19/09/2026
" ချစ်ခင် လေးစားရပါသော Customer များခင်ဗျာ "
ကျွန်တော်တို့ Update Mobile နှင့် Update IT & Mobile မှ ဝယ်ယူအားပေး နေသော Customer များကို အမြဲတမ်း အဆင်ပြေစေရန် ဝန်ဆောင်မှုများပေးလျက်ရှိပါသည်။ 🙏
( အကယ်၍ အဆင်မပြေမှုများ ဖြစ်ခဲ့လျှင်လည်း ကျွန်တော်တို့ဘက်မှ အကောင်းဆုံးဖြစ်အောင် ဖြေရှင်းပေးခဲ့ပါသည် )
ယခုအခါ Account အတုဖြင့် တစုံတဦးမှ Facebook Group များတွင် မိမိတို့ဆိုင်အား မဟုတ်မမှန် စကားလုံးများ သုံး၍ ဂုဏ်သိက္ခာ ကျဆင်းစေရန် ထပ်ခါထပ်ခါ စွပ်စွဲပြောဆို ရေးသား တိုက်ခိုက်လျှက်ရှိပါသည်။
၎င်းနှင့် ဆိုင်အကြား မည်သည့် ပြဿနာတစုံတရာမျှဖြစ်ပွားခဲ့ခြင်း မရှိပါပဲလျှက် ဖြစ်စဉ်အကြောင်းအရာကိုလည်း အထောက်အထားဖြင့် ဖော်ပြခြင်းမရှိပါပဲလျှက် ဤကဲ့သို့ အကြောင်းမဲ့ ရေးသား တိုက်ခိုက်နေခြင်းသည် ဆိုင်သက်တမ်း ၁၄နှစ် တိုင်တိုင် အစဉ်အမြဲအားပေးလျက်ရှိသော Customer များနှင့် မိမိတို့ဆိုင်အကြား အထင်အမြင်လွဲမှားစေပြီး ဆိုင်၏ကောင်းမွန်သော ပုံရိပ်ကို ကျဆင်းစေရန် တမင်ရည်ရွယ်၍ ပြုလုပ်သော လုပ်ရပ်သက်သက်သာ ဖြစ်ကြောင်း အသိပေးအပ်ပါသည် ။ ⚠️