Myanmar Network

Myanmar Network Internet Service Provider

🧑‍🌾👨‍🌾တောင်သူလယ်သမားနေ့🧑‍🌾🧑‍🌾ယနေ့ မတ်လ ( ၂ ) ရက်နေ့တွင် ကျရောက်သောတောင်သူလယ်သမားများနေ့အား ကျွန်တော်တို့ Myanmar Network...
01/03/2026

🧑‍🌾👨‍🌾တောင်သူလယ်သမားနေ့🧑‍🌾🧑‍🌾

ယနေ့ မတ်လ ( ၂ ) ရက်နေ့တွင် ကျရောက်သော
တောင်သူလယ်သမားများနေ့အား ကျွန်တော်တို့ Myanmar Network မိသားစုမှ လေးစားစွာ ဂုဏ်ပြုကြိုဆိုရင်း ကျေးဇူးရှင် တောင်သူဦးကြီးများအစဉ် ကျန်းမာ၊ ပျော်ရွှင် ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ခင်ဗျာ.....





#တောင်သူလယ်သမားနေ့

🇲🇲 ပြည်ထောင်စုနေ့ ဒို့မမေ့  🇲🇲      Union day of Myanmar      ယနေ့မှာကျရောက်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၇၉)...
12/02/2026

🇲🇲 ပြည်ထောင်စုနေ့ ဒို့မမေ့ 🇲🇲
Union day of Myanmar

ယနေ့မှာကျရောက်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို နိုင်ငံသူနိုင်ငံသားအားလုံးနှင့်အတူတကွ Myanmar Network မိသားစုမှလည်း ဝမ်းမြောက်ဝမ်းသာစွာ ဂုဏ်ပြုကြိုဆိုအပ်ပါတယ်ရှင်..........


#ပြည်ထောင်စုနေ့

“  ရုံးပိတ်ရက် အသိပေးကြေညာခြင်း "       Myanmar Network အင်တာနက်ကိုအစဉ်တစိုက်အားပေးနေကြသော မိဘပြည်သူများရှင်.......     ...
11/02/2026

“ ရုံးပိတ်ရက် အသိပေးကြေညာခြင်း "

Myanmar Network အင်တာနက်ကိုအစဉ်တစိုက်အားပေးနေကြသော မိဘပြည်သူများရှင်.......
ကျွန်မတို့ Myanmar Network ရုံး၏ အများပြည်သူရုံးပိတ်ရက်အား (၁၂.၂.၂၀၂၆ ရက်နေ့မှ ၁၆.၂.၂၀၂၆) ရက်နေ့ စုစုပေါင်း(၅)ရက် ပိတ်မည်ဖြစ်ကြောင်း ကြိုတင်အသိပေးအကြောင်းကြားအပ်ပါတယ်ရှင်............

#ပြည်ထောင်စုနေ့ #ရုံးပိတ်ရက်

လုပ်ငန်းခွင်မှာ အခြားသူတွေထပ် ကိုယ်ကခြေတစ်လှမ်းနောက်ကျနေပြီလို့ခံစားနေရပြီလား..???? ဒါဆိုရင်  AI ကို ကောင်းကောင်းအသုံးပြ...
23/01/2026

လုပ်ငန်းခွင်မှာ အခြားသူတွေထပ် ကိုယ်ကခြေတစ်လှမ်းနောက်ကျနေပြီလို့ခံစားနေရပြီလား..???? ဒါဆိုရင် AI ကို ကောင်းကောင်းအသုံးပြုပြီးသင့်ရဲ့ အရည်အချင်းတွေကို မြင့်တင်လိုက်ပါ။
သင်လုပ်နေတဲ့ သင့်လုပ်ငန်းနဲ့ သင့်မှာရှိတဲ့အရည်အချင်းကိုက်ညီမှုရှိရဲ့လားဆိုတာကို သင်သိဖို့လိုပါတယ်။ ဘာလို့ဆို ကမ္ဘာကြီးက တစ်နေ့ထက်တစ်နေ့ တိုးတက်ပြောင်းလဲနေလို့ပဲဖြစ်ပါတယ်။ အရင်ကလို ကိုယ့်မှာရှိပြီးသားအရည်အချင်းလေးနဲ့ လုပ်နေလို့မရတော့ပါဘူး။ ခေတ်ရေစီးကြောင်းနဲ့အညီ လိုက်လျောညီထွေစွာ သင်ယူလေ့လာနေမှ ရမယ့်အချိန်ဖြစ်နေပါပြီ။
အရင်ကဆို အရောင်းသမားတစ်ယောက်က အရောင်းတစ်ခုကိုကျွမ်းကျွမ်းကျင်ကျင်ဖြစ်နေရင် ရပေမယ့် ယခုအချိန်မှာတော့ ခေတ်ရေစီးကြောင်းနဲ့အညီ အရောင်းပိုင်းအပြင် အရောင်းနဲ့သက်ဆိုင်တဲ့ Trend ဖြစ်နေတဲ့အရာတွေကိုပါ သင်ယူလေ့လာမှ ရတော့မှာပဲဖြစ်ပါတယ်။ ဒါတွေကိုသိဖို့ဆိုရင် အလွယ်ဆုံးက AI ကို လေ့လာပြီး ကိုယ့်လုပ်ငန်းရဲ့လိုအပ်ချက်တွေကို ဖြည့်ဆီးလိုက်မယ်ဆိုရင် ခေတ်ရေစီးကြောင်းနဲ့ ကိုက်ညီတဲ့အရောင်းသမားကောင်းတစ်ယောက် ဖြစ်လာမှာပဲဖြစ်ပါတယ်။ ဥပမာ - အရောင်းသမားတစ်ယောက်အနေနဲ့ အရောင်းပိုင်းအပြင်ဘာတွေကျွမ်းကျင်မှုတွေလိုအပ်ပါသလဲ၊ဘာတွေလေ့လာသင်ယူရမလဲ စသဖြင့်ပေါ့။
ဒီလိုမေးမြန်ပြီး ကိုယ်မှာ ဘာအရည်အချင်းတွေလိုနေတာလဲ၊ ဘာတွေသင်ယူရမလဲဆိုတာကို သိပြီဆိုရင် လိုအပ်တာတွေကို သင်ယူလိုက်မယ်ဆိုရင် သင်ဟာ အကောင်းဆုံးသူတစ်ယောက်ဖြစ်လာမှာပဲဖြစ်ပါတယ်။ ဒါဟာလည်း တစ်ကြိမ်တစ်ခါတည်းသင်ယူရမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုရင် တစ်နှစ်နဲ့တစ်နှစ် Trend ဖြစ်နေတာတွေက မတူလို့ပဲဖြစ်ပါတယ်။ Trend ဖြစ်နေတဲ့အပေါ်မှာ မူတည်ပြီး သင်ယူလေ့လာသွားမယ်ဆိုရင်တော့ သင်က သင့်လုပ်ငန်းခွင်မှာ အခြားသူတွေထက် အကောင်းဆုံးဖြစ်နေမှာပဲဖြစ်ပါတယ်။
ဒါအပြင် သင့်လုပ်ငန်းခွင်အတွက် လိုအပ်တဲ့ အကူအညီတွေကိုလည်း AI ကို ကူညီခိုင်းလို့ရပါတယ်။ သင့်လုပ်ငန်းအတွက် လိုအပ်တဲ့ Content တွေ၊ Vlog ရိုက်တဲ့နေရာမှာသုံးဖို့ စာသားတွေ စတာတွေကိုလည်းရေးခိုင်းလို့ရပါတယ်။ဒါတင်မကသေးပါဘူး သင့်ကုန်ပစ္စည်းကို လူသိများအောင် ဘယ်လိုကြော်ငြာရမလဲဆိုတာကအစ အကူအညီတောင်းနိုင်ပါတယ်။
နောက်ပြီး သင်လုပ်နေတဲ့လုပ်ငန်းရဲ့ တကယ့်လက်တွေ့ဘဝမှာဘယ်လိုလည်ပတ်နေသလဲဆိုတာကိုလည်း AI ကနေ လေ့လာနိုင်ပါတယ်။ ဒီလိုလေ့လာခြင်းက သင်ရဲ့အချိန်တွေ၊ငွေတွေ၊ပင်ပန်းမှုတွေကို လျော့ချပေးနိုင်တာကြောင့် သင့်အနေနဲ့ ဆုံးရှုံးမှုအများကြီးသက်သာစေမှာပဲဖြစ်ပါတယ်။ နောက်ပြီး ကိုယ့်လုပ်ငန်းခွင်မှာ ဘယ်ဟာက Trend ဖြစ်နေသလဲဆိုတာကိုလည်း အချိန်နဲ့အညီလေ့လာနေဖို့လိုပါတယ်။ Trend ဖြစ်နေတာတွေကိုသိထားခြင်းကလည်း သင့်လုပ်ငန်းတိုးတက်မှုကိုအထောက်အကူဖြစ်စေမှာပဲဖြစ်ပါတယ်။ ဥပမာ - သင်က ဖုန်းဆိုင်ကအရောင်းသမားတစ်ယောက်ဆိုပါဆို့ Budget phone တွေ Trend ဖြစ်နေတာကို ကိုယ့်အထက်လူကြီးကို Big price phone တွေသွားအကြံပေးနေမယ်ဆိုရင် သင်ရာထူးတိုး၊နေရာရဖို့ လုံးဝဖြစ်နိုင်မှာမဟုတ်ပါဘူး။
ဒါအပြင် သင်က သင့်ရဲ့ပိုနေတဲ့အချိန်တွေမှာ လုပ်နေတဲ့အလုပ်အပြင် အလုပ်နောက်တစ်ခု ထက်လုပ်ချင်တာပဲဖြစ်ဖြစ် ၊သင်ပိုနေတဲ့အချိန်တွေမှာ အကျိုးရှိရှိ သင်တန်းတွေတက်ချင်တာပဲဖြစ်ဖြစ် AI ကို ကောင်းကောင်း အကူအညီတောင်းနိုင်ပါတယ်။ ဘယ်လိုအလုပ်တွေလုပ်လို့ရတယ်၊ သင့်လုပ်နေတဲ့ လုပ်ငန်းနဲ့သက်ဆိုင်တဲ့ ဘယ်လိုသင်တန်းမျိုးတွေ တက်သင့်သလဲဆိုတာကို AI ကို အကြံအဉာဏ်တောင်းနိုင်ပါတယ်။
ဒါကြောင့် သင့်လုပ်ငန်းတွေ ဒီထက်ပိုမိုကောင်းမွန်အောင်မြင်ဖို့ AI ကို ကောင်းကောင်းအသုံးပြုပြီး ပိုမိုကောင်းမွန်တဲ့ အနာဂါတ်ကိုလျှောက်လှမ်းကြပါလို့ မင်မင်က အကြံပေးချင်ပါတယ်။
နောက်ထပ်လည်း ဗဟုသုတ ရစရာလေးတွေ ပြောပြပေးသွားအုံးမှာဖြစ်တာကြောင့် ကျွန်တော်တို့ရဲ့ Page လေးကို Like and Follow လေးလုပ်ပေးထားပါအုံးခင်ဗျာ။

🔹🔷🔹မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ။🔹🔷🔹

ကျွန်တော်တို့နေ့စဉ် အစားအသောက်ပေါင်းများစွာကိုစားသောက်နေကြပါတယ်။ ကျွန်တော်တို့ စားလိုက်တဲ့အစားအစာတွေက ကျန်းမာရေးနဲ့ ညီညွ...
16/01/2026

ကျွန်တော်တို့နေ့စဉ် အစားအသောက်ပေါင်းများစွာကိုစားသောက်နေကြပါတယ်။ ကျွန်တော်တို့ စားလိုက်တဲ့အစားအစာတွေက ကျန်းမာရေးနဲ့ ညီညွတ်တာရှိသလို မညီညွတ်တာတွေလည်းအများကြီးပါ။
ကျွန်တော်တို့တွေ ဘဝကိုကျန်းကျန်းမာမာဖြတ်သန်းဖို့ဆိုရင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို စားသုံးမှရမှာပါ။ ဒီလိုစားသုံးဖို့ဆိုတာလည်း ကိုယ်စားမယ့်အစားအစာတွေ အကြောင်းကို သိမှပဲရမှာပါ။ ဒီအစားအစာတွေမှာ ကယ်လိုရီ (Kcal) ဘယ်လောက်ပါတယ်၊ အသားဓာတ် (protein) ဘယ်လောက်ပါတယ်၊ အဆီ (fat) ဘယ်လောက်ပါတယ်ဆိုတာကိုသိမှရမှာပါ။ အရင်ကဆို ဒါတွေကိုလွယ်လွယ်မသိနိုင်ပါဘူး၊ အခုလို AI ခေတ်မှာတော့ ကိုယ်စားမယ့်အစားအစာတွေမှာ ဘာတွေပါလဲဆိုတာကို AI ကိုမေးမြန်းပြီး သိရှိနိုင်နေပြီပဲဖြစ်ပါတယ်။
အခြေခံအကျဆုံးအနေနဲ့ ပုံမှန်လူတစ်ယောက်အနေနဲ့ တစ်နေ့ကို ဘယ်လောက် ကယ်လိုရီ၊အသားဓာတ်၊အဆီ လိုအပ်လဲဆိုတာကိုမေးမြန်နိုင်ပါတယ်။ဒါကိုကြည့်ပြီးစားသုံးမယ်ဆိုရင် ကျန်းမာရေးအလွန်ကောင်းမွန်လာမှာပဲဖြစ်ပါတယ်။ အကယ်၍ကိုယ်က အဝလွန်နေတာ၊ ပိန်လွန်းနေတာဆိုရင်လည်း ကိုယ့်ရဲ့ဖြစ်တည်မှုကိုပြောပြပြီး AI ကို အကြံဉာဏ်တောင်းပြီး စားသောက်နိုင်ပါတယ်။ဥပမာ - ကိုယ်ရဲ့ဖြစ်တည်မှုဆိုတာ ကိုယ်က ယောကျာ်းလေးဖြစ်တယ်၊အရပ်ကတော့ ဘယ်လောက်ရှည်ပြီး၊ကိုယ်အလေးချိန်ကဘယ်လောက်ဖြစ်ပါတယ်ဆိုပြီးပြောပြပြီး မေးမြန်းအကြံတောင်းကာ ကိုယ်အလေးချိန်တင်တာ လျော့တာတွေကိုလုပ်နိုင်မှာပဲဖြစ်ပါတယ်။
နောက်ပြီး အစားအစာတွေမှာလည်း ဘယ်လို ဗီတာမင်တွေပါလဲဆိုတာကိုမေးမြန်နိုင်ပါတယ်။ ဒီလို ဗီတာမင်အကြောင်းတွေသိထားတာက ကိုယ့်ရဲ့ကျန်းမာရေးကို ကောင်းကောင်းစောင့်ရှောက်နိုင်ပါတယ်။ ဥပမာ - သံပုရာသီးမှာ ဘာဗီတာမင်တွေပါလဲ ဆိုပြီးတော့ပေါ့။ အကယ်၍ ကိုယ်က ကိုယ်ခံအားကောင်းချင်တယ်ဆိုပါစို့၊ ကိုယ်ခံအားကောင်းအောင် ဘာဗီတာမင်တွေလိုအပ်သလဲ၊ ဘာအစားအစာတွေစားသုံးသင့်သလဲဆိုပြီး AI ကို အကြံအဉာဏ်တောင်းပြီး မိမိရဲ့ကိုယ်ခံအားကို မြင့်တင်နိုင်မှာပဲဖြစ်ပါတယ်။
အကယ်၍ ကိုယ် (သို့) ကိုယ့်ပတ်ဝန်ကျင်က တစ်ယောက်ယောက်မှာ သွေးတိုးရောဂါရှိတယ်ဆိုပါစို့၊ သွေးတိုးရောဂါရှိသူတစ်ယောက်အနေနဲ့ ဘာအစားအစာတွေကိုစားသုံးသင့်ပြီး ဘယ်လိုအစားအစာတွေကို ရှောင်ကျင်သင့်သလဲဆိုပြီး မေးမြန်းအကြံတောင်းပြီးစား‌သုံးမယ်ဆိုရင် ပိုမိုကျန်းမာတဲ့ ဘဝတွေကို ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။ သွေးတိုးရောဂါတင်မကပါဘူး ကျန်ရောဂါတွေအကြောင်းလည်း AI ကို မေးမြန်းအကြံတောင်းနိုင်ပါတယ်။
ဒီလိုမျိုး စားသောက်နေထိုင်သွားမယ်ဆိုရင် ကျွန်တော်တို့တွေအားလုံး ပိုမိုကျန်းမာကောင်းမွန်လာပြီး မိမိလုပ်ချင်တာတွေကို စိတ်ရောကိုယ်ပါ အရင်ကထပ် ပိုမိုလုပ်ကိုင်လာနိုင်မှာပဲဖြစ်ပါတယ်။ AI ဟာဆိုရင် တကယ်သုံးတတ်မယ်ဆိုရင် ကျွန်တော်တို့တွေအတွက် တန်းဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ပါးပါပဲ။ ဒါကြောင့် မင်မင်ကိုယ်တိုင်လည်း AI ကို အကျိုးရှိရှိ အသုံးပြုနေသူတစ်ယောက်ဖြစ်တာကြောင့် လူကြီးမင်းတို့ကိုလည်း AI ကို တန်ဖိုးရှိရှိအသုံးပြုကြဖို့ အကြံပေးချင်ပါတယ်။
နောက်ထပ်လည်း ဗဟုသုတ ရစရာလေးတွေ ပြောပြပေးသွားအုံးမှာဖြစ်တာကြောင့် ကျွန်တော်တို့ရဲ့ Page လေးကို Like and Follow လေးလုပ်ပေးထားပါအုံးခင်ဗျာ။

🔹🔷🔹မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ။🔹🔷🔹

#ကျန်းမာရေး #အစားအစာ

ဒီနေ့မှာတော့ AI ကိုအသုံးပြုပြီး ကျွန်တော်တို့ရဲ့ ကျန်းမာရေးကို ဘယ်လိုစောင့်ရှောက်လို့ရလဲဆိုတာကို ပြောပြပေးသွားမှာဖြစ်ပါတ...
09/01/2026

ဒီနေ့မှာတော့ AI ကိုအသုံးပြုပြီး ကျွန်တော်တို့ရဲ့ ကျန်းမာရေးကို ဘယ်လိုစောင့်ရှောက်လို့ရလဲဆိုတာကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ မင်မင်ကိုယ်တိုင်လည်း AI ကို အသုံးပြုပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေပြုလုပ်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။
ကျွန်တော်တို့တွေ နေ့စဉ်နဲ့အမျှ မတူတဲ့ပတ်ဝန်းကျင်တွေမှာနေထိုင်ပြီး တစ်နေ့နဲ့တစ်နေ့ မတူညီတဲ့အစားအစာတွေကိုစားသုံးနေကြရပါတယ်။ အဲ့လိုနေထိုင်ရာကနေ ကိုယ်မသိလိုက်တဲ့အချိန်မှာပဲ မထင်ထားတဲ့ရောဂါတွေ အနှေးနဲ့အမြန် ကိုယ့်စီရောက်လာကြပါတယ်။
ဒါကြောင့် AI ကိုအသုံးပြုပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေဘယ်လိုလုပ်လို့ရလဲဆိုတာ ပြောပြပေးသွားမှာဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ပြောရမယ်ဆိုရင် AI ကို ရောဂါလက္ခဏာအကြောင်းတွေမေးမြန်းနိုင်ပါတယ်။ ဥပမာ -“ သွေးတိုးရောဂါရဲ့လက္ခဏာတွေကဘာတွေလဲ " “ ကျောက်ကပ်ရောဂါရဲ့လက္ခဏာတွေကဘာတွေလဲ" စတာတွေပေါ့။ ဒါအပြင် ရောဂါလက္ခဏာအကြောင်းတွေသာမက ဒီရောဂါမဖြစ်အောင်ဘယ်လိုနေထိုင်ရမလဲ ဘယ်လိုကာကွယ်စောင့်ရှောက်ရမလဲဆိုတာတွေကိုပါ ကျန်းမာရေးဗဟုသုတအနေနဲ့ မေးမြန်းကာကွယ်နိုင်ပါတယ်။
နောက်ပြီး ကျွန်တော်တို့ ရောဂါတစ်ခုခုဖြစ်လို့ ဆေးခန်းသွားပြလို့ ဆရာဝန်က‌ သောက်ဆေးတွေပေးလိုက်တဲ့အခါမှာ သောက်ဆေးမကုန်ခင်မှာ ရောဂါပျောက်သွားပြီး ဆက်မသောက်ဘဲကျန်နေတဲ့ ဆေးတွေအိမ်တွေမှာရှိကြပါတယ်။ အကယ်၍ ရောဂါလက္ခဏာပြန်ပေါ်လာလို့ သောက်ဖို့လိုက်ရှာတဲ့အခါမှာ တခြားဆေးတွေနဲ့ရောနေပြီး ဘယ်ဟာမှန်းမသိဖြစ်နေတတ်ပါတယ်။ ဒီလိုအခြေအနေမှာ AI ကိုအသုံးပြုပြီး ဆေးကဒ်ရဲ့နောက်မှာပါတဲ့ ဆေးနာမည်တွေအကြောင်းကို AI ကိုမေးမြန်းကြည့်ပြီး ကိုယ်သောက်ရမယ့်ဆေးလားဆိုတာကို သိနိုင်မှာပဲဖြစ်ပါတယ်။ ဥပမာ - Pantoprazole Sodium ဆေးက ဘာအတွက်သောက်ရတာလဲ ဆိုပြီးလို့ပေါ့။ ဒီလို‌ဆေးတွေရဲ့အကြောင်းကိုမေးမြန်းခြင်းက ဆေးဝါးဗဟုသုတလည်းရစေသလို ဆေးတွေကိုလည်း အလဟသမဖြစ်စေတော့ပါဘူး။
ဒါအပြင် ကိုယ်တွေအတွက်သာမဟုတ်ဘဲ ကိုယ်မွေးမြူထားတဲ့ ခွေးလေးတွေ၊ကြောင်လေးတွေအတွက်ပါ ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်လို့ရနိုင်ပါတယ်။ ဥပမာ - ခွေးလေးတွေမှာဖြစ်တတ်တဲ့ရောဂါတွေကဘာတွေလဲ၊ ခွေးလေးတွေကို ဘာကာကွယ်ဆေးတွေထိုးပေးရမလဲ၊ ရာသီအလိုက် ဘာရောဂါတွေဖြစ်တတ်သလဲ စတာတွေကိုမေးမြန်းပြီး ကိုယ်ချစ်ရတဲ့ ခွေးလေးတွေ၊ကြောင်လေးတွေကို ကာကွယ်စောင့်ရှောက်နိုင်ပါတယ်။ မင်မင်ကိုယ်တိုင်လည်း AI ကိုအသုံးပြုပြီး မိမိကိုယ်ကိုအပြင် မင်မင်မွေးထားတဲ့ ခွေးလေးတွေကြောင်လေးတွေကိုပါ စောင့်ရှောက်ပေးနေတာပဲဖြစ်ပါတယ်။ ဒါအပြင် ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့သူတွေကိုပါ AI ကိုအသုံးပြုပြီး ကျန်းမာရေး အကူအညီတွေလည်း ပေးနိုင်ပါတယ်။
AI ဟာဆိုရင် ကျွန်တော်တို့နေစဉ်ဘဝအတွက်မရှိမဖြစ်လိုအပ်လာတဲ့ဆေးတစ်ခွက်လို့တောင်ပြောလိုရနေပါပြီ။ AI ဟာ သုံးတတ်ရင်တော့ဆေးပါ၊ မသုံးတက်ရင်တော့ဘေးဖြစ်စေမယ့် အရာပဲဖြစ်ပါတယ်။ ဒါကြောင့် AI ကို တန်ဖိုးရှိရှိအသုံးချပြီး ဒီထက်ကောင်းမွန်တဲ့ လူနေထိုင်မှုဘဝကို မြင့်တင်ပါလို့ မင်မင်က အကြံပြုပါရစေ။
နောက်ထပ်လည်း ဗဟုသုတ ရစရာလေးတွေ ပြောပြပေးသွားအုံးမှာဖြစ်တာကြောင့် ကျွန်တော်တို့ရဲ့ Page လေးကို Like and Follow လေးလုပ်ပေးထားပါအုံးခင်ဗျာ။

🔹🔷🔹မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ။🔹🔷🔹

#ကျန်းမာရေး

🇲🇲 လွတ်လပ်ရေးနေ့ ဒို့မမေ့  🇲🇲 78th Independence Day of Myanmar      ယနေ့ကျရောက်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (...
03/01/2026

🇲🇲 လွတ်လပ်ရေးနေ့ ဒို့မမေ့ 🇲🇲
78th Independence Day of Myanmar

ယနေ့ကျရောက်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို နိုင်ငံသူနိုင်ငံသားအားလုံးနှင့်အတူတကွ Myanmar Network မိသားစုမှလည်း ဝမ်းမြောက်စွာ ဂုဏ်ပြုကြိုဆိုအပ်ပါတယ်ရှင်..........




#လွတ်လပ်ရေးနေ့

🎊🎉✨✨✨ Happy New Year 2026 ✨✨✨🎉🎊     🙏🙏🙏 နှစ်သစ်မင်္ဂလာအခါသမယမှာ မြန်မာပြည်သူပြည်သားအပေါင်း၊ ချစ်ခင်လေးစားရသည့် မိတ်ဆွေသင...
31/12/2025

🎊🎉✨✨✨ Happy New Year 2026 ✨✨✨🎉🎊

🙏🙏🙏 နှစ်သစ်မင်္ဂလာအခါသမယမှာ မြန်မာပြည်သူပြည်သားအပေါင်း၊ ချစ်ခင်လေးစားရသည့် မိတ်ဆွေသင်္ဂဟများအားလုံးနှင့် ကျွန်မတို့ Myanmar Network ကို အစဉ်တစိုက်အားပေးခဲ့ကြသော မိတ်ဟောင်းမိတ်သစ် Customer များအားလုံး နှစ်သစ်ကူးချိန်ခါမှသည် တစ်နှစ်ပတ်လုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပြီး စီးပွားဥစ္စာများ ဒီရေအလားတိုးပွားကာ ဆန္ဒနှင့်ဘဝထပ်တူကျပါစေလို့ Myanmar Network မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင် 🙏🙏🙏






🎅  We Wish You a Merry Christmas! 🎄      🎅 🎅 🎅 ယနေ့မှာကျရောက်သော ❄️❄️ အေးချမ်းကြည်နူးဖွယ်ရာ❄️❄️ 🎅🎄Christmas🎄🎅 အချိန်အခါလ...
24/12/2025

🎅 We Wish You a Merry Christmas! 🎄

🎅 🎅 🎅 ယနေ့မှာကျရောက်သော ❄️❄️ အေးချမ်းကြည်နူးဖွယ်ရာ❄️❄️ 🎅🎄Christmas🎄🎅 အချိန်အခါလေးမှာ မြန်မာပြည်သူ ပြည်သားများအားလုံး ကောင်းခြင်းမင်္ဂလာအပေါင်းနှင့်ပြည့်စုံပြီး ချစ်ခင်ရသူတွေနဲ့အတူ ပျော်ရွှင်စရာ အခိုက်အတန့်လေးများကို စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများစွာဖြင့် ဖြတ်သန်းနိုင်ကြပါစေကြောင်းကျွန်မတို့ရဲ့ Myanmar Network မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်....🙏🙏🎄🎄🎁🎁





#ခရစ္စမတ်

🎊 ကရင်နှစ်သစ်ကူးနေ့ 🎊     ကရင်သက္ကရာဇ် ၂၇၆၅ ခုနှစ် ၊ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် ပြာသိုလဆန်း ၁ရက် ၊ခရစ်နှစ် ၂၀၂၅ခုနှစ် ဒီ...
18/12/2025

🎊 ကရင်နှစ်သစ်ကူးနေ့ 🎊

ကရင်သက္ကရာဇ် ၂၇၆၅ ခုနှစ် ၊ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် ပြာသိုလဆန်း ၁ရက် ၊ခရစ်နှစ် ၂၀၂၅ခုနှစ် ဒီဇင်ဘာလ၊ ၁၉ရက်နေ့ (သောကြာနေ့ ) တွင် ကျရောက်သော " ကရင်နှစ်သစ်ကူးနေ့" မှစ၍ ကမ္ဘာတစ်ဝန်းရှိ ကရင်တိုင်းရင်းသူတိုင်းရင်းသားအပေါင်းနှင့် မြန်မာပြည်သူ ပြည်သားများအားလုံး ကောင်းခြင်းမင်္ဂလာ အပေါင်းနှင့်ပြည့်စုံပြီး စိတ်၏ကျန်းမာခြင်း ၊ ကိုယ်၏ချမ်းသာခြင်းနှင့်ပြည့်စုံပြီး အေးချမ်းပျော်ရွှင်သော နေ့ရက်သစ်များနှင့်အတူ လိုအင်ဆန္ဒများ အားလုံး ပြည့်၀နိုင်ပါစေကြောင်း Myanmar Network မိသားစု မှ ဆုမွန်ကောင်း တောင်းပေးအပ်ပါသည်...

🙏 မင်္ဂလာရှိသော ကရင်နှစ်သစ်ကူးနေ့ ဖြစ်ပါစေ 🙏


#ကရင်နှစ်သစ်ကူးနေ့

ဒီနေ့မှာတော့ ကျွန်တော်တို့‌နေ့စဉ်အသုံးပြုနေတဲ့ Smartphone တွေမှာအသုံးပြုထားတဲ့ Battery တွေထဲက Lithium-ion Battery လေးအကြ...
18/12/2025

ဒီနေ့မှာတော့ ကျွန်တော်တို့‌နေ့စဉ်အသုံးပြုနေတဲ့ Smartphone တွေမှာအသုံးပြုထားတဲ့ Battery တွေထဲက Lithium-ion Battery လေးအကြောင်းနဲ့ Battery နှင့်ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန်လေးတွေကို ဗဟုသုတအနေနဲ့ ပြော‌ပြပေးသွားမှာဖြစ်ပါတယ်။
Smartphone တွေမှာအသုံးပြုတဲ့ Lithium-ion Battery မှာဆိုရင် လီသီယမ်-ကိုဘော့အောက်ဆိုဒ် (LiCoO₂ - LCO) ကို ကက်သရုတ်အဖြစ်အသုံးပြုပါတယ်။ သူ့ကိုအသုံးပြုရခြင်းက စွမ်းအားသိပ်သည်းမှု (Energy Density) မြင့်မားခြင်း ရဲ့အားသာချက်အပြင် သေးငယ်တဲ့ဘက်ထရီထဲမှာ အားပြည့်အောင်ထည့်နိုင်လို့ပါ။ Lithium-ion Battery တစ်ခုဟာ ပျမ်းမျှအားဖြင့် ၁၅၀၀ - ၅၀၀၀ mAh (milliampere-hour) အထိ ရှိပါတယ်။
ပုံမှန်အားဖြင့် Lithium-ion Battery တွေဟာ အပြည့်အားသွင်းအကြိမ်ရေ ၃၀၀ - ၅၀၀ ထိသွင်းပြီးပြီဆိုရင် မူလစွမ်းရည်ရဲ့ ၈၀%သို့ ကျဆင်းသွားတက်ပါတယ်။ နောက်ပြီး Lithium-ion Battery တွေက ထုတ်လုပ်ပြီး ၂ - ၃ နှစ်အတွင်း (အသုံးပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ) စွမ်းရည်ကျဆင်းပါတယ်။ ဒါအပြင် Lithium-ion Battery တွေဟာ လတိုင်း ၁-၂% ခန့် စွမ်းဆောင်ရည်ကျဆင်းပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့အသုံးပြုနေတဲ့ဖုန်းတွေမှာ အားမခံတာတွေ Battery လဲရတာတွေ လုပ်နေရတာပဲဖြစ်ပါတယ်။
ဒါပေမယ့် Lithium-ion Battery တွေပိုမိုကြာရှည်ခံအောင် ဖုန်းတွေမှာ BMS (Battery Management System) နည်းပညာနဲ့ ကာကွယ်ထားပါတယ်။ BMS (Battery Management System) ဟာဆိုရင် အားသွင်းတဲ့အခါမှာ Overcharge မဖြစ်အောင် ကာကွယ်ပေးခြင်း၊ ဘက်ထရီအားအလွန်အမင်းကုန်ခမ်းသွားခြင်း (Deep Discharge) မှ ကာကွယ်ပေးခြင်း၊ ဘက်ထရီပူလွန်းလာရင် စနစ်ကို နှေးကွေးစေခြင်း (Throttling) သို့မဟုတ် ဖုန်းကို ပိတ်ချခြင်းဖြင့် ကာကွယ်ပေးခြင်း၊ ဘက်ထရီထဲက ဆဲလ်တွေတစ်ခုနဲ့တစ်ခု အားတူညီနေအောင် ထိန်းညှိပေးခြင်း၊ ဘက်ထရီ ၅၀-၇၀% အထိကို မိနစ် ၃၀-၆၀ အတွင်း အားပြန်သွင်းနိုင်သည့် Fast Charging ဖြင့် အာသွင်းနိုင်အောင်လုပ်ဆောင်ပေးခြင်း စတာတွေပဲဖြစ်ပါတယ်။ ဒီအရာတွေက Battery ကိုပိုမိုအသုံးခံစေပြီး သက်တမ်းလည်းပိုကြာစေပါတယ်။
ကျွန်တော်တို့တွေအနေနဲ့လည်း Battery ကို ဒီထပ်မက ကြာရှည်ခံအောင် လုပ်ဆောက်မယ်ဆိုရင် လုပ်ဆောင်လို့ရပါတယ်။ Battery တွေရဲ့အဓိကရန်သူက အပူပါ။ သင့်ဖုန်းကို နေရောင်တိုက်ရိုက်ထိတွေ့တဲ့နေရာမျိုးတွေမှာအသုံးပြုတာ‌တွေ ၊ ထားတာတွေကို ရှောင်ကျင်ပါ။ ဖုန်းကိုအလွန့်အကျွံပူစေမည့် ကိစ္စရပ်များပြုလုပ်တာတွေရှောင်ကျင်ပါ။ Battery ကို ၂၀% အောက်ထိကျအောင်အသုံးပြုတာ‌တွေ၊ ဖုန်းအားသွင်းတဲ့အခါတွင်လည်း ၁၀၀% အထိရောက်အောင်အားသွင်းတာမျိုး မဟုတ်ဘဲ ၈၀-၉၀% အတွင်းထိသာ အားသွင်း‌တာမျိုးတွေလုပ်ဆောင်ပါ။ အားသွင်းနေရင်း ဖုန်းအသုံးပြုတာတွေ ညအချိန် တစ်ညလုံး ဖုန်းအားသွင်းထားတာတွေကိုလညရှောင်ကျင်ပါ။ ဖုန်းအသုံးပြုပြီးအချိန် ဖုန်းပူနေပါက ဖုန်းကိုအေးအောင်ထားပြီးမှ အာသွင်းပါ။
ဒီအချက်တွေကိုသာ သင်လိုက်နာဆောင်ရွက်မယ်ဆိုရင် သင့်ဖုန်းရဲ့ Battery ဟာ ပုံမှန်ထပ် ပိုမိုကြာရှည်ခံမှာပဲဖြစ်ပါတယ်။
နောက်ထပ်လည်း ဗဟုသုတ ရစရာလေးတွေ ပြောပြပေးသွားအုံးမှာဖြစ်တာကြောင့် ကျွန်တော်တို့ရဲ့ Page လေးကို Like and Follow လေးလုပ်ပေးထားပါအုံးခင်ဗျာ။

🔹🔷🔹မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ။🔹🔷🔹

စမတ်ဖုန်းတွေရဲ့အားသွင်းကြိုးတွေက ဘာလို့ USB Type-C တွေ ဖြစ်လာရတာလဲ.......?       ၂၀၁၄ ခုနှစ်မှာ USB Type-C ရဲ့ စံနှုန်းက...
12/12/2025

စမတ်ဖုန်းတွေရဲ့အားသွင်းကြိုးတွေက ဘာလို့ USB Type-C တွေ ဖြစ်လာရတာလဲ.......?
၂၀၁၄ ခုနှစ်မှာ USB Type-C ရဲ့ စံနှုန်းကို စတင်မိတ်ဆက်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ ပထမဆုံး Type-C စမတ်ဖုန်း (LeTV ဖုန်း) ထွက်ရှိခဲ့ပါတယ်။ ၂၀၁၆ ကစပြီး Android ဖုန်းတော်တော်များများမှာ စတင်ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာကြပါတယ်။ ၂၀၁၈ခုနှစ်မှာတော့ Apple ရဲ့ထုတ်ကုန်ဖြစ်တဲ့ iPad Pro မှာစတင်အသုံးပြုခဲ့ပါတယ်။ ၂၀၂၂ခုနှစ်မှာတော့ Apple ရဲ့ထုတ်ကုန်ဖြစ်တဲ့ iPhone 15 series မှာ Lightning အစား Type-C ကိုစတင်အသုံးပြုလာခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်မှာတော့ ဥရောပသမဂ္ဂက စမတ်ဖုန်းအားလုံးအတွက် Type-C ကို စံတစ်ခုတည်းအဖြစ် ပြဋ္ဌာန်းခဲ့ပါတယ်။
ဘာကြောင့် Type-C ကို စံအဖြစ်သတ်မှတ်ပြီးအသုံးပြုခဲ့ကျတာလဲဆိုရင်တော့ Type-C ဟာဆိုရင် Type-B လိုမဟုတ်ဘဲ အပေါ်အောက်နှစ်ဖက်စလုံးအသုံးပြုနိုင်ပါတယ်။ Micro-USB လို မှန်မှန်/မှားမှား စိတ်ပူစရာမလိုပါဘူး။ USB Power Delivery (PD) စံနှုန်းအနေနဲ့လည်း 100W အထိ ပါဝါပေးနိုင်ပါတယ်။ Type-B မှာဆိုရင် အများဆုံး 15W အထိပဲရပါတယ်။ ဒေတာလွှဲပြောင်းနိုင်မှုမှာလည်း Type-C ဟာ USB 3.2/4/4.2 စံနှုန်းများနှင့်အတူ 40Gbps အထိ အမြန်နှုန်းရှိပြီး 4K/8K ဗွီဒီယိုများကို လွှဲပြောင်းနိုင်ပါတယ်။ Type-B မှာဆိုရင် USB 3.0 နဲ့ 5Gbps (အများစုက 480Mbps ပဲ) လွှဲပြောင်းပေးနိုင်ပါတယ်။
လုပ်ဆောင်နိုင်စွမ်းအနေနဲ့ပြောရမယ်ဆိုရင်လည်း Type-C ဟာ အားသွင်းခြင်း၊ ဒေတာလွှဲခြင်း၊ ဗွီဒီယိုထုတ်လွှင့်ခြင်း (DisplayPort/HDMI Alt Mode)၊ အသံထုတ်လွှင့်ခြင်းတွေကို လုပ်ဆောင်နိုင်ပါတယ်။ ဒါအပြင် Type-C ကြိုးတွေဟာ Type-B ကြိုးတွေထက် အဆပေါင်းများစွာ ခံနိုင်ရည်ရှိပါတယ်။
ယခုဆိုရင် Type-C ဟာဆိုရင် စမတ်ဖုန်းတွေသာမကဘဲ လက်ပ်တော့တွေ ၊ တက်ဘလက်တွေ ၊ နားကြပ်တွေ ၊ ဂိမ်းကွန်ထရိုတွေ နဲ့ အခြားအီလက်ထရွန်းနစ်ပစ္စည်းတွေပါ စံတစ်ခုတည်းဖြစ်လာပြီး မတူညီတဲ့ကြိုးပေါင်းမြောက်များစွာကိုင်ဆောင်စရာမလိုတော့ပါဘူး။
နောက်ထပ်လည်း ဗဟုသုတ ရစရာလေးတွေ ပြောပြပေးသွားအုံးမှာဖြစ်တာကြောင့် ကျွန်တော်တို့ရဲ့ Page လေးကို Like and Follow လေးလုပ်ပေးထားပါအုံးခင်ဗျာ။

🔹🔷🔹မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ။🔹🔷🔹

Address

No. 289, (B/Kha)8 Lane, (Ka/Kha)Ward, Myo Thit Market, Insein Township
Yangon
11011

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30

Telephone

+9595059811

Alerts

Be the first to know and let us send you an email when Myanmar Network posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar Network:

Share