Techno For You

Techno For You Facebook Unlock and Page Error Service

🚨 Facebook အကောင့်တွေ ဘာကြောင့် ရုတ်တရက် 180 Days Lock (Suspended) ဖြစ်သွားရတာလဲ? 🚨​မင်္ဂလာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွ...
28/05/2026

🚨 Facebook အကောင့်တွေ ဘာကြောင့် ရုတ်တရက် 180 Days Lock (Suspended) ဖြစ်သွားရတာလဲ? 🚨

​မင်္ဂလာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းမှာ Facebook အကောင့်တွေ ရုတ်တရက် သုံးမရတော့ဘဲ "We've suspended your account - 180 days left to appeal" ဆိုပြီး Lock ချခံလိုက်ရတဲ့ ပြဿနာကို တော်တော်များများ ကြုံတွေ့နေရပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုတာကို Techno For You မှ မျှဝေပေးချင်ပါတယ်။

​Facebook က ဒီလို Lock ချရတဲ့ အဓိက အကြောင်းရင်းကတော့ "Account Integrity" လို့ခေါ်တဲ့ အကောင့်မှန်ကန်မှုနဲ့ လုံခြုံရေးမူဝါဒတွေကို ချိုးဖောက်မိလို့ပဲ ဖြစ်ပါတယ်။ အများဆုံး ဖြစ်တတ်တဲ့ အကြောင်းရင်းတွေကတော့ -

​1️⃣ အကောင့်တု/အမည်တုများ အသုံးပြုခြင်း: Facebook က လူအစစ်တွေ အသုံးပြုတာကိုပဲ လိုလားပါတယ်။ နာမည်တုတွေ၊ အကောင့်ပွားတွေ အများကြီးသုံးနေရင် ပိတ်ခံရနိုင်ခြေများပါတယ်။

2️⃣ Spam လုပ်မိခြင်း: အချိန်တိုအတွင်းမှာ Friend Request တွေ အများကြီးပို့တာ၊ Message တွေ အများကြီးပို့တာ၊ ဒါမှမဟုတ် Group တွေထဲမှာ Post တွေ/Link တွေကို စက်ရုပ် (Bot) တစ်ခုလို အဆက်မပြတ် တင်နေမိတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

3️⃣ တရားမဝင် App များသုံးခြင်း: Like တွေ၊ Follower တွေ အလွယ်တကူရအောင် Auto-Liker App တွေ၊ Website တွေနဲ့ ချိတ်ဆက်အသုံးပြုတာကို Facebook ရဲ့ AI က သိရှိပြီး အကောင့်ကို ချက်ချင်း Lock ချတတ်ပါတယ်။

4️⃣ VPN နှင့် Login အပြောင်းအလဲများခြင်း: VPN နိုင်ငံတွေကို ခဏခဏ ပြောင်းသုံးတာ၊ Device အမျိုးမျိုးကနေ အကောင့်ကို ဝင်ထွက်လုပ်တာတွေက "မသင်္ကာဖွယ် လှုပ်ရှားမှု (Suspicious Activity)" အနေနဲ့ သတ်မှတ်ခံရနိုင်ပါတယ်။

​💡 ဒီလိုမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ?

​ကိုယ့်ရဲ့ အမည်ရင်း၊ မွေးသက္ကရာဇ်အမှန် တွေကိုပဲ အသုံးပြုပါ။

​အကောင့်လုံခြုံရေးအတွက် Two-Factor Authentication (2FA) ကို မဖြစ်မနေ ဖွင့်ထားပါ။

​တရားမဝင် Third-party app တွေ၊ Link တွေကို ရှောင်ကြဉ်ပါ။

​အကယ်၍ သင့်အကောင့် Lock ကျသွားခဲ့ရင်လည်း စိတ်မပူပါနဲ့။ "Appeal" ဆိုတဲ့ ခလုတ်ကနေတစ်ဆင့် ကိုယ်ပိုင် မှတ်ပုံတင် (သို့) ယာဉ်မောင်းလိုင်စင် စတဲ့ တရားဝင်အထောက်အထားတွေကို တင်ပြပြီး ပြန်လည်လျှောက်ထားနိုင်ပါတယ်။

​✅ မိမိတို့ လုပ်ငန်းအတွက် Digital Marketing ပိုင်း၊ Page Boost ပြုလုပ်ခြင်းနဲ့ နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများရှိလာပါက Techno For You သို့ ယုံကြည်စိတ်ချစွာ ဆက်သွယ် ဆွေးနွေးနိုင်ပါတယ်။

​

08/05/2026

Online Shop page တွေမှာ စျေးဝယ်တဲ့ အခါ page အတုလားအစစ်လားစစ်တဲ့နည်းလေး ဖြစ်ပါတယ် ခင်ဗျာ

အားလုံးပဲ အကျိုးရှိမယ်လို့ ထင်ပါတယ် နည်းလမ်းလေးက ထိရောက်တယ်လို့ယူဆရင် အသိမိတ်ဆွတွေပါ သိရအောင် share or mention လုပ်သွားပေးပါခင်ဗျ

Kpay ချေးချင်ရင်ရပါပြီ 😁😂😁😂Crd photo
30/04/2026

Kpay ချေးချင်ရင်ရပါပြီ 😁😂😁😂

Crd photo

မင်္ဂလာရှိသော မြန်မာနှစ်ဆန်းတစ်ရက်နေ့လေး ဖြစ်ပါစေ... 🌸ယနေ့ကျရောက်တဲ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အခါသမယကစပြီး နှစ်ဟောင်းက စိ...
17/04/2026

မင်္ဂလာရှိသော မြန်မာနှစ်ဆန်းတစ်ရက်နေ့လေး ဖြစ်ပါစေ... 🌸

ယနေ့ကျရောက်တဲ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အခါသမယကစပြီး နှစ်ဟောင်းက စိတ်ညစ်စရာ၊ အဆင်မပြေမှုတွေအားလုံးကို ဆေးကြောဖယ်ရှားပြီး စိတ်သစ်၊ လူသစ်နဲ့ ကောင်းခြင်းမင်္ဂလာတွေ ရရှိပိုင်ဆိုင်နိုင်ကြပါစေလို့ "Techno For You" မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။ 🙏✨
နှစ်သစ်မှာ Customer များ၊ Page ကို အားပေးကြသူများအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာနဲ့ လုပ်ငန်းကိုင်ငန်းတွေ ဒီရေအလား တိုးတက်အောင်မြင်ကြပါစေ။ 📈
ပြီးခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး ကျွန်တော်တို့ "Techno For You" ကို ယုံကြည်စွာနဲ့ အားပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ နှစ်သစ်မှာလည်း နည်းပညာနဲ့ပတ်သက်တဲ့ နေ့စဉ်သုံး ဗဟုသုတတွေအပြင်၊ Facebook အကောင့် အခက်အခဲတွေအတွက် အကောင်းဆုံးနဲ့ အယုံကြည်ရဆုံး ဝန်ဆောင်မှုတွေကို ဆက်လက်ပေးစွမ်းသွားမှာဖြစ်ပါတယ်ခင်ဗျာ 🤝💡
#နှစ်ဆန်းတစ်ရက်နေ့

U9 က ဒေတာဈေးများ  ချပေးလိုက်ပြီOoredoo ကနေပြောင်းလဲ လိုက်တဲ့ U9 ကနေ သုံးဆွဲသူများကို ဒေတာဈေးနှုန်းများ သက်သာအောင်ပြုလုပ်...
17/11/2025

U9 က ဒေတာဈေးများ ချပေးလိုက်ပြီ

Ooredoo ကနေပြောင်းလဲ လိုက်တဲ့ U9 ကနေ သုံးဆွဲသူများကို ဒေတာဈေးနှုန်းများ သက်သာအောင်ပြုလုပ်ပေးထားတာ တွေ့ရပါတယ် ကဒ်တိုင်းလိုလိုမှာ ရရှိနေတာ ဖြစ်ပြီး ဝယ်ယူရမဲ့ Code နဲ့ပါတ်ကတော့
*170*1 # ဖြစ်ပါတယ်
အားလုံး အဆင်ပြေကြပါစေခင်ဗျ

သင့်တို့ရဲ့ နည်းပညာအခက်အခဲများအတွက် အသင့်ရှိနေမဲ့
For You #

Ooredoo အသုံးပြုသူများ 9999 ကို Hello U9 ပို့လိုက်ပါ။ Internet GB တွေစပေးနေပါပြီ....
20/09/2025

Ooredoo အသုံးပြုသူများ 9999 ကို Hello U9 ပို့လိုက်ပါ။ Internet GB တွေစပေးနေပါပြီ....

■ ဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် အူရီဒူးမြန်မာက  U9 အမည်သို့ ပြောင်းလဲမည်■ ဖုန်းနံပါတ်များ၊ SIM ကတ်များ တစ်စုံတရာ ပြောင်...
11/09/2025

■ ဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် အူရီဒူးမြန်မာက U9 အမည်သို့ ပြောင်းလဲမည်

■ ဖုန်းနံပါတ်များ၊ SIM ကတ်များ တစ်စုံတရာ ပြောင်းလဲမှုရှိမည် မဟုတ်

ဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် အူရီဒူးမြန်မာက U9 အမည်သို့ ပြောင်းလဲမည်ဖြစ်ပြီး ဖုန်းနံပါတ်များ၊ SIM ကတ်များ တစ်စုံတရာ ပြောင်းလဲမှုရှိမည် မဟုတ်ကြောင်း အူရီဒူးမြန်မာက ထုတ်ပြန်သည်။

စက်တင်ဘာ ၂၀ ရက်မှစ၍ U9 အမည်သစ်သို့ တရားဝင် ကူးပြောင်းမည်ဖြစ်ပြီး လက်ရှိဖုန်းနံပါတ်များနှင့် SIM ကတ်များ တစ်စုံတရာ ပြောင်းလဲမှုရှိမည် မဟုတ်ကြောင်း၊ အသုံးပြုနေသော အစီအစဉ်များ၊ လက်ကျန်ငွေများနှင့် ဝယ်ယူထားသော ဝန်ဆောင်မှုအစီအစဉ်များ ယခင်အတိုင်း ဆက်လက်အလုပ်လုပ်နေမည်ဖြစ်ကြောင်း၊ သုံးစွဲသူများအနေဖြင့် လက်ရှိဝန်ဆောင်မှုများ ဆက်လက်ရရှိရန်အတွက် မည်သည့် ဆောင်ရွက်မှုမျိုးမျှ ပြုလုပ်ရန်မလိုကြောင်း၊ သုံးစွဲသူဝန်ဆောင်မှုစင်တာ ဖုန်းနံပါတ်များနှင့် ဆိုင်လိပ်စာများ အားလုံးလည်း ယခင်အတိုင်းပင် ဆက်လက်ရှိနေမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်မတို့ရဲ့ အမည် ပြောင်းလဲသွားပေမဲ့ သုံးစွဲသူတွေအနေနဲ့ ယုံကြည်စိတ်ချရတဲ့ ဝန်ဆောင်မှုတွေကို ဆက်လက်ရရှိနေမှာဖြစ်သလို ပိုပြီးစိတ်လှုပ်ရှားစရာကောင်းတဲ့ အတွေ့အကြုံသစ်တွေကိုလည်း မကြာခင်မှာ ရရှိလာမှာဖြစ်ပါတယ်” ဟု U9 ၏ အမှုဆောင်အရာရှိချုပ် (CEO) ဒေါ်ကာရိုလိုင်းယဉ်ယဉ်ဌေးက ပြောကြားသည်။

ထို့ပြင် စက်တင်ဘာ ၂၀ ရက်မှစ၍ သုံးစွဲသူများသည် U9 အက်ပလီကေးရှင်းအသစ်အား Apple App Store နှင့် Google Play တို့တွင် ရယူနိုင်မည်ဖြစ်ပြီး သုံးစွဲသူများအနေနှင့် အူရီဒူးမြန်မာ App အသုံးပြုစဉ်က အကောင့်အချက်အလက်များအတိုင်း ပြန်လည်အသုံးပြုကာ ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း၊ U9 မိတ်ဆက်ပွဲအား ဂုဏ်ပြုသည့်အနေဖြင့် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၀ ရက်မှစ၍ သုံးစွဲသူများမှ 9999 အား “Hello U9” ဟု စာတို ပေးပို့ပါက 9GB အထိ အခမဲ့ဒေတာ ရရှိနိုင်မည့် အခွင့်အရေးကိုပါ စီစဉ်ပေးထားကြောင်း သိရသည်။

အူရီဒူးမြန်မာ ဆက်သွယ်ရေးကုမ္ပဏီမှာ မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်မှ စတင်ကာ ဝန်ဆောင်မှုပေးခဲ့ခြင်းဖြစ်ပြီး မူလက ကာတာနိုင်ငံ အခြေစိုက် အူရီဒူးကုမ္ပဏီက ပိုင်ဆိုင်ခဲ့သည်။

လက်ရှိတွင် အူရီဒူးမြန်မာအမည်မှ U9 အမည်သို့ ပြောင်းလဲရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး မည်သူကပိုင်ဆိုင်သည်ဆိုသည်ကို ကုမ္ပဏီဘက်က ထုတ်ပြန်လာခြင်းမရှိသေးပေ။

Card to Eleven Media

ခုရက်ပိုင်းမှာ Wifi တွေပြီးရင် လတ်တလော Data ဈေးနှုန်းအတန်ဆုံး Sim Card လေး ဖြစ်ပါတယ် 1Gb ကို 227ks ပဲ ကျသင်တဲ့ Card လေး ...
13/07/2025

ခုရက်ပိုင်းမှာ Wifi တွေပြီးရင် လတ်တလော Data ဈေးနှုန်းအတန်ဆုံး Sim Card လေး ဖြစ်ပါတယ်
1Gb ကို 227ks ပဲ ကျသင်တဲ့ Card လေး အကြောင်း မနက်ဖြန် Video လေး တင်ပေးပါမယ်

မသုံးတော့တာကြာနေတဲ့ အကောင့်ဟောင်းလေး ဖျက်ချခိုင်းတဲ့အကို Report လေး တင်ပြီး ဖျက်ချပေးလိုက်ပါပြီဗျ (မသုံးဖြစ်တော့တဲ့ အေကာ...
01/07/2025

မသုံးတော့တာကြာနေတဲ့ အကောင့်ဟောင်းလေး ဖျက်ချခိုင်းတဲ့အကို Report လေး တင်ပြီး ဖျက်ချပေးလိုက်ပါပြီဗျ
(မသုံးဖြစ်တော့တဲ့ အေကာင့်ဟောင်းများ , အေကာင့်ဟတ်သွားပြီး ငွေလိုက်လိမ်နေသော အကောင့်များ , ကိုယ်ပုံတွေယူတင်ပြီး မဟုတ်တာတွေ တင်နေသော အကောင်များကို အမြန်ဆုံး ဖျက်ချပေးနေပါပြီနော် )

ကျွန်တော်တို့ 𝐓𝐞𝐜𝐡𝐧𝐨 𝐅𝐨𝐫 𝐘𝐨𝐮 𝐩𝐚𝐠𝐞 မှာ ရနိုင်တဲ့ 𝐒𝐞𝐫𝐯𝐢𝐜𝐞 လေးတွေကတော့
✅ 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐀𝐜𝐜 𝐋𝐨𝐜𝐤 ကျခြင်းများ
✅ 2 𝐅𝐚𝐜𝐭𝐨𝐫𝐬 𝐜𝐨𝐝𝐞 မကျခြင်း 𝐄𝐫𝐫𝐨𝐫 များ
✅ 𝐏𝐚𝐠𝐞 𝐄𝐫𝐫𝐨𝐫 မျိုးစုံ
✅ 𝐅𝐛 𝐚𝐜𝐜 နဲ့ 𝐏𝐚𝐠𝐞 𝐒𝐞𝐜𝐮𝐫𝐢𝐭𝐲 မြှင့်ခြင်းများ
✅ 𝐅𝐛 𝐀𝐜𝐜 ဖျက်ချပေးခြင်းများ ( 𝐫𝐞𝐩𝐨𝐫𝐭 )
✅ 𝐁𝐨𝐨𝐬𝐭 လုပ်ရန် 𝐚𝐝𝐬 𝐚𝐜𝐜 များ
✅ 𝐏𝐚𝐠𝐞 𝐁𝐨𝐨𝐬𝐭 𝐚𝐧𝐝 𝐏𝐫𝐨𝐦𝐨𝐭𝐞 𝐒𝐞𝐫𝐯𝐢𝐜𝐞
✅ 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐀𝐜𝐜 𝐁𝐥𝐮𝐞 𝐌𝐚𝐫𝐤 𝐒𝐞𝐫𝐯𝐢𝐜𝐞
✅ ဈေးရောင်းရန် ပေ့လေးများ နှင့်

အခြားနည်းပညာဆိုင်ရာ အခက်အခဲများကို ကူညီဖြေရှင်းပေးနေပါပြီဗျ🤗

"𝐘𝐨𝐮𝐫 𝐏𝐫𝐢𝐯𝐚𝐜𝐲 𝐢𝐬 𝐨𝐮𝐫 𝐏𝐫𝐢𝐨𝐫𝐢𝐭𝐲"
𝐓𝐞𝐜𝐡𝐧𝐨 𝐅𝐨𝐫 𝐘𝐨𝐮
09 450 460 455

Advanced Protection ဖွင့်ခိုင်းနေလို့ ဝင်မရဖြစ်နေတဲ့အကောင့်လေး ဖြေရှင်းပေးလိုက်ပါပြီ (Error တစ်ခုခြင်းရှင်းပေးနေတာမလို့ ...
18/05/2025

Advanced Protection ဖွင့်ခိုင်းနေလို့ ဝင်မရဖြစ်နေတဲ့အကောင့်လေး ဖြေရှင်းပေးလိုက်ပါပြီ

(Error တစ်ခုခြင်းရှင်းပေးနေတာမလို့ ကျန်ရှိနေသော သူများလည်း စောင့်ပေးကြပါအုံးနော် )

ကျွန်တော်တို့ 𝐓𝐞𝐜𝐡𝐧𝐨 𝐅𝐨𝐫 𝐘𝐨𝐮 𝐩𝐚𝐠𝐞 မှာ ရနိုင်တဲ့ 𝐒𝐞𝐫𝐯𝐢𝐜𝐞 လေးတွေကတော့
✅ 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐀𝐜𝐜 𝐋𝐨𝐜𝐤 ကျခြင်းများ
✅ 2 𝐅𝐚𝐜𝐭𝐨𝐫𝐬 𝐜𝐨𝐝𝐞 မကျခြင်း 𝐄𝐫𝐫𝐨𝐫 များ
✅ 𝐏𝐚𝐠𝐞 𝐄𝐫𝐫𝐨𝐫 မျိုးစုံ
✅ 𝐅𝐛 𝐚𝐜𝐜 နဲ့ 𝐏𝐚𝐠𝐞 𝐒𝐞𝐜𝐮𝐫𝐢𝐭𝐲 မြှင့်ခြင်းများ
✅ 𝐅𝐛 𝐀𝐜𝐜 ဖျက်ချပေးခြင်းများ ( 𝐫𝐞𝐩𝐨𝐫𝐭 )
✅ 𝐁𝐨𝐨𝐬𝐭 လုပ်ရန် 𝐚𝐝𝐬 𝐚𝐜𝐜 များ
✅ 𝐏𝐚𝐠𝐞 𝐁𝐨𝐨𝐬𝐭 𝐚𝐧𝐝 𝐏𝐫𝐨𝐦𝐨𝐭𝐞 𝐒𝐞𝐫𝐯𝐢𝐜𝐞
✅ 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐀𝐜𝐜 𝐁𝐥𝐮𝐞 𝐌𝐚𝐫𝐤 𝐒𝐞𝐫𝐯𝐢𝐜𝐞
✅ ဈေးရောင်းရန် ပေ့လေးများ နှင့်

အခြားနည်းပညာဆိုင်ရာ အခက်အခဲများကို ကူညီဖြေရှင်းပေးနေပါပြီဗျ🤗

"𝐘𝐨𝐮𝐫 𝐏𝐫𝐢𝐯𝐚𝐜𝐲 𝐢𝐬 𝐨𝐮𝐫 𝐏𝐫𝐢𝐨𝐫𝐢𝐭𝐲"
𝐓𝐞𝐜𝐡𝐧𝐨 𝐅𝐨𝐫 𝐘𝐨𝐮
09 450 460 455

Address

Yangon

Alerts

Be the first to know and let us send you an email when Techno For You posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Techno For You:

Share