25/04/2026
Network Tech Refresh
ဒီကနေ့တော့ May 2, 2026 လာမယ့် အပတ်မှာ ဖွင့်လှစ်မယ့် Network migration class မှာ လေ့လာရမယ့် သင်ခန်းစာတွေထဲက တစ်ခု အပါဝင်ဖြစ်တဲ့ network tech refresh အကြောင်း မျှဝေလိုပါတယ်။
ကျွန်တော့် အတွေ့ကြုံရတော့ Singapore မှာ hardware/software life cycle ပေါ်မူတည်ပြီး မကြာခဏဆိုသလို network tech refresh project တွေ လုပ်ရပါတယ်။
ဒါကြောင့် Singapore အလုပ်ရှာနေတဲ့ တပည့်တွေရဲ့ တောင်းဆိုမှုကြောင့် interview အတွက်ပဲ ဖြစ်ဖြစ်၊ လုပ်ငန်းခွင်အတွက်ပဲ ဖြစ်ဖြစ် အထောက်ကူပြုနိုင်ဖို့ ရည်ရွယ်ပြီး မျှဝေလိုက်ခြင်း ဖြစ်ပါတယ်။
Network Technology Refresh ဆိုတာကတော့ ဟောင်းသွားပြီး ခေတ်မမှီတော့တဲ့ Network Hardware တွေ၊ Software တွေကို နောက်ဆုံးပေါ် နည်းပညာအသစ်တွေနဲ့ အစားထိုးလဲလှယ်ခြင်းပဲ ဖြစ်ပါတယ်။
Network Engineer တစ်ယောက်အနေနဲ့ network tech refresh project တွေ လုပ်ရတဲ့အခါ လုပ်ရိုးလုပ်စဥ် day 2 operation ထက် ပိုပြီး အရေးကြီးတဲ့ strategy တွေကို ကြိုတင် ပြင်ဆင်ထားဖို့ လိုပါတယ်။
၁။ Network Tech Refresh ဘာကြောင့် လုပ်ကြပါသလဲ?
အကြောင်းရင်း တွေအများကြီးထဲက အဓိက (၄) ချက်ရှိပါတယ်။
End of Life (EoL) & End of Support (EoS): Cisco လို Vendor တွေက ပစ္စည်းအဟောင်းတွေအတွက် technical support မပေးတော့တဲ့အခါ Hardware ပျက်သွားလို ဝယ်မရတော့တဲ့အခါ၊ Software Update တွေ မရတော့လို့ ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို ရှောင်ရှားဖို့ ဖြစ်ပါတယ်။
Performance Bottleneck: အရင်က 1Gbps Bandwidth က လုံလောက်ပေမယ့် အခုခေတ် Cloud Application တွေနဲ့ Dataတွေ များလာတဲ့အခါ 10Gbps သို့မဟုတ် 40Gbps/100Gbps Speed တွေ လိုအပ်လာတဲ့အတွက်လည်း network tech refresh လုပ်ရတတ်ပါတယ်။
Security Vulnerabilities: ပစ္စည်းအဟောင်းတွေရဲ့ Operating System (OS) တွေမှာ Patch အသစ်တွေ မရတော့တဲ့အတွက် Cyber Attack တွေရဲ့ အန္တရာယ်ကနေ ကာကွယ်ဖို့အတွက်လည်း network tech refresh လုပ်ရတတ်ပါတယ်။
New Feature Requirements: ဥပမာ SD-WAN, Automation (Python/Ansible), ဒါမှမဟုတ် Cisco catalyst center (DNAC), ACI, EVPN လိုမျိုး နောက်ဆုံးပေါ် ခေတ်မှီတဲ့ Features တွေ အသုံးပြုနိုင်ဖို့အတွက်လည်း Hardware အသစ်တွေ လိုအပ်လာတဲ့အတွက် network tech refresh တွေ လုပ်ရတတ်ပါတယ်။
၂။ network tech refresh လုပ်တဲ့အတွက် ဘာကောင်းကျိုးတွေ ရှိပါသလဲ?
Reliability (ယုံကြည်စိတ်ချရမှု): ပစ္စည်းအသစ်ဖြစ်တဲ့အတွက် Hardware ကြောင့် ဖြစ်ပေါ်လာတဲ့ Failure တွေ ဖြစ်နိုင်ခြေ နည်းသွားပါတယ်။
Efficiency: device အသစ်တွေမှာပါလာတဲ့ feature တွေ၊ hardware တည်ဆောက်ပုံတွေကြောင့် ပိုပြီး efficiency ဖြစ်လာပါတယ်။
Better Management: Monitoring နဲ့ Management လုပ်ရတာလည်း ပိုပြီး လွယ်ကူရိုးရှင်းလာပါတယ်။
Scalability: business requirement ပေါ်မူတည်ပြီး အပြောင်းလဲ လုပ်ဖို့ လိုတဲ့အခါတွေမှာလည်း အရင်ထက်ပိုပြီး scalability ကောင်းလာပါတယ်။
၃။ network tech refresh အတွက် ကြိုတင်ပြင်ဆင်ထားရမည့်အချက်များ (Pre-requisites)
Migration မလုပ်ခင်မှာ အောက်ပါအချက်လက်တွေကို သေချာပြင်ဆင်ထားရပါမယ်-
Network Audit (Inventory): လက်ရှိရှိနေတဲ့ Device model တွေ၊ Serial numbers တွေနဲ့ Firmware version စတာတွေကို ကြိုတင်ပြီး စနစ်တကျ document လုပ်ထားရပါ့မယ်။
Topology Diagram: လက်ရှိ network design နဲ့ အသစ်ပြောင်းလဲမယ့် network topology ကို သေချာဆွဲထားရပါ့မယ်။
Configuration Backup: လက်ရှိ Device တွေရဲ့ Config ကို Backup ယူထားရပါ့မယ်။
Health check report: လက်ရှိ Device တွေရဲ့ health check report ကို စစ်ဆေးပြီး ကြိုတင်ယူထားရပါ့မယ်။
Compatibility Check: ပစ္စည်းအဟောင်းနဲ့ အသစ် ကြားထဲမှာ အသုံးပြုမယ့် Protocol တွေ (ဥပမာ- OSPF, BGP, STP) အဆင်ပြေမပြေ စစ်ဆေးထားရပါ့မယ်။
Power & Cooling: ပစ္စည်းအသစ်တွေအတွက် လိုအပ်တဲ့ Power Socket နဲ့ Air-con အအေးပေးနိုင်မှု ရှိမရှိ ကြိုတင်ပြင်ဆင်ထားရပါ့မယ်။ များသောအားဖြင့်တော့ Data center facility team or data center operation အဖွဲ့နဲ့ တွဲ လုပ်ရပါတယ်။
Rollback Plan: Migration လုပ်ရင်း အဆင်မပြေဖြစ်ခဲ့ရင် နဂိုအတိုင်း ပြန်ဖြစ်အောင် ဘယ်လိုလုပ်မရလဲဆိုတဲ့ အစီအစဉ် roll back plan ကြိုတင်ပြီး ပြင်ဆင်ထားရပါ့မယ်။
၄။ Cisco 3-Tier Network Migration Plan
Cisco ရဲ့ Hierarchical Model (Access, Distribution, Core) ကို Migration လုပ်ရင် အောက်ပါအဆင့်တွေအတိုင်း စနစ်တကျ လုပ်ဆောင်ရပါတယ်။
အဆင့် (၁) Core Layer Migration (The Brain)
Core switch ကို အရင်ဆုံး migration လုပ်လေ့ ရှိပါတယ်။ Core Switch အသစ်ကို လက်ရှိ Core နဲ့ ချိတ်ဆက်ပြီး Routing Table တွေ၊ VLAN တွေ အဆင်ပြေအောင် အရင်လုပ်ရပါတယ်။
Core အဟောင်းနဲ့ အသစ်ကြား Temporary Link (L3 link) ကို အသုံးပြုလေ့ ရှိပါတယ်။
Routing protocol တွေ Sync ဖြစ်အောင်လုပ်ထားရပါ့မယ်။
အဆင့် (၂) Distribution Layer Migration
Core အဆင်ပြေပြီဆိုရင် Distribution Switch migration ဆက်လုပ်ပါတယ်။ end user Gateway တွေကို Distribution အသစ်ဆီ စနစ်တကျ migrate လုပ်ရပါတယ်။
Distribution switch အဟောင်းနဲ့ အသစ်ကြား Temporary Link (L2 link) ကို အသုံးပြုလေ့ ရှိပါတယ်။
Access Switch တွေကနေလာတဲ့ Uplink တွေကို Distribution အသစ်ဆီ စနစ်တကျ migrate လုပ်ကြပါတယ်။
အဆင့် (၃) Access Layer Migration (The Edge)
ဒါကတော့ အချိန်အပေးရဆုံး အပိုင်းဖြစ်ပါတယ်။ End-user တွေနဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံရတဲ့ အပိုင်း ဖြစ်ပါတယ်။
Port configuration တွေ (VLAN, Port-security, PoE) စတာတွေကို အသစ်မှာ ကြိုတင်ပြိး configure လုပ်ထားရပါတယ်။
User တွေ မရှိတဲ့ ညဘက် သို့မဟုတ် weekend တွေမှာ Cable တွေကို စနစ်တကျ ချိတ်ဆက်ရပါတယ်။
အဆင့် (၄) Post-Migration Testing
Connectivity Test: အင်တာနက် ထွက်မထွက်၊ Server တွေ ချိတ်ရ၊မရ စစ်ဆေးရပါတယ်။
Performance Test: Speed ကောင်း/ မကောင်း စစ်ဆေးရပါတယ်။
Redundancy Test: link redundancy, device redundancy, PSU redundancy စတာတွေကို UAT အနေနဲ့ လုပ် ဆောင်ရပါတယ်။
ဒီလို Migration တွေမှာ Redundancy (FHRP) နဲ့ STP Loop မဖြစ်အောင် အထူးဂရုစိုက်ဖို့က အလွန်အရေးကြီးပါတယ်။
Catalyst Switch ,Nexus switch, network design, down time စတာတွေကို အခြေခံပြီး သင့်တော် သလို strategy တွေ စဥ်းစားရပါတယ်။
တိုးတက်၊ အောင်မြင်၊ ပျော်ရွှင်၊ ငြိမ်းချမ်းကြပါစေ။
အောင်နိုင်မိုး (AMS)