Lockify Mobile Devices Repairing & Training

Lockify Mobile Devices Repairing & Training Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lockify Mobile Devices Repairing & Training, Computer training school, No. 11, 138 Street, Tamwe Township, Yangon.

30/05/2024

မြန်မာပြည်တွင်းတွင် VPN များ ချိတ်ဆက်မရတော့ဘဲ လူမှုကွန်ရက် Facebook စာမျက်နှာနှင့် မက်ဆင်ဂျာများ သုံးစွဲမရ ဖြစ်နေ

ရန်ကုန်၊ မေ ၃၀

မြန်မာပြည်တွင်းတွင် VPN များ ချိတ်ဆက်မရတော့ဘဲ လူမှုကွန်ရက် Facebook စာမျက်နှာနှင့် မက်ဆင်ဂျာများ သုံးစွဲမရ ဖြစ်နေကြောင်း ရန်ကုန်မြို့နှင့် မန္တလေးမှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

"ဒီမနက်က စပြီး VPN တွေချိတ်မရဘူး။ ပုံမှန်သုံးနေတဲ့ VPN ကို ချိတ်မရတာ။ Wifi ပေးတဲ့ ကုမ္ပဏီကို ဆက်တော့ အခြား VPN တစ်ခု သုံးခိုင်းတယ်။ ချိတ်လို့ရပေမယ့် Facebook ဖွင့်တာ ဘာမှ ကြည့်မရဘူး။ ဓာတ်ပုံရော စာသားရော မပေါ်တာ။ မက်ဆင်ဂျာကလည်း စာပဲ ရိုက်လို့ရတယ်။ ဖုန်းပြောမရဘူး" ဟု မရမ်းကုန်းမြို့နယ်မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက ရန်ကုန်အခြေစိုက် အင်တာနက်ဖိုက်ဘာလိုင်းဝန်ဆောင်မှုပေးသော ကုမ္ပဏီတစ်ခုကို ဆက်သွယ်မေးမြန်းရာ တရုတ်နိုင်ငံမှ ဆော့ဝဲများဖြင့် VPN များ အသုံးပြုမရစေရန် လုပ်ဆောင် ပိတ် ဆို့ထားသည်ဆိုသော သတင်းများသိရှိထားကြောင်း၊ ယခု ပြည်သူများ အကျွမ်းတဝင် အသုံးပြုနေသော VPN များ သုံးမရဖြစ်နေသည်ဆိုသော ဖုန်းဆက်မေးမြန်းမှုများ ယနေ့ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတွင် အလွန်များပြားကြောင်း ပြောဆိုသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့်နီးစပ်သော သတင်းရင်းမြစ်တစ်ခုကမူ ယခုနှစ် ဖေဖော်ဝါရီလမှစတင်ပြီး တရုတ်နိုင်ငံမှ ကုမ္ပဏီတစ်ခုထံသို့ စစ်ကောင်စီက VPN များကို ပိတ်ပင်နိုင်သည့် Great Firewall တစ်ခု တည်ဆောက်ရန် တင်ဒါပေးလိုက်ကြောင်း၊ ယင်းတရုတ်ကုမ္ပဏီက နေပြည်တော်နှင့်ရန်ကုန်တွင် အခြေ စိုက်ပြီး Great Firewall များ တည်ဆောက်နေသည်ဆိုသော သတင်းများ ကြားသိထားကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ယခုနှစ် မတ်လ ၁၄ ရက်နေ့တွင် ပြောဆိုခဲ့သည်။

"တရုတ်လို Great Firewall တွေ လုပ်မယ်လို့ သတင်းတွေ ထွက်နေတာကြာပြီ။ အတိအကျတော့ ဘယ်တရုတ်ကုမ္ပဏီလဲဆိုတာ မသိရဘူး" ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့်နီးစပ်သော သတင်းရင်းမြစ်က ယခုနှစ် မတ်လ ၁၄ ရက်နေ့တွင် ပြောဆိုခဲ့သည်။

စစ်ကောင်စီက မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် ဖေ့ဘုတ်စ် Facebook လူမှုကွန်ရက်အသုံးပြုမှုများကို တရားဝင်ပိတ်ပင်လိုက်သဖြင့် ပြည်သူများမှာ VPN အသုံးပြု၍ Facebook လူမှုကွန်ရက်ကို သုံးစွဲနေကြရခြင်းဖြစ်သည်။

Crd: ခေတ်သစ်

Facebook ရဲ့ Reaction တွေထဲက ဒီlogo ကိုသဘောကျတယ်။ဗမာလို "ဂရုစိုက်နော်""ကျမ္မာရေးဂရုစိုက်ပါ"လို့အဓိပ္ပာယ်ရတယ်။သူတို့ဆီမှာ...
30/04/2024

Facebook ရဲ့ Reaction တွေထဲက ဒီlogo ကိုသဘောကျတယ်။
ဗမာလို
"ဂရုစိုက်နော်"
"ကျမ္မာရေးဂရုစိုက်ပါ"
လို့အဓိပ္ပာယ်ရတယ်။
သူတို့ဆီမှာတော့ ကောင်းတဲ့ Reaction ဆိုပေမဲ့...
ကိုယ်တွေဆီမှာတော့ နောက်အဓိပ္ပာယ်တစ်မျိုးလည်းထွက်တယ်။ဥပမာ။။။။။။
ကိုယ်နဲ့ရင်းနှီးတဲ့ လူတစ်ယောက်က ပုံမှန်မဟုတ်တဲ့၊မူမမှန်တဲ့ စကားတွေ၊အပြုအမူတွေ ပြုမူ၊ပြောဆိုလာပြီဆိုရင် သူ့ကို
ဆေးလှုပ်သောက်ပါတို့၊ကျမ္မာရေးဂရုစိုက်တို့၊ဆရာဝန်နဲ့ပြသင့်တယ်တို့ အကြံဉာဏ်ပေးလေ့ရှိပါတယ်။တစ်ချို့ကလည်း စေတနာနဲ့ပါ၊တစ်ချို့ကြတော့ ရွဲ့ပြောကြတာတွေရှိပါတယ်။
ရင်းနှီးသူအချင်းချင်းကတော့ ရွာသာကြီးသွားပြဖို့ ဆိုလိုလိုက်တာဖြစ်ပါတယ်။
ကျနော်လည်း ပေါက်ကရပို့စ်တွေဖတ်မိပြီဆိုရင် အဲ့ဒီသူ စိတ်ကျမ္မာရေးဆေးရုံသွားပြဖို့အတွက် အကြံပေးတဲ့သဘောနဲ့ အဲ့ဒီ reaction ကိုပေးလိုက်လေ့ရှိပါတယ်။ သဘောကတော့
"မင်း ...ရူးနေပြီ" လို့ဆိုလိုက်တာပါပဲ😁

23/12/2023

ငါးမိနစ်လေးအချိန်ပေးပေးပါ တန်ဖိုးမရှိတဲ့ စာတွေဆိုရင် ကျွန်တော့ကို block လိုက်ပါ
" တကယ်ကောင်းတဲ့ဟောပြောပွဲတစ်ခု "
ကျနော်တို့ လူငယ်တစ်သိုက် ဟောပြောပွဲတစ်ခု သွားနားထောင်ရန်အတွက်
ချီတက်နေကြသည်။
တစ်လမှ လစာငွေ ငါးသိန်းသာရသောအဖေက ဒီဟောပြောပွဲကို သွားနားထောင်ရင်
ကျနော့်ကို မုန့်ဖိုး တစ်သိန်းပေးမယ်လို့
စည်းရုံးထားတယ်လေ။
လက်မှတ်ကြေးက တစ်စောင်ကို တစ်သောင်းနှုံး၊လက်မှတ်ငါးစောင်ဖြတ်ပေးလိုက်တယ်။
ကျနော့်ရဲ့ ဆိုးဖော်ဆိုးဖက်
သူငယ်ချင်းတွေအတွက်ရောပေါ့။
ကျနော်ကြားဖူးနားဝ ဗုဒ္ဓဝင်ထဲကလို အသပြာတစ်ထောင်ပေးပြီး သားကို တရားနာခိုင်းတဲ့ သူဌေးကြီးလိုမျိုး။.. သို့သော်
ဒီနေ့ ဒီဟောပြောပွဲကို
တက်ရောက်ကြားနာခဲ့ခြင်းဟာ
ဘဝမှာ အမှန်ဆုံးအလုပ်တစ်ခုဖြစ်မယ်ဆိုတာ ကျနော်မသိသေးဘူး။
ခန်းမထဲမှာ လူတွေအပြည့်ပဲ။တချို့က မိသားစုလိုက်။တချို့က စုံတွဲခုတ်လာကြတယ်။
တချို့က ကျနော်တို့လို ဘော်ဒါအဖွဲ့။
စင်ပေါ်ကို လူတစ်ယောက် တက်လာတယ်။
မျက်နှာက ပြုံးပြုံးရွှင်ရွှင်နဲ့…
ထူးထူးခြားခြားတောက်ပနေတာက သူ့ရဲ့
ယုံကြည်မှုရှိတဲ့ ဟန်ပန်ပဲ။
နိုင်ငံသိ ကျော်ကြားအောင်မြင်သူဆိုတော့
လည်း ဒီလို confidence ရှိနေတာ မဆန်းပါဘူး။ဒါပေမယ့် သူက ဟိတ်ကြီးဟန်ကြီးမဟုတ်ဘူး။တကယ်ကို ပေါ့ပေါ့ပါးပါးနဲ့။
ဂျင်းဘောင်းဘီဝတ်ထားတယ်။
တီရှပ်တစ်ထည်ဝတ်ထားတယ်။
မြန်မာ့အဆင့် ၁သူဌေးကြီးလို့
ဘယ်သူထင်မှာလဲ။
"မင်္ဂလာပါ။ကျနော် ကျော်စွာပါ။”
မိတ်ဆက်ပုံက ဒီလောက်ပဲ။နိုင်ငံတော်က
ချီးမြှင့်ထားတဲ့ သူဌေးဘွဲ့ကို သူမရွတ်ပြဘူး။
"ကျနော်က ဟောပြောချင်တာမဟုတ်ဘူးဗျ။
ပြောပြချင်တာ။ဒီနှစ်ခုမတူဘူးနော်။
အပေါ်စီးကနေ သင်ကြားပေးချင်တာမဟုတ်ဘူး။နှလုံးသားက လာမယ့်စကားတွေကို
နှလုံးသားထဲ တိုက်ရိုက် မျှဝေပေးချင်တာ။
ကျနော်က စကားပြောသိပ်ကောင်းတာတော့ မဟုတ်ဘူး။ဒါကြောင့် ရူပါနဲ့ပဲ ထိန်းထားရတာ။”
အောင်မြင်တဲ့ နိဒါန်းပဲလား။လေးလံခမ်းနားတဲ့ ဘွဲ့တံဆိပ်တွေနဲ့ သီရိသုဓမ္မဘာညာသူဌေးကြီးက ဒီလို ပေါ့ပေါ့ပါးပါးလေး အရွှန်းဖောက်တော့ ပရိတ်သတ်က ပြုံးစိပြုံးစိဖြစ်သွားတယ်။
"ကျနော်က သူဌေးဖြစ်နည်းကို ဟောပြောမှာ မဟုတ်ဘူးနော်။ကျနော့်ညီ ကျနော့်ညီမတွေလို လူငယ်တွေအတွက် ဘဝနေနည်းလေး
အကြံပြုချင်တာပါ။
တစ်ခါက ဘုရင်ကြီးတစ်ပါးက အမတ်တွေကို ပြောတယ်။ကမ္ဘာအရပ်ရပ်က
လူသားသမိုင်းတွေကို လေ့လာချင်တယ်တဲ့။
အဲ့ဒိခေတ်က စာရွက်မပေါ်သေးလို့
ဆိတ်သားရေ၊နွားသားရေမှာ
စာရေးနေရတဲ့ခေတ်လေ။
ဘုရင့်နန်းတော်ရှေ့မှာ
လှည်းအစီးထောင်ပေါင်းများစွာဟာ
သားရေပြားတွေတင်ပြီး ရောက်နေတယ်။
ဘုရင်က အံ့သြတကြီးနဲ့
"အဲ့ဒါဘာတွေလဲ”ဆိုတော့ အမတ်ကြီးက
ကမ္ဘာအရပ်ရပ်က လူသားသမိုင်းတွေကို
သုံးနှစ်သုံးမိုးပြုစုထားတာပါတဲ့။
"ငါဘယ်လိုလုပ် ဖတ်နိုင်မှာလဲ အမတ်ကြီးရဲ့။
ခပ်တိုတိုလေး ပြန်ပြုစုပေး”
အဲ့ဒိအချိန်မှာ အမတ်ကြီးက သူဆောင်ယူလာတဲ့ သားရေပြားချပ်လေးကို ပေးလိုက်ရင်း
"ဒါကမ္ဘာအရပ်ရပ်က လူသားသမိုင်းပါ
အရှင်မင်းကြီး”
မင်းကြီးမျက်မှောင်ကုပ်သွားတယ်။
လူသားသမိုင်းတဲ့။ရေးထားတော့
စာကနှစ်ကြောင်းတည်း။
"သူတို့ မွေးဖွားလာကြသည်။
သူတို့ သေဆုံးသွားကြသည်။”
အဲ့ဒါဘဝပဲ။နိဒါန်းက မွေးဖွားခြင်း။နိဂုံးက
သေဆုံးခြင်း။သတ္တဝါတိုင်း အတူတူချည်းပဲ။
ကျနော်လည်း ဒီမွေးဖွားခြင်းနဲ့ သေဆုံးခြင်းရဲ့
ကြားကာလမှာ ရုန်းကန်ရွေ့လျားနေတဲ့
လူတစ်ယောက်ပဲ။ကျနော်ဘယ်လိုနေခဲ့လဲ။
ကျနော်လည်း ညီလေးတို့ ညီမလေးတို့လို ကျောင်းသားလူငယ်ဘဝကို ဖြတ်သန်းခဲ့ဖူးတယ်။ဆိုးခဲ့ဖူးတယ်။တေခဲ့ဖူးတယ်။ပေခဲ့ဖူးတယ်။
ဘဝမှာ ကြက်ခြေခက်တွေအပြည့်နဲ့။
ဘဝပျောက်လောက်အောင်တော့
မဆိုးခဲ့ဘူးပေါ့။ကျနော့်အဖေကမှာတယ်။
မင်းကြိုက်သလောက်ပျော်ပါ။ဒါပေမယ့်
အိမ်ကိုတော့ ရောက်အောင်ပြန်ခဲ့ပါတဲ့။
ဒါကို ဒဿနတစ်ခုလို့ ကျနော်မသိဘူး။
အခွင့်အရေးတစ်ခု၊လွတ်လပ်ခွင့်တစ်ခုလို့ပဲ
ထင်ခဲ့တာလေ။ညလုံးပေါက် ဂစ်တာတွေတီး၊
သီချင်းတွေဆို၊ဘော်ဒါတွေနဲ့မူးယစ်ပျော်ပါး။
မနက်လေးနာရီလောက်မှ အိမ်ပြန်ဖြစ်တဲ့
နေ့တွေက မနည်းလှဘူး။
ရက်တွေကြာလာတော့ အဖေက ပြောတယ်။
"သား ကြိုက်သလောက်ပျော်ပါ။
သားအပျော်ကြူးတာနဲ့
တိုက်ရိုက်အချိုးတူစွာ အဖေတို့
စိတ်ပူရတယ်။ဒါကြောင့် ဘယ်အချိန်ပဲဖြစ်ဖြစ် သားအတွက် ဘေးကင်းမယ့် ဒီအိမ်လေးမှာ
တစ်ထောက်ပြန်နားပါသား။
သားဘယ်နေရာမှာ မူးမှောက်ပြီး အိပ်ပျော်နေမလဲ။ဘယ်နေရာမှာ ရန်တွေဖြစ်ပြီး
အရိုက်အနှက်ခံနေရမလဲ။ဖေဖေတို့
စိတ်ပူနေရတယ်။မနက်လင်းလို့ အိပ်ရာပေါ်မှာ ဘေးကင်းကင်းနဲ့ အိပ်မောကျနေတဲ့ သားကိုမြင်မှ အဖေတို့ တစ်ရက်စာ စိတ်အေးရတယ်”တဲ့
ကျနော်မသိခဲ့ဘူး။ကျနော့်ရဲ့ ပျော်ပါးခြင်းဟာ မိဘကို စိတ်ပူပန်စေတယ်ဆိုတာ ကျနော်မသိဘူး။ကျနော်ပဲ ပျော်ချင်တာ။ကျနော့်တစ်ကိုယ်စာလေးပဲ ကျနော်တွေးခဲ့တာ။
အဲ့ဒိနောက်ပိုင်း တော်ရုံတန်ရုံအကြောင်းမရှိရင် ကျနော့်အိမ်ပြန်ချိန်တွေ ဥာဉ့်မနက်တော့ဘူး။ကျနော့်ကြောင့် မိဘကို
စိတ်ပူစေမယ့်ဘေးကို အတတ်နိုင်ဆုံး
အေးစေခဲ့တယ်။
အမေကတော့ အဖေ့ကို ပြောတယ်။
"ရှင့်နည်းက စွန့်စားလွန်းရာမကျဘူးလား။
၂နှစ်နီးပါးလောက် သားလေးကို ပရမ်းပတာ လွှတ်ပေးခဲ့တာ အန္တရာယ်သိပ်များတယ်။
ဒီကြားထဲ တစ်ခုခုဖြစ်သွားတဘယ့်နှယ့်လုပ်မလဲ”တဲ့။
ကျနော့် စိတ်ထဲမှာ စူးစူးနင့်နင့်နားလည်လိုက်တာက မိဘအိမ်ဆိုတာ သားသမီးတွေအတွက် လုံခြုံဘေးကင်းရာအရပ်ပဲ။
ညီလေးတို့ ညီမလေးတို့လည်း လူငယ်ပီပီ
ရူးမိုက်ပျော်ပါးချင်လိမ့်မယ်။
ပျော်ပါးဖူးလိမ့်မယ်။ဒါပေမယ့် မိဘတွေဘက်က ဝင်တွေးကြည့်ပါ။မင်းတို့အတွက်
မိဘအိမ်ဟာ ဘေးကင်းလုံခြုံရာအရပ်ပဲ။
ရောက်အောင်ပြန်ပါ။
ကျနော်ဒုတိယနှစ်ရောက်တော့
ရည်းစားရနေပြီ။အရူးအမဲသား စားရသလိုပေါ့ဗျာ။အခုမှ ဣတ္ထိယနဲ့ ထိတွေ့ဖူးတော့
ကြားလေသွေးရင်တောင်
ဝေးတယ်လို့ ထင်မိတာမျိုး။
တစ်ရက်မှာ အဖေက မေးတယ်။
" သား ချစ်သူရပြီလား”တဲ့
"ဟုတ်ကဲ့”လို့ ဖြေတော့
"မင်းဘယ်မှာ နေမလဲ။ဘာအလုပ်လုပ်စားမလဲ။မင်းဘဝရည်မှန်းချက်က ဘာလဲလို့
မေးတယ်။မေးခွန်းက ရိုးရှင်းသလောက်
အဖြေကသိပ်ခက်တယ်။ခက်တာထက်ကို
ပိုပါတယ်။အဖြေက ရှိကိုရှိမနေတာ။
အဖေက ဘာမှဆက်မမေးတော့ဘူး။
ဟုတ်တယ်။ဒါက အဖေ ကျနော့်ကို မေးရမယ့် မေးခွန်းမဟုတ်ဘူး။ကျနော့်ကို ကျနော်မေးရမှာ။ငါဘာအလုပ်လုပ်မှာလဲ။ငါ့ရည်မှန်းချက်ကဘာလဲ။ကိုယ်လျှောက်မယ့်လမ်းတောင် ကိုယ်မဖောက်ရသေးတဲ့အဖြစ်ပါ။
တကယ်က လမ်းပျောက်နေတာမဟုတ်ဘူး။
လမ်းကို မရှိခဲ့တာ။
ညီလေးတို့ ညီမလေးတို့မှာရော
ရည်မှန်းချက်လမ်းတွေ ရှိကြပြီလား။
ဒီလိုနဲ့ စီးပွားရေးဘက်ကို အထူးပြုလေ့လာမယ်ဆိုပြီး စီးပွားရေးဘက်ကို စလေ့လာတယ်။
စာတွေဖတ်တယ်။ကိုယ်ပိုင်လုပ်ငန်း
လုပ်နေကြတဲ့သူတွေကို အောက်ကျို့ခံပြီး
မေးခွန်းတွေမေးတယ်။သင်ယူတယ်။
ပညာရှာ ပမာ သူတောင်းစားမဟုတ်လား။
သိလိုသူက မာန်ချထားရတယ်။
ပြဿနာ အသစ်တစ်ခု ထပ်တွေ့လာပြန်ရော။
သမီးရည်းစားပြဿနာပါ။ရွေးချယ်ခဲ့တုန်းက ရုပ်ရည်ကြိုက်လို့ ရွေးခဲ့တာလေ။သူ့အကျင့်၊သူ့စရိုက် ဘာကိုမှ လေ့လာပြီး ကြိုက်ခဲ့တာမဟုတ်ဘူး။သူကျနော့်ကို ဖြတ်သွားပြီး နောက်တစ်ယောက်တွဲသွားတယ်။
လူလည်း ရူးမလိုလို ကြောင်မလိုလို
ဖြစ်သွားသေးတယ်။
သစ္စာမရှိတဲ့ မိန်းမဘာညာပေါ့။ကျိမ်စာတွေတိုက်။အသဲတွေကွဲ၊အရက်တွေမူး။
အဲ့ဒိအချိန်မှာ အဖေကထပ်မေးတယ်။
"သူ့မှာ မင်းကို ဖြတ်ဖို့ အခွင့်ရေးမရှိဘူးလား”တဲ့
ဟုတ်တယ်။ဘာစာချုပ်စာတမ်းမှ
ရှိတာမဟုတ်ဘူး။တစ်သက်လုံးလက်တွဲပါမယ်လို့လည်း ကတိမပေးထားဘူး။
ကျနော့်ကို သူ မလိုချင်တော့ရင်၊မလိုအပ်တော့ရင် လမ်းခွဲဖို့ သူ့မှာ အခွင့်အရေးရှိနေတာပဲ။
ကျနော်လက်ခံပေးလိုက်တယ်။နောက်တစ်ခါများတော့ ရည်းစားထားမယ်ဆိုရင် သူ့ဘက်ကိုလည်း သေချာလေ့လာမယ်။ကိုယ့်ဘက်ကလည်း သေချာပြင်ဆင်မယ်။ဒီလိုတွေးဖြစ်လာတယ်။တစ်သက်လုံး ကိုယ့်အိပ်ရာဘေးမှာ ထားရမယ့် အမျိုးသမီး၊ကိုယ့် အိမ်ရှင်မဖြစ်လာမယ့် အမျိုးသမီးကို တွေ့ကရာမရွေးချယ်မိဖို့
ကိုယ့်ကိုယ်ကို ပြန်သတိပေးရတယ်။
ညီလေးတို့ ညီမလေးတို့ရော ကိုယ့်ကြင်ဖော်ကို ရွေးချယ်တဲ့အခါ စိတ်ခံစားချက်အတိုင်း ရွေးလိုက်တာလား။ဥာဏ်နဲ့ရော
ပိုင်းခြားစီစစ်ဖြစ်လား။
နောက်တစ်ကြိမ်ရွေးချယ်မှုကတော့ ကျနော့်အတွက် အကောင်းဆုံးဖြစ်ခဲ့တယ်။
အခုလက်ရှိ အိမ်သူသက်ထားပါပဲ။
လူနှစ်ယောက်ချိတ်ဆက်ဖို့ အတွက် တစ်ခုတည်းသော လိုအပ်ချက်က နားလည်မှုပဲ။
သူ့အပြစ် ကိုယ့်အပြစ်၊သူ့အမှား ကိုယ့်အမှား
သူ့အဆိုး ကိုယ့်အဆိုး၊သူ့အားနည်းချက် ကိုယ့်အားနည်းချက်ကို အပြန်အလှန် နားလည်ပေးခဲ့ကြတယ်။
ဖုန်းတစ်လုံး အားသွင်းဖို့ adapterလိုတယ်မဟုတ်လား။Adapterဆိုတာ powerကိုမပေးဘူး။
Powerကိုလည်းမယူဘူး။ပေးသူနဲ့ ယူသူကြားမှာ အဆင်ပြေအောင် ချိန်ညှိပေးတဲ့
deviceတစ်ခုပဲ။
နိုင်ငံရဲ့ power supply systemက 220AC
ဖုန်းကလိုချင်တာ 5amp(အမ်ပီယာ) current.
Adapterမခံဘဲ တိုက်ရိုက် joinလိုက်ရင် ဖုန်းပဲ ဂိသွားလိမ့်မယ်။ဒါဟာ ပေးသူရဲ့အမှားမဟုတ်သလို ယူသူရဲ့ အားနည်းချက်လည်း မဟုတ်ဘူး။မတူညီ ကွဲလွဲခြင်းသာ။နားလည်မှု adapterလည်း ကြားခံလိုက်တော့ အပေးအယူမျှတသွားရော။ဒါကြောင့် ညီလေးတို့
ညီမလေးတို့ ပေါင်းသင်းဆက်ဆံတဲ့အခါ
သူငယ်ချင်းအချင်းချင်းပဲဖြစ်ဖြစ်၊မိဘနဲ့ပဲဖြစ်ဖြစ်၊ချစ်သူချင်းပဲဖြစ်ဖြစ် နားလည်မှုရှိကြပါ။
နားလည်မှုမရှိဘဲ ပေါင်းစပ်လို့ လုံးဝမရဘူး။
အဆီအငေါ်မတည့်ရင် နှစ်ဦးနှစ်ဖက် ထိခိုက်ရတတ်တယ်။မိဘက adapterမခံဘဲ 220AC voltageပေးလိုက်လို့ လောင်ကျွမ်းသွားတဲ့
ပျက်စီးသွားတဲ့ ဖုန်းလိုမျိုး သားသမီးတွေ
ဘယ်လောက်တောင် ရှိနေမလဲ။
ဒီလိုနဲ့ စီးပွားရေးကို အစပြုရင်း ဖြတ်လမ်းနည်းတွေနဲ့ အောင်မြင်ချင်လာတယ်။
သူဌေးကြီးတစ်ယောက်ကို မေးဖူးတယ်။
အောင်မြင်ဖို့ အမြန်ဆုံးနည်းပြောပြပါလို့။
သူဌေးကြီးဖြေသွားတာ သိပ်လှတာပဲ။
သမိုင်းဖြစ်ရပ်လေးတစ်ခုနဲ့ ဥပမာပေးသွားတာ။ညီတို့ ညီမတို့ကို ဗဟုသုတအဖြစ်၊messageတစ်ခုအဖြစ် မျှဝေချင်ပါတယ်။
မက်ဆီဒိုးနီးယား စစ်ဘုရင် အလက်ဇန်းဒါး
သေဆုံးပြီးနောက်မှာ သူပိုင်တဲ့နယ်မြေတွေကို သူ့စစ်သူကြီးတွေက ခွဲဝေယူတယ်။
အီဂျစ်မြေကိုယူတဲ့ တော်လမီ ၁ လက်ထက်မှာ
ဘုရင် တော်လမီကGeometryပညာရှင် ယူကလစ်ဆီက geometryပညာကို အလွယ်သင်ဖို့ ကမ်းလှမ်းတယ်။
ယူကလစ်ရဲ့အဖြေက သိပ်ရိုးရှင်းတယ်။
သိပ်ရဲရင့်တယ်။
"Geometryပညာကိုသင်ဖို့ ရှင်ဘုရင်အတွက် အထူးနည်းလမ်းမရှိပါဘူး”တဲ့။
ဒါကြောင့် ကျနော်တို့ ဘယ်ပညာကိုပဲ သင်ယူသည်ဖြစ်ဖြစ် ဝီရိယထည့်ဖို့လိုတယ်။
ခြေထောက်ကနေ ခြေလှမ်းဖြစ်ပြောင်းသွားတာ ဝီရိယကြောင့်ပဲ။ဦးတည်ရာကို ရွေးချယ်တာက ဥာဏ်ရည်ပေါ့။လျှောက်လမ်းမှာ
ခလုတ်မထိ ဆူးမငြိဖို့က သတိတရားရဲ့
လုပ်ဆောင်ချက်။
ဒီလိုနဲ့ စီးပွားရေးတစ်ခုကို ဇောက်ချလုပ်ဖြစ်လာတယ်။အတော်အတန်
အောင်မြင်လာတယ်။ကျနော်နဲ့ ခင်မင်လာတဲ့ သူဌေးကြီးတစ်ယောက်က ကျနော့်ကို
မေးတယ်။စာဖတ်ဖြစ်လားတဲ့။
အချိန်လည်း သိပ်မအားတာနဲ့ မဖတ်ဖြစ်ဘူးလို့ ပြောတော့ သူဌေးကြီးက
"မင်းအလုပ်ချိန်တွေက ဘယ်လောက်တောင် တန်ကြေးရှိနေလို့ စာမဖတ်ရတာလဲ။
မင်းရဲ့ နှစ်နာရီလုပ်အားခက တစ်သိန်းလား
နှစ်သိန်းလား။စာတစ်ပုဒ်ကပေးမယ့် အသိတရားက မင်းရှာနိုင်တဲ့ ငွေထက် အမြဲတန်ဖိုးကြီးတယ်ဆိုတာ မှတ်ထား”တဲ့
တပည့်လိုဖြစ်နေလို့ ခပ်ကြမ်းကြမ်းပြောတယ် ထင်ပါတယ်။နောက်မှ လေသံပျော့သွားပြီး
"ငါ့ညီ ကျော်စွာ ဘေဂိတ်ကြရဲ့ တစ်နာရီလုပ်အားခက တို့ထက် အပုံကြီးသာလိမ့်မယ်။
ဒါပေမယ့် ဘေဂိတ်ဇောက်ချလုပ်နေတာ
စာဖတ်ခြင်းပဲ။
လင်ကွန်းကပြောတယ်။ကျုပ်ကို သစ်ပင်ခုတ်ဖို့ အချိန် ခြောက်နာရီပေးရင် လေးနာရီက ပုဆိန်သွေးနေမှာတဲ့။ငါတို့ အလုပ်လုပ်နေတယ်ဆိုတာ ဥာဏ်ပုဆိန်နဲ့ သစ်ပင်ခုတ်နေတာ။
စာဖတ်တယ်ဆိုတာ အဲ့ဒိဥာဏ်ပုဆိန်ကို
သွေးနေရတာ။မင်းပုဆိန်သွေးဖို့ မပျက်ကွက်နဲ့။ပုဆိန်တုံးလာလိမ့်မယ်”တဲ့။
ဒီတော့ ညီလေးတို့ ညီမလေးတို့ကို
ကျနော်ကပြောမယ်။ကျနော့်အဆင့်နဲ့ အချမ်းသာဆုံးသူဌေးဖြစ်နေရတာ
ကျနော်ဂုဏ်မယူဘူး။
ကျနော့်ထက် ပိုချမ်းသာတဲ့သူပေါ်
လာလို့လည်း
ကျနော်စည်းစိမ်လျော့မသွားဘူး။
နံပါတ် တစ်ဖြစ်နေခြင်းက နှိုင်းရတန်ဖိုးပါ။
ပကတိမှမဟုတ်တာ။ကျနော်ထက် ပိုချမ်းသာသူပေါ်လာရင် ကျနော်ထက်ပိုပြီး နိုင်ငံသားတွေကို အလုပ်အကိုင် အခွင့်အလမ်းတွေ
ဖန်တီးပေးနိုင်လိမ့်မယ်။ကျနော့်နိုင်ငံကြီး
ဒီထက်ပိုတိုးတက်လာလိမ့်မယ်။
ကျနော်မျှော်လင့်တယ်။ညီတို့ ညီမတို့လည်း
ပျော်ကြပါ။ဒါပေမယ့် ဘေးကင်းပါစေ။
ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းပါ။
ဒါပေမယ့် ရည်မှန်းချက်ရှိပါစေ။
ချစ်ကြပါ။ဒါပေမယ့် နားလည်မှုရှိပါစေ။
အလုပ်လုပ်ကြပါ။ဒါပေမယ့်
စာဖတ်ဖို့ အချိန်ရှိပါစေ။
အောင်မြင်ခြင်းမှာ ဂုဏ်ယူကြပါ။ဒါပေမယ့်
မာန်မာနတော့ ကင်းပါစေ။
နိုင်ငံအနာဂတ်အတွက် ညီတို့ညီမတို့ ကိုပဲ
ကျနော်က အားကိုးမျှော်လင့်နေမှာပါ။
ဟုတ်ကဲ့ ကျနော့် စကားကို စိတ်ဝင်တစား နားထောင်ပေးကြလို့ ကျနော် ကျော်စွာက အားလုံးကို ကျေးဇူးတင်ပါတယ်။
လူကြီးမင်းတို့ ဝယ်ယူလာတဲ့ လက်မှတ်တွေကို အရောင်းကောင်တာမှာ ဝယ်စျေးအတိုင်း
ပိုက်ဆံပြန်ထုတ်သွားလို့ရပါတယ်။
ဒီနေ့ စကားပွဲလေးဟာ ငွေကြေးအကျိုးအမြတ် လိုချင်လို့ လုပ်တဲ့စကားပွဲမဟုတ်ဘူး။
ဒါပေမယ့် လေးနက်မှုတစ်ခုရချင်လို့ စည်းစနစ်ကျချင်လို့ ငွေနဲ့ ရောင်းတဲ့သဘောပါ။
လူကြီးမင်းတို့ ငွေပြန်မထုတ်လိုဘူးဆိုရင်လည်း ဒီငွေတွေဟာ မိဘမဲ့ကလေးကျောင်းကို
အလှုငွေအဖြစ် ရောက်ရှိသွားမှာပါ။
ငွေတစ်သောင်းဟာ တချို့လူတွေအတွက် သိပ်များနေသေးတဲ့ ပမာဏမို့လို့ ထုတ်ယူမယ်ဆိုရင်လည်း နားလည်ကြည်ဖြူမှာပါ။”
လက်ခုပ်သံများ မစဲအောင် ထွက်ပေါ်လာသည်။ကျနော်နဲ့ ကျနော့်သူငယ်ချင်းတစ်သိုက်လည်း လက်ခုပ်ကို အားရပါးရတီးဖြစ်ခဲ့သည်။
တကယ့် ဂါရဝလက်ခုပ်သံပါ။
မုဒိတာလက်ခုပ်သံပါ။
ကျေးဇူးတင်တဲ့ လက်ခုပ်သံပါ။
အိမ်အပြန်လမ်းမှာ ခြေလှမ်းတွေ
တက်ကြွနေသည်။ဘယ်နှစ်ကြိမ်မှန်းမသိ ကျေနပ်ပြုံးတွေ ပြုံးမိနေသည်။
လက်မှတ်ငါးစောင်အတွက် ငွေငါးသောင်းကို ကျနော်တို့ ပြန်မထုတ်ယူဖြစ်ခဲ့ပါ။
အဖေပေးမယ့် ငွေတစ်သိန်းလည်း ကျနော်
မလိုချင်တော့။ကျေးဇူးပါ ဖေဖေရယ်လို့
လိပ်ပြာသန့်သန့်ပြောနိုင်ဖို့
ငွေတစ်သိန်းကြောင့် အပျက်စီးမခံနိုင်ပါ။
နိုင်ငံအတွက်၊မိဘအတွက်၊မိမိအတွက် အသုံးကျတဲ့ နိုင်ငံသားအဖြစ်၊သားသမီးကောင်းအဖြစ်၊လူသားကောင်းအဖြစ် ကျနော်စတင်ရတော့မယ်။
-----------
အလုပ်အကိုင်လုပ်ငန်းများ ​အောင်မြင်တိုးတက်ကြပါ​စေ။

Jobs4U

Seize The Opportunities!
--------
Credit: Original writer!

23/12/2023

ခေါင်းဆောင်ဆိုတာ နေရာတိုင်းမှာ
အကုန်သိ အကုန်တတ်ရမယ်ဆိုတဲ့
အယူအဆဟာ လွဲမှားနေပါတယ်။

တကယ်တော့ ခေါင်းဆောင်ဆိုတာ
နေရာအလိုက် တတ်ကျွမ်းသူတွေကို
စနစ်တကျ ပေါင်းစည်းပြီး သူ့နေရာနဲ့သူ
အသုံးချတတ်ဖို့ပဲ လိုပါတယ်။

တတ်ကျွမ်းသူတွေကို ရှာဖွေရွေးထုတ်နိုင်စွမ်း ရှိရမှာဖြစ်သလို
မတတ်ကျွမ်းသေးသူတွေကို တတ်ကျွမ်းလာအောင်
လေ့ကျင့်ပေးနိုင်စွမ်းရှိဖို့လဲ လိုအပ်ပါတယ်။

သုံးမရတဲ့ငယ်သားဆိုတာ မရှိဘူး
ငယ်သားကို လူမှန်နေရာမှန်
အသုံးမချတတ်တဲ့ ခေါင်းဆောင်ပဲ ရှိပါတယ်။

ခေါင်းဆောင်တစ်ယောက်အတွက်
ရှက်စရာအကောင်းဆုံးစကားက
ကိုယ့်လက်အောက်ကလူတွေ
သုံးလို့မရပါဘူးလို့ ဖွင့်ဟပြောဆိုခြင်းဖြစ်ပါတယ်။

အဲ့ဒီလိုပြောတဲ့သူတွေကို ကျွန်တော်အထင်လုံးဝမကြီးပါဘူး။
သုံးမရတဲ့သူကို သုံးလို့ရတဲ့အထိ လေ့ကျင့်ပေးဖို့က ခေါင်းဆောင်ရဲ့တာဝန်ဖြစ်ပါတယ်။

သုံးမရတဲ့သူတွေရှိတာ ခေါင်းဆောင်ညံ့လို့ပါ။
လက်အောက်ကသူတွေဟာ ကိုယ့်လောက်မတတ်ဘူး
ကိုယ့်လိုအမြင်မရှိဘူးလို့လဲ လုံးဝမပြောသင့်ပါဘူး။

လက်အောက်က လူတွေရဲ့အမြင်ဟာ
ကိုယ်နဲ့ ရှုထောင့်မတူတာပဲ ဖြစ်မယ်လို့ ခံယူရပါမယ်။

လက်အောက်ကသူတွေရဲ့ အတွေးအမြင်တွေကို ထုတ်ဖော်ခွင့်ပေးရပါမယ်။

''မင်းက ဘယ်လောက်သိလို့လဲ'' ဆိုတဲ့
စကားကို ပြောတဲ့ ခေါင်းဆောင်ဟာ
မကြာခင် ကျဆုံးတော့မဲ့ခေါင်းဆောင် ဖြစ်ပါတယ်။

''သဘောကောင်းတယ်လို့ အပြောခံရရင်
အဲ့ဒီသူဟာ ခေါင်းဆောင်ကောင်းမဟုတ်ဘူး'' လို့
ပြောကြတာကိုလည်း ဘယ်လိုစဉ်းစဉ်းစား လက်မခံနိုင်ပါဘူး။

ဥပမာပေးရရင် မိသားစုအတွင်းမှာဆို
အမိန့်တွေနဲ့ အလုပ်လုပ်နေတာ မဟုတ်ပါဘူး။
တစ်ယောက်နဲ့တစ်ယောက် မေတ္တာတရားတွေနဲ့ နေထိုင်ကြတာ ဖြစ်ပါတယ်။

တစ်ယောက်မကြိုက်တာကို တစ်ယောက်ကမလုပ်တာ/
တစ်ယောက်ဖြစ်စေချင်တာကို တစ်ယောက်က
လုပ်ပေးတာတွေဟာ ကြောက်လို့မဟုတ်ပါဘူး။
မေတ္တာတရားနဲ့ အလိုက်တသိ လုပ်ပေးကြတာဖြစ်ပါတယ်။

အဖွဲ့အစည်းအတွင်းမှာလည်း
ဒီလို နားလည်မှုတွေ မေတ္တာတရားတွေရှိနေရင်
ခေါင်းဆောင်ဟာ ငယ်သားတွေအပေါ်
သဘောမကောင်းနိုင်စရာ အကြောင်းမရှိပါဘူး။
ငယ်သားတွေရဲ့ ယုံကြည်ကိုးစားမှုကို ရထားရင်
ခေါင်းဆောင်တစ်ယောက်ဟာ သဘောကောင်းကောင်းနဲ့
အလုပ်လုပ်လို့ရပါတယ်။

တစ်ခု သတိပြုရမှာကတော့
ယုံကြည်မှုတိုင်းဟာ အပြန်အလှန်သဘောရှိတယ်ဆိုတာပါပဲ။
ကိုယ်က သူ့ကိုယုံမှ သူကလဲ ကိုယ့်ကို ယုံပါလိမ့်မယ်။

လူတွေအများကြီး စိတ်ချမ်းသာအောင်
လုပ်ပေးနိုင်ရင် လောကနိဗ္ဗာန်ပါပဲ။

ကိုယ့်ကြောင့် လူတွေအများကြီး စိတ်ညစ်ရမယ်ဆိုရင်တော့ ဘုရားတရားတွေ ဘယ်လောက်လုပ်လုပ်
လောကငရဲမှာ သင်ဟာကျနေပါလိမ့်မယ်။

ကမ္ဘာပေါ်မှာ အကြောက်တရားလွှမ်းမိုးနေတဲ့
ဘယ်အဖွဲ့အစည်းမှ အောင်မြင်မှုမရတာကို သတိပြုရပါမယ်။

ဒါကြောင့် ခေါင်းဆောင်ဆိုတာ
တစ်ခြားအချက်တွေအပြင် လူစီမံခန့်ခွဲမှုကျွမ်းကျင်ပြီး
သဘောကောင်းဖို့ အရေးကြီးပါတယ်။

credit: Original writer

Asus desktop system unit Only:အရောင်း: 180,000ksMobo : Asus H81M-D (Original)CPU: Inter Core i5-4570@3.20GHz      4 core...
03/08/2023

Asus desktop system unit Only:
အရောင်း: 180,000ks
Mobo : Asus H81M-D (Original)
CPU: Inter Core [email protected]
4 cores, 4 processors (4th Gen)
RAM: DDR3,6GB,1333MHz(4G+2G)
Storage: SSD 128GB
GPU: Intel HD 4600 (onboard gpu)
Switch Power Supply: 700W (PeakPower)
Windows 11Pro(Life time license)
Office 2021Pro+(Life time license)
Adobe acrobat pro (Life time license)
ဆက်သွယ်ရန်။ Chat box , 09954441733
တာမွေ၊ရန်ကုန်။

MIUI 12 – LIST OF XIAOMI DEVICES TO GET ITS LATEST SYSTEM UPDATE.Xiaomi MIUI 12 ရရှိမယ့် စာရင်းများ။Unofficial rom ကတော့...
02/03/2020

MIUI 12 – LIST OF XIAOMI DEVICES TO GET ITS LATEST SYSTEM UPDATE.
Xiaomi MIUI 12 ရရှိမယ့် စာရင်းများ။
Unofficial rom ကတော့ဒီလထဲမှာစမှာပါ။
Official rom ကိုတော့ ဒီနှစ်မကုန်ခင်လေးမှာ စပေးပါလိမ့်မယ်။

MIUI 12 – LIST OF XIAOMI DEVICES TO GET ITS LATEST SYSTEM UPDATE - Finally miui 12 unofficial device list is available. Al...

03/12/2019

MIUI 11 GLOBAL STABLE ROM FOR...

Redmi K20 Pro/Mi 9T Pro
Recovery:
V11.0.1.0.QFKMIXM
Android version 10.0
Size 2.3G
http://bigota.d.miui.com/V11.0.1.0.QFKMIXM/miui_RAPHAELGlobal_V11.0.1.0.QFKMIXM_7b25321468_10.0.zip

Redmi Note 6 Pro
Recovery:
MIUI version V11.0.1.0.PEKMIXM
Android version 9.0
Size 1.7G
http://bigota.d.miui.com/V11.0.1.0.PEKMIXM/miui_HMNote6ProGlobal_V11.0.1.0.PEKMIXM_5c9f74315c_9.0.zip

Mi MAX 3
Recovery:
MIUI version V11.0.6.0.PEDMIXM
Android version 9.0
Size 1.8G
http://bigota.d.miui.com/V11.0.6.0.PEDMIXM/miui_MIMAX3Global_V11.0.6.0.PEDMIXM_26b9783b2a_9.0.zip

Address

No. 11, 138 Street, Tamwe Township
Yangon
11211

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00

Website

Alerts

Be the first to know and let us send you an email when Lockify Mobile Devices Repairing & Training posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share