27/04/2026
မီးပျက်တဲ့အချိန်တိုင်း သတိထားရမယ့် "Voltage Spike" - ကိုယ့်ပစ္စည်းလေးတွေ ပျက်စီးမသွားအောင် ဘယ်လိုကာကွယ်မလဲ?
ကျွန်တော်တို့ မြန်မာနိုင်ငံတော်ကြီးမှာ နေထိုင်ရတဲ့သူတွေအတွက် "မီးပျက်တယ်" ဆိုတာ နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုလို ဖြစ်နေပါပြီ။ ဒါပေမဲ့ မီးပျက်တဲ့အချိန်၊ မီးစက်/inverter/solar ပြောင်းတဲ့အချိန်နဲ့ မီးပြန်လာတဲ့အချိန်တွေမှာ ကျွန်တော်တို့ရဲ့ တန်ဖိုးကြီး Electronic ပစ္စည်းတွေ (Laptop, MacBook, TV, Mobile Phone, Charger) တွေအတွက် အကြီးမားဆုံးရန်သူက စောင့်ကြိုနေတတ်ပါတယ်။
အဲဒါကတော့ "Voltage Spike" ပါပဲ။
Voltage Spike ဆိုတာ ဘာလဲ?
ရိုးရိုးရှင်းရှင်းပြောရရင် လျှပ်စစ်ဓာတ်အားလိုင်းပေါ်မှာ ဗို့အား (Voltage) ရုတ်တရက် အဆမတန် မြင့်တက်သွားတဲ့ ဖြစ်စဉ်ပါ။ ရေပိုက်ထဲမှာ ရေဖိအား ရုတ်တရက် တိုးလာသလိုမျိုး၊ လျှပ်စစ်လိုင်းပေါ်မှာ ဗို့အားက တစ်စက္ကန့်ရဲ့ အစိတ်အပိုင်းအနည်းငယ်အတွင်းမှာပဲ ပုံမှန်ထက် အဆပေါင်းများစွာ ခုန်တက်သွားတာပါ။
ဘာကြောင့် အန္တရာယ်ရှိတာလဲ?
ကျွန်တော်တို့သုံးနေတဲ့ Electronic ပစ္စည်းတွေထဲမှာရှိတဲ့ IC, Capacitor, Transistor တွေဟာ သတ်မှတ်ထားတဲ့ ဗို့အားပမာဏတစ်ခုကိုပဲ ခံနိုင်ရည်ရှိပါတယ်။ ဒီလို Spike တက်လာတဲ့အချိန်မှာ -
• ချက်ချင်းပျက်စီးခြင်း: အစိတ်အပိုင်းတွေ လောင်ကျွမ်းသွားတာ (Burn out)၊ ပေါက်ကွဲတာမျိုး ဖြစ်နိုင်ပါတယ်။
• တဖြည်းဖြည်းပျက်စီးခြင်း (Silent Killer): ချက်ချင်းမပျက်ပေမဲ့ အတွင်းပိုင်း Component တွေ အားနည်းသွားပြီး သက်တမ်းစောကုန်တတ်ပါတယ်။ အထူးသဖြင့် MacBook လို Logic Board အထိခိုက်မခံတဲ့ ပစ္စည်းတွေမှာ ပိုဆိုးပါတယ်။
မီးစက်/Invertef/Solar ပြောင်းချိန်/မီးပြန်လာချိန်မှာ ဘာလို့ ပလပ်ဖြုတ်ထားသင့်တာလဲ?
Power Grid ပြောင်းလိုက်တဲ့အချိန်၊ ဒါမှမဟုတ် ဓာတ်အားဖြန့်ဖြူးရေးစနစ်က မီးပြန်ပေးတဲ့အချိန်တွေမှာ ဗို့အားက ချက်ချင်းငြိမ်မနေပါဘူး။ အဲဒီအချိန်မှာ "Switching Transient" လို့ခေါ်တဲ့ ဗို့အားအတက်အကျ အရမ်းများပါတယ်။ မျက်စိနဲ့ မသိနိုင်တဲ့အချိန်အတွင်းမှာ ပြောင်းလဲမှုဖြစ်ပေါ်နေတာပါ။ အဲဒီအချိန်မှာ ပလပ်တပ်ထားမိရင် Spike တွေက ပစ္စည်းရဲ့ Charging IC သို့မဟုတ် Power Supply အပိုင်းကို တိုက်ရိုက်ဝင်ရောက်ပြီး ပျက်စီးစေတာပါ။
ကျွမ်းကျင်သူတစ်ယောက်အနေနဲ့ ကျွန်တော်တို့ ပေးချင်တဲ့ အကြံပြုချက်များ:
၁။ ပလပ်ဖြုတ်ထားပါ: မီးစက်ပြောင်းမယ်ဆိုတာ သိရင် (သို့) မီးပျက်သွားရင် ပလပ်အားလုံးကို ချက်ချင်းဖြုတ်ထားပါ။ မီးပြန်လာပြီး (၅) မိနစ်လောက်ကြာမှ ပြန်တပ်ပါ။
၂။ Surge Protector အသုံးပြုပါ: သာမန် Extension Box တွေထက် Surge Protection (ဗို့အား ရုတ်တရက်တက်လာရင် ကာကွယ်ပေးတဲ့ စနစ်) ပါတဲ့ အရည်အသွေးမြင့် Extension Box တွေကို သုံးပါ။
၃။ Stabilizer သုံးပါ: တန်ဖိုးကြီးပစ္စည်းတွေ (ဥပမာ - MacBook, iMac, TV) အတွက် ဗို့အားထိန်းစက် (Stabilizer) တစ်ခုခု ခံသုံးထားတာက အကောင်းဆုံးပါ။
ဒီနေရာမှာ အကြံပြုချက် နံပါတ် ၁ က အလွယ်ဆုံးဖြစ်တယ်ဆိုတာ သတိပြုပါ !!
AiKON
Apple Sales & Services
၂၀၀၈ခုနှစ်တွင် တည်ထောင်သည်
AiKON မှ iPhone, iPad နှင့် Mac ကွန်ပြူတာများ၏ Software နှင့် Hardware ပိုင်းဆိုင်ရာ မည်သည့်ပျက်စီးမှုကိုမဆို ကျွမ်းကျင်စွာ အာမခံဖြင့်ပြုပြင်ပေးလျှက်ရှိပါသည်
➨ 09450033377
➨ 095198170
➨ 09250577778
𝗔𝗶𝗞𝗢𝗡 𝗦𝗘𝗥𝗩𝗜𝗖𝗘 𝗖𝗘𝗡𝗧𝗘𝗥
အမှတ် ၁၃၅ ပထမထပ်
ဗိုလ်ချုပ်လမ်း
၄၇လမ်းထိပ် (လမ်းထဲမဝင်ရပါ)
ဗိုလ်တစ်ထောင်မြို့နယ်
ရန်ကုန်