစတင်လက်ခံနေပါပြီ 📣

🔰 သင်တန်းသားများအတွက် သင်တန်းပြီးဆုံးသည့်အခါ OJT အစီအစဉ်များ အပြင် OJT ကာလပြီးဆုံးသည့်အခါမှာလဲ IT Company များ၌ လုပ်ငန်းခွင်တစ်ခါတည်းဝင်နိုင်အောင် စီစဉ်ပေးထားပါတယ်ခင်ဗျာ။ 🔰

📌2017 ခုနစ်အတွင်းစတင်ထွက်ရှိလာတဲ့ mobile app SDK Framework Flutter ကိုတော့ ထွက်ရှိတဲ့အချိန်ကစပြီး ယခုနစ်တွေအထိတောက်လျှောက် ပြည်တွင်းပြည်ပ ကုမ္ပဏီများက Flutter Developer များကိုအခွင့်အလမ်းကောင်းတွေအတွက် ခေါ်ယူလျှက်ရှိပါတယ်။
📌Single coded Base ဖြစ်တဲ့ Flutter ကို Native Android and iOS app များကိုဖန်တီးဖို့ အသုံးပြုပါတယ်။
✳️Flutter ရဲ့အားသာချက်တွေကတော့
Coding ရေးရမှုမြန်ဆန်ခြင်း ၊ Code တစ်ခုတည်းဖြင့် Platform (Android and iOs) ၂ခုစလုံးတွင် အသုံးပြုနိုင်ခြင်း ၊ Application မြန်ဆန်ခြင်း ၊ အသုံးပြုသူတွေသဘောကျနှစ်သက်သော Material Design widgets (for Android) နှင့် Cupertino widgets (for iOs) စတဲ့ widgets များလည်း ပါဝင်ပြီး customize widgets များလည်း တည်ဆောက်နိုင်ခြင်း ၊ Os version အဟောင်းအသစ်မရွေးပဲ UI တစ်မျိုးပဲ ပေါ်ခြင်း စတဲ့ကောင်းကျိုးတွေကြောင့် Rapid Growing Community တစ်ခုအဖြစ် အချိန်တိုအတွင်း အသုံးပြုကြတဲ့ Developers တွေများပြားလာတာပါ။

💬 ယခု သင်ကြားမယ့် Flutter Class အတွက် လိုအပ်ချက်တွေကတော့
❗Programing အခြေခံရှိရပါမယ်။
❗ကိုယ်ပိုင် Laptop ရှိပြီး သင်တန်းသို့ယူဆောင်လာရပါမယ်။
❗အကောင်းဆုံး သင်ကြားပေးမှာဖြစ်တယ့်အတွက် တတ်မြောက်ဖို့ စိတ်အားထက်သန်ရပါမယ်ခင်ဗျာ။

🎯 အပတ်စဥ် စနေ တနင်္ဂနွေ နစ်ရက်သင်ကြားရမှာဖြစ်ပြီး သင်တန်းကာလကတော့ နှစ်လခွဲကြာမြင့်မှာပဲ ဖြစ်ပါတယ်။

🔴 သင်တန်းသားဦးရေ ၁၀ ယောက်သာ အကန့်အသတ်နဲ့ သင်ကြားပေးသွားမှာပါ။ 🔴

သင်တန်းပြီးဆုံးပါက 📣
လုပ်ငန်းခွင်အတွေ့အကြုံ ရရှိနိုင်အောင် OJT ( On Job Training )များ ပေးမည့်အပြင် OJT ကာလပြီးဆုံးသည့်အခါတွင်လဲ
မိမိ OJT ဆင်းသော IT Company များ၌ တတ်မြောက်မှုအပေါ်မူတည်၍ ရွေးချယ် ခန့်အပ်သွားမှာပါ။
ဒါကြောင့် သင်တန်းပြီးဆုံးတာနဲ့ အလုပ်ပါတစ်ခါတည်းရရှိနိုင်မယ့် အခွင့်အရေးဖြစ်ပါတယ်ခင်ဗျာ။

Flutter Class
--------------------------------
သင်တန်းစမည့်ရက် - November 19 ( ၁၁ လပိုင်း ၁၉ ရက်နေ့)

သင်တန်းကာလ - 2.5 month ( ၂လခွဲ)

သင်ကြားမည့်အချိန် - မနက် 9:00 - 12:00 ( Sat, Sun)

သင်တန်းနေရာ - အမှတ်(၃) MTP တိုက်၊ ၃လွှာ (B) ၊ သမိုင်းလမ်းဆုံမှတ်တိုင် (သမိုင်းလမ်းဆုံ မီးပွိုင့်ထောင့် ၊ ဧဒင်အိမ်ယာဝင်း) ၊မရမ်းကုန်းမြို့နယ် ၊ ရန်ကုန်မြို့

အကောင်းဆုံးသင်ကြားပေးသွားမှာဖြစ်တဲ့အတွက် တကယ်စိတ်ဝင်စားပြီး သင်တန်းမပျက်မကွက်တတ်ဖို့သာတာဝန်ယူပေးပါ။ တတ်မြောက်သွားပြီး Programming လမ်းကြောင်းပေါ်ရောက်သွားဖို့ကိုတော့ LogicUnion က အာမခံပါတယ်ခင်ဗျာ။

သိလိုတာမှန်သမျှကို Page Messenger ကနေလဲ ဆက်သွယ်မေးမြန်းနိုင်ပြီး 09776622546 သို့လဲ ဆက်သွယ်အပ်နှံနိုင်ပါတယ်ခင်ဗျာ။

Why you choose Flutter ?Flutter❕ Flutter❕ Flutter ❕Flutter ကို ဘာကြောင့်ရွေးသလဲ ❓🔹Framework တွေများစွာထဲကမှ Flutter ဆိုတ...
06/10/2023

Why you choose Flutter ?

Flutter❕ Flutter❕ Flutter ❕
Flutter ကို ဘာကြောင့်ရွေးသလဲ ❓

🔹Framework တွေများစွာထဲကမှ Flutter ဆိုတာကလဲ လုံးဝကျော်သွားလို့မရတဲ့ Mobile App Development Framework တစ်ခုပဲဖြစ်ပါတယ်။ ဒါ့အပြင် ဒီနှစ်တွေအတွင်းမှာပဲ Flutter ဟာ Developers တွေကြားထဲ အသုံးများလာတာကတော့ အားလုံးအသိပါပဲ။

▪️အသုံးများတာတစ်ခုထဲတင်မဟုတ်ပဲ ဘာကြောင့် Flutter ကိုရွေးချယ်သင့်တာလဲဆိုတာကတော့ ဒီ Framework ရဲ့ အားသာချက်အများအပြားကို လေ့လာနိုင်ပါတယ်။

🔸Fast Development
🔸Cross-platform Support
🔸Design System ( Material Design )
🔸Better Performance
🔸Customized able UIs

ဒီလိုအရာတွေကြောင့်ပဲ Flutter ကိုရွေးချယ်ကြတဲ့သူတွေ အများအပြားရှိနေပါတယ်။

🔹ဒါ့အပြင် Flutter ရဲ့ Rapid Growing Community ကြောင့်လဲ Job opportunities တွေဟာ ပိုမို ပေါများလာပြီး Company များစွာနဲ့ Clients များစွာကလဲ ဒီလို ကျယ်ပြန့်လာမှုတွေကြောင့် Flutter Developers တွေကို အရင်ကထက် ပိုမိုလိုအပ်လာပါတယ်။

💠ကိုယ်က Mobile Developer တစ်ယောက်ဖြစ်ဖို့ ရည်ရွယ်ထားတာပဲ ဖြစ်ဖြစ် သင်ယူလေ့လာနေဆဲကာလပဲဖြစ်ဖြစ် အပေါ်ကအချက်တွေကြောင့် Flutter ကို မဖြစ်မနေ ထည့်တွေးထားစေချင်ပါတယ်။

‌အကျိုးရှိမယ့်အရာတစ်ခုကို အနာဂတ်အတွက်လဲတွေး ကိုယ်တိုင်အတွက်လဲတွေးမယ်ဆိုရင်တော့ ကိုယ့် Career အတွက်တင်မဟုတ်ဘဲ အခွင့်အလမ်းများစွာအတွက် အဆင်ပြေမှာပါခင်ဗျာ။

🧭 Embrace the coding Adventure for Beginners 💬 Coding Journey ဟာ လွယ်ကူတဲ့လမ်း လုံးဝမဟုတ်တာကို Programmers တိုင်းသိကြပါတ...
29/09/2023

🧭 Embrace the coding Adventure
for Beginners

💬 Coding Journey ဟာ လွယ်ကူတဲ့လမ်း လုံးဝမဟုတ်တာကို Programmers တိုင်းသိကြပါတယ်။ဒါပေမယ့်လဲ မည်မျှခက်ခဲတဲ့ လမ်းပဲဖြစ်နေပါစေ ကိုယ်ပိုင်ရည်မှန်းချက် ၊ ဝါသနာ ၊ ရည်ရွယ်ချက်တွေနဲ့ ဒီလမ်းကို အားသွန်ခွန်စိုက်လျှောက်ရင်း ကိုယ်စီပန်းတိုင်ကိုအရောက်သွားနေကြတာပါ။

‌✅အောင်မြင်နေတဲ့ Programmers တိုင်းဟာလဲ တချိန်တုန်းက ဒီလို ခက်ခဲတဲ့ Beginner ဘဝကို ကျော်ဖြတ်ခဲ့ရတာမို့လို့ အောက်ကအချက်လေးတွေကို Beginner တွေအနေနဲ့ ကျင့်သုံးပြီး လိုချင်တဲ့ ပန်းတိုင်ကို ရောက်ရှိသွားဖို့ မျှော်လင့်ပါတယ်။

1🔰. Progress တိုင်းဟာ Perfect မဖြစ်နိုင်တာကို အမြဲသိထားပါ။

အမှားတွေ ၊ အခက်အခဲတွေနဲ့ ကြုံရတိုင်း အားလျှော့တာမျိုး မလုပ်ဘဲ အသစ်အသစ်တွေအတွက် အတွေ့အကြုံ တစ်ခုလို့ မှတ်သားပြီး ကျော်ဖြတ်သင့်ပါတယ်။

2🔰. Compass is the Curiousity

စူးစမ်းလေ့လာချင်စိတ်ဟာ အလိုအပ်ဆုံး Energy တစ်ခုပါပဲ။ အတိုးတက်ဆုံး နယ်ပယ် ဖြစ်တဲ့ IT နယ်ပယ်မှာ မည်မျှပဲ Experiences ရှိနေပါစေ Curiousity နဲ့ learning ရှိမနေရင်တော့ ဘယ်လိုမှ survive မလုပ်နိုင်ပါဘူး။

3🔰. Consistentcy

ဖြေးဖြေးနဲ့မှန်မှန် ကိုယ့်အရည်အချင်းကို ကိုယ် သွေးထားရပါမယ်။ ဝီရိယ ရှိရှိနဲ့ အပတ်တကုပ်ကြိုးပမ်းဖို့ကတော့ Beginner Programmers များအတွက် ပြောစရာတောင်မလိုတဲ့အချက်တစ်ခုပါ။

4🔰. Community

IT Community ထဲမှာလဲ စီနီယာ ဂျူနီယာ များနဲ့ အချိတ်အဆက်မိနေဖို့လိုပါတယ် ။ မေးစရာရှိတဲ့အခါလဲ မေးဖို့ကို မတုန့်ဆိုင်းပါနဲ့ခင်ဗျာ။

🔹ကိုယ်က ဘယ်လောက်ပဲ Beginner ဖြစ်နေပါစေ ကိုယ်ကိုယ်တိုင်က IT နယ်ပယ်ကြီးရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တဲ့အတွက် ဘယ်လိုခက်ခဲမှုမျိုးကိုမဆို ကြိုးစားဖြတ်ကျော်နိုင်မယ်လို့ LogicUnion က ယုံကြည်ပါတယ်။

ဒါကြောင့်

📌Stay motivated, stay hungry for knowledge, and most importantly, enjoy the ride! ပါခင်ဗျာ။

Bug 🪲🔗Coding နယ်ပယ် ထဲမှာတော့ Programmer တိုင်း Bug နဲ့မစိမ်းကြပါဘူး ။ဒါပေမယ့် တကယ့် Bug ကြီး ဆိုရင်ရော ⁉️💬1947 ခုနစ်လော...
22/09/2023

Bug 🪲

🔗Coding နယ်ပယ် ထဲမှာတော့ Programmer တိုင်း Bug နဲ့မစိမ်းကြပါဘူး ။
ဒါပေမယ့် တကယ့် Bug ကြီး ဆိုရင်ရော ⁉️

💬1947 ခုနစ်လောက်က Harvard မှ နည်းပညာရှင်တစ်ဦးဟာ သူ့ Mark ll Computer ရဲ့ Performance အပိုင်းနဲ့ပတ်သတ်ပြီး Issue ပြဿနာလေး တစ်ခုဖြစ်သွားပါတယ်။ သူကိုယ်တိုင် အကုန်လိုက်စစ်ဆေးမှ ကွန်ပြူတာရဲ့ Relay ထဲမှာ Bug တွေ့ပါတယ်။တကယ့် bug ပိုးဖလံ ကောင်ဟာ Relay ထဲမှာ ပြဿနာရှာနေတာကြောင့် logbook ထဲမှာပါ " First Actual Case of bug(Actual Real Live Bug) being found " ဆိုပြီးတော့မှတ်ခဲ့ကြပါတယ်။ ဘာလို့လဲ ဆိုတော့ coding error တွေနဲ့ ပတ်သတ်ပြီး bug ဆိုတဲ့ အသုံးအနူန်းဟာ အဲ့ဒီ့ခေတ်မတိုင်ခင်ကတည်းက ရှိနေခဲ့တာကြောင့်ပါ။

💬1869 ကတည်းက Thomas Edison ဟာ Bug ဆိုတဲ့ အသုံးအနူန်းကို သူ့တီထွင်မှု‌တိုင်းရဲ့ ရှိခဲ့တဲ့အခက်အခဲတွေအတွက် ခိုင်းနိူင်း အသုံးပြုခဲ့ပါတယ်။ Bug ဆိုတဲ့အသုံးအနူန်းကို စတင်ခေါ်ဆိုခဲ့တဲ့ သမိုင်းကြောင်းကတော့ ယခုအချိန်အထိ ဇာတ်လမ်းပေါင်းများစွာရှိနေပေမယ့် တိတိကျကျတော့ မပေါ်သေးပါဘူး။

💬Computer Software နဲ့ Hardware ပိုင်းမှာရှိတဲ့ Error တွေကိုရှာဖွေဖြေရှင်းတဲ့ process အတွက် debugging ဆိုတဲ့ အခေါ်ဝေါ်နဲ့လဲ ခေါ်ကြပါတယ်။

💡Error တက်ရင်း တကယ့် bug ‌ရှာတွေ့တာက ရှားပါးဖြစ်စဉ်ဆိုပေမယ့် တကယ့် Bug ရော Error Bug ရော ရှာဖွေဖြေရှင်းနိုင်ရင်း တကယ်ကောင်းတဲ့ Process တွေကိုဖန်တီးနိုင်ကြပါ‌စေ ခင်ဗျာ။

National Coding week 2023 💡💡National Coding week ဆိုတာကတော့ programming နယ်ပယ်မှာ programmers အချင်းချင်းချိတ်ဆက်မိဖို့ ...
15/09/2023

National Coding week 2023 💡

💡National Coding week ဆိုတာကတော့ programming နယ်ပယ်မှာ programmers အချင်းချင်းချိတ်ဆက်မိဖို့ ၊ အသစ်အသစ်တွေကိုလေ့လာပြီး Skills တွေအဆင့်မြင့်ဖို့ ၊ coding ကို စိတ်ဝင်စားတဲ့လူငယ်တွေနဲ့ ကလေးတွေအတွက် collaboration တွေပြုလုပ်ပြီး နှစ်စဉ် ကျင်းပနေကြ event တစ်ခုဖြစ်ပါတယ်။

💬2014 ခုနစ်မှစတင်ပြီး Coding Week ကိုသတ်မှတ်ကျင်းပခဲ့ကြတာက အခုဆိုရင်တော့ ကိုးနှစ်တိတိရှိပါပြီ။

💬ဒီနှစ်အတွက် Theme ကတော့ Artificial Intelligence (AI) ဖြစ်ပြီး September 18th မှ 24th နေ့အထိ ကျင်းပကြမှာပါခင်ဗျာ။

Virtual ခေတ်ကြီး နောက်နှစ်တွေအကြာ‌မှာဘာတွေဖြစ်လာနိုင်သလဲ ❓ဘာတွေပြင်ဆင်ထားကြမလဲ ❓‼️ AI တွေပေါ်လာရာကနေ AI တွေကိုကန့်ကွက်ကြ...
08/09/2023

Virtual ခေတ်ကြီး နောက်နှစ်တွေအကြာ‌မှာဘာတွေဖြစ်လာနိုင်သလဲ ❓
ဘာတွေပြင်ဆင်ထားကြမလဲ ❓

‼️ AI တွေပေါ်လာရာကနေ AI တွေကိုကန့်ကွက်ကြရင်းက အခုဆို AI က Trending တစ်ခုလိုတောင်ဖြစ်လာပြန်ပါပြီ။

💬 ဒီ AI ရဲ့ လူအများ စိတ်ဝင်စားခံရတဲ့ နေရာကနေ အခုလို အခြေအနေရောက်ခဲ့တဲ့ ကာလအပိုင်းအခြားက လပိုင်းပဲ ရှိပါတယ်။

‼️ ဟုတ်ပါတယ် နှစ်တစ်နှစ်တောင်မဟုတ်ဘဲ လချီပဲ ကြာလိုက်တာပါ။

ဒါကိုကြည့်ချင်းအားဖြင့် ဒီနေ့ခေတ်ကြီး ဘယ်လောက်မြန်မြန်တိုးတက်နေသလဲ ဆိုတာကတော့ အားလုံး ‌ခန့်မှန်းလို့တောင်ရမယ်မထင်ပါဘူးခင်ဗျာ။

📌ခလုတ်နှိပ်လို့ရတဲ့ ဖုန်းလေးတွေကနေ Touch screen ဖုန်းတွေဖြစ်လာတာကလဲ ဆယ်စုနှစ်တစ်ခုတောင်မကြာလိုက်ပါဘူး။
ပစ္စည်းတစ်ခု စပေါ်တဲ့အချိန်ကနေ အဲ့ပစ္စည်း လူတန်းစားအရပ်ရပ်ကို ဖြန့်ကျက်ဝင်ရောက်တဲ့အချိန်ဟာလဲ တွေးနိုင်တာထက်ကိုပိုမြန်ပါတယ်။

💭 ဒါဆိုရင် ဒီနေ့ကနေ နောက်ဆယ်နှစ်မှာ ပြောင်းလဲသွားနိုင်မယ့် အရာတွေကိုတော့ တွေးလို့တောင်ရမယ်မထင်ပါဘူးခင်ဗျာ။

ဒီအချိန် မှာကြိုလေ့လာ ကြိုတွေးတောထားနိုင်မယ့်သူတွေသာ ဒီလို Rapid Growing Community ကြီးကိုကျော်ဖြတ်အောင်မြင်နိုင်မှာပါ။

💬 လွန်ခဲ့တဲ့ခုနစ်နှစ် ရှစ်နှစ် လောက်က Coding သင်ကြတဲ့သူတွေကို ဒီနိုင်ငံမှာ Developer ဖြစ်ရင် ဘယ်နေရာမှာလုပ်မလဲပြောကြတဲ့ သူတွေလိုပါပဲ။
အခု‌တော့ Developer Job opportunities တွေက မှိုလိုပေါက်များပြားနေပြီး Professional ကျရင်ကျသလောက် လဲ Company တွေက အလေးပေး ခန့်ထားကြပါတယ်။ ဒီလိုအချိန်မှာ အပေါ်ကမေးခွန်းကို လွန်ခဲ့တဲ့ ‌ခုနစ်နစ်၊ရှစ်နစ်က မေးထားတဲ့သူတွေတောင် Courses တွေရှာကြံလေ့လာနေကြပါပြီ။

🔹အဖြေကတော့ ဒါ‌ပါပဲ မဖြစ်သေးတဲ့ အရာတွေကို ကြိုပြီး ဝေဖန်မဆုံးဖြတ်ပါနဲ့ဦး။ သေချာလေး စောင့်ကြည့်ရင်းလေ့လာဖို့ အကြံပေးပါတယ်။

🔹ဒါကြောင့် ဘယ်လိုပြင်ဆင်ကြမလဲဆိုတဲ့ မေးခွန်းကိုတော့ ကိုယ်ဖြစ်ချင်တာ နဲ့ ဖြစ်သင့်တာကို ယှဉ်တွေးရင်း ‌ကိုယ်တိုင်‌‌ဖြေကြည့်ဖို့ အကြုံပြုလိုက်ပါတယ်ခင်ဗျာ။

29/04/2023

It's Never Too Late.
You're Never Too Old Nor Too Young To Start Learning How To Program.

Welcome to LogicUnion.
Think Twice. Code Once.

Address

No. 3, 3rd Floor(B), Kyaik Waing Pagoda Road, Mayangone Township
Yangon
11061

Alerts

Be the first to know and let us send you an email when LogicUnion posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to LogicUnion:

Share